Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - မီလျံနာဦးနှောက်၏လျှို့၀ှက်ချက်များ

Regular price 5,000 MMK
Regular price Sale price 5,000 MMK
Sale Sold out
အပိုင်း (တစ်)
 သင့်ငွေကြေးဆောက်လုပ်ရေးပုံစံ

                    ဒွိဟတရားဆန့်ကျင်ဘက်နှစ်ခွတွဲနေတဲ့ ကမ္ဘာလောကကြီးထဲ ကျွန်တော်တို့ နေထိုင်လျက်ရှိပါတယ်။ အတက်နဲ့အကျ၊ အမှောင်နဲ့ အလင်း၊ အပူနဲ့ အအေး၊ အပြင်နဲ့အထဲ၊ အမြန်နဲ့ အနှေး၊ ဘယ်နဲ့ညာ၊ စသည်ဖြင့် ဒွန်တွဲနေတဲ့ လောကသဘာဝပါပဲ။ ဝင်ရိုးစွန်းတစ်ခုရှိနေရင်ကျန်ဝင်ရိုးစွန်းလည်းရှိနေမှာပါပဲ။ တစ်ခုမရှိဘဲ နောင်တစ်ခု ထီးထီးကြီး မရှိနိုင်ပါ။

                    အလားတူပ်၊ ငွေကြေးဆိုင်ရာ ပြင်ပဥပဒေသရှိထားရင် ငွေကြေး ဆိုင်ရာ အဇ္ဈတ္တဥပဒေသလည်း ရှိနေမယ်။ ပြင်ပဥပဒေသတွေထဲမှာ လုပ်ငန်းပိုင်း ဗဟုသုတ ငွေကြေးစီမံခန့်ခွဲမှု၊ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာ တို့ဆိုတဲ့ မရှိမဖြစ်တာတွေ ပါတယ်။ အဇ္ဈတ္တကစားပွဲကလည်း အရေး ပါတာပါပဲ။ လက်စွဲကိရိယာတွေ အပြင် သူတို့ကို ကိုင်တွယ်ရတဲ့ လက် သမားဆရာက ဆရာတစ်ဆူဖြစ်လို့ ပိုအခရာကျရသလိုပဲပေါ့။

စကားတစ်ခွန်းရှိတယ်

“အချိန်မှန်၊ နေရာမှန်ရှိဖို့က မလုံလောက် သေးဘူး။ သင်ကိုယ်တိုင် အချိန်မှန်၊ နေရာမှန်မှာ လူမှန်ဖြစ်နေဖို့က ပိုအရေးကြီးပါတယ်။” တဲ့။

သင့်ရဲ့ ယုံကြည်မှုကကော ဘာပါလဲ။ သင့်ရဲ့ အလေ့အကျင့်နဲ့ လမ်းကြောင်းတွေက ဘာတဲ့လဲ၊ သင့်ကိုယ်သင် ဘယ်လိုခံစားရလို့ ၊ တခြားလူတွေနဲ့ သင်ဘယ်လို ဆက်သွယ်နေသလဲ။ သင်နဲ့ ဓနနဲ့ ထိုက်တန်နေတယ်လို့ သင် အမှန်တကယ်ခံစားရလို့လား။ ကြောက်လန့် နေတဲ့ကြားက၊ စိုးရိမ်သောက ဖြစ်နေတဲ့ကြားက၊ မသက်မသာ ဖြစ်နေတဲ့ ကြားက၊ သင့်ရဲ့ စွမ်းရည်တွေကကော ဘာတွေလဲ။

သင့်ရဲ့ စရိုက်လက္ခဏာ၊ သင်ရဲ့ တွေးပုံခေါ်ပုံ၊ သင့်ရဲ့ ယုံကြည်မှု တွေက သင့်ရဲ့ အောင်မြင်မှုအဆင့်ကို ဆုံးဖြတ်သတ်မှတ်ပေးရာမှာ အခရာကျတဲ့ အစိတ်အပိုင်းတွေ ဖြစ်နေတယ်။

ကျွန်တော့်စိတ်ကြိုက် စာရေးဆရာ “စတူးဝပ်ဝိုင်းလ်” ပြောသလို ပါပဲ။ ။

“အောင်မြင်မှုရဲ့ သော့ချက်က သင့်ကိုယ်ပိုင်စွမ်းရည်တွေကို မြှင့်တင်ဖို့ပဲဖြစ်တယ်။ သင်ဘာပဲလုပ်လုပ်၊ လူတွေက သင့်ဆွဲဆောင်ရာ ကိုပါလာလိမ့်မယ်။ သူတို့က အဲဒီလို ပြလာရင် ချည်နှောင်တွဲလိုက် ပေတော့။

 

ဓနစည်းမျဉ်း .........

