Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - မိဘများအတွက်ဆယ်ကျော်သက်များနှင့်စကားပြောနည်း'နားထောင်နည်း

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

                               ( ၁ )

                           ခံစားချက်များနဲ့စပ်လျဉ်း၍

ဘာကိုမျှော်လင့်ရမယ်၊ ကျွန်ုပ်မသိ။

ကျွန်မကားရပ်နားစခန်းမှ ကျောင်းအဝင်ဝသို့ မိုးရွာထဲက သုတ် ကရက်ပြေးလာစဉ်၊ လွှင့်ထွက်မတတ်လေပြင်းဒဏ်ကြောင့် ထီးကိုကျစ် ကျစ်ပါအောင်ကိုင်ထားရင်းမှ၊ ဒါလောက်အေးလှတဲ့ညမှာ နွေးထွေးတဲ့ ကိုယ့်အိမ်ကိုစွန့်ခွာပြီး၊ ဆယ်ကျော်သက်တွေရဲ့ အလုပ်ရုံဆွေးနွေးပွဲလာ တက်ကြရပါလိမ့်လို့ စဉ်းစားမရအံ့ဩမိရတယ်။ ။

လမ်းညွှန်ဌာနအကြီးအကဲက ကျွန်မကိုတံခါးဝမှာ ဆီးကြိုနှုတ် ဆက်ပြီး အကြမ်းဖျင်းမိဘ ၂ဝ လောက်ထိုင်လျက် စောင့်နေတဲ့ စာသင် ခန်းတစ်ခုအတွင်းလိုက်ပို့ပါတယ်။

မိဘတွေကို ကျွန်မနာမည် မိတ်ဆက်ပြီး ဆိုးလှတဲ့ရာသီဥတုကြား က အရောက်လာကြတဲ့ သတ္တိကိုချီးကျူးမိပါကြောင်း ကွန်ဂရက်ကျူ လိပ်လုပ်လိုက်ပါတယ်။ ပြီးမှ လူတိုင်းဖြည့်နိုင်ဖို့ နာမည်တံဆိပ်ပြားဟေ ဖြန့်ပေးလိုက်တယ်။ သူတို့အားလုံး ကိုယ့်နာမည်ကိုယ်ရေးဖြည့်ပြီး စကားစမြည်ပြောနေကြခိုက်၊ ဒီအုပ်စုကို ကျွန်မ အကဲခတ်ခွင့်ကြုံတယ်။ လူတွေ က အမျိုးမျိုးကွဲပြားနေကြတယ်။ မိန်းမတွေများသလောက် ယောက်ျား တွေ များပါတယ်။ လူမျိုးစုနောက်ခံတွေလည်း ကွဲပြားနေတယ်။ စုံတွဲ လိုက်တချို့တစ်ကိုယ်တော်တချို့၊ အသက်မွေးဝမ်းကျောင်းဝတ်စုံတွေနဲ့၊ တချို့ကျတော့ ဂျင်းပင်တွေနဲ့ လွတ်လွတ်လပ်လပ်ပုံစံနဲ့မြင်ရတယ်။

အားလုံးအဆင်သင့်ဖြစ်ကြတဲ့အခါ သူတို့အားလုံးကို ကိုယ့်နာမည် ကိုယ်ပြောမိတ်ဆက်ကြဖို့နဲ့ ကိုယ့်ကလေးအကြောင်း နည်းနည်းထည့် ပြောကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။

တွေဝေခြင်းအလျဉ်းမရှိ။ မိဘတွေတစ်ယောက်ပြီးတစ်ယောက်၊ ကိုယ့်ကလေးအကြောင်းပြောကြရာမှာ ဆယ်ကျော်သက်တွေ အသက် ၁၂ နှစ်က ၁၆ နှစ်အထိ ရှိကြတယ်။

