Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - မိဘနှင့်သားသမီး

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out

ကလေးသူငယ်တို့ရဲ့

အကြောင်းမဲ့ထိတ်လန့်စိတ်ကို ဖယ်ရှားပစ်ရေး

 

ကလေးဘဝက ပုံမှန်ဖြစ်တတ်လေ့ရှိတဲ့ အကြောင်းမဲ့ထိတ်လန့် ကြောက်ရွံ့ စိတ်များကို ငယ်စဉ်ကတည်းက မဖယ်ရှားနိုင်ခဲ့ရင် ကြီးလာတဲ့အခါ ပူပင်သောက အကြောက်အလန့်များမှု စိတ်ဖရိုဖရဲဝေဒနာ စွဲကပ်တတ်ပါတယ်။ အခုတင်ပြမှာက ဒီကြောက်လန့်စိတ်ရဲ့ လက္ခဏာများနဲ့ ဖယ်ရှားနိုင်မယ့် နည်းလမ်းများပဲ ဖြစ်ပါတယ်။

အိပ်ရာအောက်မှာ သရဲကြီးရှိတယ်ဆိုတဲ့ ကြောက်စိတ်၊ လျှပ်စီးလက် တာ မိုးထစ်ချုန်းတာကို ထိတ်လန့်စိတ်၊ အမှောင်ကို ကြောက်တဲ့စိတ် စတဲ့ အစစ် အမှန်ရှိတာ မရှိတာတွေကို ကလေးသူငယ်လေးတွေ ကြောက်လန့်တတ်တဲ့ စိတ် ရှိကြတယ်။ ဒီအကြောက်တရားတွေက ကြီးလာလေလေ၊ တိုးပွားကြီးထွားလာ လေလေပါပဲ။ မိဘအများစုက ဒီကလေးရဲ့ ကြောက်စိတ်တွေကို ချော့မော့ရုံ၊ နှစ်သိမ့် ပေးရုံလောက်နဲ့ ပြီးသွားမယ်ထင်ခဲ့ကြပေမယ့် တကယ်တမ်းမှာ ဒီကြောက်စိတ်တွေက စိတ်ကျန်းမာရေးချို့တဲ့မှုအဖြစ်ကို ရောက်လာကြပါတယ်။

ကြောက်စိတ်ကိုဖော်ပြတဲ့ လက္ခဏာရပ်များ

ကလေးတစ်ယောက်က တစ်ခုခုစားမယ်ကြံတိုင်း လည်ပင်းနင်မှာ၊ လည်ချောင်းတစ်ဆို့မှာ စိုးရိမ်ပြီး ဘာမှမစားရဲ၊ မသောက်ရဲ ဖြစ်နေတတ်တယ်။

 

တချို့က ပိုးဟပ်တို့၊ အိမ်မြှောင်တို့ စတဲ့ မကြောက်အပ်တဲ့ တိရစ္ဆာန်မျိုးတွေကို

ကြောက်တတ်၊ ရွံတတ်တာလည်း ရှိတယ်။ မိခင်နဲ့တစ်နေကုန် ခွဲမနေချင်လို့ ကျောင်း တက်ရမှာကို တငိုငို တရယ်ရယ် ကြောက်တတ်သူ တွေလည်း ရှိတယ်။ ။

စိုးရိမ်သောကဆိုတာ အရွယ်ရောက်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တာ မှန်တယ်။ သဘာဝကျတဲ့ ကြောက်စိတ်... မြွေကြောက်တာ၊ ကားတိုက်ခံရမှာကြောက်တာတို့က ကလေးကို ကျန်းမာစေတယ်။ ဒီလို အန္တရာယ်ပေးနိုင်တဲ့ အရာ တွေကို ရင်ဆိုင်အန်တုနိုင်ဖို့ လိုအပ်တဲ့လက်နက်ကိရိယာတွေ၊ အရံအတားတွေ ရှာတတ်လာစေပါလိမ့်မယ်။

