Skip to product information
1 of 14

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - လူတွေအပေါ်သြဇာလွမ်းမိုးနည်း

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

[၁]

ဩဇာလွှမ်းသည့်လူသည်. . .လူများအပေါ် ရိုးဖြောင့်၍ စာရိတ္တကောင်းသည်

“ဂျင်း”ရဲ့ ပြောပြချက်အရ နှစ်အနည်းငယ်ခန့်က သူနဲ့သူ့ဇနီး “နမ်စီ”တို့နှစ်ယောက် ဥရောပကို အလုပ်ကိစ္စနဲ့ခရီးထွက်စဉ် လန်ဒန်ရောက်တော့ သူမမွေးနေ့နဲ့ကြုံကြိုက်တယ်။ သူမအတွက် လက်ဆောင် ဝယ်ပေးဖို့“အက်စ်ကာဒ”ခေတ်ပေါ် ဖက်ရှင်ဆိုင်ကိုခေါ်သွားတယ်။ ဝတ်စုံတစ်ထည် နှစ်ထည်လောက်တော့ ဝယ်ပေးမယ်ပေါ့ လေ။

ဆိုင်ရောက်တော့ “နမ်စီ”ခမျာ ဟိုဟာလည်းကြိုက်။ ဒီဟာ လည်းကြိုက်နဲ့ ထုတ်ပြသမျှဝတ်စုံတွေအကုန်လုံး မျက်စိကျနေတော့ တယ်။ ဒါနဲ့ ကျွန်တော်က အရောင်းသမားကို သူမ ကြိုက်သမျှ အကုန် လုံး တစ်ပြုံတစ်ခေါင်းစုပုံစာရင်းမှတ်ပြီး ကုန်ကျသမျှ တွက်ကြည့်ဖို့ ပြောရတယ်။

နောက်နှစ်ရက်ကြာတော့ လန်ဒန်'ဟိသရိုး” လေဆိပ်ကနေ အမေရိကန် ဆန်ဖရန်စစ္စကို” အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လာ တယ်။ အကောက်ခွန်ဌာနကို ကုန်ပစ္စည်းတွေဖြတ်သန်းစဉ် သက်ဆိုင် ရာ အရာရှိတွေက ဘာပါလာသလဲလို့ ထုံးစံအတိုင်းမေးတော့ အဝတ် အစားတွေချည်းပါပဲ”လို့ ကျွန်တော် အမှန်အတိုင်းဖြေတာကို မယုံတဲ့ မျက်နှာထားနဲ့ အရာရှိက “နောက်မနေနဲ့နော် အကုန်လုံးမှောက်ချပြီး စစ်မှာ”လို့ပြောပြီး ပြောတဲ့အတိုင်း မှောက်ချပြီး စစ်ပါလေရော။

လက်တွေ့မှာ ကျွန်တော်ပြောတာမှန်ပေမဲ့ အချိန်ကတော့ ၄၅ မိနစ်ကုန်သွားပြီး တန်ဆာခက ဒေါ်လာနှစ်ထောင်ခန့်ကျသွားပါတယ်။ ပစ္စည်းတွေပြန်ထည့်စဉ် စစ်ဆေးတဲ့တာဝန်ခံအေးဂျင့်က “ခင်ဗျား ဘယ်သူလဲဆိုတာ ကျွန်တော်သိပါတယ်၊ ဂျင်းဒိုနန် မဟုတ်လား”လို့ ပြောလိုက်တယ်။ “ခင်ဗျားရဲ့ ရုံးအဖွဲ့ ထဲမှာ ကျွန်တော့်သူငယ်ချင်းတစ် ယောက်ရှိတယ်ဗျ။ ခင်ဗျားရုံးအဖွဲ့ က Network Twenty One မဟုတ်လား”တဲ့။