သင့်ဝင်ငွေက သင်ချဲ့ထွင်သလောက်သာ တိုးပွားနိုင်တယ်......

 

                              သင့်ငွေကြေးဆောက်လုပ်ရေးပုံစံက အရေးပါရခြင်းအကြောင်း

လူတချို့ဟာ ငွေတွေအမြောက်အမြားရှိပါလျက် ဆုံးရှုံးကြရ တယ်။ အခွင့်အလမ်းတွေ ထူးထူးချွန်ချွန်ရခဲ့ပါလျက်နှင့် ပျောက်ကွယ် ပျက်စီးကြရတယ်။ အကြောင်းရင်းအမှန်ကို သင်အခု သိရပြီ။ ပြင်ပန်း အရ ကံဆိုးလို့ဖြစ်ရတယ်ဆိုပေမယ့်၊ အတွင်းကျကျ ကြည့်ရင် တခြား ကိစ္စကြောင့် ဖြစ်နေတယ်။ အကြောင်းရင်းက သင်ငွေတွေ များစွာ ရလိုက် တဲ့အခါ ဒီငွေတွေ ဘယ်လိုသုံးမယ်ဆိုတဲ့ အတွင်းကျကျ စီမံကိန်းတွေ အဆင်သင့်ရှိမထားတဲ့အတွက်ကြောင့်၊ အခွင့်အလမ်းတွေက ခပ်တိုတိုနဲ့ ကွယ်ပျောက်ဆုံးရှုံးရလို့ပဲ ဖြစ်တယ်။

လူများစွာဟာ ငွေကြေးပမာဏအမြောက်အမြားကို ကိုင်တွယ် ထိန်းသိမ်းပြီး နိုင်နိုင်နင်းနင်းဖန်တီးတတ်တဲ့ အတွင်းစွမ်းရည်တွေ မရှိကြ လို့ အောင်မြင်မှုနဲ့ ငွေကြေးတွေ ပိုတိုးပွားဖို့ရာ စိန်ခေါ်ချက်တွေသာ တိုးလာနေပါတယ်။ ထီပေါက်တဲ့လူတွေနဲ့ တူနေပါတယ်။ ထီမမျှော် လင့်ဘဲ စပေါက်တဲ့လူဟာ ဘယ်လိုအသုံးတည့်အောင် စီမံမခန့်ခွဲတတ် ကြလို့ အလေအလွင့်တွေဖြစ်ပြီး၊ နောက်ဆုံး သူ့အိုးနဲ့ သူ့ဆန် သူနိုင်တဲ့ ငွေပမာဏ နည်းနည်းကိုပဲ ပြန်ရောက်သွားရတော့တယ်။

အခြားတစ်ဖက်မှာ ဆန့်ကျင်ဘက်တွေ့ရတာက ကိုယ်ထူ ကိုယ်ထ လုပ်လို့ မီလျံနာဖြစ်လာရသူတွေပါပဲ။ ကိုယ်ထူကိုယ်ထ မီလျံနာ တွေက သူတို့ငွေတွေ ဆုံးရှုံးရတဲ့တိုင်၊ အချိန်တိုတိုလေးအတွင်းမှာ ပြန်ရ အောင် လုပ်နိုင်ကြတယ်။ “ဒေါ်နယ်ထရန့်” က ကောင်းတဲ့ ဥပမာ သာဓကပါပဲ။ “ထရန့်” က မီလျံနာမဟုတ်၊ ဘီလျံနာဖြစ်တယ်။ သူအရာရာကို ဆုံးရှုံးရပေမယ့် ၂ နှစ်လောက်အတွင်း ဆုံးရှုံးတာတွေ ပြန်ရတဲ့အပြင် တိုးပွားလို့တောင်လာပါသေးတယ်။ သူတို့တွေ ငွေတွေ ဆုံးရှုံးရပေမယ့်၊ ဘယ်တော့မှ မဆုံးရတာကတော့ သူတို့အောင်မြင်ဖို့အရေးပါဆုံး ဟင်း အမယ်ဖြစ်တဲ့ “သူတို့ရဲ့ မီလျံနာဦးနှောက်” ပဲ ဖြစ်တော့တယ်။ “ဒေါ်နယ်” ရဲ့ ကိစ္စအတွက်တော့ “ဘီလျံနာရဲ့ ဦးနှောက်” ပေါ့ ။