ဒီလိုမှမဟုတ်ဘဲ ကြောက်သင့်တာထက် ပိုကဲလွန်းအောင် ကြောက်နေမယ်၊ သဘာဝမကျတဲ့ ကြောက်စိတ်လည်း ဖြစ်နေမယ်ဆိုရင်တော့ ဒါကို စိတ်ရောဂါ တစ်ခုရဲ့ မူလအစလို့ မိဘတွေအနေနဲ့ သဘောထားဖို့၊ ဖယ်ရှားကုသဖို့ လိုပါတယ်။ ဥပမာ- ဝမ်းဗိုက်ထဲမှာ လိပ်ပြာတစ်ကောင်ဝင်နေတယ်လို့ ထင်တာ၊ ဘောလုံးပွဲ သွားကြည့်စဉ် ကိုယ့်အသင်းရှုံးမှာကို မကြည့်ရဲ မမြင်ရဲ ဖြစ်ပြီး ကားထဲက ထမရတာ၊ ကွင်းထဲမဝင်ရဲတာ၊ ဒါတွေကို မိဘတွေက ကူညီဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ ခပ်ပေါ့ ပေါ့နဲ့ ဒီအတိုင်းကြည့်နေမိရင် ကလေးအတွက် အောင်မြင်ရေးမှာ အဟန့်အတားဖြစ် လာမယ့် စိတ်ဝေဒနာတွေ၊ အငုံ့စိတ်တွေ ပေါ်လာပြီး လူရာမဝင်ဘဲ ဖြစ်သွားလိမ့် မယ်။

                                  သည်းနငယ်”လေးရဲ့ နမူနာဖြစ်ရပ်

မူကြိုအရွယ် ၃ နှစ်ကျော်ကလေးမလေး “သည်းနုငယ်”ရဲ့ အဖြစ်ကို နမူနာ ထား လေ့လာကြည့်ပါ။ လူစိမ်းဧည့်သည်လာတိုင်း “သည်းနုငယ်” လေးက မိဘတွေ ရဲ့ နောက်ကျောမှာ ပုန်းကွယ်နေတတ်တယ်။ ညအိပ်ရာဝင်တိုင်း အိပ်ခန်းတံခါး ဖွင့်ထားခိုင်းတယ်။ ညလုံးပေါက် မီးဖွင့်ထားမှ အိပ်လို့ရတယ်။ ကြမ်းပိုးတစ်ကောင် တလေများ တွေ့တာနဲ့ ထိတ်ထိတ်ပျာပျာ ဖြစ်နေတတ်ပြီ။ ဒါတွေကို သည်းနုငယ်” ရဲ့ မိဘတွေက ခပ်ပေါ့ပေါ့သဘောထားပြီး ရယ်မောသဘောကျနေတတ်တယ်။ ဒီလိုနဲ့

ကျောင်းနေတဲ့အရွယ်ရောက်လာတော့ ‘သည်းနုငယ်’ ရဲ့ စိုးရိမ်ကြောက်လန့်စိတ် တွေက ပိုပြင်းပြကြီးထွားလာတော့တယ်။ ညအိပ်ရာဝင်တော့ ခြင်ထောင်အမိုးမှာ ကြမ်းပိုးနှစ်ကောင် တွယ်ကပ်သွားနေတာလည်း မြင်ရော စူးစူးဝါးဝါးအော်ဟစ်ရင်းခုတင်ပေါ်က ဆင်းပြေးလာတယ်။ ကယ်ပါ ယူပါ တစာစာနဲ့ မိဘတွေဆီ အော်ဟစ် တိုင်တန်းပြီး အဲဒီခုတင်ပေါ် ပြန်မအိပ်တော့ဘူးလို့ အကြောက်အကန် ငြင်းဆန်ပါ တော့တယ်။

အစာစားရာမှာလည်း ပြဿနာတစ်မျိုးတက်ပြန်တယ်။ တစ်ခုခုစား မယ်ပြင်တိုင်း လည်ချောင်းမှာ တစ်ဆို့နေလိမ့်မယ်၊ မစားဘူးလို့ ငြင်းလာပြန်ရော။ အသက်ရှစ်နှစ်အရွယ်မှာ ဘာမှမစားတော့ဘဲ ကိုယ့်ကိုယ်ကိုယ် အစားဖြတ် အငတ်ခံ နေတော့တယ်။ သူ့လည်ချောင်းထဲမှာ တစ်ခုခုဆို့နေတယ်။ တစ်ခုခု ဖုထွက်နေ တယ်လို့ အမေ့ကိုဖွင့်ပြောလို့ ဆရာဝန်ကိုပြ ဓာတ်မှန်ရိုက်ကြည့်တော့ တကယ်တမ်း လည်ချောင်းထဲမှာ ဘာမှမရှိ၊ ရှင်းနေတာ တွေ့ရပါတယ်။