ကျွန်တော်က ဟုတ်ပါတယ်။ သူ့ကိုတော့ မသိပါလားလို့ ပြောမိ တယ်။

“ခင်ဗျားရဲ့ ပုံတွေ ကျွန်တော်မြင်ဖူးပါတယ်။ ခင်ဗျားရဲ့ အဖွဲ့ နဲ့ ဆက်သွယ်ရင် အကျိုးရှိမယ်လို့တော့ သူငယ်ချင်းကပြောပါတယ်။ သူပြောတုန်းကတော့ ကျွန်တော် အမှတ်တမဲ့ပဲ။ အခုတော့ ပြန်စဉ်းစား

သင့်ပြီလို့ထင်မိပါတယ်။ လူတိုင်း အကောက်ခွန်ကိုဖြတ်တိုင်း ဂျူတီ မဆောင်ဘဲ ရသမျှသိုဝှက်ထားဖို့ပဲ ကြိုးစားကြတယ်။ ခင်ဗျားကတော့ ကိုယ်သယ်လာသမျှ ပွင့်ပွင့်လင်းလင်းပဲ ပြဿနာမရှိချပြတယ်။ ခင်ဗျား ပိုက်ဆံတွေ အများကြီးစုဆောင်းမိမှာ သေချာတာပေါ့ဗျာ”လို့ သူက ဆိုပါတယ်။

ဘဝရဲ့ ထောင့်တွေအားလုံးကို ဖြတ်နေစဉ်မှာ လူများစွာကတော့ ထင်မိကြမယ်။“ဒါ ဘယ်သူသိတာမှတ်လို့”ဆိုပြီး လျှို့ဝှက်ဖုံးဖိကြမယ်။ အမှန်က ဘာမဆို တခြားသူတစ်ယောက်မဟုတ် တစ်ယောက်တော့ သိသွားတာချည်းပါပဲ။ သူငယ်ချင်း၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ မိသားစု သားသမီး၊ ဆွေမျိုးထဲကဖြစ်ဖြစ်၊ ရပ်ကွက်ထဲအိမ်နီးချင်းတစ်ယောက်

ယောက်ကတော့ ကိုယ်ရဲ့ လျှို့ဝှက်ချက်ကို သိသွားတတ်တာချည်းပဲ ဖြစ်တယ်။ ဒီလိုသူတို့သိသွားတာကို ကာယကံရှင်ကိုယ်တောင် မသိ လိုက်ရ မရိပ်မိလိုက်ဘူး။

ပိုအရေးကြီးတာက သင့်လမ်းကြောင်းက ခြေရာမှန်သမျှဖုံးနိုင် သမျှ ဖုံးစမ်းပါစေ၊ ဘာအကျိုးရှိသလဲ ပြန်စဉ်းစားပါ။

သင်ရဲ့ ရိုးဖြောင့်ခြင်းဂုဏ်သိက္ခာကိုတော့ ဘယ်ဈေးနဲ့မှ မရောင်း စားမိဖို့ရာ အရေးကြီးလှပါတယ်။

 

                                    စစ်မှန်သော ရိုးဖြောင့်ခြင်းက ရောင်းရန်မဟုတ်ပါ။

 

ဘဝရဲ့ ရှုထောင့်အသွယ်သွယ်မှာ စရိုက်လက္ခဏာက ပြဿနာ တက်တတ်လာစမြဲပဲဆိုတာ သင်မြင်နိုင်ပါတယ်။ ဥပမာ ငွေကြေး လုပ်ငန်းသမား“အိုင်ဗန်ဘိုအော့စကီး”က လောဘကို “ကောင်းတဲ့ကိစ္စ” လို့ ခံယူပြီး ဒါကို UCLA လုပ်ငန်းကျောင်းမှာ ဗြောင်ကျကျဟော

ပြောခဲ့တယ်။ ဒီမှောက်မှားတဲ့အတွေးအခေါ်က သူကို ပြဿနာတက် စေတော့တာပဲ။ “ဝေါစထရိ”လမ်းမတစ်ဝိုက် ငွေကြေးမှာ သူ့ရဲ့ လောက နီတိကျင့်ဝတ်ပျက်ပြားတာတွေ များပြားလာလို့ နာမည်ပျက်ပြီး တရားဖြစ်ပြီး ဒဏ်ငွေ ဒေါ်လာသန်း ၁ဝဝ ဆောင်ရပြီး ထောင်ဒဏ် သုံးနှစ်ကျရတယ်။

