Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - ဒုက္ခိတဘိုးဘိုး၏ဆွံ့အသူမြေးလေးသို့ပေးစာများ

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out

မင်းလေးရဲ့ မွေးဖွားခြင်း

ချစ်စွာသော “ဆမ်”

မြေးလေးကို မွေးလာစဉ်ကတည်းက ဘိုးဘိုးရဲ့ဘဝ ပြောင်းလာ တယ်လို့ ဆိုရမယ်။ မြေးလေးရဲ့ မေမေ့ဘဝ၊ ဘိုးဘိုးရဲ့ သမီးလေးဘဝက ပိုတောင်ပြောင်းလဲသွားတယ် ဆိုရမယ်။ ' မြေးလေးကို မွေးရတော့မယ့်အချိန်မှာ ဗိုက်ခွဲမွေးရမယ်လို့ သိရတယ်။ မြေးလေးကို မွေးဖို့ ဆေးရုံကို ဘိုးဘိုးတို့လာပြီးစောင့်နေရစဉ် ဟိုးငယ်ငယ် တုန်းက မြေးလေးရဲ့ မေမေဖြစ်တဲ့ သမီးလေး “ဒက်ဘီ” ကို မွေးဖွားစဉ် ဆေးရုံမှာစောင့်ခဲ့ရတာ သွားသတိရတယ်။ “ဒက်ဘီ”ကို ဘွားဘွားမွေးရစဉ် “ဒက်ဘီ” အထက်က သမီးကြီး “အလီ”ကို မွေးပြီးခါစ ၁၁ လပဲရှိသေး တယ်။ သမီးနှစ်ယောက်က သိပ်နီးတယ်။ တစ်နှစ်နီးပါးပဲကွာကြတယ်။ ဒီသမီးတွေ လူ့လောကထဲ ရောက်လာတိုင်းမှာ ဒီသမီးတွေကို ကာကွယ်

စောင့်ရှောက်ပေးဖို့ သူတို့ဘဝကောင်းအောင် အတတ်နိုင်ဆုံးလုပ်ပေးမယ် လို့ ဘိုးဘိုးသန္နိဌာန်ချမိတယ်။ မိဘတိုင်း ဒီလိုပဲ ရှိကြမှာပါ။

မြေးလေးရဲ့ မေမေလမ်းလျှောက်တတ်စအရွယ်ရောက်လာတော့ ဆံပင်ကနက်မှောင်မှောင်၊ မျက်လုံးတွေကညိုညို၊ ဝိုင်းဝိုင်းစက်စက်၊ ပြူး ကျယ်ကျယ်နဲ့ အတော်ချစ်စရာကောင်းသား။ ဘိုးဘိုးစားပွဲပေါ်မှာ သူတို့ ညီအစ်မနှစ်ယောက် လက်ချင်းချိတ်တွဲလို့ သဲသောင်ကမ်းစပ်မှာ ရပ်နေတဲ့ဓာတ်ပုံကို ထောင်ထားတယ်။ ဓာတ်ပုံထဲမှာ “ဒက်ဘီ”က ၃ နှစ်၊ “အလီ” က ၄ နှစ်သမီးအရွယ်ရှိတယ်။ `ဒက်ဘီ”က သူ့အစ်မ “အလီ”ရဲ့ အရိပ်လို ပဲ အစ်မသွားလေရာ တကောက်ကောက်လိုက်၊ အစ်မလုပ်သမျှလိုက်လုပ် တတ်တယ်။