နောက်ပိုင်းမှာ ပိုဆိုးလာတာက သူသေရတော့မယ်။ သူ့နှလုံးခုန်တာ တအားမြန်နေတယ်လို့ပြောပြီး သေရမှာကို တစ်ချိန်လုံး ထိတ်လန့်ကြောက်ရွံ့နေပြန် တယ်။ ဒီလိုနဲ့ ဆေးရုံတင် ကုသရာမှာ စိုးရိမ်ထိတ်လန့်မှု စိတ်ကယောက်ကယက် ဝေဒနာ စွဲကပ်နေမှန်း သေချာသွားတော့တယ်။

“သည်းနုငယ်ရဲ့ အဖြစ်က အလွန်အကျွံရောဂါသည်းတဲ့ ဖြစ်ရပ်မျိုးပါ။ သူလေးလို တခြားကလေးတွေလည်း ဖြစ်တတ်တဲ့သဘောမှာရှိတယ်။ ကလေးတွေ က ကိုယ့်ကိုယ်ကို ဘာဖြစ်မှန်းသိကြတာမဟုတ်တော့ မိဘတွေအနေနဲ့ ခပ်ပေါ့ပေါ့ သဘောမထားဖို့၊ ကလေးငယ်ရဲ့ ပြဿနာကို မသိကျိုးကျွန် မလုပ်မိဖို့ အရေးကြီးပါ တယ်။ နို့မဟုတ်ရင် ကလေးငယ်ရဲ့ စိတ်ကယောက်ကယက် ဝေဒနာဟာ ပြင်းထန် လာပြီး နည်းမျိုးစုံနဲ့ လက္ခဏာပြလာလိမ့်မယ်။ အလွန်အကျွံ အရှက်ကြီးလွန်းလာ တာ၊ တစ်ခုခုကို ရွံတာ၊ မတို့ရဲ မထိရဲ လန့်နေတာ၊ နောက်ဆုံးမှာ ဘာကိုမဆို ဆန့်ကျင်ဘက်လုပ် အန်တုဖီဆန်တာတွေ ပေါ်လာတတ်ပါတယ်။

 

                                       ကုသရေးနည်းလမ်းများ

ကလေးသူငယ်တွေမှာ ဒီလို ထိတ်လန့်စိုးရိမ်စိတ်တွေ အဆက်မပြတ် ဖြစ်လာရင် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်တွေ ကျဆင်းလာပြီး ယုံကြည်စိတ်ချမှု ပျက်ယွင်းမယ်၊ ဆက်ဆံရေး အဆင်မပြေဖြစ်ပြီး စိတ်ကျရောဂါစွဲကပ်လို့ ကိုယ့် ကိုယ်ကိုယ် သတ်သေတဲ့အထိ ဖြစ်တတ်တယ်လို့ ကနေဒါနိုင်ငံ ကလေးသူငယ် စိတ်ကျန်းမာရေးဗဟိုဌာန 'Kids LINK' ရဲ့ လူမှုဝန်ထမ်း ဘာဘရာဝါ့ဒ်” ကပြောပြထားတယ်။ ပုံမှန်မဟုတ်တဲ့ ဒီထိတ်လန့်ပူပန်စိတ်ဟာ ကလေးသူငယ်တွေ ဆီမှာ စိတ်ထားကမောက်ကမဖြစ်မှုတွေ တိုးလာတတ်တယ်လို့ ဆိုပါတယ်။ မိဘ တွေအနေနဲ့ ဆေးဝါးအကူအညီတချို့နဲ့အတူ အောက်ပါစိတ်ပိုင်းဆိုင်ရာ ကုသမှုတွေ လုပ်နိုင်ပါတယ်။

 

(၁)ကိုယ်ကိုယ်တိုင်ရဲ့ ကြောက်လန့်စိုးရိမ်မှုတွေကို ပြန်ရင်ဆိုင်ဖြေရှင်းပါ။

ကိုယ်ကိုယ်တိုင်က စိုးရိမ်ပူပန်မှု လွန်ကဲနေတတ်ရင် ကလေးကိုလည်း လိုက်ဟန့်တားပြီး နေရာတကာ စိုးရိမ်စိတ်ဝင်အောင် သင်ပေးသလို ဖြစ်လာ တတ်ပါတယ်။ ကိုယ့်ရဲ့ စိုးရိမ်စိတ်လွန်ကဲမှုကို ဖယ်ရှားပါ။