လူများစွာက ရိုးဖြောင့်မှုကို ခေတ်နောက်ကျနေတဲ့အယူအဆ ဘိုးတော်ဘုရားလက်ထက်က အကျင့်ပဲရယ်လို့ အထင်သေးအမြင်သေး ပစ်ပယ်ကြတယ်။ ယခုခေတ်လို ဖျံကျတဲ့ခေတ်မှာ သုံးလို့မရဘူးလို့ အထင်မှားကြတယ်။ ရိုးဖြောင့်ခြင်းဂုဏ်က ယနေ့တိုင်လိုအပ်ပြီး နောင် လည်း ထာဝရလိုအပ်နေဦးမယ်ဆိုတာ သေချာနေတယ်။ သြဇာကြီး သူဖြစ်လာချင်တဲ့လူမှန်ရင် ဒါကလုံးဝမရှိမဖြစ် လိုအပ်နေတယ်။

“စတီဖင်ကိုဗေး”က သူ့ရဲ့ "The Seven Habits of Highly Effective People'" စာအုပ်မှာ လူတစ်ယောက်ရဲ့ အောင်မြင်မှုမှာ ရိုးဖြောင့်ခြင်းဂုဏ်ရှိဖို့ အရေးကြီးတာကို ရေးသားထားပါတယ်။

“ကျွန်တော်လုပ်စေချင်တာ ပိုကောင်းကောင်းနဲ့ပိုမောင်းတင်လုပ် စေချင်တာမှန်သမျှ လူတွေလိုက်လုပ်စေဖို့၊ လူ့သြဇာလွှမ်းရေးမဟာဗျူ ဟာနဲ့ နည်းဗျူဟာတွေ အသုံးပြုရေး ကျွန်တော်ကြိုးစားမယ်ဆိုရင် ကျွန်တော့်စရိုက်တွေဟာ အခြေခံအားဖြင့် အမှောက်မှောက်အမှားမှား ဖြစ်ပြီး ဇဝေဇဝါသံသယတွေပွားလို့ မရိုးမသားဖြစ်လာပြီး ရေရှည်မှာ ကျွန်တော်မအောင်မြင်နိုင်တော့ဘူး။ ကျွန်တော်ရဲ့ သံသယပွားစေမှုက ကိုယ့်အပေါ်မယုံကြည်မှုသာ မွေးမြူသလိုဖြစ်စေပြီး ကျွန်တော်လုပ် သမျှ အရာရာတိုင်းကောင်းတဲ့ လူ့ဆက်ဆံရေးနည်းစနစ်ဆိုတဲ့ဟာ သုံးထားသည့်တိုင်အောင် ကလိမ်ကလှည့်တယ်ပဲထင်ကြမယ်”

အသေးအဖွဲကိစ္စတွေမှာလည်း တည်ကြည်ဖြောင့်မတ်ရမယ်

သင့်လုပ်ငန်းအောင်မြင်ရေးမှာ တည်ကြည်ဖြောင့်မတ်ခြင်း သမာဓိဂုဏ်ရှိဖို့က အရေးကြီးပါတယ်။ ဒီရိုးသားဖြောင့်မတ်ခြင်းသမာဓိ ဂုဏ်ကို အခြေခံထားပြီးမှသာ လေးစားကြည်ညိုခြင်း၊ ယုံကြည်မှုစွဲမြဲ ခြင်း၊ ဂုဏ်သိက္ခာတို့ကို ထပ်မံတည်ဆောက်နိုင်လိမ့်မယ်။ ရိုးဖြောင့်ခြင်း အခြေခံက အားနည်းနေရင် သြဇာကြီးသူဖြစ်လာဖို့ အကြောင်းမရှိတော့ဘူး။ “ရဲရယ်ဘီအယ်”က “ဘဝရဲ့ အမှန်တရားတစ်ခုက တကယ် လို့ သင် လူတစ်ယောက်ကို ဘက်ပေါင်းစုံအရ ယုံကြည်လို့မရနိုင်ရင် သူ့ကို သင် ဘယ်သောအခါမှ ဘယ်လိုအကြောင်းနဲ့မှ မယုံကြည်နိုင်

