ကောင်းသာ - တင်ပြဆွေးနွေးခြင်း
တင်ပြချက်ရဲ့ သော့ချက်
သင့်မှာ ဆက်သွယ်ဖို့ သတင်းလွှာတစ်ခု ရှိထားတယ်။ တင်ပြချက် တစ်ခု သင် ပေးအပ်ဖို့ ဆုံးဖြတ်တယ်။ သင့်ရဲ့ စဉ်းစားခြင်းနည်းလမ်း တွေက လူတွေအပေါ်မှာ အောင်ပွဲခံနိုင်ဖို့ရာ သင် အလုပ်တချို့တော့ လုပ်ဖို့ လိုအပ်လာလိမ့်မယ်။ ဒါပေမဲ့ သင့်ကို သဘာဝကျကျ လက်ဆောင်ရ ပြည်သူ့တရားဟောဆရာ စကားပြောကောင်းသူအဖြစ် မစဉ်း စားနိုင်ရင်တောင်မှ၊ ဒီဟောပြောမှု တိတိကျကျ အလှမ်းကွာဝေးလွန်းတာ မဖြစ်ရဘူး။
သင့်ရဲ့ တင်ပြချက်က စံဝင်တဲ့ အစီရင်ခံစာလား၊ ထုတ်ကုန်ဖော် ကျူးချက်တစ်ခုလား၊ အရောင်းမြှင့်တင်ချက်တစ်ခုပဲလား၊ ဒါမှမဟုတ် မဟာဗျူဟာတစ်ရပ် လှိမ့်ချလိုက်တာပဲလား၊ ဘာပဲဖြစ်နေပါစေ၊ အကြောင်းမဟုတ်၊ တင်ပြချက် ထိထိရောက်ရောက်လုပ်ခြင်းရဲ့ သော့ ချက်ကတော့ သင့်ပန်းတိုင်တွေ၊ သင့်ပရိသတ်နဲ့ သင့်ကိုယ်သင် ပါ သိနားလည်ရေးတွေပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ ထိုပင်မ အယူအဆ က စဉ်းမျဉ်းတွေအားလုံးကို အကြောင်းကြားထားလေတယ်။
ကဲ ... ယင်းတို့ဆီ ဆက်သွားကြစို့ ။
တင်ပြချက်ကို ဘာကြောင့်လုပ်ပေးတာလဲ
တကယ်လို့ သင့်စီးပွားရေးဆိုင်ရာ ပရိသတ်တစ်ဦးကို သင် တင်ပြဖို့ စီမံနေရင်၊ သင် အကြောင်းကြားချင်၊ သွေးဆောင်ပြောချင်၊ ရောင်းချချင် ကောင်းရောင်းချဖွယ်ရာ ရှိလိမ့်မယ်။ ဒီကိစ္စမှာ အောက်ပါတို့ပါ လုပ် ဆောင်ရလိမ့်မယ်။ * ကိန်းဂဏန်းသစ်တွေ ရှင်းပြတာ။ * သဘောတူချက်တည်ဆောက်ဖို့ အယူအဆ သို့မဟုတ် တုံ့ပြန်အကြံပေးချက်တွေကို ထောက်ခံပေးဖို့ သွေးဆောင်ရတာ။ * လူတွေကို လုပ်ရပ်တွေလုပ်ခိုင်းတာ။ * ပြဿနာတစ်ရပ် ဖြေရှင်းရေးမှာ အကူအညီရှာဖွေတာ။ * စွမ်းဆောင်ရည်တစ်ရပ် ဝယ်ယူဖြစ်ရေး လုပ်ဆောင်ရတာ။
ဒီကိစ္စတွေထဲက တစ်ခုဖြစ်စေ၊ တချို့ကိုဖြစ်စေ၊ သင်လုပ်ဖို့ ကြိုးစား ဖူးပါသလား။ သင့်ရဲ့ ရည်ရွယ်ချက်ကို အထက်ပါစာရင်းလို တိုနိုင်သမျှ အတိုဆုံး ရေးချပါ။
