Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - စီးပွါးရေးလုပ်ငန်းစဥ်များတိုးတက်ရေး

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

                   အကြံပေးဆရာရဲ့သဝဏ်လွှာ

                  သင့်ရဲ့ စီးပွားရေးလုပ်ငန်းစဉ်များ ဘာကြောင့်တိုးတက်အောင်လုပ်ရသလဲ

သင့်အဖွဲ့ အစည်းရဲ့ အောင်မြင်မှုဟာ ယင်းရဲ့ စီးပွားရေးလုပ်ငန်းစဉ် တွေကို ဘယ်လောက်ကောင်းကောင်း အကောင်အထည်ဖော်နိုင်သလဲ ဆိုတဲ့ အပေါ်မှာ ကြီးမားတဲ့ အစိတ်အပိုင်းနဲ့ မှီခိုနေပါတယ်။ ဒီလုပ်ငန်း စဉ်တွေရဲ့ လုပ်ရပ်တွေက အသိပညာဗဟုသုတနဲ့ ကုန်ကြမ်းပစ္စည်းတွေကို သို့ သွင်းချက်တွေကို ဖောက်သည်တွေအတွက် တန်ဖိုးတွေက ဖန်တီး ပေးတဲ့ ကုန်ချောတွေနဲ့ ဝန်ဆောင်မှုတွေကို ထွက်ပေါ်ချက်ရလဒ်တွေ အဖြစ် ပြောင်းပေးပါတယ်။ သင့်ကုမ္ပဏီရဲ့ စီးပွားရေးလုပ်ငန်းစဉ်တွေ သင်တိုးတက်စေတဲ့အခါတိုင်းမှာ၊ သင့်အဖွဲ့ အစည်းအတွက် အရေးပါတဲ့ အကျိုးတရားတွေ ခုတ်မောင်းပေးခဲ့ရာမှာ ကုန်ကျစရိတ်ချွေတာရေး စွမ်းဆောင်ရည်ရလာခြင်း၊ ဖောက်သည်တွေရဲ့ သစ္စာရှိမှုကြီးမားလာခြင်း၊ အကျိုးအမြတ်ထွက်ပေါ်ခြင်း ပုံသဏ္ဌာန်တွေနဲ့ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ လုပ်ငန်းစဉ် တိုးတက်မှုရဲ့ သော့ချက်အခြေခံတွေ သင့်ရှာဖွေတွေ့ရှိပါလိမ့်မယ်။ စီးပွားရေးလုပ်ငန်းစဉ်ရဲ့ သဘာဝနဲ့ လုပ်ငန်းစဉ်တိုးတက်အောင်အားထုတ်ခြင်းရဲ့ စရိုက်လက္ခဏာတွေကို သတ်မှတ် ရင်း သင်အကြောင်းရပ်တွေကို ပိုရင်းနှီးကျွမ်းဝင်လာပါလိမ့်မယ်။ လုပ်ငန်းစဉ်အကောင်အထည်ဖော်ရေး၊ စီမံချက်တိုးတက်ရေး၊ စီမံချက် တွေ စီမံကိန်းချခြင်းပါဝင်တဲ့ တည်ရှိဆဲလုပ်ငန်းစဉ်ခွဲခြမ်းစိတ်ဖြာရေး၊ လုပ်ငန်းစဉ်ကို ပြန်ဒီဇိုင်းဆွဲရေး၊ သင့်ရဲ့ လုပ်ငန်းစဉ် ဒီဇိုင်းအသစ် အကောင် အထည်ဖော်ဖို့ အရင်းအမြစ်တွေရရေး၊ လုပ်ငန်းဒီဇိုင်းပြန်ဖော်တာကို လုပ်ရပ်အဖြစ်ပြောင်းရေး၊ လုပ်ငန်းစဉ်အသစ်တွေ အဆက်မပြတ်တိုးနေ ဖို့ စောင့်ကြပ်သွားရေး၊ အစရှိတာတွေအတွက် မဟာဗျူဟာတွေနဲ့ အကြံ ဉာဏ်တွေပါ သင်ရှာတွေ့ပါလိမ့်မယ်။

