ကောင်းသာ - ဘာကြောင့်များစိုးရိမ်သောကပွါးနေရ
အခန်း ၁
အကြောက်တရားနဲ့ စိုးရိမ်သောက
“လူ့ဘဝမှာနေထိုင်ဖို့အတွက် အကြောက်တရားနဲ့ စိုးရိမ်သော ကတို့ကို ကျွန်ုပ်တို့ တန်ရာတန်ကြေးပေးရဖို့ရှိတယ်။ စိုးရိမ်သောကအောက် ကျွန်ုပ်တို့ကျရောက်ရခြင်းက ကျွန်ုပ်တို့ ပြဿနာတွေရဲ့ အုတ် မြစ်ဖြစ်စေပြီး ဒုက္ခဝေဒနာတွေအားလုံးရဲ့ အရင်းအမြစ်လည်းဖြစ်စေ တယ်”
အကြောက်တရားနဲ့ စိုးရိမ်သောကတို့ဟာ လူ့ဘဝရဲ့ ပါဆယ် နဲ့ အစိတ်အပိုင်းတွေဖြစ်ပုံရတယ်။ ဒီညစ်ညမ်းတဲ့ ကမ္ဘာကြီးက ရုန်း မထွက်နိုင်ဘဲ နစ်မွန်းနေရတဲ့ သူဟာကျေနပ်ဖွယ်ကောင်းတဲ့ စိတ်အခြေ အနေတွေကလည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။
လူတွေက ဘာ့ကြောင့်စိုးရိမ်နေကြသလဲ။ ဘာကိုစိုးရိမ်ကြောင့် ကြနေကြသလဲ။ သူတို့ရဲ့ စိုးရိမ်သောကတွေဟာ ဇောက်ချမှုတွေ၊ တာဝန်ယူမှုတွေကြောင့် ဖြစ်လာရပြီး ဒီအရာတွေက ပုံသဏ္ဌာန်မျိုးစုံ ဖြစ်နေနိုင်တယ်။ ဥပမာ သိမ်ငယ်မှုခံစားချက်တွေ အားကောင်းနေတာ မျိုးပေါ့။ အခြားသူနဲ့ ကိုယ့်ကိုယ်ကိုယ် ယှဉ်ကြည့်ပြီး “ ငါလုပ်တာသိပ်မကောင်းလို့ဖြစ်နိုင်တယ်။ (သို့) “ဒီထိပ်တိုက်တွေ့မှုမှာ ငါလုပ်တာ ပါးနပ်သင့်သလောက် မပါးနပ်လို့ပဲဖြစ်မှာပါ” လို့ တွေးမိတာမျိုးပဲ။ သူတို့ဟာ တခြားသူတွေရှေ့မှာ သဘာဝကျကျပြုမူနေထိုင်ဖို့ကြောက် နေတတ်ကြတယ်။ “သူတို့ရှေ့ ငါမျက်နှာမပြဝံ့ဘူး။ ငါဒီလိုပြရင် ငါက သိမ်ငယ်ရလို့ ယုံကြည်ချက်ပျောက်သွားနိုင်ရဲ့ လို့ တွေးမိတတ်တယ်။ ဒီလိုကြောင့် သူတို့ဟာ ကိုယ့်ပင်ကိုသဘာဝအတိုင်းမဟုတ်ဘဲ တခြား လူတွေရဲ့ အလိုကျအတိုင်း လိုက်ဆက်ဆံနေရတော့တာပါပဲ။ သူတို့ရဲ့ အတွင်းနဲ့ အပြင်အတ္တတွေအကြား ပွတ်တိုက်မှုကို ဖန်တီးမိပြီး ဒုက္ခ ဝေဒနာတွေလိုက်လာပါတော့တယ်။
လူတွေဟာ အရာရာတိုင်းမှာပဲ၊ နေရာတိုင်းလိုလို စိုးရိမ်သော ကတွေဖြစ်နေတယ်။