“ဒေါ်နယ်ထရန့်” ရဲ့ ငွေကြေးအပူချိန်တိုင်းတာချက်က မီလီယံ မျှသာ မဟုတ်တော့ဘဲ၊ ငွေဘီလီယံ (သန်းပေါင်းတစ်ထောင်) ချီတယ်။ လူများစွာရဲ့ ငွေကြေးအပူချိန်တိုင်းတာချက်က ဒေါ်လာသန်းနဲ့ချီတာ မဟုတ်ဘဲ၊ ဒေါ်လာထောင်ဂဏန်းလောက်သာ ခုတ်မောင်းလည်ပတ်ဖို့ သတ်မှတ်ထားတယ်။ တချို့လူတွေက ထောင်ဂဏန်းသာ မဟုတ်ဘဲ ရာဂဏန်းလောက်ပဲရှိကြတယ်။ ဒီလိုနဲ့ သုညအောက်ကို ရောက်သွား တော့တယ်။

လက်တွေ့ ဒိဋ္ဌတရားအရက၊ လူအများစုဟာ သူတို့ရဲ့ အစွမ်းအစ တွေ ပြည့်ဝတဲ့အဆင့်ထိရောက်မလာကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ လူများစုက မအောင်မြင်ကြတာပါ။ သုတေသနပြုချက်တွေအရ ၈ဝ ရာခိုင်နှုန်းသော လူတွေဟာ ငွေကြေးလွတ်လပ်မှု မရှိကြတာတွေ့ရတယ်။ ဒီ ၈ဝ ရာခိုင်နှုန်းက မပျော်ကြရပါဘူး။

အကြောင်းရင်းက ရှင်းပါတယ်။ လူများစုက မသိစိတ်တွေ ဝင်နေ ကြလို့ပါပဲ။ အယူသီးတဲ့ ဘဝအဆင့်မှာပဲ စဉ်းစားလုပ်ကိုင်နေကြ တယ်။ သူတို့မြင်နိုင်တဲ့အထိ အပေါ်မှာပဲ အခြေခံနေကြတယ်။ မြင်သာ တဲ့ လောကမှာသာ အတိအကျ နေကြတာကိုး။

 

 

                         အမြစ်တွေက အသီးတွေကို ဖန်တီးတယ်

 

သစ်ပင်တစ်ပင်က ဘဝတစ်ခုကိုကိုယ်စားပြုတယ်လို့ ဆိုကြပါစို့။ ဒီအပင်ရဲ့ အသီးတွေက ကျွန်တော်တို့ဘဝရဲ့ ရလဒ်တွေဖြစ်မယ်။

ဒီရလဒ်ဆိုတဲ့ သစ်သီးတွေကို ကျွန်တော်တို့ ကြိုက်ချင်မှကြိုက်မယ်။ အသီးတွေ ထွားမလာဘူး။ အရသာလည်း ပေါ့ရွှတ်ရွှတ်ဖြစ်ချင် ဖြစ်နေ မယ်။ ကဲ ဒီလိုဆို ဘယ်လိုလုပ်ရမလဲ။

ကျွန်တော်တို့ အများစုကတော့ အသီးတွေ (ရလဒ်) အပေါ် အာရုံ စိုက်နေမိမယ်။ ဒါပေမဲ့ ဒီသီးသန့်အသီးတွေကို လက်တွေ့အားဖြင့် ဘာတွေက ဖန်တီးနေတာလဲ။ သစ်စေ့နဲ့ သစ်မြစ်တွေကပ် သစ်သီးတွေ ကို ဖန်တီးနေတာပဲ မဟုတ်ပါလား။

ဒါဟာ “မြေကြီးအောက်ကအရာ”က“မြေပြင်အထက်ကအရာ” ကို ဖန်တီးနေတာပါပဲ။ “မမြင်ရတဲ့အရာ” က “မြင်သာတဲ့အရာ” ကို ဖန်တီးနေတဲ့ အဖြစ်ပါပဲ။ ဒါဆို ဘာအဓိပ္ပာယ်ပါလဲ။ သင် အသီးကို