နှိုင်းရသဘောလုပ်ငန်းစဉ် ရိုးရိုးလေးတစ်ခုမှာ တိုးတက်မှုသေး သေးလေးဖြစ်လာတာတောင်မှ သင့်အဖွဲ့အစည်းအတွက် ကြီးမားတဲ့ အပိုင်းဖြစ်လာနိုင်တယ်။ စီးပွားရေးလုပ်ငန်းစဉ်တိုးတက်မှုရဲ့ အခြေခံ တွေကို သင်ဆရာတစ်ဆူအဖြစ် နိုင်နင်းရင်း၊ သင့်ကုမ္ပဏီရဲ့ ပြိုင်ဆိုင်မှု ကိုထက်မြက်အောင်သွေးနိုင်ပြီး၊ သင့်စီးပွားရေးလုပ်ငန်းကို ရေရှည် အောင်မြင်နိုင်တဲ့နေရာအထိ ရောက်အောင်ပို့ဆောင်နိုင်လိမ့်မယ်။

 

                                       အကြံပေးဆရာ မတ်မက်ဂဒေါ်နယ်

               “မတ်မက်ဂဒေါ်နယ်” Ph.D က စီးပွားရေးလုပ်ငန်းစဉ်ရဲ့ ဒီဇိုင်း တွေနဲ့ စီးပွားရေးလုပ်ငန်း ဗိသုကာလက်တွေ့ လုပ်သူနဲ့ ရှေ့ဆောင် သုတေသနလုပ်သူဖြစ်တယ်။ လက်ရှိမှာ "Garter Executive Programs" ရဲ့ သုတေသနခေါင်းဆောင်လုပ်နေသူဖြစ်ပါတယ်။ ယခင်က "Accenture" ရဲ့ပါတနာတစ်ယောက်ဖြစ်ပြီး၊ အဲဒီမှာလုပ်ငန်းစင်တာရဲ့ လုပ်ငန်းစဉ် ထူးချွန်ပြောင်မြောက်ရေးအတွက် လမ်းညွှန်ဖို့တာဝန်ယူခဲ့ တယ်။ မြောက်မြားစွာသော ကမ္ဘာအနှံ့လုပ်ငန်းစဉ်အသွင်ပြောင်းလဲရေးစွမ်းဆောင်ပေးသူလုပ်ခဲ့ပြီး “စီးပွားရေးလုပ်ငန်းစဉ် အင်ဂျင်နီယာ ပြန်လုပ်ရေးနည်းစနစ်ဗေဒ” လက်စွဲကိရိယာ”နဲ့ “သက်သေထူတဲ့အလေ့ အကျင့်” များရဲ့ စာရေးဆရာလည်း ဖြစ်ပါတယ်။ “မတ်”ရေးသားခဲ့တဲ့

ဆောင်းပါးတွေက “လုပ်ငန်းစဉ်ဒီဇိုင်းတွေ တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ တွေဖြစ်တယ်။

သူက ၂ဝဝဝ ပြည့်နှစ်က "McGraw-Hil" စာအုပ်တိုက်က ပုံနှိပ်ဖြန့်ချိတဲ့၊ "The eProccess Edge" စာအုပ်ကို 'Peter Kenn' နဲ့ ပူးတွဲရေးသားပြုစုခဲ့သူလည်း ဖြစ်ပါတယ်။

 

                                          စီးပွားရေးလုပ်ငန်းစဉ်ဆိုတာဘာလဲ။

မန်နေဂျာတစ်ယောက်အနေနဲ့ သင်ဟာ “စီးပွားရေးလုပ်ငန်းစဉ် တိုးတက်မှု” တို့ “လုပ်ငန်းစဉ်ဒီဇိုင်းပြန်ဆွဲခြင်း” တို့ “စီးပွားရေးလုပ်ငန်း စဉ် အင်ဂျင်နီယာပြန်လုပ်ခြင်း” တို့ သင့်အဖွဲ့ အစည်းအတွင်းမှာ ဆွေးနွေးခဲ့တာတွေ များပြားနိုင်ခဲ့ဖွယ်ရှိတယ်။ ဒီခေါင်းစဉ်တွေက ဘာအဓိပ္ပာယ်လဲဆိုတာ သင်အတိအကျစဉ်းစားရနိုင်မှာမဟုတ်ဘူး။

ပထမဆုံး “စီးပွားရေးလုပ်ငန်းစဉ်” ဆိုတာကို သင်နားလည်ဖို့ ကူညီနိုင်ပါတယ်။ အောက်ပါတွေမှာ အသုံးဝင်နိုင်မယ့် ရှင်းပြချက်တချို့ ကျွန်တော်တို့ပေးလိုက်ပါတယ်။