သူတို့ရဲ့ ရုပ်ပိုင်းသွင်ပြင်ပေါ်မှာ ကြောင့်ကြမှုတွေများပေါ့။ ယောက်ျားတွေဆို ကတုံးပြောင် ထိပ်ပြောင်မှကြောက်ရ၊ မိန်းမတွေဆို ပါးရေတွန့်မှာစိုးရနဲ့၊ ပိန်လွန်းနေလား၊ ဝလွန်းနေလား၊ မည်းလွန်း နေလား၊ ဖြူလွန်းနေလား၊ ရှည်လွန်းနေလား၊ ပုလွန်းနေလားနဲ့ စုံလို့ ပါပဲ။
သူတို့က ဝေဖန်ခံရမှာလည်းကြောက်၊ သူတို့ထက် အထက် တန်းကျသူတွေရဲ့ ချေဖျက်မှာ တိုက်ခိုက်ခံရမှာလည်း ကြောက်နေတတ် ကြ ပြန်ရော။ သူတို့အကြံအစည် စိတ်ကူးအယူအဆတွေ လူဘုံအလယ် မချပြရဲကြဘူး။ တခြား တစ်စုံတစ်ယောက်က ဒီစိတ်ကူးမျိုး အယူအဆ မျိုး ချပြရဲလို့ နာမည်ကောင်းများထွက်သွားခဲ့ရင် ကိုယ့်ကိုယ်ကိုယ်ပြန် ဒေါသဖြစ်လို့မဆုံးတော့ဘူးပေါ့။
သူတို့မိသားစုနဲ့ပတ်သက်လို့ လည်း ပူပင်ကြောင့်ကြသေး တယ်။ “ငါဟာ ဖခင်ကောင်း၊ မိခင်ကောင်း၊ သားသမီးကောင်းမဖြစ်ရပါကလား” လို့ သောကရောက်တတ်ကြတယ်။ ကိုယ့်ရဲ့ ဇနီးမယား လှလှငယ်ငယ်လေး တစ်ပါးယောက်ျားတစ်ယောက်နဲ့ အပြင်ထွက် သွားရင်ပဲ ပူစပ်ပူလောင်ဖြစ်ရရော။ ဇနီးမယားတွေကလည်း အလား တူပဲ ကိုယ့်ရဲ့ ယောက်ျား တခြားမိန်းကလေးတွေနဲ့ ပလဲနံပသင့်တာ တွေ့ပြန်ရင် အူတိုတတ်ကြတယ်။ အိမ်ထောင်မကျသေးသူက အိမ်
ထောင်ပြုရမယ့်အရေးတွေးပူ၊ အိမ်ထောင်ကျပြီးသူက သား သမီးမရ နိုင်လို့ တွေးပူ၊ သား သမီးများပြန်တော့ ဘယ်လိုပျိုးထောင်ရပါ့မလား တွေးပူနေရတယ်။ “ငါ့မိန်းမ၊ ငါ့ယောက်ျား၊ ငါ့ကိုမချစ်တော့ဘဲ ငြီး ငွေ့ လို့စွန့်ပစ်သွားရင် ခက်ရချည့်ရဲ့” လို့ စိုးရိမ်သောကရောက်ရတာ အိမ်ထောင်သည်တိုင်း ကြုံတွေ့နေကျ ဓမ္မတာပါပဲ။ တချို့ မိဘများဟာ သား သမီးလုံခြုံရေးအပေါ် မလိုအပ်ဘဲ အစိုးရိမ်ကြီးလွန်းနေတယ်။ အိမ်လုံခြုံရေး၊ ကျန်းမာရေးတွေမှာလည်း ဒီအတိုင်းပဲ။
သူတို့ရဲ့ အလုပ်ခွင်တွေမှာ တာဝန်ပိုင်းလုပ်ဆောင်ရမှုရဲ့ ပြဿနာတွေ ဆုံးဖြတ်ချက်ချမှတ်ရတဲ့ အခက်အခဲတွေနဲ့တိုးရပြန်တယ်။ ရာထူးတက်မလား၊ ကျမလား ပူရ၊ တာဝန်တွေငါ့အပေါ်ချည်းပဲ စုပုံကျ နေမှာလား။ လုပ်ဖော်ကိုင်ဘက်တွေက မနာလိုဖြစ်ကြရင် ခက်ရချီရဲ့ စသဖြင့် ပူစရာတွေကများပေါ့ ။
စိုးရိမ်သောကရဲ့ အကြောင်းရင်း
