Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - ဘာကြောင့်ချန်ပီယံမဖြစ်ရမှာလဲ

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

                    ဘာ့ကြောင့်ချန်ပီယံ မဖြစ်ရမှာလဲ

ဇောက်ချလုပ်ပါ။ဇောက်ချပြီးနေပါ။

               အလုပ်ရရေးအင်တာဗျူးတွေ၊ ပန်းတိုင်ရောက်ရေး အားထုတ် ချက်တွေနဲ့ ဆက်ဆံရေးတွေမှာတောင် “ဇောက်ချလုပ်မှု”ဆိုတဲ့ဝေါဟာရ ကို မကြာခဏသုံးစွဲလေ့ရှိပါတယ်။ ကိုယ်လုပ်ရမယ့်အလုပ်မှာ အောင် မြင်ချင်တဲ့ လူတစ်ဦးချင်းစီတိုင်းဟာ ကိုယ်အားထုတ်ကြိုးပမ်းလိုတဲ့ အရာကို တစ်လျှောက်လုံး အမြဲမပြတ်အာရုံထားပြီး ဇောက်ချလုပ်မှု မြဲရမယ်။ ဇောက်ချမှုမရှိရင် အပြီးသတ်ရေးလှုံ့ဆော်ချက်တွန်းအားမရှိ၊ ဘာစွမ်းအင်မှမရှိဘဲ အလုပ်တစ်ခုစလုပ်တာနဲ့ တူနေမယ်။

                “အာဗင်” ဟာ အများသူငါ ဆယ်ကျော်သက်တွေ လုပ်သလိုမျိုးပဲ လုပ်တတ်တဲ့ သင့်ရဲ့ ပျမ်းမျှဆယ်ကျော်သက်တစ်ယောက်ပါ။ ဘယ်လို ပဲသူ့ရဲ့ကြောက်စရာကောင်းတဲ့ အကျင့်တစ်ခုကတော့ အလုပ်တစ်ခုကို စလုပ်ပြီး၊ မပြီးဆုံးမီ တိုးလိုးတန်းလန်း ပစ်ထားစွန့်လွှတ်တတ်ခြင်းပဲ ဖြစ်တယ်။ ဥပမာ၊ သူဝတ္ထုတစ်ပုဒ်စရေးပြီဆိုရင် ဒီဝတ္ထုမပြီးဆုံးသေးမီမှာ နောက်ထပ်ဝတ္ထုတစ်ပုဒ် စရေးတတ်တာပဲ ဖြစ်ပါတယ်။ နောက်ဥပမာ တစ်ခုက အားကစားများစွာမှာလည်း သူလုပ်သမျှ စိတ်ပါလက်ပါမှ ထက်ဝက်လောက်ပဲ ပါတတ်ပြန်တယ်။ တင်းနစ်ရိုက်ရရင်ကောင်းမှာပဲ သူထင်ပြီး တင်းနစ်ရိုက်တံ သူသွားဝယ်တယ်။ တင်းနစ်ရိုက်နည်း သင်တန်းမှာ စာရင်းသွင်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တင်းနစ်သင်တန်း တက်လက်စ မပြီးဆုံးသေးမီ သူ့စိတ်က တစ်မျိုးပြောင်းသွားပြီး ဘတ် စကက်ဘောကစားတာကမှ သူနဲ့ပိုကိုက်တယ် ဖြစ်သွားပြန်တယ်။ ကဲသူ့ရဲ့ စိတ် ဗလောင်းဗလဲနိုင်ပုံ တွေ့ပြီလား။

အလုပ်တာဝန်မြောက်မြားစွာ တစ်ပြိုင်တည်း ကိုင်တွယ်လုပ်နေ ရန်မျိုးမှာ ဒါမျိုးတွေ့ရဖွယ်ရှိပေမဲ့ “အာမင်”လို ကောင်လေးမျိုးမှာဒီအကျင့်စရိုက်မျိုးရှိနေတာကတော့ ဘာကိုမှ ဇောက်ချနှစ်ပြီး လုပ်တတ် မှုမရှိတာ၊ အာရုံထွေပြား တည်တည်ကြည်ကြည်မရှိတာပါပဲ။ အောင် မြင်ခြင်းရဲ့ သော့ချက်က ဇောက်ချလုပ်ခြင်းပါပဲ။

 

                                 အာရုံမထွေပြားတဲ့ အံ့လောက်ဖွယ် “မက်ဆီ”

ဘာစီလိုနာနဲ့ အာဂျင်တီးနားနိုင်ငံ လက်ရွေးစင်ဘောသမားနဲ့ ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံးဆုရ “လီယွန်နယ်မက်ဆီ” ကတော့ မလွယ်လှတဲ့ ပဟေဠိဆန်တဲ့ သူ့ရဲ့ လှည့်ပတ်လိမ်ခေါက်ပြေးတတ်မှု