 

(၂) ကလေးရဲ့ ကတ်သီးကတ်သတ် ထိတ်လန့်မှုတွေကို ပွင့်ပွင့်လင်းလင်း ရှင်းပြပြောဆိုပေးပါ။

'Kids LINK'ရဲ့ ဒါရိုက်တာ 'ပက်ထရစ်ဖလင်းက ဒီထိတ်လန့်စိတ် ပေါ်စေတဲ့ အကြောင်းကိစ္စတွေကို ကလေးနဲ့ မျက်နှာချင်းဆိုင်ပြီး အေးအေးဆေးဆေး ပြောဆိုရှင်းပြဖို့ တိုက်တွန်းပါတယ်။ သူတို့ရဲ့ ထိတ်လန့်မှုတွေကို ကိုယ်က ရယ်မောပစ်တာ၊ ခပ်ပေါ့ပေါ့ ပစ်ပယ်တာမျိုး မလုပ်ဖို့၊ သူစိုးရိမ်ထိတ်လန့်နေတာ တွေဟာ အမှန်တကယ်မရှိကြောင်း ရှင်းပြရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့ကို ယုံကြည် မှုတိုးတက်လာအောင် လုပ်ပေးရမယ်။ အောင်မြင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေး ရမယ်။ မြေတောင်မြှောက်ပေးရမယ်၊ အလုပ်တွေကို ကလေးနဲ့ အတူ တာဝန်ယူ ဖြေရှင်းလုပ်ကိုင်ပေးရမယ်။

ဒီလိုရိုင်းပင်းကူညီတဲ့ ဆက်ဆံရေးလမ်းကြောင်းက သင့်ကလေးရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို တိုးပွားစေပါတယ်။ ကြောက်ရွံ့မှုကို သူကိုယ် တိုင် တိုက်ဖျက်ဖို့ လက်နက်တွေ၊ နည်းလမ်းတွေ၊ ရလာစေပါလိမ့်မယ်

(၃) လှုပ်ရှားမှုများလွန်းလို့ ကလေး မူးနောက်နောက်ဖြစ်သွားမှာမျိုး မဖြစ်စေနဲ့၊

ကလေးအနေနဲ့ အလှုပ်အရှား၊ ဆော့ကစားများလာရင် ရပ်တန့်ခိုင်းပြီး အနားယူချိန် သတ်မှတ်ပြီး သိပ်ပေးပါ။ အိပ်ရာဝင်ချိန်ကို နေ့စဉ် အချိန်မှန်မှန် သတ်မှတ်ပေးပါ။ အစားမှန်မှန်၊ ကစားချိန်မှန်မှန် ဇယားချသတ်မှတ်ပေးပါ။လေးနက်တဲ့ကလေးမှန်ရင် မူလသန္ဓေကောင်းရင် ကောင်းသလောက် ဒီလို စနစ် ဇယားချလုပ်တတ်မှုရဲ့ တန်ဖိုးကို အလျင်အမြန်နားလည်လာပြီး ကျင့်သားရလာပါ လိမ့်မယ်။

(၄) အစားအသောက်နဲ့ အအိပ်အနေကို ချိန်သားကိုက်အောင် ထိန်းကျောင်းပေးပါ။

အိပ်ခြင်းကို ဇိမ်ခံမှုအဖြစ် အကျင့်ပါမသွားစေဘဲ လိုအပ်သလောက် အားဖြည့်ရုံလောက်ပဲ အိပ်တတ်အောင် လေ့ကျင့်ပေးပါ။ အိပ်ရာထရမှာ ပျင်းတဲ့ ကလေးကို တစ်ခုခုနဲ့ (ဥပမာ-ကော်ဖီ၊ အိုဗာတင်း၊ မုန့် အနံ့တစ်ခုခုဖြင့် မျှားခေါ်ခြင်း) ဆွဲဆောင်ပြီး သူ့ဟာသူ ထလာအောင်လုပ်ရမယ်။ ကိုယ်လက်လေ့ကျင့်မှု မှန်နေစေ ရမယ်။ စိုးရိမ်စိတ်က လူပိုပင်ပန်းစေပြီး ကိုယ်လက်လှုပ်ရှားမှုကသာ အားပြည့်စေ ကြောင်း ကလေးကို လက်တွေ့ သဘောပေါက် လက်ခံလာပါစေ။ ။