အန္တရာယ်အပေးဆုံးနဲ့ ကျန်းမာရေးနဲ့မညီတဲ့ စိတ်အခြေအနေ တစ်ခုက ကြာရှည်လေးမြင့်စွာ ဖြစ်နေတဲ့ စိုးရိမ်သောကပဲဖြစ်ပါတယ်။ အဖြေကတော့တစ်ခုပဲရှိတယ်။ “ငါ့ကို” “ငါ့ဟာ ...”လို့ တွေးတဲ့ အယူ အဆကြောင့် စိုးရိမ်သောကဖြစ်နေရတာပါ။ ဒါကို ဗုဒ္ဓဘာသာအလို အရ အတ္တကို တံလှပ်ထင်ခြင်းဖြစ်တယ်။ဖြစ်တည်မှုရဲ့ သဘာဝကို ပထမ စဉ်းစားကာစက လူဆိုတာ ရုပ်နဲ့ နာမ်နဲ့ အစိတ်အပိုင်းနှစ်ခုနဲ့ တည်ဆောက်ထားတယ်လို့ သူတို့ ထင်ကြတယ်။ နှစ်ခုစလုံး ထာဝရမြဲတယ်၊ စစ်မှန်တယ်လို့ လူတွေ ထင်ကြပြန်ရော၊ ဒီကနေ “ငါ”ဆိုတဲ့ အတ္တ ထာဝရ အယူအဆအမှား ကြီး အထိမြင့်တက်လာပါတယ်။ “ငါ” ကနေ “ငါ့ကို” “ငါ့ဟာ” အယူ အဆအထိမြင့်တက်လာမှုကြောင့် အငမ်းမရမှု၊ တစ်ကိုယ်ကောင်းဆန္ဒ လှည့်စားမှု ဂုဏ်သိက္ခာ အနှစ်မလာအတွေးတွေအထိ မြင့်တက်ဦးလှည့် လာတယ်။ ဒီအတ္တအယူအဆဟာ ပြဿနာတွေအားလုံးရဲ့ ပင်မ အရင်း အမြစ် ဖြစ်နေတယ်။ ပုဂ္ဂိုလ်ရေး ပဋိပက္ခကနေ နိုင်ငံတွေကြား စစ်မက် ဖြစ်ပွားခြင်းအထိ ပြန့်နှံ့သွားရတာ ဒီ “အတ္တ”ကြောင့်ပါပဲ။
ကျေနပ်ရမယ့် ထာဝရရုပ်ခန္ဓာကြီးရှိရမယ်လို့သိမှား အမှတ် မှားခြင်းဟာ ဒီအတ္တစိတ်မြင့်တက်လာခြင်းနဲ့ အတူတကွလာတာပါပဲ။ ရုပ်ခန္ဓာရဲ့ အငမ်းမရတပ်မက်မှုကို ကျေနပ်စေဖို့အထိ အစွန်းကိုဦးတည် သွားတော့တယ်။ ဆန္ဒတွေ၊ လိုအပ်ချက်တွေ အပြည့်အဝကျေနပ်မှု မရမှာကို ကြောက်လန့်နေခြင်းက လူတစ်ယောက်ကို စိုးရိမ်သောက တွေနဲ့ ကြောင့်ကြပူပန်မှုတွေပဲ ဖြစ်စေပါတယ်။
စိုးရိမ်သောကဟူသည် အဆိုးမြင်စိတ် အခြေအနေကလွဲလို့ တခြားဘာမှမဟုတ်ပါ။ အရာတစ်ခုကို ကပ်ငြိချည်နှောင်မှုအားကောင်း လေလေ ယင်းကို ဆုံးရှုံးရမှာ ကြောက်ရွံ့စိတ်ကြီးလေလေပါပဲ။
အလားတူစွာပဲ မလိုလားတာ တစ်ခုခုလာချိတ်ဆက်မှာ ရရှိ လာမှာကိုကြောက်နေတတ်ပြန်ရော၊ ဒီနှစ်မျိုးစလုံးက စိုးရိမ်သောက တွေပဲ ပွားစေတယ်။
ဘဝရဲ့ တကယ့် ဒိဋ္ဌသဘာဝနဲ့ စရိုက်လက္ခဏာတွေကို အသိ အမှတ်ပြုဖို့ စိတ်ကိုလေ့ကျင့်ထားသူ ပုဂ္ဂိုလ်တစ်ဦးအတွက် ဒီဒုက္ခဝေဒနာတွေ ကျော်လွှားနိုင်ပါတယ်။