                                 သွင်းချက်များ၊ လုပ်ရပ်များ၊ ထွက်ပေါ်လာချက်များ။

နည်းပညာအရ စီးပွားရေးလုပ်ငန်းစဉ်တစ်ခုက ဖောက်သည်တွေ အတွက် တန်ဖိုးတစ်ခု ဖန်တီးဖို့လုပ်ငန်းလုပ်ဆောင်မှုတွေခြေလှမ်းအတွဲ လိုက်လှမ်းခြင်းဖြစ်ပါတယ်။ လုပ်ငန်းစဉ်တစ်ခုမှာ အောက်ပါအခြေခံ တန်းတူပါဝင်ချက်တွေရှိကြတယ်။

* သွင်းချက်များ (Inputs)။ သူတို့က လုပ်ငန်းစဉ်ကိုစတာပါပဲ။ ဥပမာအားဖြင့် သင်စက်ဘီးတစ်စီးလုပ်မယ်ဆိုရင် သင့်ရဲ့ Input က တာယာတွေ၊ ဘီးတွေ၊ မူလီတွေ၊ ဝက်အူတွေ၊ ဘိုးတိုင်တွေ၊ ချိန်းကြိုးတွေ၊ ဂီယာတွေစသဖြင့်တို့ ဖြစ်ကြမယ်။

*လုပ်ရပ်များ (Activities)။ ဒီလုပ်ရပ်တွေက ချွင်းချက်တွေကို ထွက်ပေါ်ချက် (outputs) တွေအဖြစ် အသွင်ပြောင်းလဲပေး လိုက်ပါတယ်။ စက်ဘီးဥပမာမှာ လုပ်ရပ်တွေက ဝင်ရိုးတန်း၊

ဘားတန်းတွေ ထိုင်တာ၊ တပ်ဆင်တာ၊ ဘီးတွေတပ်တာ၊ ဂီယာတွေတပ်တာတို့ ပါတယ်။

*ထွက်ပေါ်ချက်များ (outputs)။ တစ်ခါတစ်ရံထွက်ပေါ်ချက် များလို့ ခေါ်ကြတဲ့ outputs ကလုပ်ရပ်တွေရဲ့ ရလဒ်လည်း ဖြစ်ကြတယ်။ အထက်က စက်ဘီးဥပမာမှာ အပြည့်အစုံတပ် ဆင်ပြီးသွားတဲ့ စက်ဘီးက outputs ပဲ။

                               လုပ်ငန်းစဉ်က စက်ဘီးလိုရုပ်ဝတ္ထုပစ္စည်းမျိုးတွေ အကြောင်း စဉ်းစားတဲ့အခါမှာတော့ နားလည်ရပိုလွယ်ကူနေတာပေါ့။ ဒါပေမဲ့ ကုမ္ပဏီတိုင်းမှာ ဒီလိုရုပ်ဝတ္ထုပစ္စည်းတွေ မဟုတ်တဲ့လုပ်ငန်းစဉ်တွေ တည်ရှိ နေကြတယ်။ ဥပမာ စီမံခန့်ခွဲရေးအတိုင်ပင်ခံ ဝန်ဆောင်မှုကုမ္ပဏီ မျိုးမှာ (အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အသိပညာလို) Inputs တွေ၊ (ဝန်ထမ်း တစ်ဦးရဲ့ ဖောက်သည်အဖွဲ့မှာ စာရိတ္တဆိုင်ရာကွင်းဆင်းစစ်ဆေးမှုလို) လုပ်ရပ်တွေနဲ့ (ဖောက်သည်အဖွဲ့ အစည်းမှာ ယဉ်ကျေးမှုပြောင်းလဲချက် စွမ်းဆောင်ရည်အတွက် စီမံကိန်းတစ်ရပ်လို) Inputs တွေရှိပါတယ်။

 