တော့ပါဘူး”လို့ ဆိုခဲ့တယ်။ ကိုယ့်မှာ ရိုးဖြောင့်မှုကင်းမဲ့နေတာကို အချိန်ကာလတစ်ခုမှာ ဖုံးကွယ်ထားနိုင်ဦးတော့ နောက်ဆုံးတစ်နေ့ ကျဆုံးရမှာပဲ။ ဒီမတိုင်မီ လွှမ်းနိုင်တဲ့ သင့်ဩဇာတွေတောင် ပြန်ပျောက် ကွယ်ဦးမယ်။

ရိုးဖြောင့်တည်ကြည်မှုအကြောင်း စဉ်းစားရင် မုန်တိုင်းထန်ရေ လွှမ်းစဉ်ကာလ၊ အိမ်တစ်ဆောင်ရဲ့ အုတ်မြစ်နဲ့ အလားသဏ္ဌာန်တူလှ တယ်။ အုတ်မြစ်က တောင့်တင်းကျစ်လျစ်ခိုင်မာနေမှသာ လွှမ်းလာတဲ့ရေ အားကိုခံထားနိုင်မယ်။ အိမ်ရဲ့ အုတ်မြစ်မှာ အက်ကြောင်းကွဲကြောင်း တွေ အစကတည်းက ထင်နေရင်တော့ အဲဒီအက်ကွဲကြောင်းတွေ ရေဝင် လို့ နောက်ဆုံးအိမ်ကြီးတစ်ခုလုံး လှိုက်စားပြိုပျက်လိမ့်မယ်။

ဒါကြောင့် ရိုးဖြောင့်ခြင်းဟာ အသေးအဖွဲ့ကွေမှာလည်း ဒီဂုဏ် ကိုထိန်းသိမ်းထားဖို့က အသက်တမျှ အရေးပါနေတယ်။ အသေးအဖွဲ့ ကိစ္စတွေမှာတော့ လိမ်ရင်၊ ညာရင် အကြောင်းမဟုတ်ဘူးလို့ လူတွေ ထင်တတ်ကြတယ်။ သူတို့ထင်သလို မဟုတ်ပါဘူး။

“ဝက်(ဘ)စတား”ရဲ့ "New Universal Unabridged Dictionary"အဘိဓာန်မှာ “တည်ကြည်ရိုးဖြောင့်မှု”ကို အကျယ်ဖွင့်ပြ တာက “စာရိတ္တနဲ့ကျင့်ဝတ်ဆိုင်ရာစည်းမျဉ်းကို စွဲစွဲမြဲမြဲကိုင်ဆွဲထား ခြင်း၊ စာရိတ္တစရိုက်လက္ခဏာခိုင်မာမှု၊ သစ္စာရှိခြင်း”လို့ဆိုထားတယ်။ ကျင့်ဝတ်စည်းမျဉ်းဆိုတာ ပျော့ပျောင်းညင်သာ လိုသလိုဆွဲလို့ကျုံ့လို့ မရဘူး။ ခိုးဝှက်တာခိုးဝှက်တာပဲ။ ၁ ကျပ်ပဲခိုးခိုး၊ သန်းတစ်ရာပဲခိုးခိုး မထူးဘူး။

ရိုးဖြောင့်တည်ကြည်မှုက သူ့ကိုယ်သူ ကိုယ်ရေးကိုယ်တာ အကျိုးထက်စရိုက်ကောင်းရေးအပေါ်မှာ အရာဝတ္ထုကိစ္စတွေထက် လူတွေအပေါ်မှာ တန်ခိုးအာဏာအရာထက် လုပ်ငန်းဝန်ဆောင်မှုအပေါ် မှာ သက်သက်သာသာဖြစ်ရေးထက် စည်းမျဉ်းအပေါ်မှာ လတ်တလော ထက်ရေရှည်အပေါ်မှာ ဇောက်ချထားတယ်။