မသေချာတဲ့ ကမ္ဘာကြီးမှာ သေချာတဲ့အရာကတော့ အရာ မှန်သမျှအားလုံး အဆုံးသတ်နိဂုံးချုပ်ရတာပါပဲ။ ပြောင်းလဲခြင်း “အနိစ္စ” တရားသည်သာ အမှန်တရားဖြစ်တယ်။ ကိုယ်သာ အနိစ္စတရားအရ သေသွားလိမ့်မယ်။ ကမ္ဘာလောကကြီး က သွားမြဲအတိုင်း သွားနေမှာပဲ။ ဒီတိုင်းဆို စိုးရိမ်သောကတွေ သိပ်များနေလို့ ဘာအသုံးကျမှာလဲ။ စိတ်ကူးနဲ့ ကြောက်နေရင်လည်း ကိုယ့်ရဲ့ ကျန်းမာရေး ထိခိုက်ရုံပဲ ရှိ မှာပေါ့။ နောက်ဆုံးကိုယ် ဘဝသက်တမ်းမကုန်မီ စောစောစခန်းသိမ်း နေရမယ်။ ကိုယ့်ချစ်သူရဲ့ ငြင်းပယ်ခြင်းခံရလို့ အသည်းကွဲဝေဒနာကို ကုသရမယ့်အစား ဆွေးတမြည့်မြည့်ဖြစ်ရင်း အဓိပ္ပာယ်မဲ့အချိန်ကုန် နေရတယ်။ တချို့ဆို ဒီပြာလောင်ခတ်မှုကို အကြမ်းနည်းနဲ့ထွက်ပေါက် ရှာတတ်သေးတယ်။
အကြောက်တရားနဲ့ အယူသီးခြင်း
စိုးရိမ်သောကဖြစ်ရတဲ့ လူတွေရဲ့ စာရင်းက ဆုံးနိုင်မှာ မဟုတ် သလို ကျွန်တော်တို့ရဲ့ ပြဿနာတွေကလည်း စိုးရိမ်သောကတစ်ခု တည်းမကပါဘူး။ အကြောက်တရားကလည်း စိုးရိမ်သောကရဲ့ အမြွှာပူး အဖြစ်ရှိနေပါတယ်။ စိတ်ရဲ့ အဇ္ဈတ္တအမှောင်ထောင့်တွေထဲက ချောင်း
မြောင်းနေတတ်တဲ့ စိုးရိမ်သောကနဲ့ အကြောက်တရားတွေက လူသား ဖြစ်တည်မှုကို စရိုက်ဖော်နေကြတယ်။ မလုံခြုံမှုကနေ မြင့်တက်လာတဲ့ အကြောက်တရားက ရန်သူကိုကြောက်တာ၊ ငတ်မွတ်ခြင်းကို ကြောက် တာ၊ ဖျားနာခြင်းကို ကြောက်တာ၊ ဥစ္စာတွေ၊ ရာထူးတွေ ဆုံးရှုံးရမှာကို ကြောက်တာ၊ ဇရာနဲ့သေခြင်းတရားကိုကြောက်တာနဲ့ နောက်တမလွန် ဘဝဘာဖြစ်မယ်မှန်းမသိတာကို တွေးကြောက်တာကောင်းပါတယ်။
အရာရာ မှားယွင်းစွာဖြစ်ရလို့ စိုးရိမ်ကြောင့်ကြရတာအပြင် အရာရာ အဆင်ပြေချောမွတ်နေပါရက်နဲ့ စိုးရိမ်သောကပွားနေတတ် သေးတယ်။ လူတချို့က သတင်းမရှိခြင်းကပဲ သတင်းကောင်းဖြစ်တယ် လို့ သဘောထားပေမယ့်၊ အဲဒီလိုသတင်းမရှိပြန်ရင် သူတို့စိုးရိမ်နေ တတ်ပြန်တယ်။ အဲဒီလို ရှာမတွေ့တဲ့ စိုးရိမ်ပူပင်မူတွေ၊ မလျော်မကန်
ကြောက်ရွံ့မှုတွေနဲ့သာ သူတို့ဘဝတွေပြည့်နှက်နေရတယ်။ ဒီလိုဖြစ် ကြရတဲ့ အခြေက လွတ်ကင်းတာဆိုလို့ ကိုယ့်စိတ်ကို ဖြူစင်သန့်ရှင်း နေအောင် ပြည့်ဝနေအောင်ထားနိုင်တဲ့သူတွေပဲရှိတယ်။