                           လူတွေ၊ နည်းပညာတွေနဲ့ သတင်းအချက်အလက်များ

စီးပွားရေးလုပ်ငန်းစဉ်ကို တန်ဖိုးရှိတဲ့ ထွက်ပေါ်ချက်တွေ၊ ဖန်တီး ပေးတဲ့ နည်းလမ်းတွေနဲ့ လူတွေနည်းပညာရပ်တွေနဲ့ သတင်းအချက် တွေ အတူတူယူဆောင်ပေးတဲ့ ဖြစ်ရပ်အတွဲတွေအဖြစ်လည်း သင်စဉ်းစား နိုင်ပါတယ်။ ဒါကိုလုပ်ဖို့အတွက် သင့်ရုံးခန်း ပတ်ဝန်းကျင်ကို ဖျတ်ခနဲ ကြည့်ဖို့ အခိုက်အတန့်တစ်ခုယူပါ၊ အောက်ပါတို့ကို သတိပြုပါ။

* သင့်ဘေးပတ်လည်က လူတွေက၊ သူတို့လက်ခံရရှိတဲ့ သွင်း ချက်တွေပေါ် အခြေခံပြီး လုပ်ငန်းစဉ်လုပ်ရပ်တွေ အကောင် အထည်ဖော်ကြတယ်။ ဖောက်သည်ရဲ့ မေတ္တာရပ်ခံချက်တွေ လက်ခံရတာမျိုးပေါ့။ သူတို့ရဲ့ ကျွမ်းကျင်မှုတွေ၊ အသိပညာတွေက နောက်ထပ်သွင်းချက်အသစ်တွေ ဖွဲ့စည်းပေးပါတယ်။

 * ဒီလူတွေက မကြာခဏ နည်းပညာနဲ့ အလုပ်လုပ်နေကြတယ်။ ဥပမာ ဆော့ဖ်ဝဲ application နဲ့အင်တာနက်တို့ပေါ့။ ဒီနည်းပညာတွေက လုပ်ငန်းစဉ်ရဲ့ လုပ်ရပ်တွေကို အရန်သင့် လုပ်ပေးတယ်။ ဖောက်သည်ဆီ အီးမေးလ်ပို့တာမျိုး၊ ဖောက် သည်ဆိုင်ရာကိန်းဂဏန်းတွေ ထုတ်တာမျိုးတွေ ဖြစ်တယ်။

 *သတင်းအချက်တွေကတော့ သင့်ဘေးပတ်လည်မှာလည်း ရှိတာပါပဲ။ ဖောက်သည်တွေပေးတဲ့ ဒေတာဘေ့စ်တွေ သင်သိုလှောင်ထားမယ်။ ဒါမှမဟုတ် လူတွေရဲ့ ခေါင်းထဲမှာ ရှိတာတွေပေါ့။ သတင်းအချက်က လုပ်ငန်းစဉ်သွင်းချက် (ကုန်လှောင်ရုံတစ်ခုထဲက အစိတ်အပိုင်းကိန်းဂဏန်းများကို သို့) ဒါမှမဟုတ်ထွက်ပေါ်ချက် (အတိုင်ပင်ပုဂ္ဂိုလ်ရဲ့ အစီရင်ခံ

စာကဲ့သို့) လည်းဖြစ်တတ်တယ်။ အတိုချုပ်အားဖြင့် စီးပွားရေးလုပ်ငန်းစဉ်မှာ သင့်ကုမ္ပဏီက ချိတ်ဆက်ထားတဲ့ လုပ်ရပ်တွေအားလုံး လူတွေသုံးတာ၊ နည်းပညာတွေနဲ့ သတင်းအချက်တွေ အကုန်ဖွဲ့ စည်းပါဝင်နေတယ်။ ဒါတွေ အကောင် အထည်ဖော်ရာမှာ ပန်းတိုင်တွေချမှတ်၊ လုပ်ဆောင်ချက်တွေတိုင်းတာ၊ ဖောက်သည်တွေကို ဝန်ဆောင်ပေး၊ ဒါလုပ်နေစဉ်တက်လာတဲ့ ရှောင်မရ တဲ့ စိန်ခေါ်ချက်တွေကို ဖော်ပြသွားရတယ်။ လုပ်ငန်းစဉ်က သင့်ကုမ္ပဏီ ရဲ့ စစ်ဆင်ရေးတွေထိရောက်မှုရှိဖို့၊ စွမ်းဆောင်ရည်တွေ ကောင်းဖို့ကို ဆုံးဖြတ်တယ်။ သင့်ဖောက်သည်တွေရဲ့ အတွေ့အကြုံ၊ အရည်အချင်း တွေနဲ့ နောက်ဆုံးသင့်အဖွဲ့အစည်းရဲ့ ငွေကြေးအောင်မြင်မှုကိုပါ ဆုံးဖြတ် တယ်။