(၅) ရှုပ်ထွေးတဲ့စိန်ခေါ်ချက်တွေ တိုးလာတာကို ရင်ဆိုင်အရဲစွန့်ဖြေရှင်းတတ် အောင် အားပေးပါ။

ဖြေရှင်းတတ်လာတာနဲ့ အမျှ ကလေးမှာ ယုံကြည်မှုတွေ ပိုတိုးလာပြီး လူ့လောကမှာ ဝင်ဆံ့လာမယ်။ ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲ ပိုရှိလာမယ်။ သူတို့ ကြောက် နေတဲ့ ကိစ္စတွေကို မရှောင်လွှဲခိုင်းပါနဲ့။ ရင်ဆိုင်ဖြေရှင်းဖြစ်အောင် တွန်းအားပေး သွားပါ။ ကူညီရိုင်းပင်းသွားပါ။

“ကလေးတိုင်းဟာ ကမ္ဘာကြီးနဲ့ ချိတ်ဆက်တတ်အောင် ပြင်ပလောက ဆီထွက်ဖို့ လိုအပ်တယ်”လို့ ကလေးစိတ်ပညာရှင် ဒေါက်တာပေါလ်ဆင်ဂယ်တန်က

ပြောဖူးတယ်။ ကိုယ့်ဥခွံလေးထဲမှာ ဒဏ်သေချုပ်ထိန်းထားရင် အနာဂတ်မှာ စိုးရိမ် စိတ်တွေရဲ့ အကျဉ်းသားပဲ ဖြစ်လာဖို့ရှိတယ်။

စိုးရိမ်ထိတ်လန့်စိတ်က အမွေဆက်ခံတဲ့သဘောရှိတယ်။ မိဘကိုယ် တိုင်က အစိုးရိမ်ကဲ၊ ကြောက်စိတ်ကဲရင် ကလေးဆီ ကူးစက်သွားတတ်တယ်။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် ထိတ်လန့်တဲ့ဘက်ကို ပိုညွှတ်တတ် တယ်။ “ယောက်ျားလေးတွေက ကိုယ့်ခံစားချက်ကို အပြုအမူနဲ့ အပြင်ကို ဖွင့်ထုတ် ပစ်တတ်တယ်လို့ စိတ်ကုဆရာဝန် ဒီမိုက်ကယ်စတန်းဘရွတ်ခ်”က ပြောပြပါတယ်။

 

                                 ပြောင်းလဲသွားတဲ့ “သည်းနငယ်”

            အထက်ပါ ကုထုံးနည်းလမ်း ၅ မျိုးနဲ့ သည်းနုငယ်လေးကို ရှစ်လကြာ တရွေ့ရွေ့ပြုပြင်ပြီးတဲ့အခါမှာ ကလေးမလေးဟာ လူသစ်စိတ်သစ်နဲ့ ဘဝသစ် ပြန်ရသွားပါတော့တယ်။ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ပြီး သေချင် တယ်လို့ လုံးဝမပြောတော့ပါဘူး။ တစ်ခုခုစိုးရိမ်စိတ်ဝင်လာရင် စာရွက်နဲ့ ချရေးတယ်။ ကလေးသူငယ်စာစောင်တစ်ခုခုကို ပို့တယ်။ စိုးရိမ်စိတ်ကို စာလုံးနဲ့ ဖွင့်ထုတ်ရေးပစ် လိုက်တာ သူမရဲ့ ရင်ကို ပေါ့ပါးသွားစေတယ်။ ရေးခွင့်မသာတဲ့အခါ မိသားစု၊ မိဘ ညီအစ်ကို မောင်နှမတွေနဲ့ စကားဝိုင်းဖွဲ့ပြီး “ခံစားချက်ကစားပွဲ”တစ်ခု ကျင်းပတယ်။

ကောင်းကောင်းဆိုးဆိုး ကိုယ့်စိတ်ထဲ ခံစားမိတာ၊ ပေါ်လာတဲ့ သဘောထားတွေ ချပြဖွင့်ထုတ်ကြတယ်။ ဒီလိုနဲ့ စိုးရိမ်ထိတ်လန့်မှုဆိုတာ သည်းနုငယ်ဆီက အပြီး ထွက်ခွာသွားပြီလို့ သူမရဲ့ မိခင်က ဖောက်သည်ချပါတယ်။

ကလေးသူငယ်တိုင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာအေးချမ်း ပျော်ရွှင်နိုင် ကြပါစေ။