အခု သင် ဘာရေးထားသလဲဆိုတာ ကြည့်လိုက်ပြီး၊ တင်ပြချက် ပေးဖို့ လို မလို မေးကြည့်ပါ။ ဒါက အလုပ်တစ်ခု လုပ်ပြီးဖို့အတွက် အကောင်းဆုံးလမ်း ဟုတ်ပါသလား။
ဥပမာ - သင် ဆိုက်ရောက်ဖို့လိုတဲ့ လူအရေအတွက်က လုံးဝနည်းပါးနေရင် တစ်ဦးချင်းစီကို တေ့တေ့ဆိုင်ဆိုင် မျက်နှာချင်းဆိုင်ပြီး စကားပြောတာက ပိုထိရောက်ပါလိမ့်မယ်။ တကယ်လို့ သင်ပြောမယ့် ပရိသတ်က ကြီးမားကျယ်ပြန့်နေရင် သတင်းလွှာက ရိုးရှင်းနေပါက သင် တုံ့ပြန်အကြံပေးစရာမလိုဘဲ အီးမေးလ်နဲ့ပို့နိုင်တယ်။
တစ်ခါတစ်ရံကျတော့လည်း ဒီလိုဆက်သွယ်တဲ့ပုံစံတွေ မတိကျ တတ်ဘဲ သင့်အနေနဲ့ တင်ပြချက်လုပ်ပေးဖို့ လိုအပ်လာတာ ရှင်းပါ တယ်။ တကယ်လို့ ဒီလိုဖြစ်ရပ်မျိုးဆိုရင် သင့်ဘာသာသင် စတင်လုပ်ဖို့ အသင့်ဖြစ်မယ်။ ထိုရည်ရွယ်ချက်စကားစုကို ကိုင်စွဲထားပြီး အခိုက် အတန့် ခဏတာလောက် လိုအပ်သလို ချရေးပါ။
သင့်ပန်းတိုင်ကို အဓိပ္ပာယ်သတ်မှတ်ရေး
ထိရောက်တဲ့တင်ပြချက်က စဉ်းစားခြင်းအပေါ် အာရုံစူးစိုက်ခြင်းနဲ့ စတင်တတ်တယ်။ သင်ဟာ သင့်ရဲ့ မူလ ပင်မရည်မှန်းချက်ကို တွက် ထုတ်ဖို့ လိုအပ်လိမ့်မယ်။ အဲဒီရည်မှန်းချက်ထဲမှာ လူတွေကို တစ်စုံ တစ်ရာ နားလည်သဘောပေါက်ပြီး လုပ်ရပ်တစ်ခုခု စလုပ်ဖြစ်ဖို့ ယေဘုယျ ပါဝင်တယ်။
သင့်ရဲ့ ကျယ်ဝန်းတဲ့ဦးတည်ချက်
ခပ်စောစောက သင် ရေးချထားတဲ့ စကားစုအတိုချုပ်ဆီ ပြန်သွား ရအောင်။ ဒါကို သင့်ရဲ့ ပန်းတိုင်ကို ဖော်ပြတဲ့ ကျစ်လျစ်တဲ့ ဝါကျတိုလေး တစ်ခုအဖြစ် ပြောင်းပစ်လို့ရတယ်။ “
ငါလိုချင်တာ” နဲ့စတင်ပြီး သင့်ရဲ့ ပရိသတ်ပါဝင်နေရမယ်။
အောက်ပါ ဥပမာတချို့ကို ကြည့်ပါ။
* “ငါ ထုတ်ကုန်အသစ် အယူအဆတွေ အဆိုပြုဖို့အတွက် လုပ်
ငန်းစဉ်အသစ်တွေအကြောင်း ငါ့ဌာနကို အကြောင်းကြားချင် တယ်”။
“ငါ့လုပ်ဖော်တွေကို ငါတို့စလုပ်မယ့် စီမံချက်အတွက် ဦးနှောက် မုန်တိုင်းဆင်တဲ့ အယူအဆတွေ ကူညီပေးချင်တယ်”။
*“လူတွေကို ငါ့အသင်းရဲ့ လုပ်ငန်းစနစ်အသစ်တွေ ဘယ်လို
ကောင်းကောင်းလုပ်နေတယ်ဆိုတာ ပြချင်တယ်”။
* “ကျွန်ုပ်တို့ရဲ့ ထိပ်တန်းအမှုဆောင်တွေအတွက် တိုးတက်ဆွဲ
ထားတဲ့ အကြံပြုချက်အတွဲတစ်တွဲကို အခြားမန်နေဂျာတွေပါ လက်မှတ်ရေးထိုးစေချင်တယ်”။
* “ဒီသုံးလပတ်ကာလအတွက် ကျွန်တော့် အုပ်စုထဲကလူတွေ သူတို့ပစ်မှတ်တွေ ရောက်ဖို့လိုအပ်တဲ့ လက်စွဲကိရိယာတွေ ကျွန်တော် ပေးချင်တယ်”
သင့်ရဲ့ ကျယ်ပြန့်တဲ့ဦးတည်ချက်က အထက်ပါအတိုင်း ဖြစ်ချင်မှ လည်း ဖြစ်နေနိုင်မှာပါ။ ဒါပေမဲ့ ဒါကိုတော့ စကားလုံးနည်းနည်းနဲ့ ရှင်းရှင်းလင်းလင်း အနှစ်ချုပ်ရေးထားသင့်တယ်။
ဘယ်သူမဆို ဒါကို နှစ်ခါပြန်ဖတ်စရာမလိုဘဲ ကောင်းကောင်း သဘောပေါက် နားလည်နိုင်စွမ်း ရှိသင့်ကြပါတယ်။
သင်ဆန္ဒရှိရာရလဒ်
ယခု သင့်ရဲ့ တင်ပြချက်ထဲပါဝင်နေတဲ့ အားလုံး (နောက်ပိုင်း ဆက် ပြောရဦးမယ်။) ထဲကမှ သီးခြားကိစ္စတစ်ခုရဲ့ သင်လိုချင်တဲ့ရလဒ် တွေကို အထူးပြု အာရုံစိုက်ရမယ့်အချိန်ပါပဲ။
ဥပမာ - ပြီးခဲ့တဲ့စာရင်းထဲက အောက်ပါကိစ္စကို အထူးပြု စဉ်းစား ကြည့်ရအောင်။
“လူတွေကို ငါ့ အသင်းရဲ့ လုပ်ငန်းစနစ်တွေကို ဘယ်လို ကောင်းကောင်းလုပ်နေတယ်ဆိုတာ ပြချင်တယ်” ဒီစိတ်အာရုံစွဲငြိစေမယ့် လုပ်ငန်းစနစ်ထဲက တက်ရောက်သူတွေကို သင် ထွက်မသွားစေချင်ဘူး။ ရလဒ်ကို သင် ရှာနေတာပါ။ ဒါတွေက ဘာတွေလဲ။ လူတွေကို သူတို့ရဲ့ နေ့စဉ်အလုပ်ထဲက သူတို့သုံးနိုင်တဲ့ ဒီစနစ်တွေကို သီးခြားနည်းလမ်းတွေနဲ့ သုံးနိုင်ဖို့ကို သင် လိုအပ်နိုင် တယ်။ ဒါမှမဟုတ် တစ်ပတ်အတွင်း အကောင်အထည်ဖော်ရေးဆီကို ပထမဆုံး ခြေလှမ်းလှမ်းရမယ်။ သို့မဟုတ် အတားအဆီးတွေကို သူတို့ ပြဿနာ ဖြေရှင်းပြီး သင့်ထံ ၁၀ ရက်အတွင်း သူတို့တွေ့ရှိချက်တွေ လာရောက် အစီရင်ခံစေချင်လိမ့်မယ်။
