ကောင်းသာ - စဥ်းစားဖို့မွေးလာတာ
“သင်ဘဝကို နေထိုင်နိုင်ရေး နည်းလမ်းနှစ်ရပ်ပဲ ရှိပါတယ်။ တစ်လမ်း က ဘယ်အရာမှ အံ့ဖွယ်သရဲမဟုတ်သလို နေသွားဖို့ပါ။ နောက် နည်း လမ်းတစ်လမ်းကတော့၊ အရာရာတိုင်း အံ့ဖွယ်သရဲတွေချည်းပဲလို့ သဘောထားနေသွားဖို့ပဲ ဖြစ်ပါတယ်” ။
အယ်လ်ဘတ်အိုင်းစတိုင်း
အယ်လ်ဘတ်အိုင်းစတိုင်း လူ့လောကထဲ စတင်ဝင်ရောက်လာတာ ၁၈၇၉ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့။ ဂျာမနီပြည် `အမ်း” မြို့မှာ ဖြစ်ပါတယ်။ သာမန်ထက် ထူးကဲတဲ့ ကလေးတစ်ယောက်ပုံ မပေါက်ခဲ့တာ သေချာ တယ်။ ထူထဲနက်မှောင်တဲ့ ဆံပင်တွေနဲ့ သူဟာ ဝကစ်ကစ်နဲ့ ဖြူလျော်လျော် ရှိခဲ့တယ်။ တော်တော်နှုတ်နည်းတဲ့ ခပ်အေးအေးကုပ်ကုပ်ကလေး ဖြစ်ပြီး ရှက်တတ်၊ ကြောက်တတ်တဲ့အတွက် သူ့ကို တစ်ခုခုများ ချို့ယွင်း နေသလားလို့ မိဘတွေက ပူပင်သောက ဖြစ်ကြရသေးတယ်။ သည်လိုနဲ့ သူ့ကို ဆရာဝန်တွေဆီခေါ်သွားပြီး ပြတယ်။ “သည်ကလေး စကားမပြော ဘူး” လို့ မိဘတွေက ရှင်းပြတယ်။ ဆရာဝန်တွေက ဆေးစစ်ကြည့်တော့ လည်း သူ့မှာ ဘာရောဂါမှ မတွေ့ကြရဘူး။
သည်လိုနဲ့ တေမိဇာတ်ခင်းသွားတယ်။ အယ်လ်ဘတ် အသက် သုံးလေးနှစ်ထိအောင် စကားတစ်လုံးမှာ မပြောဘူးတဲ့။ သည့်နောက် ရုတ်တ ရက် တစ်ည ညစာ စားနေခိုက်မှာ “သည်စွပ်ပြုတ်က တယ်ပူလှချည်လား” လို့ စကား စပြောပါတော့တယ်။ အကြီးအကျယ် စိတ်သက်သာရာ ရသွား တဲ့ မိဘနှစ်ပါးက သူ ဘာလို့စကားတစ်ခွန်းမှ မပြောဘဲ ဝစီပိတ်နေလာ ခဲ့တာလဲလို့ မေးကြည့်ကြတော့ “ဘာကြောင့် နှုတ်ပိတ်နေရတာလဲဆိုတော့အခုထိအောင် ဘာမဆို ဟန်ကျနေလို့ပါပဲ” လို့ ပြန်ဖြေသတဲ့။ သည်ပုံပြင် မှန်မှ မှန်ရဲ့လားမသိ။ သက်သေအထောက်အထားတော့ မရှိ။
သူ့လို အရွယ်မှာ ကောင်လေးတွေအများစုက စစ်သားလုပ်တမ်း ကစားကြတယ်။ လုံးလား ထွေးလား၊ ထိုးတမ်း ကြိတ်တမ်း ခပ်ကြမ်းကြမ်း ကစားနည်းတွေ ကစားကြတယ်။ အယ်လ်ဘတ်ကတော့ မပါဘူး။ အသက် ကင်းမဲ့သလို မျက်နှာသေတွေနဲ့ ချီတက်လာတဲ့ စက်ရုပ်ဆန်ဆန် စစ်သား အစစ်တွေကို မြင်ရတဲ့ အယ်လ်ဘတ်က စစ်သားတွေကို ကြောက်နေတတ် တယ်။ အယ်လ်ဘတ်က သူ့ဟာသူ တစ်ယောက်တည်းနေရင်း နေ့လယ် အိပ်မက်မက်နေရတာမျိုး ပိုကြိုက်တယ်။ သူ ဝါသနာပါတဲ့ ကစားနေကျ ကစားနည်းက အတုံးလေးတွေနဲ့ အိမ်ဆောက်တာ၊ ကဒ်ပြားလေးတွေနဲ့ တိုက်ဆောက်တမ်းကစားတဲ့ နည်းဖြစ်တယ်။ သူ ဆောက်တဲ့ ကဒ်ပြားတိုက် တွေက တစ်ခါတလေ ဆယ့်လေးထပ်ထိ မြင့်တယ် ဆိုပဲ။
