Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - မွေးရာပါပင်ကိုယ်စွမ်းအင်စိတ်တန်ခိုး

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

အခန်း (၁)

လုပ်ရမယ်၊ မလုပ်ဘူး၊ လုပ်ချင်တယ်

စိတ်တန်ခိုးဆိုတာ ဘာလဲနဲ့ ဘာ့ကြောင့်အရေးပါနေလဲ

စိတ်တန်ခိုးကို ဂန္ထဝင်မြောက်စမ်းသပ်ခြင်းကတော့ သွေးဆောင် ဖြားယောင်းချက်တွေကို ခုခံတွန်းလှန်ခြင်းပဲဖြစ်တယ်။ ဒို နပ်တို့၊ စီးကရက်တို့ အရက်၊ ဘီယာတို့ စွဲလမ်းတာတွေ ဖြတ်တောက်ရခြင်း တွေပဲပေါ့။ လူတွေက သူတို့မှာ စိတ်တန်ခိုးတွေ မရှိဘူး”လို့ ပြော လာရင် သူတို့ တကယ်ဆိုလိုတာက “ကျွန်တော့်ရဲ့ ဝမ်းဗိုက်၊ ပါးစပ်၊ အသည်းနှလုံး စတဲ့ ခန္ဓာဗေဒတွေ အစိတ်အပိုင်းတွေရဲ့ အလိုဆန္ဒကို ဆန့်ကျင်ဖို့ ပြဿနာရှိနေတယ်”လို့ အဓိပ္ပာယ်သက်ရောက်တယ်။ “မလုပ်ဘူး”ဆိုတဲ့ တန်ခိုးအကြောင်း စဉ်းစားရမှာပါ။

မလုပ်ဘူးလို့ကိုယ့်စိတ်ကို ဆန့်ကျင်ငြင်းပယ်ရတာဟာ လိုအပ် တဲ့ စိတ်တန်ခိုးရဲ့ အစိတ်အပိုင်းပဲ ဖြစ်တယ်။ မလုပ်ဘူးဆိုတဲ့အရာတွေ အစား ကဲ ... ဒါဖြင့် ဒီနေ့ဘာတွေလုပ်ရမလဲဆိုတဲ့ စာရင်းကို ပြုစု ရမယ်။ ဒါကို စိတ်တန်ခိုးက ကူညီပေးပါလိမ့်မယ်။ စိုးရိမ်ကြောင့် ကြမှုတွေ၊ တီဗွီဂိမ်းဆော့တာတို့ လမ်းတလွဲလိုက်မှုတွေအစား မာရသွန်ပြေးတာမျိုးလုပ်ဖို့ပေါ့။ “လုပ်ရမယ်”ဆိုတဲ့ လိုအပ်ချက်တွေပဲ လုပ်ရေး စိတ်တန်ခိုးအကြောင်း စဉ်းစားရမှာ ဖြစ်ပါတယ်။

“လုပ်ရမယ်” “မလုပ်ရဘူး” ဆိုတဲ့ စိတ်တန်ခိုးတွေက၊ ကိုယ့် ကိုယ်ကိုယ် ထိန်းချုပ်ရေးရဲ့ မျက်နှာနှစ်ဖက်ပဲဖြစ်တယ်။ ဒါပေမဲ့ သူတို့ ၂ ခုပဲရှိရုံနဲ့ စိတ်တန်ခိုးဖြစ်ဖို့ မပြည့်စုံသေးပါဘူး။ တတိယမြောက် တန်ခိုးလိုပါသေးတယ်။ သင် အမှန်တကယ် လုပ်ချင်တာကို သတိရဖို့ ပါပဲ။ သွေးဆောင်ဖြားယောင်းချက်တွေရင်ဆိုင်တွေ့ရတဲ့အခါတိုင်း၊ ငါတကယ်လုပ်ချင်တာ ဟုတ်မဟုတ် ဦးနှောက်နဲ့ သိစိတ်အမြော်အမြင် နဲ့ ဆန်းစစ်ကြည့်ပါ။ ဒီလို ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရေး ကျင့်စဉ်ကို လေ့ကျင့်ဖန်များလာရင် ဘာအရေးပါသလဲဆိုတာပဲ မောင်းနှင်သွား ရေးကို ရှာတွေ လာမယ်။ ဒါသည်ပင်လျှင် “လုပ်ချင်တယ်” ဆိုတဲ့ တတိယ တန်ခိုးဖြစ်ပါတယ်။ ။