မြေးလေးရဲ့ မေမေ “ဒက်ဘီ”ဟာ ငယ်စဉ်ကတည်းက အဖေဖြစ်သူ ဘိုးဘိုးရဲ့ ဦးနှောက်ထဲနဲ့ စိတ်ဝိဉာဉ်ထဲကို ဘာတွေဖြစ်ပျက်နေသလဲလို့ ပြောင်ကျကျ ဝင်စပ်စုမွှေနှောက်ကြည့်တတ်ခဲ့တယ်။ ဘိုးဘိုးရဲ့ မတော်တဆ ဘေးမကြုံတွေ့မီ တစ်ခါက သမီးလေး `ဒက်ဘီ” ပသိရောင်အနာဖြစ်လို့ ဆေးရုံသွားပြစဉ်တုန်းကအဖြစ်ကို သတိရမိသေးတယ်။ ဆေးရုံမှာ လူးလာ တုန့်ခေါက်နဲ့ ဂဏှာမငြိမ်ဖြစ်နေတဲ့ ဘိုးဘိုးကို ကြည့်ရင်း သမီးလေး “ဒက်ဘီ”က ဘိုးဘိုး ဘာကိုစိုးရိမ်ကြောင့်ကြနေတာလဲလို့ မေးတယ်။ သော် သမီးလေး လည်ချောင်းဝကအနာ ကျက်မှကျက်ပါ့မလားလို့၊ ဆေးထည့်ပြီး လည်း ကိုက်ခဲနေမှာကို စိုးရိမ်နေတာလို့ ပြောတော့ သမီးလေးက မယုံဘူး။ ဖေဖေမညာနဲ့တဲ့၊ တကယ် ဖေဖေစိုးရိမ်နေတာ ဒါမဟုတ်ဘူးဆိုပဲ။ တစ်ခုခု အတပ်သိထားပုံနဲ့ ပြောခဲ့တာ။ ကဲ ဒါဖြင့် ဘာလဲလို့ ဖေဖေကပြန်မေးတာ ပေါ့။

“အမှန်တကယ် ဖေဖေကြောက်နေတာက သမီးဒီနေရာမှာတင် သေ သွားမှာကို စိုးလို့မဟုတ်လား”

( အမှန်မှာတော့ သမီးလေးပြောတာဟုတ်ပါတယ်။ ဖေဖေရဲ့ အစိုးရိမ် လွန်ကဲမှုကို သမီးလူမမည်ကလေးက ရိပ်မိသွားရအောင်ကို မြင်သာ ထင်သာ လွန်းနေတယ် ထင်ပါရဲ့။

နောက် အဖြစ်အပျက်တစ်ခုလည်း မှတ်မိသေးတယ်။ ဒက်ဘီ” ခြောက်နှစ်သမီးအရွယ်ကပါ။ ဘိုးဘိုးက ဆရာဝန်ဆိုတော့ အိမ်မှာလည်း | လူနာတွေ လက်ခံကုသပေးတတ်တယ်။ တစ်ညနေ လူနာတစ်ယောက် လက်ခံတွေ့ဆုံဖို့ ချိန်းထားတာမို့ မှန်တင်ခုံရှေ့မှာ ဘိုးဘိုးခေါင်းဖြီးနေတယ်။ သမီးလေးအိပ်ပျော်နေမယ် ထင်မိတာ အိပ်မပျော်ဘဲ ဘိုးဘိုးခေါင်းဖြီးနေတဲ့ ခုံရှေ့လာထိုင်ပြီး ဘိုးဘိုးလုပ်ကိုင်နေတာ သေသေချာချာ ထိုင်ကြည့်နေတယ်။ ဘိုးဘိုးကလည်း ခေါင်းကဆံပင်တွေ တဖြည်းဖြည်း ငယ်ထိပ်ပြောင် နေတာ စိတ်ညစ်နေပြီး ဆံပင်တွေခပ်များများကျန်တော့တဲ့ ခေါင်းနောက်စေ့ နေရာပဲ မဲပြီး ပြုံးနေမိတယ်။

““လူနာနဲ့ တွေ့တာလေးများ ဘာတွေစိုးရိမ်လို့ ဒါလောက်တောင် ကျကျနန ဂရုစိုက်လွန်းနေရတာလဲ ဖေဖေ”

“ဖေဖေလည်း မသိဘူး” “မဟုတ်သေးဘူးလေ လူနာလည်း လူထဲက လူပဲဥစ္စာ”