ပြောင်းချင်ရင်တော့ အရင်ဆုံး သစ်မြစ်ကို ပြောင်းပစ်ရမယ်။ မြင်သာ တဲ့ အရာကို ပြောင်းချင်ရင်း သင်မမြင်ရတဲ့အရာကို အရင်ဆုံး ပထမ

 

 

                                          ဓနစည်းမျဉ်း

 

သင်အသီးကိုပြောင်းချင်ရင်တော့ အရင်ဆုံး သစ်မြစ်ကိုပြောင်းပစ် ရမယ်။ မြင်သာတဲ့အရာကို ပြောင်းပစ်ချင်ရင်၊ အရင်ဆုံး ပထမ မမြင်ရ တဲ့အရာကို ပြောင်းပစ်ရလိမ့်မယ်။

ပြောင်းပစ်ရလိမ့်မယ်လို့ ဆိုလိုတာပါပဲ။

လက်တွေ့ ဒိဋ္ဌမြင်ရတာကိုပဲ ပုံရမယ် လို့ တချို့က ပြောကြမယ်။ ဒါဆို လျှပ်စစ်မီတာခတွေ သင်ဘာလို့ ပေးဆောင်နေတာလဲ လို့ မေးရမှာ ပဲပေါ့။ လျှပ်စစ်ဓာတ်ကို မြင်ရတာမှမဟုတ်ဘဲ။ ဒါပေမဲ့ ဒါကိုပဲ အသိ အမှတ်ပြုပြီး ဒီမမြင်ရတဲ့ စွမ်းအားကိုပဲ အားကိုးတကြီး ခုထိ သုံးစွဲနေရ တုန်းပါပဲ။ တကယ်လို့ ဒီစွမ်းအားတကယ်ရှိ မရှိကို သံသယဖြစ်ရင်လျှပ်စစ်ဆော့ကက်အပေါက်ထဲ လက်ညှိုးထိုးထည့်လိုက်ပေါ့ လို့ပဲ ပြောချင်တော့တယ်။ ဒါမှ သံသယတွေ ပျောက်ကွယ်မယ်။

ကျွန်တော့်အတွေ့အကြုံအရ ဒီကမ္ဘာမှာ မမြင်ရတဲ့အရာက မြင်ရတဲ့ အရာတွေထက် စွမ်းအားပိုကြီးနေကြတာချည်းပါပဲ။ ဒါကို သင်သဘောတူနိုင်သလို မတူဘဲလည်း နေနိုင်တယ်။ ဒါပေမဲ့ ဒီစည်းမျဉ်းကို သင့်ဘဝမှာ မသုံးရင်၊ သင်ထိခိုက်ခံစားရမယ်။ သဘာဝရဲ့ ဥပဒေသကို သင် ဆန့်ကျင်ဖီလာပြုမိလို့ပဲ ဖြစ်ပါတယ်။ မြေအောက်က မြေပြင်အထက်ကို ဖန်တီးတာနဲ့ မမြင်ရတဲ့ စွမ်းအားက မြင်သာတာတွေ ကို ဖန်တီးနေတယ် ဆိုတဲ့ သဘာဝဥပဒေသပဲပေါ့။

လူသားကိုယ်တိုင်က သဘာဝရဲ့ အစိတ်အပိုင်းပဲမို့ သဘာဝရဲ့ ဥပဒေသတွေနဲ့ သင်လူသားဟာ လိုက်လျောညီထွေ သဟဇာတဖြစ်အောင် နေနိုင်သမျှ ကာလပတ်လုံး သင့်ဘဝက အဆင်ပြေ ချောမွတ်နေ မှာပဲ။

သင် အသီးတွေကို ပြောင်းချင်တယ်ဆိုရာမှာ၊ လက်ရှိသုံးနေပြီး သားတွေကိုတော့ ပြောင်းလို့ရမှာ မဟုတ်ဘဲ၊ မနက်ဖြန်မှာ သီးမယ့် သစ်သီး တွေကိုသာ လိုသလို ပြောင်းယူလို့ရမှာပါ။ ဒါပေမဲ့ အဲဒီလို လုပ်ဖို့ရာ သင် မြေအောက်ကိုတူးပြီး သစ်မြစ်တွေကို အားသွင်းရမှာပါ။