တစ်ကိုယ်တော် အထီးကျန် အေးအေး၊ နှုတ်ဆိတ်ဆိတ်နဲ့ ကုပ်နေ တတ်တဲ့ သားဖြစ်သူကို မိဘတွေက ဆက်ပြီး စိုးရိမ်သောက ဖြစ်လာရ ပြန်တယ်။ သားကို ဆရာဝန်တွေဆီ ခေါ်ခေါ်ပြီး ဆေးစစ်ခိုင်းရတယ်။ “သား ရဲ့ ဦးနှောက်ထဲမှာ တစ်ခုခု မှားယွင်းတာပဲ ဖြစ်ရမယ်” နောက်ထပ် စစ်ဆေး ရပြန်တဲ့ ဆရာဝန်တွေဟာ သည်ကောင်လေးမှာ ဘာရောဂါမှ မတွေ့ရပြန် ဘူး။ သူ့နဂိုသဘာဝအတိုင်းပဲ တွေ့ရတယ်။ တိတ်တိတ်ဆိတ်ဆိတ်၊ ခပ် အေးအေးနဲ့ တွေးချင်ရာတွေးနေသူ၊ အတွေးသမားတစ်ယောက် ဖြစ်နေ တော့တယ်။
| အယ်လ်ဘတ်ရဲ့ အဖေနဲ့ ဦးလေးတို့မှာ ဘက်ထရီတွေ၊ ဂျင်နရေ တာတွေ၊ ဝါယာကြိုးတွေ ရောင်းတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ရှိတယ်။ လျှပ်စစ်ဓာတ်က အယ်လ်ဘတ်ရဲ့ စိတ်အာရုံကို ဆွဲဆောင်သိမ်းသွင်းနိုင်ပါ တော့တယ်။ လျှပ်စစ်ဓာတ်ဟာ မမြင်ရတဲ့ တန်ခိုးရှိပြီး အန္တရာယ်ပေးတတ် တဲ့ အရာပါ။ လျှပ်စစ်ဓာတ်ဟာ လျှို့ဝှက်နက်နဲတဲ့ ဂမ္ဘီရလျှို့ဝှက်ချက်တချို့ နဲ့ တူနေတယ်။ အယ်လ်ဘတ်က သူ့အဖေနဲ့ ဦးလေးကို မေးခွန်းတွေ တစ် ပုံတစ်ခေါင်း ပြွတ်သိပ်အောင်မေးပြီး စိတ်အိုက်အောင်လုပ်တယ်။ လျှပ်စစ် ဓာတ်က ဘယ်လောက်ထိ လျင်မြန်သလဲ။ လျှပ်စစ်ကို မြင်နိုင်တဲ့နည်း ရှိသလား။ ဘာနဲ့လုပ်ထားတာလဲ။ တကယ်လို့ စကြဝဠာထဲမှာ လျှပ်စစ်ဓာတ် သာ ရှိမနေရင် တခြားထူးဆန်းနက်နဲတဲ့ လျှို့ဝှက်တဲ့စွမ်းအားတွေ ရှိနိုင် ပါ့မလား။
မြင်ရတဲ့ ရှင်းပြလို့ရတာထက်၊ မမြင်နိုင် ရှင်းပြလို့မရနိုင်တဲ့ ကမ္ဘာ တစ်ခုအကြောင်း တွေးတောစဉ်းစားရတာမျိုးကို အယ်လ်ဘတ်က နှစ်သက် တယ်။ နောက်ပိုင်း သူပြန်ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းက ခုလိုပါ။
“စိတ်ကူးဉာဏ်က ဗဟုသုတထက် ပိုအရေးပါတယ်။ ဗဟုသုတက အကန့်အသတ်ရှိတယ်။ စိတ်ကူးဉာဏ်က ကမ္ဘာလောကို လွှမ်းခြုံဝန်းရံ ထားတယ်”