ဒီနေ့ကမ္ဘာမှာ ဆယ်ကျော်သက်တွေနဲ့ ပတ်သက်သမျှ ခက်ခဲလှ ကြောင်း လူတိုင်းလိုလိုမှတ်ချက်ချကြတယ်။ လူတွေကြည့်ရတာ၊ နောက် တရွံ့ရွံ့နဲ့မို့ စောင့်ကြည့်ခံထားရဟန်ရှိတယ်။ သူစိမ်းတွေပြည့်နေတဲ့ အခန်းတွင်းမှာ ချက်ချင်းလက်ငင်းကြီးတော့ မပွင့်လင်းနိုင်ကြသေးပါ ဘူး။

“ဘာမှရှေ့ဆက်မပြောမီမှာ ကျွန်မအသေအချာ အသိပေးလိုတာ ဒီမှာ ပြောကြမယ့်စကားအားလုံးဌာနဆိုင်ရာ လျှို့ဝှက်ချက်တွေချည်းပဲ။ ဒီနံရံလေးဘက်အတွင်းပြောသမျှစကားတွေ၊ ကလေးတို့ ဆေးလိပ်

သောက်တာ၊ အရက်သောက်တာ၊ ကိုယ်ထင်တာထက်စောပြီး လိင်စိတ် ထကြွတာတွေဟာ ဘယ်သူ့နဲ့မှ မဆိုင်၊ ဘယ်သူ့ကိစ္စမှမဟုတ်ဘူး။ ဒါကို သဘောတူကြလား”

ခေါင်းများညိတ်ကြတယ်။ “ကျွန်မရဲ့ အလုပ်က မိဘနဲ့ ဆယ်ကျော်သက်တို့ရဲ့ အကြားမှာ

ပိုကျေနပ်ဖွယ်ရာ ဆက်ဆံရေးကို ဦးတည်နိုင်တဲ့ ဆက်သွယ်ရေးနည်းစနစ်

တွေ တင်ပြဖို့ ဖြစ်တယ်။ ရှင်တို့အလုပ်ကတော့ ဒီနည်းစနစ်တွေကို စမ်းသပ်ကြည့်ဖို့ပါပဲ။ ရှင်တို့အိမ်တွေမှာ ဒါတွေကို လုပ်ရပ်အဖြစ် အကောင်အထည်ဖော်ပေးပြီး၊ အုပ်စုထံပြန်အစီရင်ခံတင်ပြပေးပါ။ ကျွန်မ တို့ရဲ့ ကလေးတွေ သူတို့ရဲ့ ကလေးဘဝကနေ ကြီးကောင်ဝင်ဘဝထိ ခက်ခဲတဲ့အကူးအပြောင်းကို ကူညီပေးဖို့အထိ ရောက်ဆုံး နောက်ဆုံး နည်းလမ်းတွေကို ကျွန်မတို့သတ်မှတ်ပေးရမှာပါ”

ဒီမှာစကားပြောတာ ခဏနားပြီး၊ အုပ်စုရဲ့ တုံ့ပြန်ချက်ကို အကဲ ခတ်ကြည့်တယ်။

“ခက်ခဲတဲ့အကူးအပြောင်းဆိုတာ ဘာကြောင့်နေရတာပါလိမ့်” ဖခင်ဖြစ်သူတစ်ယောက်က ဝင်ထောက်တယ်။ “ကျွန်တော်ကလေးဘဝ တုန်းက ဒီခက်ခဲတဲ့အချိန်ကို ဘယ်လိုကျော်လွန်ခဲ့မှန်း သတိတောင် မရဘူး”

“ဒါကတော့ ရှင်ကလွယ်ကူတဲ့ကလေးဖြစ်ခဲ့လို့ပါ” လို့ သူ့ဇနီး ကဘေးကဝင်၊ သူ့ယောက်ျားပခုံးကို ပုတ်ပြီးပြောတယ်။

“ကဲ ကောင်းပြီ။ အခုဟာ ဒီလွယ်ကူတာတွေပိုလို့လွယ်ကူသွားနိုင် ပြီပဲဟာ။ ဒီကနေ့ မကြားဘူးတာတွေကြားရတော့မယ်” လို့ ကြားလူ တစ်ယောက်ကလည်း ဝင်ပြောတယ်။