 

လေးထောင့်ကွက်ကြား

ME

SP

ဖြစ်တည်မှုပြင်ညီတစ်ခုတည်းမှာ ကျွန်တော်တို့ မတည်ရှိ နိုင်ဘဲ၊ လေးခုတွဲနေတဲ့ လေးထောင့်ကွက်ပြင်ညီ ၄ ခုမှာ တစ်ပြိုင်တည်း တွဲလျက် နေကြရတာပါ။ “ရုပ်ဝတ္ထုကမ္ဘာ” (Physical World) "Sose:ssons mos" (Mental World) sos:qadimgs" (Emotional World) နဲ့ “စိတ်ဓာတ်ရေးကမ္ဘာ” (Spiritual World) တို့ပါပဲ။

တကယ့်ပြဿနာအစစ်က “ပုံနှိပ်ပြီးစာချော” လို့ ဆိုရမယ့် “ရုပ်ဝတ္ထုကမ္ဘာ” ထဲမှာတော့ ပြောင်းလို့မရနိုင်ပါဘူး။ ကျန် ၃ ခုဖြစ်တဲ့ “စိတ်ဦးနှောက်ကမ္ဘာ” “ခံစားချက်ကမ္ဘာ” နဲ့ “စိတ်ဓာတ်ရေးကမ္ဘာ” ထဲမှာပဲ “ပရိုဂရမ်” အဖြစ်နဲ့ ပြောင်းလဲလို့ရနိုင်ပါတယ်။

ငွေကြေးက ရလဒ်တစ်ခု၊ ဓနုကလည်း ရလဒ်တစ်ခု ကျန်းမာရေးလည်း ရလဒ်တစ်ခု၊ ဖျားနာခြင်းလည်း ရလဒ်တစ်ခု သင့်အလေးချိန်က ရလဒ် တစ်ခု၊ ကျွန်တော်တို့က အကြောင်းနဲ့အကျိုး ကမ္ဘာကြီးထဲနေထိုင်နေကြတယ်။

 

                                                        ဓနစည်းမျဉ်း

 

ငွေကြေးက ရလဒ်တစ်ခု၊ ဓနက ရလဒ်တစ်ခု၊ ကျန်းမာရေးက ရလဒ်တစ်ခု၊ ဖျားနာခြင်းလည်းရလဒ်တစ်ခု၊ သင့်အလေးချိန်ကရလဒ် တစ်ခု၊ ကျွန်တော်တို့က အကြောင်းနဲ့အကျိုး ကမ္ဘာကြီးထဲနေထိုင်နေကြရ တာပါ။

ငွေကြေးချို့တဲ့ခြင်းက အမြဲပဲ အစဉ်ထာဝရ ပြဿနာမဟုတ်ပါ။ အောက်ကွယ်မှာ ငုပ်လျှိုးနေတဲ့ အသွင်လက္ခဏာတွေကြောင့်သာ ငွေကြေးချို့တဲ့နေတာပါ။ ငွေကြေးချို့တဲ့ရခြင်းက အကြောင်းအကျိုး သဘောတရားအရ ပေါ်ထွက်လာရတဲ့ အကျိုးအာနိသင်သာ ဖြစ်ပါ တယ်။ ဒါဆိုအဲဒီအကျိုးတရားဇာစ်မြစ်အကြောင်းရင်းက ဘာကြောင့်လဲ။ သင့်ရဲ့ ပြင်ပကမ္ဘာက အကျိုးတရားရလဒ်တွေက သင့်ရဲ့ အတွင်း အဇ္ဈတ္တကမ္ဘာရဲ့ ရောင်ပြန်ဟပ်ခြင်းပဲ ဆိုတာကိုတော့ အမြဲသတိရပါ။

ဒီတော့ သင့်ရဲ့ ပြင်ပကမ္ဘာဘဝမှာဖြစ်လာနေတဲ့ ချို့တဲ့မှုတွေရဲ့ အကြောင်းရင်းဇာစ်မြစ်တွေကတော့ သင့်အတွင်း အဇ္ဈတ္တကမ္ဘာမှာ အခြေ အနေတွေ မကောင်းလို့ပဲ ဖြစ်ပါတော့တယ်။