Automatic Data Processing Inc. or. CEO &.2 Bylo သူ “ါဝက်စတန်”က “ကျွန်တော် အမြဲတမ်းရိုးစင်းတဲ့ဥပဒေစည်းမျဉ်း တစ်ခုကို လိုက်နာနေသွားပါတယ်။ အဲဒါကတော့ နောက်နေ့သတင်း စာထဲ ကိုယ့်အကြောင်း မသက်မသာ ကိုးရိုးကားရားပါလာမယ့်ကိစ္စမျိုး ကို ဘယ်တော့မှမလုပ်မိစေဖို့ပါပဲ။

တည်ကြည်ရိုးဖြောင့်ခြင်းက အလုပ်ခွင်ထဲမှာ ( လူတွေ ဒီတည်ကြည်ရိုးဖြောင့်ခြင်းနဲ့ နပမ်းလုံးနေရတဲ့ပြဿနာ က သူတို့စရိုက်လျော့ပေါ့ရေးကိုရှင်းပြဖို့ လုပ်ငန်းခွင်ပြင်ပမှာပဲလုပ်ရေး ပိုအားသန်နေကြလို့ဖြစ်တယ်။ ဒါပေမဲ့ ရိုးဖြောင့်ခြင်းဟာ လုပ်ငန်းခွင် ထဲမှာလည်း ပြင်ပမှာလိုပဲ တိုးတက်နေရမှာပါ။ တွေးနေကျဖြစ်တာတွေ ဆန့်ကျင်ပြီး တွေးခေါ်သွားရမယ့် အောက်ပါအမှန်တရားသုံးခုကို ကြည့်ပါ။

၁။ ရိုးဖြောင့်ခြင်းကို အခြေအနေတွေက ဆုံးဖြတ်တာမဟုတ်ပါ။

ခြားနားတဲ့ပတ်ဝန်းကျင်မှာသာ မွေးဖွားကြီးပြင်းလာရရင် သူတို့ ဟာ ဒီလို ဖြစ်မှာမဟုတ်ဘူးလို့ စရိုက်မကောင်းသူ လူများစွာက အကြောင်းပြတတ်တယ်လို့ စိတ်ပညာရှင်တွေ၊ လူမှုရေးဗေဒပညာရှင် တွေက ယနေ့ပြောကြတယ်။ အသက်ကြီးလာလေလေ ရွေးချယ်စရာအရေအတွက်ကများလာလေလေပဲ။ အကောင်းအဆိုးဘာပဲဖြစ်ဖြစ် ပေါ့။ ပတ်ဝန်းကျင်တစ်ခုတည်း၊ အိမ်တစ်အိမ်တည်းမှာတောင် လူသား နှစ်ဦးနှစ်မျိုးကြီးပြင်း ပေါက်ဖွားနိုင်ပါတယ်။ ရိုးသားဖြောင့်မတ်သူနဲ့ ဒါမျိုးမရှိတဲ့လိမ်ညာ ကွယ်ဝှက်ကောက်ကျစ်သူတို့ပဲ ဖြစ်တယ်။ နောက် ဆုံးတော့ သင်ရဲ့ ရွေးချယ်မှုအတွက် တာဝန်ရှိသူက သင်ပါပဲ။

၂။ ရိုးဖြောင့်ခြင်းက ရာထူးခန့်ထောက်ခံစာများအပေါ် အခြေမခံပါ။

ရှေးရှေးက အုတ်ချပ်ဖုတ်သူတွေ၊ သင်္ချိုင်းဂူဆောက်သူတွေနဲ့ အခြားသူတွေဟာ သူတို့ဆောက်တဲ့လက်ရာတွေမှာ လုပ်သူဘယ်သူလဲ ဆိုတာပြဖို့ သင်္ကေတတွေ မှတ်သားထားတတ်တယ်။ ဒီသင်္ကေတ အမှတ်အသားက စရိုက်လက္ခဏာတွေကို သုံးထားတယ်။ လက်ရာရဲ့ အရည်အသွေးကောင်းသလောက် လုပ်သူမှာ နာမည်ကောင်းထွက်ပြီး သူ့အလုပ်ခန့်စာအတွက် တန်ဖိုးတွေထပ်ဆောင်းမိပါတယ်။ လက်ရာ