စိတ်တန်ခိုးဟာ “လုပ်ရမယ်” “မလုပ်ဘူး”နဲ့ “လုပ်ချင်တယ်” ဆိုတဲ့ တန်ခိုးစွမ်းအားသုံးမျိုးနဲ့ နဖားကြိုးတပ်ထားတာပဲ ဖြစ်ပါတယ်။ ဦးနှောက်က ဒီစွမ်းအားတွေ ထောက်ပံ့ပေးထားနိုင်တာ ကျွန်တော်တို့ ကုသိုလ်ကံကောင်းပါတယ်။ နောက် စိတ်တန်ခိုးကျဆုံးရခြင်းကို ရှောင်ဖို့က “ကိုယ့်ကိုယ်ကိုယ် သိရှိသတိမူရေး”ပဲ ဖြစ်ပါတယ်။

 

                                              ဘာကြောင့် စိတ်တန်ခိုးရှိရသလဲ

ကျောက်ခေတ်တွေမှာတောင် မိတ်ဆွေတွေ ဘယ်လိုဖွဲ့ရမလဲ။ လူတွေကို သြဇာလွှမ်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေဟာ၊ ဒီ ယနေ့ခေတ်အတိုင်းပဲ ရှိပါတယ်။ ကိုယ့်အိမ်နီးချင်းတွေ အကာအကွယ် ယူနေစဉ် ကိုယ်က ပူးပေါင်းဆောင်ရွက်ပေးရတယ်။ တစ်ယောက် ဆာနေရင် ညစာဝေမျှစားကြရတယ်။ တခြားစကားနဲ့ ပြောရရင်ကိုယ့်ကို ထိန်းချုပ်ရေး နည်းနည်းရှိရမယ်။

ဒါ... ကျွန်တော်တို့ အခုပြောနေတဲ့ စိတ်တန်ခိုးတွေ လိုအပ် ခြင်းရဲ့ အစကနဦးပဲ ဖြစ်ပါတယ်။ သမိုင်းဘုံမြေခေတ်က ချီတက်လာ လို့ ယနေ့ ရှုပ်ထွေးတဲ့ လူမှုခေတ်သစ်ကမ္ဘာကြီးမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရေးတွေ တိုးသထက်တိုးလာနေတယ်။ ကျွန်တော်တို့ အခု ဒီတောင်းဆိုချက်ကို တုံ့ပြန်နေရတယ်။ ဒီတုံ့ပြန်ချက်တွေ ထိန်းချုပ် ရတာပဲ၊ ကျွန်တော်တို့ စိတ်တန်ခိုးတွေ ရှိလာရခြင်းပါပဲ။

 