ကြောင့် ပရိသတ်တွေ ရင်သပ်ရှုမော အံ့ဩကြရပါတယ်။ သူဟာ သူ့ မျိုးဆက်မှာ ကမ္ဘာ့အကောင်းဆုံးဘောသမားလို့ သဘောထားသတ်မှတ် ခြင်းခံရတယ်။ Ballon d'Orဆုများစွာနဲ့ ဖီဖာရဲ့ တစ်နှစ်တာအကောင်း ဆုံးဘောသမားဆုကို အသက် ၂၁ နှစ်အရွယ်မှာ အမည်စာရင်းပါခဲ့တယ်။ (အခုဘရာဇီး

အယ်မှာ အမည်စာရင်းပါး (အခုဘရာဇီးမှာလုပ်တဲ့ ၂၀၁၄ ခု ကမ္ဘာ့ဖလားပွဲမှာ အကောင်းဆုံး

ရွှေဘောလုံးဆု ရသွားပါတယ်။) လူငယ်တစ်ယောက်အနေနဲ့ကြောက် ခမန်းလိလိစွမ်းရည်တွေ သူပြသခဲ့ပေမဲ့ ယနေ့သူရောက်နေတဲ့ “မက်ဆီ” လို့ တကြော်ကြော် တမ်းတအော်ဟစ်နေတာ ခံရဖို့အတွက် သူအခက်အခဲ ပေါင်းစွာ ရင်ဆိုင်ခဲ့ရပါတယ်။ ။

သူ့အသက် ၁၁ နှစ်အရွယ်မှာ “မက်ဆီ” ဟာ သူ့ကြီးထွားမှုကို လန့်ဖျပ်စေမယ့် ဟော်မုန်းဓာတ်ကျဆင်းမှုတွေ များလာကြောင်း စစ်ဆေး တွေ့ရှိလိုက်ရတယ်။ အာဂျင်တီးနားရဲ့ “ရေဗားပလိတ်” ပရိုင်မီးယား ကလပ်သင်းက သူ့ကိုမျက်စိကျ စိတ်ဝင်စားနေတာ မှန်ပေမဲ့ သူ့ရောဂါ ကုသဖို့ ပိုက်ဆံကမရှိဘူး။ ဒါပေမဲ့ ကံတရားက သူ့ဘက်ကရှိလေတယ်။ “အက်ဖ်စီ၊ ဘာစီလိုနာ”ကလပ်သင်းက သူကစားတာ စောင့်ကြည့်ပြီးတဲ့ အခါ သူ့ကိုစာချုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အပြင် စပိန်ကို သူပြောင်းလာ နေဖို့ သူသဘောတူရင် ဆေးကုသစရိတ်ပေးမယ်လို့ ကမ်းလှမ်းပါတယ်။ ဒီအခွင့်အလမ်းကို မတွန်းလှန်နိုင်တာနဲ့ “မက်ဆီ” သဘောတူလိုက်တာ၊ ကျန်တာတွေက သမိုင်းက ပြောတဲ့အတိုင်းပါပဲ။

“မက်ဆီ” ဟာ သူ့ကျွမ်းကျင်မှုတွေ ပိုကောင်းအောင် လုပ်ဖို့သာ ဇောက်ချလုပ်ပြီး သူ့ရဲ့ ကျန်းမာရေးချို့တဲ့မှုက ဘယ်လိုနည်းနဲ့မှ ဒုက္ခိတ မဖြစ်စေရအောင် ကြိုးစားတယ်။ ကွင်းပေါ်မှာ သူ့ရဲ့ အံ့ချီးဖွယ်ပြေးလွှား ကစားမှုတွေကြောင့် သူဟာ ကြောက်စရာလူ ဖြစ်လာတယ်။ သူ့ပါရမီ တွေက အထင်အရှားဖြစ်ပေမဲ့ သူ့ရဲ့ ဇောက်ချလုပ်မှုကပဲ သူ့ကစားပွဲကို နောက်အဆင့်ကို မြှင့်တင်လိုက်တာ ဖြစ်တယ်။ သူ့ကစားဟန်တွေနဲ့ အရည်အချင်းတွေကြောင့် ဘောလုံးဂန္ထဝင် “ဒီယေဂိုမာရာဒိုနာ” နဲ့ နှိုင်းယှဉ်ခြင်းခံလာရတယ်။ “မာရာဒိုနာ” ကိုယ်တိုင်က “မက်ဆီ”ကို သူ့နေရာဆက်ခံမယ့်သူလို့ ကြေညာခဲ့တယ်။ သူဟာ “ဘာစီလိုနာ”အသင်းရဲ့ အောင်မြင်မှုမှာ ကိရိယာတစ်ခု ဖြစ်ခဲ့လေတယ်။ အထူးသဖြင့် ပြည်တွင်းဆုဖလားအောင်ပွဲ ၃ ကြိမ်၊ နှစ်ပတ်လည်ပြိုင်ပွဲ (ကိုပါဒီရေးပွဲ) ဖလားနဲ့ ၂၀၀၈-၂၀၀၉ ခုနှစ် UEFA ဥရောပချန်ပီယံလိဂ်ဖလားအောင်ပွဲတို့မှာ ဖြစ်ပါတယ်။