“ကျွန်မတို့အားလုံးပြောလက်စ ဆက်သွားကြရအောင်။ ကျွန်မတို့ ရဲ့ ကိုယ်ပိုင်ကြီးကောင်ဝင်ဘဝကနေလည်း ပြန်လေ့လာနိုင်ပါတယ်။ ဒါက ဒီကနေ့ ကျွန်မတို့ကလေးတွေတွေ့ကြုံရတာတွေအပေါ်မှာ ထိုး ထွင်းသိမြင်လာနိုင်ပါတယ်။ ကဲ ကျွန်မတို့ဘဝတွေ အဲဒီအချိန်တုန်းက ဘယ်လိုအကောင်းဆုံးတွေ ကြုံခဲ့ကြသလဲဆိုတာစပြီး သတိပြန်ဖော် ကြည့်ကြစို့”

‘လွယ်ကူတဲ့ကလေး” ဖြစ်ခဲ့တဲ့ “မိုက်ကယ်” ဆိုတဲ့လူက စပြော တယ်။

“ကျွန်တော့်အတွက် အကောင်းဆုံးတွေကတော့ အားကစားနဲ့ သူငယ်ချင်းတွေနဲ့ အဖွဲ့ ကျခဲ့တာတွေပဲ”

အခြားတစ်ယောက်က “ဟာ ကျွန်တော်ကတော့ တစ်ကိုယ်တော် ဘယ်ကိုမဆိုလွတ်လွတ်လပ်လပ်သွားနိုင်ခဲ့တယ်။ မြေအောက်ရထား လမ်းထဲကိုယ့်ဟာကိုယ်သွားနိုင်တယ်။ မြို့ထဲလည်း တစ်ယောက်တည်း စိတ်ကြိုက်လည်နိုင်တယ်။ ပင်လယ်ကမ်းခြေပဲ သွားသွား၊ ပျော်စရာတွေ ချည်းပဲ” လို့ ဝင်ဖြေတယ်။

တခြားမိန်းမတစ်ယောက်ကလည်း “ဒေါက်မြင့်ဖိနပ်တွေ စီးခွင့် ရလို့မိတ်ကပ်တွေခြယ်၊ ကောင်လေးတွေနဲ့ အီစီကလီရိုက်ကောင်းခဲ့ တယ်။ ကျွန်မနဲ့မိန်းကလေး သူငယ်ချင်းတစ်ယောက်နဲ့ဆိုရင် ကောင် လေးတစ်ယောက်နဲ့ပတ်သက်လို့ စကားများရသေးတယ်။ ဒီကောင်လေး က ငါ့ကိုကြိုက်နေတာ၊ နင့်ကိုကြိုက်နေတာလို့ ငြင်းကြရသေးတာပေါ့” တဲ့။

“ဒီတုန်းကဘဝဆိုတာ သိပ်လွယ်လှပါရဲ့။ မနက်မနက်နေဖင်ထိုး အောင် အိပ်နေကျ။ အလုပ်ရှာရတာတွေ၊ အိမ်လခပေးရမှာတွေ၊ မိသားစု အတွက် ရှာဖွေထောက်ပံ့ရတာတွေ ပူစရာမလိုပေါင်၊ မနက်ဖြန်အတွက် ဘာမှစဉ်းစားစရာမလို၊ ဘာမဆိုမိဘပဲ အားထားရတယ်” ။

“ကျွန်မအတွက်ကတော့ ကိုယ်ဘယ်သူလဲဆိုတာ တူးဖော်ရတဲ့ အချိန်တစ်ခုရှိခဲ့တယ်။ စမ်းသပ်မှု၊ ကွဲပြားတဲ့သီးသန့်ဖြစ်မှုအသွယ်သွယ်နဲ့ အနာဂတ်အတွက် အိပ်မက်မက်ခဲ့ရတယ်။ ဒါပေမဲ့ မိသားစုအတွက် လုံခြုံမှုတော့ ရခဲ့ပါတယ်”

မိန်းမတစ်ယောက်ကတော့ ခေါင်းတခါခါနဲ့ “ကျွန်မအတွက်တော့၊ ကြီးကောင်ဝင်ဘဝ အကောင်းဆုံးအချိန်ဆိုတာ ရှာပါပြီ” ညည်းတယ်။