အဖွဲ့ အစည်းတိုင်းမှာ စီးပွားရေးလုပ်ငန်းစဉ်တွေက ကျယ်ပြန့်တဲ့ ကိန်းဂဏန်းနဲ့ပါဝင်နေကြတယ်။ တချို့ ရိုးရှင်းတဲ့လုပ်ငန်းစဉ်တွေက ဌာန တစ်ခုတည်းအောက်မှာပဲ အကောင်အထည်ဖော်ကြတယ်။ ဖောက်သည် တစ်ယောက်ရဲ့ အမှာစာက ကွန်ပျူတာထဲဝင်လာတာမျိုးလိုပေါ့။ တခြား အရာတွေကတော့ သင့်ကုမ္ပဏီတစ်လျှောက် ပြည့်ပြည့်ဝဝ အကောင် အထည် ဖော်ရတဲ့ ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တွေပါပဲ။ ဥပမာ အောင်မြင်တဲ့ ထုတ်ကုန်တွေ တိုးတက်ထုတ်ရတာမျိုးပေါ့။

 

 

                                   ပုံမှန်နဲ့ ပုံမှန်မဟုတ်သောလုပ်ငန်းစဉ်များ

 လုပ်ငန်းစဉ်တွေက ပုံမှန်ကျ မကျ ဒီဂရီအားဖြင့် အမျိုးမျိုးအစား စားကွဲပြားနိုင်ကြတယ်။ ပုံမှန်မကျတဲ့ လုပ်ငန်းစဉ်မျိုး ဥပမာတစ်ခုကို ကြည့်ပါ။ သင်ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတစ်ခုမှာ ကာလကြာအောင် စွဲစွဲမြဲမြဲအားပေးနေတဲ့ ဖောက်သည်တစ်ဦးက ကုမ္ပဏီက သင့်ထုတ်ကုန် တွေယူနေကျ ပမာဏထက် ၂ ဆ ပိုမှာစဉ် အဲဒီဖောက်သည်က သင့် ကိုလျှော့ဈေးနဲ့ပေးဖို့ တောင်းဆိုလာတယ်။ သင်ဈေးလျှော့မပေးရဘူးလို့ကန့်သတ်တဲ့စည်းမျဉ်းတွေ မရှိဘူး။ လျှော့ပေးရမယ့်နည်းလမ်းတစ်ခုခု တည်ဆောက်ထားတာလည်း မရှိဘူး။ ဒါကြောင့် သင်က ဈေးလျှော့ ပေးလိုက်တယ်။ ပုံမှတ်မဟုတ်တဲ့လုပ်ငန်းစဉ်တစ်ခုသင်ဖန်တီးလိုက်ရုံ မျှပါပဲ။ ဒီလုပ်ငန်းစဉ်ဟာ တစ်စုံတစ်ရာသော အခြေအနေအရသာလုပ် ရတာဖြစ်လို့ လုပ်ရမယ့်ခြေလှမ်းအဖြစ် သင့်ကုမ္ပဏီက မှတ်တမ်းတင် မထားဘူး။ အခုတော့ အနည်းဆုံးအားဖြင့် ဈေးလျှော့ပေးတဲ့လုပ်ငန်း အစီအစဉ်က သင့်ခေါင်းထဲမှာပဲ တည်ရှိပါတယ်။

ပုံမှန်လုပ်ငန်းစဉ်တစ်ခုကို ဥပမာပေးပါဦးမယ်။ ဖောက်သည်တွေ ရဲ့ တယ်လီဖုန်းနဲ့ အင်တာနက်တစ်လျှောက် စိုးရိမ်စိတ်တွေ ဖြေရှင်းဖို့ သင်က call စင်တာတစ်ခု စီမံဖွင့်ထားတယ်။ သင်နဲ့ သင့်အဖွဲ့ က ဖောက်သည်တွေရဲ့ မေးခွန်းတွေဖြေဖို့နဲ့ သူတို့ပြဿနာတွေ ဖြေရှင်းဖို့ အတွက် လုပ်ငန်းအစီအစဉ်အတွဲတစ်ခုထက်သန်စွာ တည်ထောင် လိုက်တယ်။ သင့်အသင်းက ဒီလုပ်ငန်းအစီအစဉ်အတွဲကို မှတ်တမ်း တင်ထားပြီး၊ ဝန်ထမ်းလူသစ်တွေ မှန်သမျှ ဒါတွေလေ့လာထားဖို့ လိုအပ်သလို callစင်တာရဲ့ ဖုန်းတွေမှာ ဝင်အမှုထမ်းဖို့ရာ သင်တန်းတွေ လည်းတက်ရမှာဖြစ်တယ်။ ဒီလိုနည်းအားဖြင့် ဒီလုပ်ငန်းစဉ်တွေက ဖောက်သည်ရဲ့ စိုးရိမ်စိတ်မြင့်မြင့်မားမားပုံဖွဲ့ လာတာကို ကိုင်တွယ်ပါတော့ တယ်။

