ကောင်းသာ - စီမံခန်ခွဲမှုမြှင့်တင်ခြင်း
စီမံခန့်ခွဲမှုမြှင့်တင်ရေးဆိုတာ ဘာလဲ
သင်သူငယ်ချင်းတစ်ယောက်ကို သူမရဲ့ အလုပ်တွေ အခြေအနေ ဘယ်လိုလဲလို့မေးတဲ့အခါ သူမက “ကျွန်မစီမံခန့်ခွဲမှုကို မြှင့်တင်လိုက်တဲ့ အခါမှာတော့ ကိစ္စတွေတစ်ပုံကြီး ပိုကောင်းလာပါတယ်” လို့ ပြန်ဖြေ တယ်။
သင်ကြောက်ပြီး မဝံ့မရဲဖြစ်နေမိတယ်။ “စီမံခန့်ခွဲမှုမြှင့်တင်ရေး” ဆိုတာ နိုင်ငံရေးပရိယာယ်မျိုးသုံးသလို ဘော့စ်နဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်ရေးမျိုး ဒါမှမဟုတ် ဉာဏ်နီဉာဏ်နက် ကျွမ်းကျွမ်းကျင်ကျင် လှည့် စားတာမျိုးလို့ သင်စဉ်းစားနေနိုင်တယ်။
ကံကောင်းတာက ဒါကိုလုပ်ကိုင်လို့ ပြီးသွားတဲ့အခါ အထက်ပါ ထင်ခဲ့တာတွေ တစ်ခုမှမဟုတ်ကြောင်း သင်တွေ့ရလိမ့်မယ်။ ဒီကိစ္စက နူးညံ့ညင်သာတဲ့ကိစ္စ ဖြစ်နိုင်နေတယ်။ သံသယဖြစ်စရာမရှိပါ။ ဒါပေမဲ့ ဒီကိစ္စမှာ လက်တစ်ဖက်အသာနဲ့ ပါဝါတင်ကစားတာမျိုး သို့မဟုတ် အခြားသူအပေါ် အာဏာပိုင်စိုးမှုပြုပြီး လေးစားနာခံလာအောင် လုပ်တာ မျိုးတော့ ပါဝင်ဖို့မလိုပါဘူး။
“စီမံခန့်ခွဲမှုမြှင့်တင်ရေး”က သင့်ရဲ့ ကြီးကြပ်ရေးမှူးနဲ့ တွဲအလုပ် လုပ်တဲ့အခါ သင်တို့နှစ်ယောက်စလုံး ဂရုစိုက်ကြရမယ့် ပန်းတိုင်တွေ ဆီကို သိစိတ်ရှိရှိ ချဉ်းကပ်မှုနဲ့ ရိုးရိုးလေးလုပ်ကိုင်သွားတာဖြစ်ပါတယ်။ ဒီဦးတည်ချက်က အပြန်အလှန်အကျိုးရှိတဲ့ ဆက်ဆံရေးတစ်ရပ်ကို အား ထုတ်ရယူရေးပဲဖြစ်ပါတယ်။ ဒီစာအုပ်က ဒါတွေ ဘယ်လိုလုပ်ရမယ်ဆို တဲ့ ခြေစလက်နတွေ သင့်ကိုပေးမှာဖြစ်ပါတယ်။
စီမံခန့်ခွဲမှုမြှင့်တင်ရေးထဲ ဘာပါဝင်သလဲ။
သင်က တာဝန်ခံအကြီးအကဲမဟုတ်ရင်တောင်မှ သင့်ရဲ့ ဘော့စ်နဲ့ သင့်ရဲ့ ဆက်ဆံရေးအတွက် အကောင်းမြင်ထုတ်လုပ်မှုကျတဲ့ လေယူလေ သိမ်းတစ်ရပ် သင်ချမှတ်ဖို့တော့ လိုအပ်နေမှာပဲဖြစ်တယ်။ အောက်ပါ ကျွမ်းကျင်မှုတွေရှိဖို့ လိုအပ်ပါတယ်။ • သင့်ကိုယ်သင်နဲ့ သင့်မန်နေဂျာကို ကောင်းကောင်းသိနားလည်