                               လုပ်ရမယ်၊ မလုပ်ဘူးနဲ့ လုပ်ချင်တယ်တို့ရဲ့ အာရုံကြောသိပ္ပံပညာ

စိတ်တန်ခိုးအကြောင်း မစမီ၊ အာရုံကြောဆိုင်ရာ သိပ္ပံပညာ ကို အရင်ကြည့်ရအောင်။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရေး ခေတ်သစ် စွမ်းအားတွေက လူဦးနှောက်ထဲမှာ ကိန်းဝပ်နေပြီးသားပါ။ ကျွန်တော် တို့ရဲ့ နဖူးပြင်နောက်တည့်တည့်မှာရှိတဲ့ ဦးနှောက် ရှေ့ပိုင်းအခြမ်း နယ်ပယ်တွေ (ပုံမှာပြထား) မှာ အဆိုပါ စိတ်တန်ခိုးဆိုင်ရာ ပြီးခဲ့တဲ့ အခန်းမှာ ပြောခဲ့တဲ့၊ တန်ခိုးသုံးမျိုးရဲ့ လုပ်ငန်းတွေရှိပါတယ်။ အီဗော် လူရှင်ရဲ့ သမိုင်းအရ၊ ဒီဦးနှောက်ရှေ့ခြမ်းဟာ အဓိကအားဖြင့် ရုပ်ပိုင်း လှုပ်ရှားမှုတွေဖြစ်တဲ့၊ လမ်းလျှောက်တာ ပြေးတာ၊ တွန်းတာမျိုးကို ထိန်းချုပ်တယ်။ လူသား တရွေ့ရွေ့ တိုးတက်ဖွံ့ဖြိုးလာတော့ ဒီရှေ့ ခြမ်းဟာ ဦးနှောက်ရဲ့ တခြားနယ်ပယ်တွေနဲ့ ပိုကောင်းကောင်း ဆက်စပ် ပြီး ပိုကျယ်ပြန့်တဲ့နယ်ပယ်ဖြစ်လာပါတယ်။ အဲဒီတိုးတက်လာတဲ့ ဦးနှောက် နယ်ပယ်တွေမှာ ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်စေပါ တယ်။ သင် ဘာတွေ ဂရုစိုက်သလဲ၊ ဘာတွေ စဉ်းစားနေသလဲနဲ့ ဘယ်လို ခံစားရသလဲဆိုတာတွေကို ထိန်းချုပ်ရေးပဲ ဖြစ်တယ်။

“စတန်းဖို့ဒ်” တက္ကသိုလ် အာရုံကြော ဗေဒပညာရှင် “ရောဘတ်စာပိုးစကီး”က ခေတ်သစ်ဦးနှောက်ရှေ့ခြမ်း (Prefrontal Cortex) ရဲ့ အဓိက အလုပ်က၊ ဦးနှောက်ကို ပယောဂတွေ သွင်းပေးဖို့ ပိုခက် တာတွေ လုပ်စေဖို့ တွန်းအားပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ ခပ်လွယ်လွယ် ပက်လက်ကုလားထိုင်မှာ နှပ်နေခိုက် ထထက်ပြီး ကိုယ် လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ လုပ်တာမျိုးပေါ့။

                              မလုပ်ဘူး

                             လုပ်ရမယ်

                              လုပ်ချင်တယ်

                           ဦးနှောက်ထဲက စိတ်တန်ခိုး

                ဦးနှောက်ရှေ့ခြမ်းရဲ့ အပေါ်ဘယ်ဘက်က “လုပ်ရမယ်”ဆိုတဲ့ စိတ်တန်ခိုးနဲ့ ဆိုင်တယ်။ ပိုခက်ခဲတာတွေ စိတ်ဖိစီးစေတဲ့လုပ်ငန်း၊ တာဝန်တွေ ရွေးလုပ်တာတွေ ပါဝင်တယ်။ ဦးနှောက်ရဲ့ ရှေ့ခြမ်းအပေါ် ညာဘက်ပိုင်းက “မလုပ်ဘူး” ဆိုတဲ့ စိတ်တန်ခိုးနဲ့ ဆိုင်ပါတယ်။ အာရုံ

ကြော လှုံ့ဆော်မှု၊ အငမ်းမရတပ်မက်မှုတွေကနေ ပြန်ရုပ်သိမ်းတဲ့ အလုပ်တွေ လုပ်ပါတယ်။ ဦးနှောက်ရှေ့ခြမ်းရဲ့ အလယ်ကောင် အောက်ခြေ ၂ ဖက် ခွလျက်သား နယ်ပယ်လေးကတော့ “လုပ်ချင်တယ်” ဆိုတဲ့ စိတ်တန်ခိုးနဲ့ ဆိုင်တယ်။ သင့် ပန်းတိုင်နဲ့ ဆန္ဒအစစ်အမှန်တွေကို ခြေရာ ခံတယ်။ ဒီနေရာကလာပ်စည်းတွေ (Cells) တွေ ပိုမြန်မြန် လောင်ကျွမ်း လေလေ၊ အသွင်ဆောင်ချက်တွေ တွန်းလှန်ပစ်ဖို့ ပိုမောင်းနှင်မိ လေလေ ပါပဲ။ သင်အမှန်တကယ် “လုပ်ချင်တာ”တွေကို အမြဲ သတိတရ ဖော်ပေး နေတဲ့အပိုင်းဖြစ်တယ်။