လုပ်ငန်းစဉ်တွေ တချို့ဟာ ပုံမှန်မဟုတ်တာနဲ့ စတင်ပြီး အဖွဲ့ အစည်းက သူတို့ကို ပုံမှန်ဖြစ်အောင် ဆုံးဖြတ်လိုက်တာမျိုးတွေရှိတတ်ပါ တယ်။ ဥပမာ ဖွင့်ထားသော ဝန်ထမ်းနေရာတစ်ခုအတွက် အလုပ် လျှောက်ထားသူတွေကို အကြံဉာဏ်ပေးဖို့ လက်ရှိဝန်ထမ်းတွေကို တောင်းဆိုထားတဲ့ ပုံမှန်မဟုတ်တဲ့လုပ်ငန်းစဉ်တစ်ခု သင်ဖန်တီးထား တယ်ဆိုပါစို့။ ဒီလုပ်ငန်းစဉ်က မြင့်မြင့်မားမားအောင်မြင်ကြောင်းကိုသက်သေပြတာက အလုပ်က ထွက်သွားမယ့်လူနေရာမှာ လူသစ်တစ်

ယောက် ငှားရမ်းဖြည့်တင်းရေးကို သင်ခွဲခြားသတ်မှတ်နိုင်လာလို့ပဲဖြစ် တယ်။ ဒီအောင်မြင်မှုရဲ့ ရလဒ်တစ်ခုအနေနဲ့ သင့်ကုမ္ပဏီဟာ ဝန်ထမ်း ဖြည့်တင်းမှု၊ အားထုတ်မှုတွေရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခုကို လေ့ကျင့် သွားမယ်လို့ ဆုံးဖြတ်မိတာပါပဲ။ ငှားထားတဲ့ လျှောက်ထားသူတွေကို မှတ်ချက်ပေးနိုင်မယ့် လက်ရှိဝန်ထမ်းတွေ ဆုချရေးတို့၊ ဘောနပ်လစာ အစီအစဉ်တို့လည်း တည်ထောင်နိုင်သေးတယ်။

 

                                       လုပ်ငန်းစဉ် ပြဿနာများ

သင့်အဖွဲ့အစည်းနဲ့ ဆက်နွယ်နေတဲ့ သင်ရယ်၊ သင့်ဘော့စ်ရယ်။ သင့်လုပ်ဖော်ရယ်။ တိုက်ရိုက်အစီအရင်ခံမှုရယ်၊ သင့်ဖောက်သည်တွေ ရယ်၊ သင့်ပေးသွင်းသူတွေပါ၊ လူတိုင်းဟာ နေ့စဉ် နေ့တိုင်းခြားနားတဲ့ လုပ်ငန်းစဉ်အမျိုးမျိုးကို အကောင်အထည်ဖော်နေကြတယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းစဉ်များက မမြင်သာတဲ့အတွက် လူများစွာ ယင်းတို့ အကြောင်းကို သိစိတ်ရှိရှိသိမြင်ခြင်းမရှိဘဲ အဖွဲ့ အစည်းရဲ့ လုပ်ဆောင် ချက်အပေါ် သူတို့ထိတွေ့တာတွေကိုလည်း နားမလည်ကြဘူး။ ဒီအမှား၊ ပြဿနာတွေ သီးပွင့်လာတဲ့အခါ (ဥပမာ ဖောက်သည်ရဲ့ အော်ဒါဖြည့် ထားချက်က မမှန်ကန်ရင်) လူတွေက မကြာခဏ တခြားလူတွေကို အပြစ်ဖို့တတ်ကြတယ်။ မန်နေဂျာတွေမှာလည်း မှားယွင်းသွားတဲ့လူတွေ ကို အစားထိုးဖို့ ပိုက်ဆံနဲ့အချိန်တွေ သုံးကြရပြန်တယ်။ ဒါမှမဟုတ် ပြဿနာတွေ ကျော်လွှားဖို့ ကုန်ကျစရိတ်များနဲ့ နည်းပညာသစ်တွေ ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားရွေးချယ်ရပြန်တယ်။