 

                                    ခြေချမှုနည်းတဲ့ သီးသန့်လမ်းကြောင်း

                                 ကျော်ကြားလူကြိုက်များတဲ့ အားကစားရှိသလို မကျော်ကြားတဲ့ လိုက်စားမှု၊ ဝါသနာပါမှုနည်းတဲ့ အားကစားနည်းတွေလည်း ရှိပါတယ်။ မီဒီယာလောကတစ်လျှောက် ကျော်ကြားလူကြိုက်များတဲ့ အားကစား နည်းတွေဖြစ်တဲ့ ဘောလုံး၊ ဘတ်စကက်ဘော၊ တင်းနစ်၊ ဖော်မြူလာဝမ်း ကားပြိုင်ပွဲတွေပဲ ဖော်ပြကြတာများတယ်။ ယဉ်ကျေးမှုအရ သီးခြားဖြစ် နေကြတဲ့ အမေရိကန်လက်ပစ်ဘောလုံးတို့၊ သြစတြေးလျ စည်းကမ်း အတိုင်းကစားရတဲ့ ဘောလုံးတို့က သူတို့ရဲ့ သီးသန့်မိခင်နိုင်ငံတွေမှာပဲစိတ်ဝင်တစား ဝါသနာပါ လိုက်စားကြပြီး နိုင်ငံတကာအရ စိတ်ဝင်စား ကြတာ မဟုတ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ်၊ နိုင်ငံတစ်ခုအတွင်းမှာ သိပ်ကျော်ကြားပြီး နောက်လိုက်နောက်ပါသူနည်းတဲ့ အားကစားနည်းတွေလည်း ရှိကြတယ်။ ဒီအားကစားကိုမှ လိုက်စားကြသူ လူနည်းစုလေးဟာ ဒီအားကစားနည်း ကိုကစားရတာ ခုံမင်ချစ်ခင်စွဲလန်းကြလို့သာ တစ်စိုက်မတ်မတ် ကစား ကြတာဖြစ်တယ်။ သူတို့ရဲ့ ဇောက်ချလုပ်မှုကြောင့် ဒီလူကြိုက်နည်းလှ ပါတယ်ဆိုတဲ့ ခြေချမှုနည်းပါးတဲ့ သီးသန့်လမ်းကြောင်းနောက် လိုက်ပေး ဖော်ရတာကိုပဲ သူတို့ကို လက်ခုပ်သြဘာတီးရမှာပါ။

ဒီကိစ္စရဲ့ ဥပမာကောင်းတစ်ခုက “ဂျမေကာ”နိုင်ငံရဲ့ ၄ ယောက်တွဲ လျှောတိုက်ကား (bobsled)ပြိုင်ပွဲအသင်းပဲ ဖြစ်ပါတယ်။ လျှောတိုက် ကား (bobsled) ပြိုင်တာက အားကစားသမားတွေက သူတို့ကားကို တွန်းပြီး ပြေးလမ်းကြောင်းဖြစ်တဲ့ တွင်းလမ်းလျှောတစ်လျှောက် သူတို့ပါ တက်စီးလိုက်ပါရတာ ဖြစ်ပါတယ်။ ဆောင်းရာသီမှာ ကစားကြတဲ့နည်း ဖြစ်နေလို့ “ဂျမေကာ” လို အပူပိုင်းဇုန်နယ်အတွင်းက လူတွေအတွက် ကစားရတာ အံမဝင် ခွင်မကျတော့ ဖြစ်ရတာပေါ့။