                             စိတ်တန်ခိုးပျောက်ဆုံးရတဲ့ ဦးနှောက်ပျက်ယွင်းမှု အနိဋ္ဌာရုံဖြစ်ရပ်

                                    ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရေးမှာ ဦးနှောက်ရှေ့ခြမ်းတွေက ဘယ်လောက် အရေးပါပါသလဲ။ ဒီဦးနှောက်ရှေ့ခြမ်းတွေ မတော်တဆ မှုတစ်ခုကြောင့် ပျက်စီးသွားရပုံ တကယ့် အနိဋ္ဌာရုံဖြစ်ရပ် တစ်ခုပြောပြ မယ်” “ဖီးနီးယားစ်ဂိတ်”ရဲ့ ဖြစ်ရပ်မှန်ပါ။

၁၈၄၈ ခုနှစ်က “ဖီးနီးယားစ်ဂိတ်” ဟာ ၂၅ နှစ်ရွယ် ရထားလမ်း ဖောက်လုပ်ရေး လုပ်ငန်းခွင်က ဖိုမင်တစ်ယောက်ပါ။ အသင်းမှာ လုပ်ဖော်တွေက လေးစားချစ်ခင်ကြတယ်။ တိတ်ဆိတ်အေးဆေးစွာ နေတတ်သူပါပဲ။ သူ့ဆရာဝန်ကဆို သူဟာ စိတ်ရောလူပါ ကျန်းမာ အားကောင်းလှတာမို့ “သံမဏိစိတ်ဓာတ်နဲ့ သံမဏိသံဘောင်ပိုင်ဆိုင်” ထားတယ်တဲ့။

ဒါပေမဲ့ စက်တင်ဘာ ၁၃ ရက်မှာတော့ ရထားလမ်းဖောက်ဖို့ မိုင်းခွဲရာမှာ မိုင်းက အချိန်မတိုင်မီ ပေါက်ကွဲသွားလို့ ၃ ပေ ၇ လက်မ

လောက်ရှည်တဲ့ သံချောင်းတစ်ချောင်းက ဂိတ်စ်ရဲ့ ဦးခေါင်းကို လာမှန် တာကြောင့်၊ ဘယ်ဘက်ပါးကို စိုက်ဝင်ပြီး ဂိတ်စ်ရဲ့ ဦးနှောက် ရှေ့ခြမ်း (Prefrontal Cortex) ပိုင်းဟာ နောက်ဘက် ကိုက် ၃၀ အကွာ မြေကြီးပေါ် လွင့်စဉ်ဖိတ်ကျသွားပါတယ်။ ဒီရုပ်ဒဏ်ရာကို ခွဲစိတ်ကုသရတာ ၂ လကျော် ကြာတယ်။ အပေါ်ယံကြောမှာ ပြန်ကောင်းပြီ ထင်ရတာနဲ့ ပုံမှန်အလုပ်ခွင်ပြန်လုပ်နိုင်လာပါတယ်။

ဒါပေမဲ့ ဂိတ်စ်ရဲ့ ဦးနှောက်မှာ ထူးဆန်းတာတွေ ဖြစ်လာတယ်။ သူ့ကိုယ်ရည်ကိုယ်သွေးတွေ လုံးဝ ပြောင်းသွားပြီလို့ လုပ်ဖော် ကိုင်ဖက် တွေက ဝိုင်းပြောကြတယ်။ သူရဲ့ အသိဉာဏ်ပညာတွေနဲ့ တိရစ္ဆာန်လို အာရုံကြောအရ တုံ့ပြန်ချက်တွေ ပျက်စီးသွားတယ်လို့ သိရတယ်။ အရင်က “ဂိတ်စ်”တော့ လုံးဝ မဟုတ်တော့ကြောင်း အသိအကျွမ်းနဲ့ သူငယ်ချင်းတွေက ဆိုတယ်။