သူ့နာမည်တံဆိပ်ပြားကြည့်လိုက်တော့ “ကရင်”တဲ့။ “ရှင်ပြောပုံအရ၊ ရှင့်ဘဝမှာ အကောင်းဆုံးအချိန်မရှိသလိုပဲပေါ့” “ကာရင်” က ပခုံးတွန့်လိုက်ရင်း ဖြေတယ်။

“ကိုယ့်ကို လက်ခံကြပါ့မလားလို့ တွေးတောပူပန်ရတာ လူတွေကို ခက်ခက်ခဲခဲ၊ ရယ်ပြ၊ ပြုံးပြဖို့ ကြိုးစားရတာတွေ ငါနဲ့အမှန်တကယ် ကိုက်ညီပါ့မလားရယ်လို့ ဘယ်တော့မှ မခံစားရ၊ သူစိမ်းပြင်ပြင်အဖြစ်ပဲ အမြဲခံစားနေရတယ်”

“ကောင်လေးတွေနဲ့ပတ်သက်လို့၊ ဒါတွေက စွဲလမ်းမှုတွေပဲ အခုကြိုက်၊ အခုလမ်းခွဲလိုက်ကြ၊ သူတို့ကြောင့်ပဲ အချစ်ဆုံးသူငယ်ချင်းတွေ ဆုံးရှုံးရနဲ့ စာမေးပွဲရမှတ်တွေကျလို့ ဘွဲ့မရတော့မလိုလိုတောင် ဖြစ်သွားရတယ်”

“အဲဒီရက်တွေတုန်းက လူပေါင်းမှားတဲ့ဒဏ်အတော်ခံရတယ်။ အန္တရာယ်တွေများလိုက်တာဆိုတာ မပြောပါနဲ့တော့။ ကျွန်တော်ကိုက မိုက်မဲလွန်းပါတယ်” ။

ကျွန်မဒီအုပ်စုကို သဘောကျသွားတယ်။ သူတို့ရဲ့ ရိုးဖြောင့်မှုကို အသိအမှတ်ပြုမိတယ်။ “ကျွန်မကိုပြောပြစမ်းပါ။ အဲဒီချားရဟတ်လည် တဲ့နှစ်ကာလတွေက ရှင်တို့မိဘတွေပြောခဲ့တာတွေထဲက ရှင်တို့အတွက် အထောက်အကူဖြစ်ခဲ့တာတွေများရှိသလား” | ပရိသတ်တွေ သူတို့မှတ်ဉာဏ်ထဲရှာဖွေမွှေနှောက်ကြည့်ကြတယ်။

“ကျွန်တော့်မိဘတွေကတော့ ကျွန်တော့်သူငယ်ချင်းတွေရှေ့မှာ၊ ကျွန်တော့်ကို တစ်ခါမှမအော်မငေါက်ဖူးဘူး။ တစ်ခုခုကျွန်တော်မှားရင်၊ သူငယ်ချင်းတွေနဲ့ အလည်လွန်လို့ အိမ်ပြန်နောက်ကျတဲ့အခါမျိုးမှာ သူငယ်ချင်းတွေပြန်သွားမှ ဆူစရာရှိတာ ဆူတတ်တယ်”

“ကျွန်တော့်အဖေကလည်း ဒါမျိုးဆုံးမတတ်ပါတယ်၊ မင်းသံသယ ရှိလာရင်၊ မင်းအသိဉာဏ်နဲ့သာ တိုင်ပင်ကြည့်ပါ။ ဘယ်တော့မှ မှားမှာမကြောက်နဲ့”တဲ့။ ။

“ကျွန်တော့် အမေဆိုလည်း ကျွန်တော့်ကို တိုးတက်ဖို့အတွက် တွန်းအားပေးတတ်တယ်။ ပြန်စစ်ဆေးခိုင်းတယ်။ ကျွန်တော့်အဖေက