နေခြင်း။ • နှစ်ဦးနှစ်ဖက်စလုံးရဲ့ မျှော်လင့်ချက်များကို စီမံခန့်ခွဲခြင်း။ • ထက်မြက်ပါးနပ်တဲ့ နားတစ်ဖက်နဲ့ နားထောင်ခြင်း။
ရှင်းလင်းပြတ်သား၊ အာဏာပိုင်စိုးမှုရှိတဲ့ အသံတစ်သံနဲ့ ဆက်
သွယ်ခြင်း။ • သံတမန်ရေးနည်းလမ်းနဲ့ စေ့စပ်ဖျန်ဖြေခြင်း။ • ဆက်ဆံရေးကို ယင်းတိုးတက်ဖြစ်ပေါ်နေစဉ်မှာ ကြီးကြပ်ဦး
ဆောင်ခြင်း။ • လိုအပ်သလို ပြန်လည်သန့်စင်မွမ်းမံရေးကို လုပ်ဆောင်ခြင်း။
သင်ဒီလိုစဉ်းစားနိုင်တယ်။ “ဘာ့ကြောင့် ငါအသာ နောက်ပြန်ဆုတ်ပြီး ဒါတွေအားလုံးကို
ငါ့ဘော့စ်ကသာ ကိုင်တွယ်ရမှာ မဟုတ်ဘူးလား။ မန်နေဂျာတစ်ယောက် က စီမံဆောင်ရွက်ရမှာရော မဟုတ်ဘူးလား”
ဒါပေမဲ့ ခေါင်းမော့ရင်ကော့ပြီးရပ်နေရင် ဒီစည်းမျဉ်းအပေါ်မှာ ဘယ်သူမှ အကူအညီပေးမှာမဟုတ်တော့ပါ။ ဒါတွေအပြင် စီမံခန့်ခွဲမှု မြှင့်တင်ရေးရဲ့ အကျိုးအာနိသင်တွေ သင်လွတ်သွားနိုင်ပါတယ်။ ဒီအကျိုး အာနိသင်တွေ နောက်တစ်ဆင့်မှာ သင်ဖတ်ရမှာပါ။
စီမံခန့်ခွဲမှုမြှင့်တင်ရေးက ဘာ့ကြောင့် အသုံးဝင်ရတာလဲ။
စီမံခန့်ခွဲမှုမြှင့်တင်ရေးက သင့်ကုမ္ပဏီနဲ့ သင့်ဘော့စ်တို့အတွက် သင်လိုအပ်သမျှ အကောင်းဆုံးလုပ်ငန်းတွေ ဝယ်ယူဖြစ်ရေးနဲ့ အရင်း အမြစ်ရရေးမှာ သင့်ကိုကူညီနိုင်ပါတယ်။ သင်ရယ်၊ သင့်မန်နေဂျာရယ်။ သင့်အဖွဲ့ အစည်းရယ်တို့က အပြန်အလှန် မှီခိုနေကြတယ်။ ဒီအချက်ကို သင်အသိအမှတ်ပြုထားမှသာ အလုပ်ကိစ္စတွေ ပြီးမြောက်စေမယ့် အား
ကောင်းယုံကြည်ရတဲ့ ဆက်ဆံရေးတစ်ရပ်ကို ပြုစုပျိုးထောင်နိုင်မှာဖြစ်ပါ တယ်။ သင်နဲ့ သင့်မန်နေဂျာတို့ဟာ ပြဿနာဖြေရှင်းရေးကို အတူတူ စိတ်ချလက်ချ ဆောင်ရွက်ကြရာမှာ ထိုပြဿနာတွေအကြောင်း ပြောရုံ သက်သက်၊ လျစ်လျူရှုရုံသက်သက် သို့တည်းမဟုတ် တံမြက်စည်း လှည်းရုံ သက်သက်ထက်တော့ ပိုကဲပါတယ်။ သင်နဲ့ မန်နေဂျာ နှစ်ဦး စလုံး အလုပ်ထဲမှာ ကျေနပ်အားရဖြစ်မှု ပိုခံစားမိလာကြမှာပါ။ ။