သမီးရဲ့ အဲဒီစကားက သေသေချာချာ နောက်ပိုင်း စဉ်းစားကြည့်မှ မှန်နေမှန်း သေချာသွားတော့တယ်။ ကိုယ့်အပြုအမူလွန်ကဲမှန်း သတိပြုမိ သွားရပါတယ်။ ။

အဲဒီလို အဖေ့ကို အရိပ်တကြည့်ကြည့်နဲ့ အမြင်မတော်တာတွေ မသိမသာ ထောက်ထောက်ပြတဲ့အတွက် ဒီသမီးလေး ဒက်ဘီ”က ဘိုးဘိုးရဲ့ ကြေးမုံပြင်လို ဖြစ်ဖြစ်လာတယ်လို့ ဆိုရမယ်။

သည်လိုနဲ့ ဒီသမီးလေးဟာ တဖြည်းဖြည်းကြီးပြင်းလာတာနဲ့အမျှ သူ့ကို ကာကွယ်မယ်ဆိုတဲ့ အဖေဟာ သူမ ၆ နှစ်သမီးအရွယ်ကတည်းက ကား တိုက်မှုဖြစ်ပြီး ဘီးတပ်လှည်းနဲ့ နေရတဲ့ဘဝ ရောက်ရတော့တယ်။ သမီးလေးဟာ ဒီကတည်းက ဒုက္ခသုက္ခတွေ အများကြီး တွေ့ကြုံခံစားခဲ့ ရပါတော့တယ်။ မြီးကောင်ပေါက် ဆယ်ကျော်သက်အရွယ်မှာ သမီးလေးရဲ့ ခံစားရချက်၊ စိတ်ဆင်းရဲမှု ဝေဒနာတွေဟာ စုပုံတိုးပွားလာပုံရတယ်။ ပြီးတော့ ပြုံးနေဆဲဖြစ်ပေမဲ့ အပြုံးစစ်စစ် မမည်တော့ပါဘူး။ သူမရဲ့ လိုအပ်ချက်တို့၊ ဆန္ဒတို့ဆိုတာ ပီဘိတိတ်ဆိတ်သွားတော့တယ်။ ။

မမျှော်လင့်ဘဲ မြေးလေး ဖေဖေနဲ့ သမီးလေး တွေ့ဆုံကြုံကြိုက်၊ မေတ္တာမျှမိကြတာ ဘိုးဘိုးတွေ့ရတော့ ဝမ်းသာလိုက်သမှ ပြောမနေပါနဲ့

တော့။ မြေးလေးဖေဖေကလည်း လူကောင်း လူတော်တစ်ယောက်။ ငယ်စဉ် ကလေး ရုန်းကန်ခဲ့ရပေမဲ့ ခုတော့ ကြင်နာတတ်၊ ချစ်တတ်ပြီး မိန်းမ တစ်ယောက်အနေနဲ့ အားကိုးအားထားပြုလောက်တဲ့ အနေအထားမှာရှိလို့ ဘိုးဘိုး သက်ပြင်းချ စိတ်အေးရတယ်။

အိမ်ထောင်ကျပြီး သိပ်လည်းလှ၊ သိပ်လည်းပျော်နေတဲ့ သမီးလေး ကို မြင်ရတော့ “ဘဝမှာ နောက်တစ်ခါ ကြည်နူးရမယ့်အခွင့် ပေါ်လာပြီ” လို့ ဘိုးဘိုး မှတ်လိုက်တော့တယ်။

မကြာမီ သမီးလေး မိခင်လောင်းဘဝရောက်၊ မြေးလေးကို ကိုယ် ဝန်စလွယ်တော့ သမီးလေးဟာ ဘိုးဘိုးရဲ့ ဆရာမ ဖြစ်လာတော့တယ်။ ဘိုးဘိုးက တယ်လီဖုန်းဘေးနားက မခွာတမ်းထိုင်ပြီး စတင်းဘိုင်နေရတော့ တာပေါ့။