ဂိတ်စ်ဟာ ဦးနှောက် ရှေ့ပိုင်းပျောက်ဆုံးသွားလို့ သူ့ရဲ့ စိတ် တန်ခိုးတွေ ပျောက်ဆုံးသွားရတယ်။ သူ့ရဲ့ သံမဏိ စိတ်ဓာတ်ဆိုတာ ခေါင်းခွံပွင့်သွားလို့ ဦးနှောက် ရှေ့ခြမ်းပျောက်ရတာနဲ့ပဲ စရိုက် သဘာဝ ပါ ပျက်စီးသွားရပါတယ်။

                                                      စိတ်နှစ်စိတ်ရဲ့ ပြဿနာ

ကျွန်တော်တို့မှာ ဦးနှောက်က တစ်ခုတည်းရှိပေမယ့် စိတ်က နှစ်စိတ်ဖြစ်နေပါတယ်။ စိတ်ထဲကိုယ့်ရဲ့ အဇ္ဈတ္တသဏ္ဌာန်တွင်းမှာ လူ နှစ်ယောက်ဝင်နေသလိုပါပဲ။ အာရုံကြော လှုံ့ဆော်ချက်တွေ အတိုင်း လိုက်ပြုမူသွားချင်တဲ့ စိတ်နဲ့ ဒီ လှုံ့ဆော်ဖြားယောင်းချက်တွေကို ထိန်း ချုပ်သွားချင်တဲ့ စိတ်တို့ပဲ ဖြစ်ပါတယ်။ ဒီစိတ်၂ ခု၊ တစ်နည်း အတ္တ ၂ ခု ကြားမှာ ကျွန်တော်တို့ သွားချည် ပြန်ချည် လူးလာတုံ့ခေါက်နေ ရတာပါ ။

ဒီနေရာမှာ စိတ်တန်ခိုးရဲ့ စိန်ခေါ်ချက်ကို သတ်မှတ်လို့ရပြီ။ သင့်ရဲ့ အပိုင်းတစ်ပိုင်းက အရာတစ်ခုကို လိုချင်နေပေမယ့်၊ သင့်ရဲ့ တခြားအပိုင်းက ဒီအပြင်အရာကို လိုချင်နေလိမ့်မယ်။ သင့်ရဲ့ ပစ္စုပ္ပန်၊

 

စိတ်လိုက်မာန်ပါပြုလုပ်မှု

စိတ်ထိန်းသိမ်းနိုင်မှု

အတ္တက အရာတစ်ခု လိုချင်ပေမယ့် သင့်ရဲ့ အနာဂတ် အတ္တက တခြား တစ်ခုပိုကောင်းတယ်လို့ ဖြစ်နေမှာပါ။ ဒီအတ္တ ၂ မျိုး သဘောထား ကွဲတဲ့အခါ တစ်ခုက တစ်ခုကို ကျော်လွှားဖိနှိပ်သွားမိတော့တယ်။

 

                        မိုက်ခရိုစကုပ်ရဲ့အောက်မှာ သင့်စိတ်နှစ်ခု ရင်ဆိုင်တွေ့ကြပြီ

စိတ်တန်ခိုးစိန်ခေါ်ချက်တိုင်းမှာ တစ်ဦးဦးရဲ့ အတ္တနှစ်ပိုင်းတို့ ပဋိပက္ခဖြစ်ကြရတယ်။ လှုံ့ဆော်ချက်အတိုင်း စိတ်လွတ်ကိုယ်လွတ် နေချင်တာနဲ့ ထိန်းချုပ်မှု မကွာစေဘဲ၊ ပိုပြီး ဆင်ခြင်တုံတရားရှိရှိ နေတာတို့ ပဋိပက္ခပြိုင်ဆိုင်ကြတာ၊ ဒီနှစ်မျိုးကို နာမည်တပ်ရရင် ပထမ အမျိုးကို “ကွက်ကီးသရဲ” လို့ ခေါ်နိုင်ပြီး ဒုတိယမျိုးကို “ဆန်းစစ်သူ” လို့ ဆိုကြပါစို့။ စိတ်တန်ခိုးအားကောင်းစေဖို့အတွက် “ဆန်းစစ်သူ” ကိုသာ ထောက်ခံရပါမယ်။

 