နောက်ကြောက်ရွံ့မှု အမျိုးအစားတစ်ခုက သဘာဝရဲ့ မသိရ တဲ့ ထိန်းချုပ်လို့ မရတဲ့ အင်အားစုတွေကို ကြောက်နေတတ်တာဖြစ် တယ်။ သားရဲကောင်တွေ၊ လူရိုင်းတွေရဲ့ ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေး လေ့ကျင့်ကြိုးစားနေရတာနဲ့ ပဲ နှစ်ပေါင်းထောင်ချီနေပါ ပြီ။ ဒီလိုသဘာဝရဲ့ အင်အားစုတွေ သူတို့ရဲ့ လုပ်ငန်းသဘောတွေ နားလည်အောင် ကြိုးစားလာခဲ့ရတဲ့ သဘာဝရဲ့ ကျေးကျွန်ဘဝကာလ တာရှည်ခဲ့ရတဲ့အတွင်းမှာ အယူသီးခြင်းရဲ့ မျိုးစေ့တွေလည်း စိုက်ပျိုးခဲ့ ပြီး ဖြစ်နေတယ်။ ဒီအယူသီးမှုတွေက မသိနားမလည်မှုနဲ့ ကြောက်ရွံ့မှု တွေကနေ ခိုင်မာစွာ ဖြတ်သန်းလာတာ မျိုးဆက်အဆက်ဆက်က ယခု ထိအောင်ပါပဲ။
စိတ္တဗေဒပညာရှင် “ဂျွန်ဘရော့ဒတ်ဝဂ်ဆန်”က “အကြောက် တရားကမှ လေ့လာမသင်ကြားခဲ့ရတဲ့ စိတ်လှုပ်ရှားမှု တုံ့ပြန်ချက်တွေ သုံးချက်ထဲက တစ်ခုသာဖြစ်တယ်။ ကျန်တာတွေ ချစ်မေတ္တာနဲ့ဒေါသ စိတ်တို့ပါပဲ လို့ဆိုခဲ့တယ်။ သူ့ရဲ့ ရှုမြင်သုံးသပ်ချက်က မွေးကင်းစ ကလေးငယ်ကထောက်ပံ့မှု ရုတ်ခြည်းပျောက်ဆုံး ရပ်တန့်သွားတဲ့အပေါ် တအားအော်သံပေးခြင်းက ကြောက်လန့်တာဖြစ်တယ်လို့ဆိုပါတယ်။
မွေးကင်းစကလေးတောင်မှ ချစ်မေတ္တာ သေချာစေမှု သူ့မှာ ရရမယ်လို့ ယုံကြည်နေတာဖြစ်တယ်။
သာမန်တောကောင် တိရစ္ဆာန်ငယ်လေးတွေနဲ့ သားရဲကောင် ကြီးကြား ခြားနားချက်က ကြောက်ရွံ့ခြင်းကို ဖန်တီးသလိုပဲ၊ သားရဲ
ကောင်ကြီးတွေမှာလည်း သဘာဝရဲ့ အင်အားစုတွေဖြစ်တဲ့ မိုး၊လေ၊မိုး ကြိုးမုန်တိုင်း၊ငလျင်၊ မီးတောင်ပေါက်ကွဲခြင်းစတဲ့ ကပ်ဘေးတွေနဲ့ ရင် ဆိုင်ရတဲ့အခါ ဒီအန္တရာယ်တွေက ကာကွယ်ဖို့ ကြောက်ရွံ့ခြင်းတွေနဲ့ နပန်းလုံးရတာပဲဖြစ်ပါတယ်။ ဒီလိုသဘာဝနဲ့ ဘက်ပြိုင်ရတဲ့ နောက်ပိုင်း လူသားဟာ အားကောင်းတဲ့ မဟာမိတ်အဖြစ် ကိုယ်ရဲ့ ပင်ကိုစွမ်းရည် ဖြစ်တဲ့ ပရိယာယ်ဉာဏ်ကို သုံးလာပါတယ်။ ရှေးပဝေသဏီ လူသားကတော့ ရှိခိုးဆုတောင်းခြင်းတွေကိုပဲ ဖြေသိမ့်ရာ ရိုးရာဓလေ့အဖြစ်သုံးခဲ့ တယ်။ ကောင်းမြတ်တဲ့ အင်အားစုတွေက မြှောက်ပင့်ပူဇော်ရမယ့် “ဘုရား”တွေဖြစ်လာပြီး၊ မရင်းနှီး မကျွမ်းဝင်တဲ့ အင်အားစုတွေက မကောင်းဆိုးဝါးသရဲသဘက်တွေ အဖြစ်နဲ့ ရှောင်ရှားရဖို့ဖြစ်လာတယ်။