တော့ တစ်မျိုးတစ်ဘာသာပဲ။ ကျွန်တော့်က ပြီးပြည့်စုံပြီးသားပဲတဲ့၊ ဘာမှ ပြောမနေဘူး။ မိဘနှစ်ပါးရဲ့ ကောင်းတဲ့ အရောအနှောပဲ”

“ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ကျွမ်းကျင်မှုအမျိုးအစား အားလုံးတတ်ကျွမ်းအောင် လုပ်ခိုင်းတတ်တယ်။ စာရင်းအင်းနိုင်နိုင်နင်း နင်းလုပ်တာ၊ တာယာတွေပြင်ဆင်လဲတာတွေလုပ်တတ်အောင် တွန်း အားပေးတတ်တယ်။ စပိန်စာတွေဆိုရင် တစ်နေ့ ၅ မျက်နှာကျပြီးအောင် ဖတ်ခိုင်းတတ်တယ်”

ကျွန်မက “ရှင်တို့က မိဘတွေဆီက အထောက်အကူဖြစ်တဲ့ အတွေ့အကြုံတွေ အတော်လေးရသားပဲ” လို့ ချီးကျူးမိသေးတယ်။

“အခုပြောနေတာတွေက ရုပ်ပုံကားရဲ့ တစ်ဝက်ပဲ ရှိသေးတယ်” လို့ “ဂျင်း” ကပြောတော့မှ အနာတရဖြစ်စရာတွေ အများကြီးကျန်သေးပုံ ပဲ။ “ဂျင်း” ရဲ့ စကားကရေကာတာရဲ့ တံခါးကိုဖွင့်ချသလို၊ စိတ်ညစ်ညူး ဖွယ်မှတ်ဉာဏ်တွေ စုပြုံ ပေါ်လာပြန်တော့တယ်။

“ကျွန်မဆိုရင် အမေ့ဆီက အထောက်အပံ့နည်းနည်းပဲ ရတယ်။ မိဘရဲ့ လမ်းညွှန်မှုက ညံ့လို့ပြဿနာတွေ တစ်ပုံတပင်နဲ့ ဘယ်လိုရှင်းရမှန်း မသိဘူး”

“ကျွန်တော့်မိဘတွေက အပြစ်တွေရှိသမျှ ကျွန်တော့်အပေါ်ပဲ ပုံချ တတ်တယ်။ မင်းက တို့ရဲ့ သားပဲ။ မင်းအပေါ်တို့ အများကြီးပိုမျှော်လင့် ထားတယ်လို့ပဲ ပြောတတ်တယ်”

“ကျွန်တော့်မိဘတွေက ကျွန်တော်ရှေ့မှာ သူတို့လိုအပ်တာတွေ ချည်း ပြောတတ်ကြတယ်။ သူတို့ရဲ့ ပြဿနာတွေကို ကျွန်တော့်ပြဿနာ လုပ်ပစ်ကြတယ်။ ကျွန်တော်က သားသမီး ၆ ယောက်ထဲ အကြီးဆုံး ဖြစ်နေတော့ အိမ်သန့်ရှင်းရေးကအစ အချက်အပြုတ်အဆုံး ကျွန်တော့် တာဝန်တွေချည်းဖြစ်နေတယ်။ ညီ၊ ညီမတွေလည်း ထိန်းသိမ်းစောင့် ရှောက်နေရတော့၊ ဆယ်ကျော်သက်တစ်ယောက်ရဲ့ အချိန်က မရှိတော့ဘူး”

“ကျွန်တော်ကတော့ ဆန့်ကျင်ဘက်ပဲ ကလေးပေါက်စလေးလို အကာအကွယ်ပေးတာက တရားလွန်တယ်။ မိဘတွေ သဘောတူ အတည်မပြုဘဲ ဘာမှမဆုံးဖြတ်နိုင်ဘူး။ နောက်ပိုင်းစိတ်ကုဆရာနဲ့ တော်တော်ကုယူရတဲ့အထိပါပဲ”

“ကျွန်တော့်မိဘတွေက စည်းကမ်းတင်းကျပ်လွန်းလို့ ဝယ်ချင်တာ မဝယ်ရ၊ သွားချင်တာမသွားရ၊ ဝတ်ချင်တာ မဝတ်ရနဲ့ မလွတ်လပ်တော့