                          အတ္တနှစ်မျိုးစလုံးရဲ့ တန်ဖိုး

ဒါဆို၊ မထောက်ခံတဲ့ “ကွက်ကီးသရဲ” ခေါ် အာရုံကြော လှုံ့ဆော်ချက်အတိုင်း အလိုက်သင့်နေခြင်းကိုပဲ အပြီးအပိုင် ပယ်ဖျက် ရမှာလား။ ဒီလို ယတိပြတ်တော့မလိုပါဘူး။ ဥပမာ ဦးနှောက်ခွဲစိတ် ရင်း မတော်တဆ ချို့တဲ့သွားတဲ့ မိန်းကလေးရဲ့ ဖြစ်ရပ်ကို နမူနာယူ ကြည့်နိုင်တယ်။ ဒီမိန်းကလေးဟာ ခံစားမှုစွမ်းရည်နှစ်ခုဖြစ်တဲ့ ကြောက်ရွံ့ ခြင်းကို ခံစားတာနဲ့ ရွံရှာတတ်တဲ့ ခံစားချက်တို့ ပျောက်ဆုံးကုန်ရတယ်။ ဒီတော့ ရလဒ်အဖြစ် အစားမှန်ရင် ရွံတာမကြိုက်တာ မရှိတော့ဘဲ အစားကျူးလာတာနဲ့ ဝတုတ်ကြီးဖြစ်သွားရတယ်။ နောက် ဆန်းကြယ် တာတစ်ခုက မိသားစု အဖွဲ့ဝင်တွေရှေ့မှာ လိင်ဆက်ဆံဖို့ အဆိုပြုတာ တွေရှိလာတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရေးပုံစံ လုံးဝကို မဟုတ်ဘူး။

တိရစ္ဆာန်စိတ်လို့ခေါ်တဲ့ အာရုံကြော လှုံ့ဆော်ချက်တွေဟာ လိုအပ်တော့ လိုအပ်တာပါပဲ။ ရှင်သန်ရပ်တည်ရေး လှုံ့ဆော်ချက်တွေ နဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရေးစနစ်တို့က ပဋိပက္ခမဖြစ်ကြပါဘူး။ တချို့ကိစ္စတွေမှာ သူတို့တွေပူးပေါင်းဆောင်ရွက်ကြလို့ သာ ကောင်း မြတ်တဲ့ ဆုံးဖြတ်ချက်တွေ ရလာတာဖြစ်တယ်။ လူပီသဖို့အတွက် ကမ္ဘာဦးက အာရုံကြော လှုံ့ဆော်ချက်တွေလိုပါတယ်။ ပန်းတိုင်ကို အထောက်အကူဖြစ်တဲ့ သင့်လျော်ရာ အပျော်ရှာချင်စိတ်တော့ လိုအပ် ပါတယ်။

                               စိတ်တန်ခိုးအတွက် သင့်ဦးနှောက်ကို လေ့ကျင့်ပေးခြင်း

လူဦးနှောက်ဟာ တည်ဆောက်ပုံအရ အသေဖြစ်တယ်။ ရှေ့ ဆက် တိုးတက်မလာတော့ဘူးလို့ ဆိုကြတယ်။ အာရုံကြောသိပ္ပံပညာရှင်တွေ တွေ့ရှိတာကတော့ ဦးနှောက်ဟာ လေ့ကျင့်တာများလေလေ၊ တုံ့ပြန်ချက် မှတ်မှတ်ရရကောင်းလာလေလေ လို့ပဲ တွေ့ရတယ်။ နေ့စဉ် သင်္ချာတွက်ပေးရင် သင်္ချာဉာဏ်ကောင်းလာတတ်တယ်။ နေ့တိုင်း ပူပန်

သောကတွေ များနေရင်၊ စိုးရိမ်သောကဖြစ်ဖို့ ပိုကောင်းလာတယ်။ ဦးနှောက်ကို အာရုံစူးစိုက်ပါများရင် အာရုံစူးစိုက်မှု ပိုထက်မြက်လာ တယ်။