ကြောက်ရွံ့ခြင်းက အယူသီးမှု ယုံကြည်ခြင်းတွေကနေ စတင် လာတာလည်းဖြစ်နေတယ်။ “ဖန်ဆင်းရှင်ကြီး”ရဲ့ မပျော်မွေ့မှုကို သတိ ပြုမိတဲ့ နောက်တော်ပါးတွေက ပြည့်ဝအောင်အရာရာကိုလုပ်ပေးမယ့် ဘုရားသခင် အယူအဆကို မှီခိုလာကြတဲ့ ဘာသာရေးတွေဖြစ်လာပါ တယ်။ ဘာသာရေးအချို့ရဲ့ အခြေခံတွေက မသိရတာတွေမွေးရာပါ
ကြောက်ရွံ့ခြင်းတွေကို အခြေစိုက်တဲ့ ရှိခိုးခြင်းတွေပဲဖြစ်နေတတ်တယ်။ ဘာသာရေးတွေက ဖန်တီးတဲ့ ကြောက်ရွံ့ခြင်းက စိတ်ကိုထောင်ချထား ကတည်းက ကြောက်ရွံ့ခြင်းရဲ့ အဆိုးဆုံးပုံစံတွေဖြစ်နေတယ်။ မသိ နားမလည်မှု မြူခိုးတွေ အုံမှိုင်းခြင်းအောက်ကနေ အယူသီးခြင်းက စိုက်ပျိုးပေါင်းသင်ပေးလို့သာ အကြောက်တရားတွေ သီးပွင့်လာရတာပါပဲ။
ပြဿနာတွေ ထာဝရမဖြေရှင်းနိုင်တဲ့ ဒီကမ္ဘာကြီးထဲ လူတွေ ဟာ ကိုယ်နဲ့ကိုယ့်ချစ်သူတို့ လုံခြုံရေးအတွက် တမ်းတရမ်းရော်နေရ တယ်။ ပြဿနာတစ်ခုဖြေရှင်းလို့ပြီးပြန်တော့ နောက်ပြဿနာတစ်ခု ပေါ်လာပြန်တယ်။ ကမ်းစပ်သဲပြင်မှာ သဲရဲတိုက်ဆောက်နေတဲ့ကလေး တစ်ယောက် လှိုင်းလာပုတ်မှာကို ကြောက်နေရသလိုပေါ့။
မသိနားမလည်မှုတွေကို ကြောက်နေတာက ခပ်စောစော ဘာသာရေးထဲမြင့်တက်လာပြီး၊ စကြဝဠာကို ရှင်းပြဖို့ရာ အရာရာကို ထိန်းချုပ်နိုင်တဲ့ သဘာဝလွန် “ဘုရားသခင်မှ သာ တတ်နိုင်လို့ အယူ သီးလာတော့တယ်။နောက်ပိုင်းသိပ္ပံက၊သဘာဝလျှို့ဝှက်ချက်တွေတတ် နိုင်သလောက်ဖော်ထုတ်ပြီး ခေတ်သစ်လူသားတွေဖြစ်လာစေတဲ့တိုင်
အောင် အတိတ်က အယူသီးချက်တွေ အမွေခံအဖြစ် ကျန်နေရစ်သေး တယ်။ ဒီလိုအယူသီးမှုတွေ ကိုယ့်ဟာကိုယ်နှောင် ဖွဲ့ ခံရမှုက ကျွန်တော် တို့ မလွတ်မြောက်နိုင်ကြသေးဘူး။ အယူသီးချက်တွေစိတ်ကို ကျွန်ပြု လို့ အားနည်းနေဆဲပဲ။ ပညာမဲ့တွေမှမဟုတ်၊ ပညာတတ်တွေရဲ့ ကြားမှာ လည်းဒီကြောက်ရွံ့မှု၊အယူသီးမှုတွေကြောင့် စိတ္တဇဆန်ဆန်အကြောက် ရောဂါဆန်းတွေ အဖြစ်များလာပါတယ်။ အမှောင်ကိုကြောက်တာ၊ ပိတ်ထားတဲ့နေရာတွေကို ကြောက်တာ ဖွင့်ထားတဲ့ လဟာပြင်တွေကို