အယ်လ်ဘတ်ဟာ သူ့ဖခင်ပေးထားတဲ့ ကွန်ပါတစ်ခုကိုလည်း စွဲစွဲ လမ်းလမ်း အာရုံကျနေတယ်။ သည်ကွန်ပါကို သူ ဘယ်လိုကိုင်ကိုင်၊ ကွန်ပါ အိမ်မြောင်လက်တံက အမြဲတမ်း တစ်နေရာတည်းပဲ ညွှန်နေတတ်တယ်။ မြောက်အရပ်မျက်နှာပါ။ သူက ကွန်ပါကို ဇောက်ထိုးထားကြည့်တယ်။ ဘေးတိုက် စောင်းစောင်းထားကြည့်တယ်။ မှောင်ထဲမှာ ထားကြည့်တယ်။ ဘယ်လိုလုပ်လုပ်၊ ကွန်ပါအိမ်မြှောင်က အမြဲတစ်နေရာတည်းပဲ ညွှန်နေ တတ်တယ်။ ဘာကြောင့် ဖြစ်ရတာလဲဆိုတာ အယ်လ်ဘတ် စဉ်းစားလို့ မရဘူး။ ကမ္ဘာကြီးက ဧရာမသံလိုက်တုံးကြီးနဲ့ တူနေတဲ့အကြောင်း၊ ကွန်ပါ ထဲက သံလိုက်အိမ်မြောင်လက်တံလေးကို ကမ္ဘာ့သံလိုက်စက်က အမြဲဆွဲ ထားတာဖြစ်တဲ့အကြောင်း သူ့ဖေဖေက ရှင်းပြပါတယ်။ အယ်လ်ဘတ်က သူ့ဘေးနား ပတ်ပတ်လည်နေရာတိုင်းမှာ သည်လိုထူးဆန်းပြီး တန်ခိုးရှိတဲ့ စွမ်းအားတချို့ရှိတာ သိရလို့ အံ့သြနေမိတယ်။ သန်စွမ်းအားကို သူ မြင် လည်း မမြင်ရ၊ ထိတွေ့ခံစားကြည့်လို့လည်း မရ၊ ရှိတော့ ရှိနေတာအမှန် ပါ။ ကွန်ပါအိမ်မြှောင်က ပြနေတာပဲ။
အယ်လ်ဘတ်တစ်ယောက် ပိုပြီးစဉ်းစားရမယ့်အကြောင်းတွေ ရှိလာ ရပြီ။ သူ့အတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေအကြောင်း၊ သူ့ကို ကျောင်း က သင်မပေးဘူး။ ဒါကြောင့် ၁ဝ နှစ်သားအရွယ်မှာ သူ့ကိုယ်သူ ပညာ စ သင်ကြားတော့တယ်။ သိပ္ပံပညာအကြောင်းတွေ သူတတ်နိုင်သလောက် များများ ဖတ်ရှုတော့တယ်။
“သံလိုက်ကမ္ဘာ”
သံလိုက်တွေက မမြင်ရတဲ့ စွမ်းအားတွေဖြစ်တယ်။ သံလိုက် တိုင်းမှာ အစွန်းနှစ်ဖက် ရှိကြတယ်။ “မြောက်ဝင်ရိုးစွန်း” လို့ ခေါ်တာ တစ်ခု၊ ‘တောင်ဝင်ရိုးစွန်း လို့ ခေါ်တာ တစ်ခုဖြစ်တယ်။ သံလိုက်တစ်ခုရဲ့ မြောက်ဝင်ရိုးစွန်းက တခြားသံလိုက်ရဲ့ တောင်ဝင် ရိုးစွန်းကို ဆွဲငင်တယ်။ ဆန့်ကျင်ဘက် ဝင်ရိုးစွန်းတွေက အချင်းချင်း ပိုနီးအောင် တွဲကြလို့ ခွာမရအောင် ထိကပ်သွားတတ်တယ်။ ဝင်ရိုးစွန်း အချင်းချင်း၊ မြောက်က မြောက်နဲ့၊ ဒါမှမဟုတ် တောင်က တောင်နဲ့ အတူကပ်ဖို့ ကြိုးစားကြည့်ရင်တော့ ကပ်မရတဲ့အပြင် တွန်းကန်ကြ တယ်။