ဘယ်လို သင်အလိုရှိရာရလဒ်ပဲရရ ယင်းတို့ကို စာရင်းတစ်ခုအဖြစ် ချရေးပါ။ မှော်ကိန်းဂဏန်းတွေမဖြစ်စေရပါ။ ဒါပေမဲ့ ဒိဋ္ဌအမှန် ဖြစ်စေရ မယ်။ အချက်နည်းပါးလေလေ ပိုကောင်းလေလေပါပဲ။ ဒီလိုနည်းနဲ့သာ သင့်ရဲ့ အာရုံစူးစိုက်မှု ကျပ်တည်းပြင်းထန်လာပြီး သင်နဲ့ သင့်ပရိသတ်ရဲ့ မျှော်လင့်ချက်တွေ သိပ်မြင့်လွန်းတာတွေကို ရှောင်နိုင်မှာပါ။
အောင်မြင်မှုကို သင့်ရဲ့ တိုင်းတာချက်
ကျယ်ပြန့်တဲ့ဦးတည်ချက်နဲ့ ဆန္ဒရှိရာ ရလဒ်တွေနဲ့ လက်ဝယ်ရထား ပြီးရင်၊ သင့်ပန်းတိုင်တွေ ရောက် မရောက်ဆိုတာ သင် ဘယ်လိုတိုင်းတာ ရမလဲလို့ ခွဲခြားသတ်မှတ်ရပါလိမ့်မယ်။
တင်ပြချက်ကို ပရိသတ်အဖွဲ့ဝင်တွေက အယူအဆတွေနဲ့ ခုတ် မောင်း ကျန်ရစ်လိမ့်မယ်လို့ သင် မျှော်လင့်ပါသလား။ တက်ရောက်သူ တွေက၊ ဒီလုပ်ငန်းအတွဲတစ်တွဲကို တစ်စုံတစ်ရာ နောက်ဆုံးရက်စွဲ သတ် မှတ်ချက်နဲ့ ပြည့်စုံအောင် သင်လုပ်ပြီးစေချင်သလား။ အောင်မြင်မှုကို စိတ်အားထန်သန်မှု၊ ဝယ်ဖြစ်သွားမှုတွေလို “ပျော့ပျောင်းညင်သာတဲ့” အချက်အလက်တွေနဲ့ သင် တိုင်းတာဖို့ ကြိုးစားနေသလား။ ထိုအရာတွေ ကို ဘယ်လိုကိုက်တံနဲ့ တိုင်းတာမလဲ။
မက်ထရစ်တွေကို ရှင်းအောင်ထိန်းထား၊ ရပိုင်ခွင့်တွေကို လွယ်ကူ အောင်လုပ်ရင်း၊ သင့်ရဲ့ ပရိသတ်က ဘာကို ဒိဋ္ဌကျကျ ထုတ်လုပ်နိုင်သလဲ ဆိုတာပဲ အရေးပါနေပါတယ်။ ။
တကယ်လို့ သင်ဟာ တုံ့ပြန်အကြံပေးချက်တွေကို ရှာနေရင်း သင် လူတွေကို အနှစ်ချုပ်ပုံစံတစ်ခု၊ သို့မဟုတ် အွန်လိုင်းပေါ် ကွင်းဆင်း လေ့လာမှုတွေကို ပြည့်စုံအောင် ဖြည့်စွက်ခိုင်းရမယ်။ တကယ်လို့ ပစ္စည်း ပေးသွင်းမှုက ဒီအရောအထွေးရဲ့ အစိတ်အပိုင်းဖြစ်နေရင် ထိုအရာတွေ ပါတဲ့ စာရင်းကို လက်ရောက် ပြင်ဆင်ပေးအပ်ရမယ်။ ပရိသတ်အဖွဲ့ ဝင်
တွေ သူတို့နဲ့အတူ သယ်ဆောင်သွားနိုင်မယ့် တင်ပြချက်ကို နားမထောင် လိုက်ရဘဲ၊ လွတ်သွားတဲ့သူတွေကို သင် လွယ်လွယ်ပို့ပေးနိုင်မယ်။ တစ်စုံ တစ်ရာ ရုပ်ဝတ္ထုကျကျ ဖြစ်ရလိမ့်မယ်။