                         ကြေညာချက်များ။ ပြောင်းလဲခြင်းအတွက် စွမ်းအားရှိလျှို့ဝှက်ချက်

နှီးနှောဖလှယ်ပွဲတွေမှာ ကျွန်တော်တို့ သုံးလေ့ရှိတာကတော့ “အရှိန်မြှင့်သင်ကြားရေး” နည်းစနစ်ပဲ ဖြစ်တယ်။ သင်ကြားသမျှ ပိုမြန်မြန်နဲ့ မှတ်မိစွဲကျန်နေအောင် လုပ်တာပါ။ သော့ချက်က “အတွင်း ကျကျ ပါဝင်ပတ်သက်မှု” ပါပဲ။ ကျွန်တော်တို့ရဲ့ ချဉ်းကပ်နည်းက အောက်ပါ ဆိုရိုးစကားအတိုင်းပါပဲ။

“သင်ကြားရသမျှကို မေ့ပစ်။ သင်မြင်ရသမျှကို သတိရပါ။ သင် လုပ်နေသမျှကိုတော့ နားလည်ထားပါ။”

သင် ပထမ သင့်နှလုံးသားပေါ် လက်နဲ့ဖိထားရင်း နှုတ်ထွက် ကြေညာချက်” ထုတ်ပါ။ နောက် သင့်ခေါင်းပေါ် လက်မနဲ့ ဖိထားရင်း နောက်ထပ် ‘နှုတ်ထွက်ကြေညာချက်”ထပ်ထုတ်ပါ။ ဘာကြေညာချက် လဲ။ အကောင်းမြင်ချက်တစ်ခုခုကို ကျယ်ကျယ်ထုတ်ပြောဖို့ပါပဲ။

ဒီကြေညာချက်တွေ ဘာကြောင့် တန်ဖိုးရှိနေရပါသလဲ။

ဘာကြောင့်ဆို အရာရာက “စွမ်းအင်” တစ်ခုတည်းနဲ့ လုပ်ထားလို့ ပါပဲ။ စွမ်းအင်တိုင်းက တုန်ခါချက်တွေ လှိုင်းကြိမ်နှုန်းတွေနဲ့ ခရီးလှည့် နေကြတယ်။ ဒါကြောင့် ကြေညာချက်တစ်ခုစီတိုင်းက သူ့ကိုယ်ပိုင် တုန်ခါချက်တွေ လှိုင်းကြိမ်နှုန်းတွေ သယ်ဆောင်နေကြတယ်။ သင် ကြေညာချက်ကို ကျယ်ကျယ် ထုတ်ပြန်လိုက်တာနဲ့ သူ့စွမ်းအင်တွေက သင့် ကလပ်စည်းဆဲလ်တွေ တစ်လျှောက် သင့်ခန္ဓာကိုယ်တစ်ခုလုံး အနှံ့ တစ်ပြိုင်နက် တုန်ခါသွားတယ်။ သင့်ခန္ဓာကိုယ်ကို လက်နဲ့ဖိလိုက်တာနဲ့ ထူးခြားတဲ့ ပဲ့တင်သံ ထပ်ပေါ်လာတဲ့အတွက် သင့်ရဲ့ မသိစိတ်ထဲအထိ စွမ်းအားရှိရှိ သတင်းစကားက ရောက်သွားပါတယ်။ ပြီး

ရိုးရိုးသာမန်ဖွင့်ဟချက်ကို “ဖြစ်ပျက်ပြီးသားကို ရယူအားထုတ်ချင် နေတဲ့ သင့်ပန်းတိုင်ကို အကောင်းမြင်သဘောနဲ့ ဖွင့်ဟခြင်း” ရယ်လို့ အဓိပ္ပာယ်သတ်မှတ်တယ်။

ကြေညာချက်ကိုတော့ “သီးသန့်အနေအထား တစ်ခုရောက်ဖို့ သီးသန့်လုပ်ရပ် လမ်းကြောင်းတစ်ခု တာဝန်ယူလုပ်ကိုင်မယ်လို့ တရားဝင် ရည်ရွယ်ချက်နဲ့ ထုတ်ဖော်ခြင်း” လို့ အဓိပ္ပာယ်သတ်မှတ် တယ်။