ဒါတောင်မှ မန်နေဂျာအများစုက ဒီ “ဖြေရှင်းချက်တွေ” အလုပ် မဖြစ်တာတွေ့ကြရပြန်တယ်။ အဆုံးသတ်ကျ အလားတူပြဿနာပဲမျက်နှာပြင်ပေါ်တက်လာပြန်တာပေါ့။ ဘာတွေဆက်ဖြစ်သလဲ။ ဖြစ်လာ တဲအတိုင်းဆိုရင် အဖွဲ့ အစည်းအများစုရဲ့ အခက်အခဲများဟာ လုပ်ငန်း စဉ်အမှားကနေ ပင်စည်ထိုးထွက်လာတာပါ။ တစ်ဦးချင်းမပြိုင်ဆိုင်နိုင် ကြလို့လည်းမဟုတ်။ နည်းပညာတွေမတိကျလို့လည်း မဟုတ်ပါဘူး။ လုပ်ငန်းစဉ်က ပြဿနာကို ဦးတည်ရပ်တည်သွားစေနိုင်တာကို နားလည် ရင်းဖြင့် သင်နဲ့သင့်အသင်းဟာ သင့်ကုမ္ပဏီလိုချင်နေတဲ့ ရလဒ်တွေရ ဖို့ လုပ်ငန်းစဉ်ကို မှန်အောင် ပြန်ပြင်နိုင်ပါတယ်။

                                                               “အမှားကိုရှာမနေပါနဲ့။ ကုသမယ့်ဆေးသာ ရှာဖွေ”

                                                                                                           “ဟင်နရီဖို့ဒ်”

 

 

                     လုပ်ငန်းစဉ်စိတ်ခွင်ချဖူတစ်ရပ်လိုအပ်ခြင်း

                မှန်ကန်တဲ့စီးပွားရေးလုပ်ငန်းစဉ်တည်ဆောက်ရေးဟာ သင့်အဖွဲ့ အစည်းရှင်သန်တည်တံ့ရေးအတွက် မရှိမဖြစ်ဖြစ်တာကြောင့် သင့်နဲ့ သင့်အဖွဲ့ဟာ “လုပ်ငန်းစဉ် စိတ်ခွင်ချမှုတစ်ရပ်” ကိုမှီငြမ်းပြုခြင်းဖြင့် သင့်ကုမ္ပဏီအတွက် ဧရာမတန်ဖိုးကို ဖန်တီးနိုင်ပါတယ်။ သင့်မှာ လုပ်ငန်းစဉ် စိတ်ခွင်ချမှုတစ်ရပ်ရှိလာတဲ့အခါ သင်ဟာ သင့်အုပ်စုအနေနဲ့ တင်သွင်းချက်တွေကနေ လိုလားအပ်တဲ့ ထွက်ပေါ်ချက်တွေ အဖြစ် လှည့်ပြောင်းနိုင်ရေးနည်းလမ်းတွေ တိုးတက်ဖို့ကို ပုံမှန်အချိန်မှန် စဉ်းစား လာနိုင်ပါတယ်။ သင်ဟာ သင့်အုပ်စုရဲ့ စီးပွားရေးလုပ်ငန်းစဉ်မြေပုံဆွဲပြီး တိုင်းတာချက်တွေ သုံးခြင်းဖြင့် အဆိုပါ အရည်အချင်းတွေ နားလည်နိုင် ရေးရှာကြံနိုင်လာမယ်။

သင့်အသင်းထဲမှာ လုပ်ငန်းစဉ်စိတ်ခွင်ချမှုကို သင်ထွန်ယက်စိုက် ပျိုးနိုင်တဲ့နည်းတွေက သင့်အသင်းအဖွဲ့ဝင်တွေ ပါဝင်ဆောင်ရွက်တဲ့