ကောင်းရင် စရိုက်ကောင်းတယ်။ လက်ရာညံ့ရင် စရိုက်ပါညံ့တယ်ဆို တဲ့သဘောမှတ်ကြတယ်။

ဒီသဘောဟာ ဒီနေ့အထိ ကျွန်တော်တို့ အတွက် အလားတူမဲ့ လူတချို့ဟာ သူတို့ ဘယ်သူလဲလို့ ဆုံးဖြတ်ဖို့အတွက် ဒီလိုအလုပ် ခန့်စာ၊ ထောက်ခံချက်တွေ၊ ရာထူးနာမည်တွေပြဖို့ပဲ အားကိုးပြီး ပင်ကိုယ်စရိုက်ကောင်းရေးကို ထည့်မတွက်တော့ဘူး။ အခြားသူတွေကို သြဇာလွှမ်းဖို့ သူတို့ရဲ့ဆန္ဒဟာ သူတို့ရဲ့ ကိုယ်ပိုင်စရိုက်အင်အားထက် သူတို့ရတဲ့ရာထူးခန့် ထောက်ခံချက်တွေအပေါ်မှာပဲ အားပြုထားတာ တွေ့ရတယ်။ ပင်ကိုယ်စရိုက်က လုပ်နိုင်သလောက် ဒီရာထူးခန့် ထောက်ခံချက်တွေက မလုပ်နိုင်ပါဘူး။ ဒီနှစ်ခုကြားက အောက်ပါခြား နားချက်တွေကို ယှဉ်ကြည့်နိုင်တယ်။

 

                           ၃။ ရိုးဖြောင့်မှုကို နာမည်ကောင်းထွက်မှုနဲ့ မရောထွေးရ။

နာမည်ကောင်းထွက်မှုက အဖိုးတန်တာ သေချာပါတယ်။ ရှေး ဟောင်း အစ္စရေးဘုရင်'ဆော်လမွန်က “နာမည်ကောင်းတစ်ခုက မဟာ ချမ်းသာကြွယ်ဝမှုထက်ပိုလိုချင်စရာ ကောင်းပါတယ်”လို့ ဆိုခဲ့တယ်။ ဒါပေမဲ့ နာမည်ကောင်းမှုက ပုဂ္ဂိုလ်တစ်ဦးရဲ့ စရိုက်ကောင်းမှု ရောင်ပြန် ဟပ်မှသာ တည်ရှိနိုင်တာပါ။ နာမည်ကောင်းတစ်ခုက ရွှေဆိုရင် အား

ကောင်းတဲ့ ရိုးဖြောင့်တည်ကြည်မှုက ရွှေတွင်းသိုက်ဖြစ်တယ်။ “ဒီ၊ အယ်၊ မိုဒီ”က “တကယ်လို့ ကျွန်တော့်စရိုက်ကောင်းမှုကိုသာ ဂရုစိုက် သွားရင် ကျွန်တော့်ရဲ့ နာမည်ကောင်းမှုက သူ့ဟာသူ ဂရုစိုက်သွားပါ  ။

 

ကျွန်ုပ်တို့ဘဝများထဲမှာ သြဇာလွှမ်းမိုးနိုင်သူများအားလုံးနှင့် တကွ အထူးသဖြင့် လူတစ်ဖက်သားကို အကောင်းမြင်သြဇာလွှမ်းနိုင် စွမ်းရှိသူ“ဂျင်း”နှင့်“နမ်စီ”တို့ကို တစ်စုံတစ်ရာ စုပေါင်းလုပ်ဆောင်ပေး ရန် သဘောထား၊ အတွေ့အကြုံများ သူမဘဝ၌ပါဝင်နေသည့် “အဲရစ်ဒို နန်” (Eric Dornan) အတွက် ရည်ညွှန်းပါသည်။

 

 

                                           “လူတွေအပေါ် သြဇာလွှမ်းနည်း”

