ကောင်းသာ - သင့်ကြောက်ရွံ.မှုကိုအောင်နိုင်ရေး
နိဒါန်း
“ယုံကြည်ချက်”တဲ့။ ဒါ ဘယ်ကလာပါသလဲ။ သင့်ရဲ့ အဇ္ဈတ္တအတွင်း လဲလျောင်းနေတဲ့ စွမ်းအားနဲ့မေတ္တာရဲ့ သိပ် သည်းတဲ့ ပမာဏက ဘဝထဲ သင်ထာဝရလိုအပ်သမျှတွေ ဖန်တီးပေးဖို့ ရှိနေတဲ့ ဗဟုသုတပဲဖြစ်ပါတယ်။ ဒါကိုပဲ ယုံကြည်ချက်လို့ ခေါ်တာပါ။ ပြဿနာက ဒါကို ကျွန်ုပ်တို့က | မကြာခဏ မေ့သယောင်ရှိနေတာပါပဲ။ အခု ဒီယုံကြည်ချက် ရှိရေး စာအုပ်ငယ်လေးက ဒါကိုအမြဲမပြတ် သတိရှိနေဖို့ နှိုးဆော်ပေးနေတာပဲဖြစ်ပါတယ်။
အတွင်းမှာ သင်က "Feel the Fear And Do It Anyway" è "Feel the Fear_And Beyond" တို့ထဲမှာ စုဖွဲ့ထားတဲ့ ဘဝပြောင်းလဲချက်ဆီက လက်စွဲကိရိယာတွေကို တော့ အသိအမှတ်ပြုရပေလိမ့်မယ်။
သင် ဒီစာအုပ်ငယ်လေးကို ထပ်ကာထပ်ကာတလဲလဲ ကျေကျေညက်ညက် လေ့လာမိလေလေ၊ သင့်စိတ်ထဲမှာ ယုံကြည်ချက်တွေ ပိုပိုပြီး ရှိလာခွင့်ပြုမယ့်အတွေးတွေနဲ့စွမ်းအားသွင်း ပုံနှိပ်နိုင်မှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီစာအုပ်ငယ်ကို မကြာမကြာ ထပ်ထပ်ပြီး ဖတ်သွားပါလေ။ အထူးသဖြင့် သင့်ရဲ့ ဘဝထဲမှာ အခြေအနေ အသစ်တွေ ရင်ဆိုင်တွေ့ရတဲ့အခါတွေမှာ ဖတ်ဖြစ်အောင် ထပ်ဖတ်သွားပါ။
ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကိုပြည့်ဝအောင် ဖြည့်ဆည်း နေမှု၊ စိတ်ချထားရမှု၊ သတ္တိရှိလာတဲ့ခံစားချက်တစ်ရပ်နဲ့အတူ ဘဝကို သင် ပြည့်ပြည့်ဝဝ ပွေ့ဖက်မလဲဆိုတာ သင်လေ့လာ သွားစဉ် သင့်ရဲ့ လက်ချောင်းများထိပ်မှာ အာရုံနှိုးဆွမှုတွေ တဖွားဖွားပေါ်လာပါလိမ့်မယ်။
ပျော်မွေ့ပါစေတော့။
ကျွန်မရဲ့နှလုံးသားမှ သင်တို့ထံသို့
“ဆူဇန်ဂျက်ဖားစ်”
ပိုမြင့်မားတဲ့အတ္တ
သင့်ရဲ့ အဇ္ဈတ္တက ပျော်ရွှင်မှု၊ ဖန်တီးနိုင်စွမ်း၊ ပင်ကိုအသိ စိတ်၊ ငြိမ်းချမ်းရေး၊ စွမ်းအား၊ ချစ်မေတ္တာနဲ့ ကောင်းမှုကိစ္စတွေ အားလုံးနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဒါကို “ပိုမိုမြင့်မားတဲ့ အတ္တ” လို့ ခေါ်တယ်။ ဒီနေရာထဲ ဘယ်အချိန်အခါမဆို သင့် ယုံကြည်ချက်က မြင့်မားတိုးတက်နေပြီး ကမ္ဘာကြီးနဲ့ အားလုံးမှန်ကန် သင့်မြတ်နေပုံပါပဲ။