ကြောက်တာ၊ အမြင့်ကိုကြောက်တာ၊ တိရစ္ဆာန်တွေကိုကြောက်တာ၊ သရဲကိုကြောက်တာ၊သူခိုးကိုကြောက်တာ၊ ရန်သူကိုကြောက်တာ အပြင် မမြင်ရတဲ့ နောက်ကွယ်က တစ်ယောက်ယောက် ချောင်းပြီးသတ်လေ မလားလို့ ကြောက်တာတွေနဲ့ အကြောက်ရောဂါတွေ စုံလှပါတယ်။
အယူသီးမှုကို ယုံတဲ့သူတွေအတွက် ဗုဒ္ဓမိန့်ကြားခဲ့တဲ့ စကား ရှိတယ်။ “အကြောက်တရားတွေ မြင့်တက်လာတဲ့နေရာတိုင်းမှာ ဒီမြင့် တက်လာမှုက လူမိုက်တွေမှာသာဖြစ်ပြီး ပညာရှိသူတွေဆီမှာ မဖြစ်ပါ။
စိုးရိမ်သောကတွေက ကျွန်ုပ်တို့ ကိုဘာလုပ်သလဲ။
“ဒေါက်တာအလက်ဇီကာရဲ”က “မနာလိုမှု၊ အမုန်းနဲ့အကြောက် တို့က အလေ့အကျင့်ဖြစ်လာတဲ့အခါ၊ အဲဒီလူတွေမှာ ရောဂါတွေကပ် ရောက်နိုင်စွမ်းပေါ်လာတော့တယ်” လို့ ဆိုပါတယ်။ ဆေးပညာသိပ္ပံက ဆီးချို၊ သွေးတိုးပန်းနာရင်ကျပ်၊အစာအိမ်နဲ့အရေပြားရောဂါတွေ တဖြည်း ဖြည်းတိုးပွားလာရခြင်းတို့ဟာ စိုးရိမ်သောကနဲ့ ဗျာပါဒတို့ကြောင့်ပဲ လို့ဆိုပါတယ်။ ဘဝမှာ ကိုယ်မျှော်လင့်တာတွေပဲ တွေးနေခြင်းဟာ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက ကစဉ့်ကရဲဖြစ်စေတယ်။ လုပ်ငန်းရှင် တွေက စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဖိစီးမှု တွေကြောင့် လူတွေငယ်ငယ်ရွယ် ရွယ်နဲ့ မကြာခဏ သေဆုံးကြတာကို ဘယ်လိုလုပ်ရမှန်းမသိဘူး။
ရုပ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး ညံ့ဖျင်းလာမှုတို့က စိုးရိမ် သောကကြောင့်ပဲလို့ ခြေရာခံမိတဲ့ အတွေ့အကြုံ တွေများလှပြီ။ စိုးရိမ် သောကကြောင့် သွေးတွေဟာ မခြောက်ခန်းသင့်ဘဲ အလျင်အမြန် ခြောက်ခန်းကုန်ရတယ်။ စိုးရိမ်ကြောင့်ကြမှုတွေက ပြဿနာကို မဖြေ ရှင်းပေးနိုင်ရုံသာမက ယင်းတို့ကို ပိုဆိုးဝါးသွားစေပြီး လူတစ်ယောက် ရဲ့ ရုပ်ပိုင်းစိတ်ပိုင်းတွေပါ ပျက်စီးခြင်းဘက် လှည့်သွားစေပါတယ်။ ဒါ့အပြင် လူတစ်ယောက်ဟာ အမြဲထာဝရ စိုးရိမ်သောကတွေပွားနေရင် နေအိမ်တွင်း အရိပ်အာဝါသအောက်မှာ ကျန်းမာရေးနဲ့ မညီရုံသာမက ရုံးခန်းထဲနဲ့ လူ့အဖွဲ့ အစည်းထဲမှာပါ အဆင်မပြေနိုင်တော့ပါဘူး။