“စွမ်းအားအာနိသင်က သြဇာလွှမ်းမိုးခြင်းကလာတယ်”လို့ ခေါင်းဆောင်မှု ကျွမ်းကျင်သူ“ဂျွန်စီမက်စ်ဝဲလ်”ကပြောတယ်။ ဒီသြဇာ လွှမ်းမှုကို ရှာဖွေစုဆောင်းနိုင်တယ်”လို့ တောင်းဆိုတယ်။

“လူတွေအပေါ် သြဇာလွမ်းမိုးနည်း”က နည်းပြဆရာရဲ့ ကစား နည်းစာအုပ်မှာဖြစ်စေ၊ ဘုန်းတော်ကြီးရဲ့ လမ်းညွှန်ချက်မှာဖြစ်စေ၊ မိဘ ရဲ့ ဘဝလမ်းညွှန်စကားတွေမှာဖြစ်စေ တွေ့ ရနိုင်တယ်။ မန်နေဂျာက

ကျောင်းဆရာအထိ၊ အရောင်းသမားကနေ C.E.0 အထိ တိုက်ရိုက် သြဇာလွှမ်းရေးကို ပြုစုပျိုးထောင်တဲ့စွမ်းရည်ကတော့ မရှိမဖြစ်လိုအပ် တာပါပဲ။ လက်တွေ့မှာ သင့်ပတ်ဝန်းကျင်ကလူတွေအပေါ် အကောင်း မြင်သဘော သြဇာလွှမ်းရေးကို လေ့လာဖို့ဟာ သင့်ရဲ့ ရှုပ်ထွေးတဲ့ဘဝ ( အဝန်းအဝိုင်းထဲက အောင်မြင်မှုကို ရယူဖို့ တစ်ခုတည်းသောနည်းလမ်း ဖြစ်တယ်။

“လူတွေအပေါ်သြဇာလွှမ်းမိုးနည်း”စာအုပ်ဟာ ဒေါက်တာ ( မက်စ်ဝဲလ်ရဲ့ နှီးနှောဖလှယ်ပွဲတွေ အောင်မြင်ရာအောင်မြင်ကြောင်းပုဂ္ဂိုလ်ရေး ဟန်ပန်စတိုင်တွေနဲ့ ရောင်စုံတောက်ပနေပါတယ်။

သင် ဘယ်သူနဲ့ဆို သြဇာလွှမ်းရေး အများဆုံးလဲ။ ဘယ်သူနဲ့ကျ အနည်းဆုံးလဲ။ သင့်သြဇာလွှမ်းနိုင်မှုက အကောင်းမြင်လား၊ အဆိုး မြင်လား။ သင်ရဲ့ သြဇာလွှမ်းရေးအဆင့် ဘယ်လိုတိုးမြှင့်နိုင်မလဲ။ တခြားသူတွေကို အလားတူသြဇာတက်နိုင်ရေး ကူညီနိုင်ရန် သင့်ပန်း တိုင်ကို ပိုကောင်းကောင်း အရယူနိုင်မှာလဲ။

“လူတွေအပေါ် သြဇာလွှမ်းမိုးနည်း”စာအုပ်ထဲမှာ အထက်ပါမေး ခွန်းတွေကို ဖြေထားတယ်။ ဒီဖြေဆိုချက်တွေက သင့်ခံယူထားချက်ကို

ပြောင်းလဲစေလိမ့်မယ်။ သင့်ဘဝကို ပြောင်းလဲစေမယ့် ဒေါက်တာ မက်စ်ဝဲလ်ရဲ့ နည်းစနစ်တွေကို ဒီဆိုချက်တွေက ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ပေးလိမ့်မယ်။

သင့်ကိုယ်ပိုင် အကောင်းမြင်သြဇာစွမ်းအားကို ရှာတွေ့ခြင်းဖြင့် | စဉ်းစားကြံဆမရနိုင်တဲ့ပုဂ္ဂိုလ်ရေးနဲ့ အဖွဲ့ အစည်းရေးအောင်မြင်ချက်