ဘူး”

နောက်ဆုံးရင်ဖွင့်ပြောရသူက “လော်ရာ” ဆိုတဲ့ အမျိုးသမီးပါ။ “ကျွန်မအမေက တခြားတစ်ဖက်စွန်းကိုရောက်တယ်။ ဘာမှဆုံးမ သွန်သင်ဖော်လည်း မရဘူး။ ပျော့ညံ့ညံ့အေးတိအေးစက်နဲ့ ကျွန်မ ညဘက်တွေသန်းခေါင်ကျော်နာရီပြန် ၂ ချက် ၃ ချက်မှ အိမ်ပြန်လာလို့ ပူမယ့်ပင်မယ့်လူတစ်ယောက်မှ မရှိဘူး။ ဒါနဲ့ ၁၆ နှစ်နဲ့ ကျွန်မကိုကင်း ရှူတတ်၊ အရက်သောက်တတ်လာတယ်။ အမေက ကျွန်မဘဝကို နှစ် များစွာဖျက်ဆီးခဲ့ပါတယ်”

“မိုက်ကယ်” ကဝင်ပြီး နှစ်သိမ့်ပါတယ်။ “ဘာပဲဖြစ်ဖြစ်၊ ကျွန်တော် တို့ရှင်သန်နေဆဲပါပဲ။ ကြီးပြင်းလာတယ်။ အိမ်ထောင်တွေကိုယ်စီနဲ့ ကိုယ် ပိုင်မိသားစုဘဝစနိုင်ခဲ့ပြီ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ လူကြီးပီသအောင် စွမ်းဆောင်စီမံနိုင်တဲ့သူတွေဖြစ်ပြီပဲ”

“လော်ရာ” က ဝင်ထောက်လိုက်တယ်။ “ရှင်ဘယ်တော့မှကျော် လို့မရတဲ့ကိစ္စတွေရှိသေးတယ်နော်။ အခုဒီကိုလာရတာ ကျွန်မသမီးကိစ္စ ပဲ။ ထိန်းမရကွပ်မရနဲ့ ကျွန်မမှာ အတော်ခေါင်းခဲနေရတယ်။ ကျွန်မ အမေကြောင့် ကျွန်မပျက်စီးရတာမျိုး သမီးလေး ထပ်မဖြစ်စေချင်ဘူး”

“လော်ရာ” ရဲ့ မှတ်ချက်ကြောင့် အုပ်စုတစ်စုလုံးက လောလော ဆယ် သူတို့ရဲ့ လက်ငင်းပြဿနာတွေအပေါ် အာရုံပြန်ကပ်လာကြ တယ်။

“ကျွန်တော့်သားက သဘောထားအသစ်နဲ့ သူပုန်ဆန်လာတယ်။ ဘယ်သူ့စည်းမျဉ်းနဲ့မှ သူမနေလိုတော့ဘူး။ ကျွန်တော် ၁၅ နှစ်သား တုန်းကဖြစ်ခဲ့သလိုမျိုးကြုံရတာ။ ကျွန်တော်တုန်းကတော့ ပုန်းကွယ် သိပ်ခဲ့ပါတယ်။ သားကျတော့ ဖွင့်ထုတ်လိုက်တာများ စာအိတ်ခေါင်းထိပ် ပေါ်ရောက်မတတ်ပါပဲ”

“ကျွန်မ သမီးက ၁၂ နှစ်ပဲရှိသေးတယ်။ ဒါပေမဲ့ သူမရဲ့ အတ္တ က လက်ခံမှုကို အငမ်းမရရှာနေပုံက ပြောရမှာ ရှက်စရာပါပဲ။ ကောင်လေး တွေက ရှာနေတာက သဘောလွယ်လွန်းလို့ စိတ်မချရဘူး။ ပေါ်ပြူလာ ဖြစ်ချင်နေလို့ တစ်နေ့နေ့တော့ နှာခေါင်းကျည်ပွေ့ တွေ့တော့မှာပါပဲ”