စိုးရိမ်သောကအပြင် ကြောက်ရွံ့ခြင်းကပါ ထိခိုက်နိုင်စွမ်းရှိပြီး ထာဝရအမြဲတမ်း ကြောက်ရွံ့ခြင်းက လူတစ်ယောက်ရဲ့ စိတ်ကို အမြဲတမ်း တင်းကျပ်နေစေပြီး လွမ်းမောကြေကွဲဖွယ် အခြေအနေကိုပို့တယ်။
ကြောက်ရွံ့ခြင်းက ဘဝကိုအဆက်မပြတ်လိုက်စားနေပြီး စိတ်ကိုလည်း အဆင့်နိမ့်ကျစေပါတယ်။ ကြောက်ရွံ့ခြင်းက အနာဂတ်ကို မှောင်မိုက်ဖုံးစေတဲ့ အဆိုးမြင်အင်အားစုလည်းဖြစ်နေတယ်။
အကြောက်တရားက မျှော်လင့်မထားတဲ့ အကျပ်ရိုက်မှုတွေနဲ့ ကြုံရတဲ့ ဖြစ်ရပ်တွေမှာ ပြင်ဆင်မှုမရှိဘဲ ပြာလောင်ခတ်သွေးပျက် တဲ့ဘက်ပဲ လှည့်သွားစေပြန်တယ်။ ကြောက်ရွံ့မှု တစ်စုံတစ်ရာပမာဏ ကို ပုံမှန်ကျတယ်လို့ စဉ်းစားနိုင်တဲ့ အခိုက်မှာ တကယ်လို့ ယင်းကို မစစ်ဆေးဘဲ တိုးပွားခွင့်များပေးမိရင် ဒီကြောက်ရွံ့ခြင်းက ကြိမ်ဖန်များ စွာ သိပ်သည်းပြင်းပြလာလို့ သွေးပျက်ခမန်းဖြစ်လာပါလိမ့်မယ်။ သွေး ပျက်လာခြင်းက တစ်ဦးတစ်ယောက်တည်းကိုသာမဟုတ်ဘဲ ဘေးပတ် ဝန်းကျင်က လူတွေကိုပါ ကပ်ဘေးဆိုက်မှုမျိုးစုံ ရလဒ်ပေါ်စေပါတယ်။ စိတ်ဘယ်လို အလုပ်လုပ်ကြောင်း လေ့လာနိုင်မှ ယင်းကပ်ဆိုက်မှုကို လက်မတင်ကလေးကာကွယ်သွားနိုင်မှာပါ။
“ကျွန်တော့် ဇနီးသည်သေဆုံးရမှုအပေါ် ကျွန်တော်မထိခိုက်ပါ”
ဒီစကားကို တရုတ်တွေးခေါ်ရှင် ဆရာကြီး “ချောင်ဇူးက သူ့ မိန်းမသေဆုံးစဉ်ကပြောခဲ့တယ်။ ဇနီးသည်ကွယ်လွန်သွားစဉ်က တဲအပြင် ဘက်မှာ ဘင်တီးပြီးသီချင်းဆိုနေတယ်။ ဒါကိုမြင်လိုက်တဲ့ သူငယ်ချင်း က တုန်လှုပ်သွားပြီး ဘာလို့မထိခိုက် မခံစားရပါသလဲလို့ မေးတယ်။ “ချောင်ဇူး”က ဒီလိုပြန်ပြောခဲ့တယ်။
“တကယ်ပဲ သူမဟာ အခုတော့ အသက်ရှင်မှုလုပ်ငန်းဝေဒနာ တွေက လွတ်မြောက်သွားတဲ့ သူမရဲ့ ကံကြမ္မာကို ကျွန်တော် လက်ခံ လိုက်ပါပြီ။ သူမက နောက်ထပ်အသွင်ပြောင်းလဲခြင်း တစ်ခုဆီသွားနှင့် ပြီဖြစ်တယ်။