တွေဆီ သင့်ခရီးကို စတင်ပေတော့။

 

                                          စာရေးသူများအကြောင်း

 

John C. Maxwell spocq gowe:empcope:9630909697:20p “ဂျွန်စီမက်စ်ဝဲလ်”မှာ နိုင်ငံတကာမှာ ထင်ရှားကျော်စောသော ခေါင်းဆောင်မှုကျွမ်းကျင်သူနှင့် နည်းပြဆရာတစ်ဦးဖြစ်ပါသည်။ ဒေါက်တာ မက်စ်ဝဲလ်က EQUIP နှင့် John C. Maxwell ကုမ္ပဏီတို့ကို တည်ထောင်သူဖြစ်၍ ယင်းကုမ္ပဏီများက နိုင်ငံပေါင်း ၁၇၃ နိုင်ငံတွင် ခေါင်းဆောင်များ ၅ သန်းကျော် လေ့ကျင့်မွေးထုတ်ပေးခဲ့သည်။ နှစ်စဉ် နှစ်တိုင်းမှာ "Fortune 100" ကုမ္ပဏီများ၊ နိုင်ငံတကာ အစိုးရပိုင်း ခေါင်းဆောင်များနှင့် “ဝက်စ်ပွိုင့်ရှိ အမေရိကန်စစ်တပ် အကယ်ဒမီကျောင်းနှင့် ကုလသမဂ္ဂကဲ့သို့ အဖွဲ့ အစည်းများတွင် ဟောပြောပို့ချ ခဲ့ပါသည်။ "New York Times" ၏ ရောင်းအကောင်းဆုံး စာရေး ဆရာဖြစ်၍ “မက်စ်ဝဲလ်”၏ သန်းနှင့်ချီသောစာအုပ်များ တွင် "The 21 Irrefutable Laws of Leadership", "Develop ing the

Leader Within You", "The 21 Indispensable Qualities | of a Leader" တို့ ပါဝင်ပါသည်။ ။

Jim Dornan. "Purdue" oszaco . qq. coucma: အချက်ပြအင်ဂျင်နီယာဘာသာဖြင့် ဒီဂရီတစ်ခုရသည်။ ကယ်လီဖိုးနီး ယားရှိ လေကြောင်းအာကာသလုပ်ငန်းဌာနတွင် ဦးဆောင်ရာထူးတစ်ခု မဆိုင်းမတွရခဲ့သည်။ “ဂျင်း”နှင့် သူ့ဇနီး“နမ်စီ”တို့နှစ်ယောက်သား "Amway Corporation"၌ မိတ်ဆက်အလုပ် စလုပ်ပြီး၊ နှစ်လေးဆယ်

ကြာသည့်အခါ“ဂျင်း”မှာ "Amway" လုပ်ငန်း၌ ကမ္ဘာအနှံ့ အမြင့်မား ဆုံး အားထုတ်စွမ်း ဆောင်နိုင်သူတစ်ဦးဖြစ်လာသည်။ ခေါင်းဆောင်မှု လေ့ကျင့်ထောက်ပံ့ပေးရာ၌ အပြည်ပြည်ဆိုင်ရာ စက်မှုအဆင့်အတန်း ဖြစ်သော “Network Twenty One" ကို သူတည်ထောင်ခဲ့သည်။ “ဂျင်း”နှင့်“နမ်စီ”တို့မှာ Network of Caring" ကိုလည်း တည်ထောင် ကြလျက် ကမ္ဘာထဲမှာ အလိုအပ်ဆုံးသောလူသားများ နှစ်စဉ်သန်းနှင့်ချီ ၍ မြေတောင်မြှောက်ပေးခဲ့ပါသည်။ “ဂျင်း”မှာ စာရေးဆရာနှင့် ဟောပြော ပို့ချသူဖြစ်သည်။ သူက ကမ္ဘာလုံးအနှံ့ လူထောင်ဂဏန်းပေါင်းရာနှင့် ချီကာ နည်းပေးလမ်းပြ ညွှန်ကြားခဲ့သူဖြစ်ပါသည်။ ။