ကမ္ဘာကြီးရဲ့ အလယ်မှာ သံတွေခဲရှိတယ်။ အဲဒါတွေက သံလိုက်စွမ်းအားတွေ ထုတ်လွှတ်တာပါ။ ကမ္ဘာကြီးကိုယ်တိုင်က မြောက် ဝင်ရိုးစွန်း(မြောက်ဝင်ရိုးစွန်းအနီး) တစ်ခုနဲ့ တောင်ဝင်ရိုးစွန်း(တောင်ဝင်ရိုး စွန်းအနီး) တစ်ခု ပါရှိနေတာဖြစ်တယ်။ ကွန်ပါတစ်ခုရဲ့အိမ်မြှောင်က သံလိုက်ဖြစ်နေတာပဲ။ သည်အိမ်မြှောင်လက်တံ အစွန်းတစ်ဖက်က ကမ္ဘာရဲ့ မြောက်ဝင်ရိုးစွန်းဆွဲရာ ပါနေပြီး ကျန်ထိပ်တစ်ဖက်က ကမ္ဘာ့တောင်ဝင်ရိုးစွန်းဆွဲရာကို ပါတယ်။ ကွန်ပါအိမ်မြှောင် တစ်ဖက်ထိပ်မှာ မြားခေါင်းရှိပြီး၊ အမြဲ မြောက်အရပ်ကို ညွှန်ပြနေတယ်။
အယ်ဘတ်က တယောထိုးတာလည်း ဝါသနာပါတယ်။ သူ့ရဲ့ တက် ကြွနေတဲ့ စိတ်ဦးနှောက်ကို ဂီတက ငြိမ်းသက်စေတယ်။ အထူးသဖြင့် သူ့ မိခင်နဲ့ နှစ်ယောက်တွဲပြီး တယောထိုးရတာ သူ ပိုကြိုက်တတ်တယ်။ အမေ က စန္ဒရားတီးရင်း အဖော်လုပ်ပေးတယ်။ တစ်နေ့မှာ သားအမိနှစ်ယောက် ပူးတွဲတီးနေရင်း ဂီတသင်္ကေတတွေက ကိန်းဂဏန်း၊ နံပါတ်အတွဲ၊ အကွက် တွေနဲ့ တူနေတာကို အယ်လ်ဘတ်က ရုတ်တရက် နားလည်သဘောပေါက် သွားတယ်။ ဂီတက သံစဉ်အနိမ့်အမြင့်တွေက ဂဏန်းတွေကို သုံးစုတွဲလေးစုတွဲ၊ ရှစ်စုတွဲတွေအဖြစ် ပိုင်းခြားရေတွက်နေတာနဲ့ တူနေတယ်။ “ဂီတ က ဂဏန်းတွေနဲ့ တူနေတော့တာပဲကိုး” လို့ သူက မိခင်ဖြစ်သူကို ထုတ်ပြောပါတယ်။ (အယ်လ်ဘတ်ဟာ အကြောလျှော့ အနားယူနေစဉ်မှာပင် စဉ်းစားခန်းဝင်နေတတ်ပါတယ်။)
နောက်ပိုင်း အယ်လ်ဘတ် ကျော်ကြားလာပြီး ကမ္ဘာတစ်ဝန်း ခရီး လှည့်တဲ့အခါမှာ သူနဲ့တစ်ပါတည်း ကိုယ်နဲ့မကွာ ယူသွားတတ်တဲ့ ပစ္စည်း နှစ်မျိုးပဲ ရှိတယ်။ အဲဒါတွေက သူ့ခရီးဆောင်သေတ္တာငယ်နဲ့ တယောတို့ ပဲ ဖြစ်ပါတယ်။
အယ်လ်ဘတ် တစ်နှစ်သားအရွယ်ရောက်လာတဲ့အခါ သူ့မိသားစု ဟာ ဂျာမနီနိုင်ငံ မြူးနစ်မြို့ကို ရွှေ့ပြောင်းနေထိုင်ကြပါတယ်။ အဲဒီမှာ သူ့ ညီမလေး “မာဂျာ” ကို မွေးဖွားတယ်။ အယ်လ်ဘတ်က သူ့ညီမလေးကို ကစားစရာအရုပ်တစ်ရုပ် ဖြစ်လာမယ်လို့ထင်နေခဲ့တာပါ။ ဒါပေမဲ့ “မာဂျာ” က ကစားစရာအရုပ်တွေလို ဘီးမပါလာတာတွေ့ရတော့ “သည်အရုပ်မှာ ဘီးတွေ ဘယ်ရောက်ကုန်တာလဲ” လို့ မိဘတွေကို မေးကြည့်တယ်။ ကလေး ပေါက်စလေးကို သူ အတော်စိတ်ပျက်သွားတာ ရှင်းနေတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဘီးမပါတဲ့ ကလေးမလေး မာဂျာဟာ အယ်လ် ဘတ်ရဲ့ အကောင်းဆုံးမိတ်ဆွေဘဝ မဆိုင်းမတွ ရောက်လာပါတယ်။ မောင် နှမနှစ်ယောက်သား အရွယ်ရောက်စပြုလာစဉ် နှစ်ယောက်အတူတွဲလို့ ခရီး ရှည်လမ်းအတူ လျှောက်၊ တောင်တွေ ဘာတွေ တက်ကြတယ်။ သူတို့ရဲ့ ဝမ်းကွဲတွေလည်း မကြာခဏ သူတို့နဲ့ပူးပေါင်းလာတတ်တယ်။ တောင် ကုန်းပိုမြင့်မြင့် တက်နိုင်လေလေ၊ အယ်လ်ဘတ်ကို ပိုကောင်းကောင်း စဉ်း စားလာနိုင်လေလေ ဖြစ်ပါတယ်။ သည်စဉ်းစားမှု တောင်ကုန်းတွေပေါ်မှာ သူ့ရဲ့ ကွန်ပါကိုသုံးရင်း သည်ကမ္ဘာကြီး ဘယ်လောက်ထိအောင် လျှို့ဝှက် နက်နဲသလဲဆိုတာကို တွေးတောစဉ်းစားနေတတ်တယ်။ မြက်ခင်းပေါ် ကျော ခင်း ပက်လက်လှန်အိပ်ရင်း၊ မိုးကောင်းကင်တည့်တည့် ကြည့်စဉ် အာ ကာသအကြောင်း သူ စဉ်းစားတွေးတောနေလေ့ရှိရဲ့။ သည်အာကာသ ထက် ပိုဝေးတဲ့နေရာတစ်ခုခုများ ရှိသလား။ အဲဒီနေရာကို တစ်ယောက်
ယောက်က သွားမယ်ဆိုရင် ဘယ်လောက်မြန်မြန်နဲ့ ရောက်နိုင်မလဲ။ သည် ကြယ်တာရာတွေရဲ့ အလင်းရောင်တွေက သင်တို့မျက်လုံးထဲအထိ ရောက် လာဖို့ လမ်းတစ်လျှောက်လုံး ဘယ်လိုများ လာခဲ့ရသလဲ။ အာကာသကဘယ်လောက်ဝေးဝေးထိ သွားနေသလဲ။ အလင်းတန်းတစ်ခုပေါ် သင်ခွစီး လိုက်သွားလို့ ရနိုင်မလား။ စကြဝဠာထက် ပိုကြီးမားတဲ့ အရာတစ်ခုခုကော ရှိသေးသလား။
အယ်လ်ဘတ်ဟာ စဉ်းစားတွေးတောဖို့အတွက် သက်သက်နဲ့ မွေး ဖွားလာပုံရပါတယ်။ သူ့အဖေနဲ့ ဦးလေးတို့က သူ စဉ်းစားတွေးတောတာ ကို ကူညီလမ်းညွှန်ပေးကြတယ်။ သူ့ညီမလေးနဲ့ ဝမ်းကွဲတွေကလည်း သူ့ စဉ်းစားမှု အတွေးခရီးရှည်ကို အားပေးကြတယ်။ အယ်လ်ဘတ်က သင်္ချာ နဲ့ သိပ္ပံပုစ္ဆာပြဿနာတွေ စဉ်းစားတွက်ချက်ရာမှာ သူ့ကို ကူညီမယ့် စာ အုပ်တွေ ရှာတွေ့တယ်။ သူ့အမေကလည်း သူ့ကို ဂီတနဲ့ မိတ်ဆက်ပေး တယ်။ သည်ဂီတက သူ့စိတ်ကို စာအုပ်တွေက လုပ်မပေးနိုင်တဲ့နည်းလမ်း တစ်ခုနဲ့ ချိတ်ဆက်ပေးတယ်။ တချို့ကလေးတွေက ကြီးလာရင် စက်ပြင် ဆရာ ဒါမှမဟုတ် တိရစ္ဆာန်ဆေးကုဆရာဝန်ဖြစ်ဖို့ အိပ်မက် မက်နေခိုက် မှာ အယ်လ်ဘတ်ကတော့ တွေးခေါ်ရှင်တစ်ဦးဖြစ်ရေးကို ဦးတည်ချက် ထား လိုက်ပါတယ်။