“ဂျမေကာ” အသင်းဟာ ၁၉၈၈ ခု ကနေဒါ(အအေးပိုင်းဇုန်)မှာ ကျင်းပတဲ့ ဆောင်းရာသီအိုလံပစ်ပွဲမှာတော့ ပွဲဦးထွက်မှာ သိပ်အခြေအနေ မကောင်းခဲ့ပါဘူး။ သူတို့ရဲ့ လျှောတိုက်ကားကို ထိန်းချုပ်မရဖြစ်သွားပြီး ပြေးလမ်းနံဘေးကို ဝင်တိုက်သွားတယ်။ သူတို့ရဲ့ ဇောက်ချမှုနဲ့ ရည်ညွှန်း ချက်နဲ့အတူ သူတို့နိုင်ငံမှာ လူသိနည်းတဲ့အားကစားကို သူတို့ပိုလွန်ကဲ စွာ လုပ်ပြနိုင်စွမ်းရှိသေးကြောင်း ပြနိုင်ခဲ့ကြတယ်။ ၁၉၉၄ ခုနှစ်ဆောင်း ရာသီ အိုလံပစ်ပွဲမှာ ဂျမေကာအသင်းဟာ ပြင်သစ်၊ ရုရှားနဲ့ အမေရိကန်အသင်းတွေကို ကျော်ဖြတ်ပြီး ပန်းဝင်ခဲ့တယ်။ ဒီအောင်ပွဲက ဝေဖန်ရေး သမားတွေကို မယုံနိုင်အောင် အံ့သြတုန်လှုပ်သွားစေခဲ့တယ်။

                     ဂျမေကာ လျှောတိုက်ကားအဖွဲ့ က တိုင်းပြည်ရဲ့ ဂုဏ်ကို အမှန် တကယ်ဆောင်နိုင်ခဲ့ကြလို့ ဂုဏ်ယူဝင့်ကြွားစွာ သူတို့အကြောင်းရိုက်ကူး တဲ့ရုပ်ရှင်ကား "Cool Runnings" ကို ၁၉၉၃ ခုနှစ်မှာ ရိုက်ကူးပြသခဲ့ရတယ်။

 

                                     စိတ်တန်ခိုးရှိတဲ့နေရာမှာ လမ်းကြောင်းရှိတယ်

 

အခက်အခဲအတားအဆီးဆိုတာ အားကစားသမားရဲ့ ဘဝမှာ အစိတ်အပိုင်းနဲ့ ပါဆယ်ထုပ်လည်းဖြစ်တယ်။ ဒီအခက်အခဲက ဒဏ်ရာ တစ်ခုတလေ၊ ဘေးကဝေဖန်ကဲ့ရဲ့မှုတွေ၊ အားကောင်းတဲ့ပြိုင်ဘက်တွေ ပဲ ဖြစ်နေပါစေဦး။ ဒါတွေကို အားကစားသမားမှန်ရင် မရှေးမနှောင်းအနှေးနဲ့အမြန် ရင်ဆိုင်တွေ့ရ မှာပါပဲ။ ပိုအရေးကြီးတာက ဇောက်ချလုပ်မှုနဲ့ စိတ်တန်ခိုးတွေ နဲ့ပဲ ဒီအခက်အခဲ အတားအဆီး တွေကို ကျော်လွှားဖို့ ကြိုးစား ကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခဏခဏဆိုသလိုပဲ လူတွေဟာ လွယ်တဲ့လမ်းပဲ လိုက်တတ်ကြ ပြီး ခပ်လွယ်လွယ်လေး စွန့်လွှတ် ပစ်တတ်ကြပြန်တာပါပဲ။

ဒါဟာ စစ်မှန်တဲ့ အားကစားသမား တစ်ယောက် လုပ်ရမယ့်အလုပ် မဟုတ်တာတော့ အတိအကျပဲ ဖြစ်တယ်။

 

ဇောက်ချမှုရှိတဲ့ အား ကစားသမားဟာ အားကစားကို သူစွဲလမ်းကြောင်း ပြလိုရင် သူ့ လမ်းကြောင်းအတွင်းက အခက် ဝိတ်တခိုးရှိရင် လမ်းကြောင်းရှိတယ် အခဲတွေကို ကျော်လွှားဖို့ သူ့ရဲ့ အကောင်းဆုံးတွေ လုပ်ပြမှာ ဖြစ်တယ်။

 

 

“စိတ်တန်ခိုးရှိတဲ့နေရာမှာ လမ်းကြောင်းရှိတယ်” ဆိုတဲ့စကား လိုပါပဲ။ ဇောက်ချမှုသာရှိပါစေ။ အကျပ်တည်းဆုံး အခက်အခဲတွေ

တောင် ကျော်လွှားနိုင်ပါတယ်။ ဒါဟာ စစ်မှန်တဲ့ရည်ညွှန်းချက်ရှိ အား ကစားသမားတစ်ယောက်ရဲ့ စိတ်ဓာတ်အစစ်အမှန်ပဲ ဖြစ်ပေတယ်။