“ဒီကနေ့ ရဲ့ ကလေးတွေက သူတို့ဆေးလိပ်သောက်လို့ သောက် မှန်း၊ အရက်သောက်လို့ သောက်မှန်းတောင် သိကြတာ မဟုတ်ဘူး။

ဆေးချကြတာ၊ မိန်းကလေးတွေ အရက်သောက်ကြတဲ့ ညကလပ်ပွဲတွေ အကြောင်းပုံပြင်တွေ နားမဆံ့အောင် ကြားနေရတယ်။ ဒါနဲ့ တဆက် တည်းချိန်းတွေ့ပြီး မုဒိမ်းမှုဖြစ်ကြတာတွေ ကြားရပြန်တယ်” လို့ ကျွန်မ က ဝင်ပြောပါတယ်။

အုပ်စုရဲ့ စိုးရိမ်သောက အစုစုပေါင်းလာတာကြောင့် ပြောရတာ လေးလံလာတယ်။

 

“ကာရင်”က မချိတင်ကဲနဲ့ရယ်လိုက်ပြီး၊ “ကဲ-ကဲ၊ အခုပြဿနာ တွေ ဘယ်လိုလဲဆိုတာ အားလုံးသိပြီးကြပြီပဲ ခပ်မြန်မြန်အဖြေလေးတချို့ တော့ လိုအပ်နေပါပြီ”

ကျွန်မက စကားဝင်ပြောလိုက်တယ်။ “ခပ်မြန်မြန်ဖြေရတာတော့ မရှိဘူး။ ဒီခေတ်ကမ္ဘာကြီးရဲ့ အန္တရာယ်တွေအားလုံးကနေ ဆယ်ကျော် သက်တွေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ရှင်တို့အိမ်မှာ ရှင်တို့ ကလေးတွေ၊ သူတို့ခံစားချက်တွေ လွတ်လွတ်လပ်လပ် ဖော်ကျူးနိုင်မယ့် ရာသီဥတုမျိုး ဖန်တီးနိုင်မယ်ဆိုရင်တော့ သင့်ခံစားချက်တွေ ပိုပွင့်ပွင့်လင်း လင်း သူတို့ကြားရဖို့ အခွင့်ကောင်းတစ်ရပ် ပေါ်လာနိုင်ပါတယ်။ “သင့်ရဲ့ လူကြီးတစ်ယောက်ရဲ့ ဘက်စုံအမြင်ကို စဉ်းစားဖို့ပိုပြီး လိုလိုလားလား ရှိလာမှာပါ။ သင့်တန်ဖိုးတွေကို ပိုကာကွယ်နိုင်ဖွယ်ရှိလာလိမ့်မယ်”

“ရှင်ဆိုလိုတာက မျှော်လင့်ချက်တော့ရှိသေးတာပေါ့နော်” “လော် ရာ” မျက်ဝန်းတောက်လာပြီး ဝမ်းသာတော့မယ့်မျက်နှာရိပ်မျက်နှာကဲနဲ့ မေးလိုက်တယ်။

“ကျွန်မရဲ့ အတွေ့ အကြုံအရ ကလေးတစ်ယောက်နဲ့ ဆက်ဆံရေး တိုးတက်ဖို့က ဘယ်တော့မှ သိပ်နောက်ကျလွန်းတယ် မရှိပါဘူး”

“ဟုတ်ရဲ့လား” “ဟုတ်တာပေါ့ ရှင်” ကဲ-ပထမဆုံးလေ့ကျင့်ခန်းစလုပ်ဖို့ အချိန်တန်ပြီ။

“ကျွန်မက ရှင်တို့ရဲ့ ဆယ်ကျော်သက်တစ်ယောက်လို့ထားပါ” အုပ်စုကို လေ့ကျင့်လုပ်ဖို့ စလိုက်တယ်။ “ကျွန်မက ကိစ္စတစ်ခုခုခေါင်းစဉ် အနေနဲ့ စပြောမယ်။ ရှင်တို့ဘက်က တုံ့ပြန်ပုံတွေ ထွက်လာသမျှကို ကြည့်ပါ”