ပိုနိမ့်ကျတဲ့အတ္တ
သင့်ရဲ့ အဇ္ဈတ္တက ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်မှု၊ ကြောက်ရွံ့ မှု၊ ဒေါသ၊ အကူအညီကင်းမဲ့နေမှု၊ ရှားပါးမှုနဲ့ အဆိုးမြင် အနိဋ္ဌာရုံ ကိစ္စတွေအားလုံးနဲ့လည်း ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်တယ်။ ဒါကို “ပိုနိမ့်ကျတဲ့အတ္တ” လို့ ခေါ်တယ်။ ဒီနေရာထဲ ဘယ်အချိန်အခါမဆို သင့်ယုံကြည်ချက်တွေ ပျောက်ဆုံးသွားပြီး ကမ္ဘာကြီးနဲ့ အားလုံးမှား ယွင်းနေပုံပါပဲ။
ပိုနိမ့်ကျတဲ့အတ္တကို စဉ်းစားခြင်းက
အကျင့်ပါနေတာပါပဲ။
မှန်ပါတယ်၊ နိမ့်ကျတဲ့အတ္တကိုပဲ စဉ်းစားနေတာက အကျင့် ပါနေတဲ့အစွဲတစ်ခုသာ ဖြစ်တယ်။ သတင်းကောင်းတွေကတော့ ဒီအကျင့်တွေက ကျိုးပျက်သွားနိုင်ခြင်းပါပဲ။ ပိုမြင့်မားတဲ့အတ္တကို စဉ်းစားတာကို အလေ့အကျင့်လုပ်သွားခြင်းဖြင့် သင့်ရဲ့ အကြောက် တရားတွေပျောက်ကွယ်မှေးမှိန်ကုန်ပြီး သင့်ရဲ့ ယုံကြည်ချက်တွေ မြင့်တက်လာပါလိမ့်မယ်။
ပိုမြင့်တဲ့အတ္တကို စဉ်းစားသူတစ်ယောက်ဖြစ်လာရေး
သင်လုပ်ရမယ့်လုပ်ငန်းတာဝန်ကို သင့်ရှေ့မှာချထားတယ်။ ဒါက ပိုမြင့်မားတဲ့အတ္တကို စဉ်းစားသူတစ်ယောက်ဖြစ်လာဖို့ လိုအပ် သမျှ ခြေလှမ်းတွေကို လှမ်းတက်တာပဲဖြစ်တယ်။ ဒီခြေလှမ်းတွေ များစွာကို ဒီ ယုံကြည်ချက်ရှိရေးစာအုပ်ငယ်လေးမှာ စုပေါင်းဖွဲ့စည်း ထားပါတယ်။
ကိုယ်စဉ်းစားနေတာက “မြင့်မား” နေမှန်း
ဘယ်လိုသိနိုင်မလဲ
ဖန်တီးနိုင်စွမ်း၊ ပင်ကိုအသိစိတ်၊ ငြိမ်းချမ်းရေး၊ စွမ်းအား၊ ချစ်မေတ္တာနဲ့ ပျော်ရွှင်မှု၊ ကောင်းမှုကိစ္စအားလုံးကို သင်စဉ်းစားတွေး တောနေတဲ့အခါ သင်ဟာ မြင့်မားတဲ့အတ္တရဲ့ ကမ္ဘာလောကကြီးထဲ ရောက်နေတာဖြစ်ပါတယ်။
ကိုယ်စဉ်းစားနေတာက “နိမ့်ကျ” နေမှန်း
ဘယ်လိုသိနိုင်မလဲ
ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်မှု၊ အကြောက်တရား၊ ဒေါသ၊ အကူအညီကင်းမဲ့နေမှု၊ ရှားပါးပြတ်လပ်မှုနဲ့ အဆိုးမြင်ကိစ္စတွေ အား လုံး သင်စဉ်းစားတွေးတောနေတဲ့အခါ သင်ဟာ နိမ့်ကျတဲ့အတ္တရဲ့ ကမ္ဘာလောကထဲရောက်နေနိုင်တယ်။ ဒါက မြင့်မားတဲ့အဝေးပြေးလမ်း မကြီးကို ရှာရမယ့်အချိန်ပဲဖြစ်တော့တယ်။
သတိရှိခြင်းက ကောင်းတဲ့အစပျိုးခြင်းပါပဲ။
စကားများသူနဲ့ တွေ့ဆုံခြင်း
နိမ့်ကျတဲ့အတ္တ၊ စကားများသူနဲ့ ငါတွေ့နေရပြီ။ သူ ပြောနေတဲ့ စကားတွေကတော့ “ငါက လုံလောက်အောင် မကောင်းဘူး” “ငါ ဘယ် တော့မှ ရှေ့ရောက်မှာမဟုတ်တော့ဘူး” “လူတိုင်းက ငါ့ထက် ပိုကောင်း အောင် လုပ်တတ်ကြတယ်” ဆိုတာတွေပဲ။ သို့မဟုတ် သင့်ရဲ့ ယုံကြည် ချက်တွေကို ဆွဲဖယ်ပစ်တဲ့ တခြားအတွေးတွေဖြစ်နေတယ်။
ကယ်တော်မူပါ။ ဒါတွေ ပါးစပ်ပိတ်သွားအောင်
ငါမလုပ်နိုင်ဘူး။
စကားများသူကို သင် တစ်ကြိမ်သတိထားမိတာနဲ့ သင် သူ့ ကို ပါးစပ်ပိတ်သွားအောင် မလုပ်နိုင်ခဲ့ဘူး။ သင် အိပ်ရာပေါ်လှဲတဲ့အခါ၊ ရေချိုးတဲ့အခါ၊ ကားမောင်းတဲ့အခါ၊ စားတဲ့အခါ သို့မဟုတ် ဘာပဲ လုပ်လုပ် ဒီ စကားများသူက သင့်ကို ကြောက်စရာအတွေးတွေနဲ့ ရူးသွပ် အောင် မောင်းဖို့ ကြိုးစားနေတယ်။
သင် ဒီစာအုပ်ငယ်လေးကို ထပ်ကာထပ်ကာတလဲလဲ ကျေကျေညက်ညက် လေ့လာမိလေလေ၊ သင့်စိတ်ထဲမှာ ယုံကြည်ချက်တွေ ပိုပိုပြီး ရှိလာခွင့်ပြုမယ့်အတွေးတွေနဲ့ စွမ်းအားသွင်း ပုံနှိပ်နိုင်မှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီစာအုပ်ငယ်ကို မကြာမကြာထပ်ထပ်ပြီး ဖတ်သွားပါလေ။ အထူးသဖြင့် သင့်ရဲ့ဘဝထဲမှာ အခြေအနေအသစ်တွေ ရင်ဆိုင်တွေ့ရတဲ့အခါတွေမှာ ဖတ်ဖြစ်အောင် ထပ်ဖတ်သွားပါ။
ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကိုပြည့်ဝအောင် ဖြည့်ဆည်းနေမှု၊ စိတ်ချထားရမှု၊ သတ္တိရှိလာတဲ့ခံစားချက်တစ်ရပ်နဲ့အတူ ဘဝကို သင် ပြည့်ပြည့်ဝဝ ပွေ့ဖက်မလဲဆိုတာ သင်လေ့လာသွားစဉ် သင့်ရဲ့လက်ချောင်းများထိပ်မှာ အာရုံနိုးဆွမှုတွေ တဖွားဖွားပေါ်လာပါလိမ့်မယ်။
ပျော်မွေ့ပါစေတော့။