အောက်ပါဥပမာသာဓကဖြစ်ရပ်တစ်ခုကို စဉ်းစားကြည့်ကြရအောင်။ (ဒါရိုက်တာအသစ်တစ်ယောက်ဖြစ်သူ ဆမ်” က ပုံမှန်အလုပ် လုပ်တတ်သူဖြစ်တယ်။ လုပ်ငန်းရှုံးနိမ့်သူတစ်ယောက်နေရာမှာ ပင်ကို ဉာဏ်နဲ့ ချဉ်းကပ်တတ်သူတစ်ယောက်နဲ့ အစားထိုးခန့်လိုက်တယ်။ “ကာလာ”ဆိုသူ ထိုလူသစ်က သူ့ဆီတိုက်ရိုက် အစီရင်ခံရသူဖြစ်တယ်။
သူမက စီမံခန့်ခွဲမှုမြှင့်တင်ရေးရဲ့ အရေးပါပုံကို သိနားလည်ထားသူပါပဲ။ သူမက “ဆမ်”ကို သတင်းတွေနဲ့ ခေတ်မီနောက်ဆုံးအချက်အလက်တွေ ဘယ်လိုလက်ခံရတာကြိုက်သလဲလို့ မေးတယ်။ “ဆမ်” က အစီရင်ခံစာ တွေကို အစည်းအဝေးမတိုင်မီမှာ ကြိုတင်ဖတ်ရှုသုံးသပ်ရတာကို ကြိုက်
ကြောင်း၊ သို့မှသာ အစည်းအဝေးတွေကို တိုတိုတုတ်တုတ် ဆောက် တည်နိုင်မယ်လို့ ပြန်ကြားတယ်။ ဒါကြောင့်မို့ “ကာလာ”က “ဆမ်” နဲ့ အစည်းအဝေးမတိုင်မီမှာပဲ နောက်ခံအချက်အလက်ကိန်းဂဏန်းတွေနဲ့ ဆွေးနွေးမယ့် အစီအစဉ်တွေ သူ့ဆီပေးပို့လိုက်တယ်။ ရလဒ်တွေက ဘာတွေရလိုက်သလဲ။ တစ်သင်းလုံးရဲ့ လုပ်ဆောင်ချက်တွေ တိုးတက် ရေးအတွက် ပြဿနာတွေ ဖြေရှင်းရာမှာ တီထွင်ဆန်းသစ်လာပြီး အစည်း အဝေးတွေမှာ ထုတ်လုပ်မှု မြင့်မားလာတာပါပဲ။ “ဆမ်”ရဲ့ အသွင်ကူး
ပြောင်းရေးက ချောမောသွားပြီး သူနဲ့ကာလာတို့ရဲ့ မိတ်ဆွေဖြစ်ရင်းနှီးမှု လည်း မြန်ဆန်စွာ တိုးတက်လာတယ်။ အလုပ်လုပ်တဲ့ ဆက်ဆံရေးတွေ လည်း ထိရောက်လာတော့တာပါပဲ။)
“ကာလာ”ရဲ့ အတွေ့ အကြုံက ဆမ်”ရဲ့ နောက်ထပ် တိုက်ရိုက် အစီရင်ခံရသူ ‘လာရီ” နဲ့ ဆန့်ကျင်နေပါတယ်။
(“လာရီ”က ဆမ်ရဲ့ စတိုင်က ထိန်းချုပ်ရမှုများလွန်းတယ်လို့ထင် တယ်။ အထူးသဖြင့် သူက စီမံခန့်ခွဲမှုမြှင့်တင်ရေးကို စိတ်မဝင်စားဘူး။ ဆမ်က ဘာကို တန်ဖိုးထားသလဲဆိုတာကို သူက မလေ့လာဘူး။ ဒါ
ကြောင့် ဆမ်ဆီက ညွှန်ကြားချက်တွေ သူ မတောင်းခံဘူး။ အစည်း အဝေးမတိုင်မီမှာ နောက်ခံသတင်းအချက်တွေလည်း သူမပြင်ဆင်ပေး သလောက်ပါပဲ။ “ဆမ်” ရဲ့ မေးခွန်းတွေနဲ့ ပတ်သက်လို့ မျက်ကန်းလိုပဲ ခံစားနေရတယ်။ တွေ့ဆုံစကားပြောတိုင်း မထုံတက်သေးဖြစ်နေတယ်။ လာရီနဲ့ဆမ် တွေ့ဆုံရတာ မကြာလိုက်ဘူး။ ပြီးမြောက်မှု၊ အလုပ်ဖြစ်မှု