ကိုယ်ဝန်က တစ်စတစ်စကြီးထွားလာတာကို ကြည့်ရင်း ဆုတောင်း ပေးနေရတယ်။ ဒီလိုနဲ့ပဲ မြေးလေး ‘ဆမ်”ကို မွေးပေးရမည့်နေ့ရက်ကို ရောက်လာတာနဲ့ အခုလို ဆေးရုံလာလို့ သမီးက မြေးလေးမွေးမှာကို ဘိုးဘိုးရယ်၊ ဘွားဘွား “စန္ဒီ”ရယ်၊ မြေးလေးဖေဖေရယ်တို့ သုံးယောက်သား လာစောင့်နေကြခြင်းပဲ ဖြစ်ပါတယ်။ မိနစ် ၉ဝ ကြာ ဆရာဝန်က ဗိုက်ခွဲ မွေးတာကို ခွဲစိတ်ခန်းအပြင်က စောင့်နေခိုက် ရင်တွေခုန်တာ တဒိတ်ဒိတ် နဲ့ပဲ။

ဆရာဝန်က အပြင်ထွက်လာပြီး မြေးလေးဖေဖေကို အထဲဝင်ကြည့်ဖို့ ခေါ်တယ်။ မြေးလေးဖေဖေ အပြင်ပြန်ထွက်လာပြီး သားလေးမွေးကြောင်း၊ ကလေးရောမိခင်ပါ ကျန်းမာကြောင်း ပြောပြီး ဘိုးဘိုးတို့ပါ အထဲဝင်ကြည့် ရတယ်။

နှစ်နာရီကြာမတွေ့ရတဲ့ သမီးလေးတော့ မိခင်ဖြစ်ပြီပေါ့။ ခြားနား တဲ့ လူတော့ ဖြစ်ချေပြီပေါ့။ တွေ့ရတာ ပိုတည်ငြိမ်၊ ပိုအသက်ပိုရင့်သလို

ရှိရဲ့။

မြေးလေးကတော့ ချစ်မေတ္တာရဲ့ လက်ဆောင်မွန်တစ်ခုပေါ့။ အနာ တရ ထိခိုက်နာကျင်နေရသူ သားအဖနှစ်ယောက်ရဲ့ မေတ္တာကနေ ပေါ်ပေါက် ဖြစ်ထွန်းလာရသူ၊ လူသားအသစ်စက်စက်ကလေးပါပဲ။

 

မေတ္တာဖြင့်

ဘိုးဘိုး“ပုပ်”

 

 

မင်းလေးရဲ့ ဉာဏ်ပညာကို ပြန်လည်တောင်းဆိုခြင်း

 

ချစ်စွာသော “ဆမ်”

 

သင်နဲ့ သင့်မိဘတွေဘက်မှာ လုပ်ငန်းတွေကိုယ်စီရှိကြတယ်။ သင့် မိဘတွေရဲ့ လုပ်ငန်းတွေအကြောင်း ခဏပြောကြရအောင်၊ ပြီးမှ မြေးလေး ရဲ့ လုပ်ငန်းအကြောင်း ပြောကြမယ်။

မြေးလေးရဲ့ မိဘတွေအလုပ်က မြေးလေးကို ချစ်မြတ်နိုးဖို့နဲ့ မြေး လေးအတွက် အကောင်းဆုံး ကာကွယ်စောင့်ရှောက်ဖို့ပဲပေါ့။ သင့်အပေါ် နားလည်မှုထားရေး၊ သင့်ရယ်မောမှုတွေမှာ ပါဝင်ခံစားရေးပဲ။ မြေးလေး သင့်ကို သူတို့နှစ်ယောက်စလုံးက အမြစ်တွေ၊ တောင်ပံတွေ တပ်ဆင်ပေး ထားမယ်လို့ ဘိုးဘိုး မျှော်လင့်တယ်။ အမြစ်တွေပေးထားတော့ သင့်မှာ မေတ္တာဓာတ်ရယ်၊ လုံခြုံစိတ်ချရမှုရယ်၊ ဂရုစိုက်မှုရယ်တို့ပါ ရရှိတာပေါ့ ။ ကိုယ့်ကိုယ်ကိုယ် ဘာလဲဆိုတာပါ အစစ်အမှန် နားလည်နိုင်တယ်။ တောင်ပံ တွေပါ တပ်ပေးရင်တော့ ကိုယ်လိုရာကို လွတ်လွတ်လပ်လပ် စဉ်းစားနိုင်ပြီး သင့်နှလုံးသား၊ သင့်စိတ်ဦးနှောက်နဲ့ ပြင်ပကမ္ဘာကြီးအကြောင်း လွတ်လပ်စွာ တူးဖော်ရှာဖွေနိုင်စွမ်း ရှိတော့တာပေါ့ကွယ်။ ။