ဦးနှောက်ရဲ့ တချို့အပိုင်းတွေက ပိုသိပ်သည်းလာတယ်။ ကြွက် သားတွေ တိုးလာသလိုပဲ မီးခိုးရောင်ပစ္စည်းတွေ အထုပ်လိုက် ပိုစုမိ တတ်တယ်။ ဥပမာ မှတ်ဉာဏ်ကစားနည်းတွေ တစ်နေ့မှာ ၂၅ မိနစ် စာလောက် ကစားပေးရင် ဦးနှောက်ရဲ့ ဂရုစိုက်မှုနဲ့ မှတ်ဉာဏ်တို့ရဲ့ အကြား အရေးပါတဲ့နေရာတွေအချင်းချင်း ပိုကြီးမားတဲ့ ဆက်စပ်မှု တွေ တိုးလာပါတယ်။

ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရေးပိုကောင်းအောင် သင့်ဦးနှောက် ကို လေ့ကျင့်ပေးရပါလိမ့်မယ်။ အရိုးရှင်းဆုံးနဲ့ ဝေဒနာသက်သာဆုံး လေ့ကျင့်နည်းက တရားရှုမှတ်ခြင်းခေါ် ဝင်သက်ထွက်သက် စောင့် မှတ်ခြင်းခေါ် အာနာပါဏ သတိပဋ္ဌာန် စီးဖြန်းခြင်းပါပဲ။ တစ်ဘဝလုံး တရားထိုင်ဖို့တော့ မဟုတ်ပါ။ အသေးဆုံး အတိုတောင်းဆုံး တရား ထိုင်တာတွေက အကျိုးတရားကြီးပါတယ်။

သုံးနာရီလောက်ပဲ တရားထိုင်ရင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ် ရေးနဲ့ ဂရုစိုက်မှုမှာပါ တိုးတက်လာကြောင်း တွေ့ရတယ်။ ရှစ်ပတ်ကြာ နေ့စဉ် တရားထိုင်သွားရင်း နေ့စဉ်ဘဝထဲ ကိုယ့်ကိုယ်ကိုယ် သတိရှိရှိ ဂရုစိုက်မှုမှာ တိုးတက်လာနိုင်ပါတယ်။

                              စိတ်တန်ခိုးစမ်းသပ်ချက်၊ ၅ မိနစ်စာ ဦးနှောက်လေ့ကျင့် တရားထိုင်ခြင်း

ထွက်သက်ဝင်သက်ကို အာရုံစူးစိုက်ရှုမှတ်ခြင်းက ဦးနှောက် လေ့ကျင့်ရေးနဲ့ စိတ်တန်ခိုးတိုးလာရေးမှာ ရိုးရှင်းပြီး စွမ်းအားရှိနည်း စနစ်ပဲ ဖြစ်တယ်။ ယင်း နည်းစနစ်က စိတ်ဖိစီးမှုကို လျှော့ချပေးပြီး အတွင်းလမ်းတလွဲလိုက်မှုတွေ (အငမ်းမရတပ်မက်မှု စိုးရိမ်သောက၊ ဆန္ဒရမ္မက်) နဲ့ ပြင်ပ သွေးဆောင်ချက် ပယောဂတွေ (အသံ၊ မြင်ကွင်း၊ အနံ့ စသည်)ကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ စိတ်ကို သင်ကြားပေး ပါတယ်။ သုတေသန အသစ်တွေက ပြတာက အချိန်မှန်မှန် တရားထိုင်

လေ့ကျင့်ပေးရင်း ဆေးလိပ်စွဲနေတာ မူးယစ်ဆေးစွဲတာတွေ ပြတ်သွား ပြီး ကိုယ်ရေစစ်သွားစေပါတယ်။ “လုပ်ရမယ်” “မလုပ်ဘူး” ဆိုတဲ့ စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်ရတိုင်း၊ ဒီ ၅ မိနစ်စာ တရားထိုင်ခြင်းက စိတ်တန်ခိုးကြွယ်ဝစေမယ့်၊ စွမ်းအားရှိ ဦးနှောက်လေ့ကျင့်ခန်းပဲ ဖြစ်ပါ တယ်။ ဘယ်လိုစလုပ်ရမလဲဆိုရင် ...