တစ်နည်းအားဖြင့် ကြေညာချက်က တစ်စုံတစ်ခုမှန်ကြောင်း ထုတ်ပြောရုံသာမကဘဲ တစ်ခုခုလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါနေတယ်။ ဒီရည်ရွယ်ချက်ကို “တရားဝင်” ထုတ်ပြောတာပါ။ ဒါဟာ သင့်ကိုယ်အတွင်းက စွမ်းအင်တွေကို စကြဝဠာတစ်တိုက်လုံး သိအောင် ထုတ်ပြောတာဖြစ်တယ်။ ဒီအဓိပ္ပာယ်သတ်မှတ်ချက်ထဲ အရေးကြီးတာ က “လုပ်ရပ်” ပါပဲ။ ဒီကြေညာချက်ကို မနက်တိုင်း၊ ညနေတိုင်း မှန် ရှေ့မှာ ကျယ်ကျယ်ဖွင့်ထုတ်ပြောခြင်းဖြင့် လုပ်ငန်းစဉ်ရဲ့ အရှိန်အဟုန်ပိုမိုပြင်းထန် မြန်ဆန်လာမှာပါ။

                                                ကြေညာချက်

“ငါ့ရဲ့ အဇ္ဈတ္တကမ္ဘာက ငါ့ ရဲ့ ပြင်ပကမ္ဘာကို ဖန်တီးတယ်” အခု ခေါင်းကိုလက်နဲ့ဖိရင်း ပြောရမှာက “ငါ့မှာ မီလျံနာရဲ့ ဦးနှောက်တစ်ခု ရှိနေတယ်” လို့ပါပဲ။

သင့်ရဲ့ငွေကြေးဆောက်လုပ်ရေးပုံစံက ဘာများလဲ ဘယ်လိုပုံဖွဲ့လာသလဲ

ရေဒီယိုတွေ ရုပ်သံလိုင်းတွေရှေ့မှာ ပြောရတိုင်း ပြောလေ့ရှိတာက ကျော်ကြားလှတဲ့ ကျွန်တော့်ရဲ့ အောက်ပါ “ဓနုစည်းမျဉ်း” ပါပဲ။

                                      ဓနစည်းမျဉ်း

ကျွန်တော့်ကို ၅ မိနစ်အချိန်ပေးပါ။ ဒါဆို သင့်ဘဝ ကျန်တဲ့ အနာဂတ်အတွက် သင့်ရဲ့ငွေကြေးအနာဂတ်ကို ကျွန်တော် နိမိတ်ဖတ်ပေး နိုင်တယ်။

ခပ်တိုတို ပြောရရင် သင့်ရဲ့ ငွေကြေးနဲ့ အောင်မြင်မှုတို့ရဲ့ ဆောက် လုပ်ရေးပုံစံကို ကျွန်ုပ်ခွဲခြားပြနိုင်တယ်လို့ ဆိုလိုတာပါ။ ဒီဆောက်လုပ် ရေး ပုံစံက ကျွန်တော်တို့ရဲ့ မသိစိတ်ထဲ အထိုင်ကျနေပြီးသား ဖြစ်ပါတယ်။

ငွေကြေးဆောက်လုပ်ရေးပုံစံက အိမ်တစ်လုံးဆောက်ရသလိုပါပဲ။ ကြိုတင်ပြီး ပရိုဂရမ်ချထားတာတွေက ငွေကြေးနဲ့ ပတ်သက်တာတွေ ချည်းပါပဲ။

 

အလွန်အကျွံအရေးကြီးတာတစ်ခုက “ပုံသေနည်း” တစ်ခုနဲ့ မိတ် ဆက်ပေးချင်တာပါ။ “ထုတ်ပြန်ကြေညာချက်လုပ်ငန်းစဉ်” လို့ ခေါ်တဲ့ ပုံသေနည်းပါ။

TF

A = R (အောက်ပါဓနစည်းမျဉ်းမှာကြည့်ပါ)

ဓနစည်းမျဉ်း

အတွေးတွေက ခံစားချက်တွေဆီဦးတည်တယ်။ ခံစားချက်တွေက လုပ်ရပ်တွေဆီ ဦးတည်တယ်။ လုပ်ရပ်တွေက ရလဒ်တွေဆီဦးတည်တယ်။

 

အတွေး = Thoughts = T

လုပ်ရပ် = Action = A

ခံစားချက်= Feeling = F

ရလဒ် = Result = R

 