ကောင်းပြီ သင့်အလုပ်၊ မြေးလေးရဲ့ လုပ်ငန်းအကြောင်း ပြောရအောင်။ ဂျူးတွေရဲ့ ဘာသာရေးသင်ကြားချက်ထဲမှာ ကလေးတစ်ဦးဟာ မွေးဖွားစဉ် ကတည်းက ဘုရားသခင်က အဲဒီကလေးရဲ့အတွင်းမှာ သူ့ဘဝအတွက်လိုအပ်သမျှ အသိပညာဉာဏ်နဲ့ ဗဟုသုတတွေ သွတ်သွင်းပေးလိုက်တယ်လို့ ဆိုတယ်။ သည့်နောက် ဘုရားသခင်က ကလေးငယ်ရဲ့နှုတ်ခမ်းပေါ် သူ့ လက်ချောင်းတော်နဲ့ ပိတ်ပြီး “ရှူး”လို့ အရိပ်အမြွက် ပြလိုက်တာကတော့ ဘုရားသခင်က သူနဲ့ ကလေးရဲ့ ကြားမှာ လျှို့ဝှက်ဂိုဏ်းဖွဲ့လိုက်တဲ့ သဘော ပဲတဲ့။ ဒါကြောင့် ကလေးငယ်တိုင်းရဲ့ အပေါ်နှုတ်ခမ်းပေါ်မှာ ဝစီကံကို

စောင့်ထိန်းဖို့ ဘုရားသခင်ရဲ့ လက်ညှိုးရာ ထင်ကျန်ခဲ့ပြီးသားလို့ အဆိုရှိပါ တယ်။

ဒါပေမဲ့ နှစ်တွေကြာညောင်းလာတဲ့အခါ သန့်စင်မှုနဲ့ ဉာဏ်ပညာ တို့က တိုက်စားပွန်းပဲ့ခြင်းခံရတယ်။ ကလေးငယ်တွေဟာ အတွေ့အကြုံ ရဲ့ ပုံသွင်းခြင်းနဲ့ လူလည်ကျ မရိုးမသားဖြစ်လာရတယ်။ ဘဝက တခြား ကွဲပြားရာ တစ်စုံတစ်ခုကို ပြောင်းပစ်တယ်လေ။

နှစ်များစွာက သက်လတ်ပိုင်း လူတစ်ယောက်ကို ဘိုးဘိုးအိမ်ပြတင်း ပေါက်ပြင်ဖို့ ငှားဖူးတယ်။ ဒီလူက အီတလီသံဝဲဝဲနဲ့ ဘာသာရေးမှာ ဂျူးဝါဒ ကိုးကွယ်တယ်လို့ သူက ပြောတယ်။ ဘိုးဘိုးက ပိုစိတ်ဝင်စားသွားတာပေါ့။ အီတလီလူမျိုး နာမည်မှာ နောက်စာလုံးက အီတလီစာလုံး။ အဲဒီ အီတလီ လူမျိုးထဲမှာ “ဂျူဒါ”ဝါဒ ကိုးကွယ်သူ ဘိုးဘိုးတစ်သက် တစ်ခါမှ မတွေ့ ဖူးဘူး။ လူကတော့ ဉာဏ်ကောင်းကောင်း၊ ဘာမဆို နက်နက်ရှိုင်းရှိုင်း ကြည့်တတ်၊ မြင်တတ်ပုံပေါ်သား။