၁။ တည်ငြိမ်စွာ ထိုင်ပြီး၊ အနေအထားကိုယူ

မြေပေါ်မှာဖြစ်ဖြစ်၊ ကူရှင်ပေါ်ဖြစ်ဖြစ်၊ ကုလားထိုင်ပေါ်မှာ ဖြစ်ဖြစ်၊ တင်ပလ္လင်ခွေလျက် မတ်မတ်ခါးဆန့်ထိုင်ပါ။ သင့်လက်ဝါး နှစ်ဖက်စလုံး ပေါင်နှစ်ဖက်ပေါ်တင်ထားပါ။ ယားယံ ကသိကအောက် ဖြစ်ပါက ကိုယ့်ရဲ့ ထိုင်ပုံကို သက်သောင့်သက်သာဖြစ်အောင် ပြင်ယူ ပါ။ ဒီအနေအထားယူပြီးတာနဲ့ ဝင်သက်ထွက်သက် မှတ်နေခိုက် အယားဖျောက်ခြင်းတွေ သည်းခံအောင့်ထားပါ။

၂။ ဂရုတစိုက် အသက်ရှူသွင်းရှူထုတ်သင့်မျက်လုံးတွေကို မှိတ်လိုက်ပါ။ အသက်ရှူသွင်းလိုက်၊

      ရှူထုတ်လိုက်လုပ်ပါ။ နှာသီးဖျားမှာ လေတိုးဝင်တာ၊ လေတိုးထွက် တာတွေ အာရုံပြုပါ။

၃။ အသက်ရှူမှုကို သတိပြု၊ စိတ်ပျံ့လွင့်မှုကို ထိန်းချုပ်ရင်ဘတ် (သို့) ရင်အုံမှာ အသက်ရှူသွင်းစဉ် ဖောင်းသွားလိုက်၊ ရှူထုတ်ခိုက်မှာ ပိန်သွားလိုက်၊ ပိန်ချည် ဖောင်းချည်ဖြစ်နေတာကို အာရုံစိုက်ထားနိုင်တယ်။ ထွက်သက်ဝင်သက် ရှုမှတ်နေခိုက်၊ စိတ် အတွေးတွေ တောင်စဉ် ရေမရတွေးမိပါက၊ ကိုယ့်အာရုံကို ထွက်သက် ဝင်သက်ပေါ်မှာပဲ တည်နေအောင် ထိန်းချုပ်သွားပါ။ ဒီလေ့ကျင့်ခန်းက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ခြင်းနဲ့ အတူ ကိုယ့်ကိုယ်ကိုယ် သတိရှိစေ မှုကိုပါ အားကောင်းလာစေပါတယ်။ ဘာဝနာဆောင်ပုဒ် “ထိ ... ရှိ သတိ”ကို နှလုံးသွင်းပါ။

                      တစ်နေ့ ၅ မိနစ်ခန့် စလုပ်ကြည့်။ အလေ့အကျင့် ရရင်၊ ၁ဝ မိနစ် ၁၅ မိနစ်ထိ တိုးလုပ်ပါ။ ဝန်လေးလာရင် မူလ ၅ မိနစ်ကို ပြန်လျှော့လုပ်ပါ။ လုပ်တဲ့အချိန်က မနက်အရုဏ်တက် ၅ နာရီတစ်ဝိုက်က အကောင်းဆုံးပါပဲ။ ဒီအချိန်လုပ်ဖို့ ခက်ခဲလွန်းရင်တော့ ကိုယ် အလုပ် နားချိန် ကြိုက်ရာအချိန်မှာ လုပ်နိုင်တယ်။

“တရားထိုင်ခြင်းက သင့်အတွေးတွေ အကုန်ရပ်ဆိုင်းသတ်ပစ် ရမယ် မဆိုလိုပါ။ အတွေးတွေနဲ့ချည်း သံသရာမလည်ဖို့ သင်ယူနေ ခြင်းသာ ဖြစ်တယ်။ သင့်ပန်းတိုင်ကိုတော့ မေ့မပစ်ရပါ။ သင့်အာရုံ စူးစိုက်မှုက မပြည့်ဝနေရင်လည်း အရေးမကြီးပါ။ ဝင်သက်ထွက်သက် ကိုပဲ ပြန်အာရုံစူးစိုက်လိုက်ပါလေ”