သင့်ရဲ့ ငွေကြေးဆောက်လုပ်ရေးပုံစံမှာ သင့်ရဲ့ ငွေကြေးတလင်း ပြင်ထဲက သင့်ရဲ့ အတွေးခံစားချက်နဲ့ လုပ်ရပ်တွေပေါင်းစပ်ထားပါဝင် တယ်။ ကဲ ဒါဖြင့် သင့်ရဲ့ ငွေကြေးဆောက်လုပ်ရေးပုံစံက ဘယ်လိုပုံဖွဲ့ လာသလဲ။ သင် အတိတ်က (အထူးသဖြင့် ကလေးဘဝက) လက်ခံရရှိခဲ့ တဲ့ “ပရိုဂရမ်မင်း” တွေရဲ့ သတင်းအချက်အလက်တွေကနေ မူလပင်မ အားဖြင့် ပုံဖွဲ့ လာတာပါပဲ။ အထက်ပါ ဓနစည်းမျဉ်းမှာ ပြောခဲ့သလို အတွေးတွေက ခံစားချက်တွေဆီ ဦးတည်၊ ခံစားချက်တွေက လုပ်ရပ်တွေ ဦးတည်၊ လုပ်ရပ်တွေက ရလဒ်တွေဆီ ဦးတည်ကြတယ်လို့ ဆိုတော့ ကဲ ဒါဖြင့် သင့်ရဲ့ အတွေးတွေကကော ဘယ်ကလာသလဲလို့ မေးရမယ်။

သင့်အတွေးတွေက သင့်ဦးနှောက်ရဲ့ သိုလှောင်ခန်း ကက်ဘိနက် တွေမှာ ရှိနေတဲ့ “သတင်းအချက်ဖိုင်တွဲ” တွေကနေ မြစ်ဖျားခံလာပါ တယ်။ ကဲ သတင်းအချက်တွေကကော ဘယ်ကလာတာလဲ ဆိုတော့ သင့် အတိတ်က ပရိုဂရမ်မင်း” တွေက လာတာပဲပေါ့။

ဒီတော့ သင့်ရဲ့ ပရိုဂရမ်မင်း” တွေက သင့်အတွေးတွေဆီ ဦးတည် တယ်။ သင့်အတွေးတွေက ခံစားချက်တွေဆီ ဦးတည်တယ်။ သင့်ခံစား ချက်တွေက လုပ်ရပ်တွေဆီ ဦးတည်တယ်။ လုပ်ရပ်တွေက ရလဒ် တွေဆီဦးတည်သွားပါတော့တယ်။

ဒီတော့ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ ကွန်ပျူတာတစ်လုံးနဲ့ သင့်ရဲ့ ရလဒ်တွေ ပြောင်းရေးမှာ မရှိမဖြစ်တဲ့ ခြေလှမ်းအဖြစ် သင့်ရဲ့ ပရိုဂရမ် မင်း” ကို စပြီး ပြောင်းလဲရပါလိမ့်မယ်။ ကဲ ဒီတော့ ကျွန်တော်တို့ ဘယ်လိုအခြေအနေတည်ရပါ့မလဲ၊ ပိုက်ဆံအပါအဝင် ဘဝရဲ့ တလင်း ပြင်တိုင်းမှာ ကျွန်တော်တို့ အခြေအနေတည်ရမယ့် မူလဘူတ နည်းလမ်း (၃) ရပ်ရှိပါတယ်။

 

၁။ နှုတ်ထွက်ပရိုဂရမ်မင်း။ သင်ငယ်ရွယ်စဉ်က ကြားခဲ့ရသမျှ

 

 ၂။ မော်ဒယ်ပြခြင်း။ သင်ငယ်ရွယ်စဉ်က မြင်ခဲ့ရသမျှ

 

 ၃။ သီးခြားဖြစ်ရပ်များ။ သင်ငယ်စဉ်က တွေ့ကြုံခဲ့ရသမျှ

ဒီရှုထောင့် ၃ ရပ်ကို နားလည်ထားဖို့အရေးကြီးတယ်။ အပိုင်း (နှစ်) မှာ ဓနနဲ့ အောင်မြင်မှုတွေအတွက် သင်ဘယ်လို အခြေတည်ရမလဲ လေ့လာရလိမ့်မယ်။