သူနဲ့ စကားပြောကြည့်ချက်အရ ရောမကလာတဲ့ လူငယ်ဖြစ်ပြီး ငယ်စဉ်က ဂျူးဘာသာရေးခေါင်းဆောင် ဓမ္မကထိက ဖြစ်ချင်ခဲ့တယ်တဲ့။ “ဘဝက ရယ်စရာအကောင်းသားဗျ။ ငယ်ငယ်ကတည်းက ဓမ္မကထိက ဖြစ်ချင်ခဲ့တဲ့လူက ခုတော့လည်း ရောမကနေ အမေရိကန် နယူးဂျာစီနယ် ထဲရောက်၊ ပြတင်ပေါက်ပြင်ပေးနေရတယ်”

သူက မိုးပေါ်မော့ကြည့်၊ တစ်အောင့်လောက်စဉ်းစားပြီးမှ ဆက်ပြော တာက

“ကျွန်တော်တို့ဟာ လေးထောင့်ဘဝနဲ့ မွေးလာပြီး သေတော့မှ စက်ဝိုင်းပုံစံဘဝနဲ့ ပြီးသွားတယ်ထင်ပါတယ်” သူ့စကားက စဉ်းစားစရာ။

 

ဘိုးဘိုးကတော့ ထင်ပါတယ်။ ဘဝရဲ့ လောကဓရေပြင်က ဘိုးဘိုး တို့ လူသား ပုထုဇဉ်တွေကို တိုက်ချသွားတော့ မူလပုံစံထောင့်စွန်းလေးခုတွေ ပျက်ပြယ်ကုန်တယ် ထင်ရတာပဲ။ ဒါလည်း ကောင်းတာပါပဲလေ။ ပုံစံသစ်၊ အသွင်အပြင်သစ်တစ်ရပ်ကို အံ့သြဖွယ် ပြောင်းလဲနိုင်ခွင့်ရတာပေါ့။

မွေးကတည်းကပါလာတဲ့ ကြီးမြတ်တဲ့ဉာဏ်ပညာကြီးရဲ့ အစိတ်အပိုင်း တချို့လည်း ဒီလောကဓံလှိုင်းတံပိုးကြားမှာ ပျောက်ဆုံးသွားရပြန်တာပါပဲ။ သည် ဉာဏ်ပညာရှိခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားက ဘိုးဘိုး တို့ နှာခေါင်းအောက်တည့်တည့်မှာ ဘိုးဘိုးတို့နဲ့အတူ တည်ရှိနေဆဲပဲဆိုတာ သေချာတယ်။

သည်တော့ မြေးလေးရဲ့ လုပ်ငန်းက ကိုယ့်မွေးရာပါ ပင်ကို အရည် အချင်းအပေါ် ယုံကြည်စိတ်ချပြီး သင်နဲ့ ဘုရားသခင်တို့ လျှို့ဝှက် ဂိုဏ်းဖွဲ့ ဝစီကံစောင့်ထိန်းရေးစာချုပ် ချုပ်ထားတဲ့အတိုင်း လိုက်နာကျင့်သုံးရင်း သင့်မှာ အမြဲတမ်းရှိခဲ့တဲ့ ဉာဏ်ပညာကို ပြန်လည်တောင်းဆိုဖို့ပဲ ဖြစ်ပါတော့တယ်။

 

မေတ္တာဖြင့်

 ဘိုးဘိုး“ပုပ်”

 

ကျွန်တော်၏ လူ့အဖိုးတန်မြေးလေး“ဆမ်”နှင့်

ကမ္ဘာပေါ်ရှိ “ဆမ်” အားလုံးသို့

သူတို့၏ ထိခိုက်နာကျင်မှုက ကျွန်တော်တို့နှလုံးသားများအား ဖွင့်လှစ်နိုင်ခဲ့၍ သူတို့အတွက် ဂရုစိုက်မှုကို ရှာတွေ့နိုင်ပြီး ကျွန်တော်တို့အတွက်လည်း စွဲလမ်းမှု သံယောဇဉ်ကိုရှာတွေ့နိုင်ပါစေ။