စိတ်ကူးချိုချိုစာပေ
ကောင်းသာ - ခေါင်းကိုက်ခဲခြင်းသိကောင်းစရာ
Couldn't load pickup availability
နိဒါန်း
ခေါင်းကိုက်ခြင်း၊ ခေါင်းခဲခြင်းကို ဦးခေါင်းတွင် မသက်မသာဖြစ်မှု၊ သို့မဟုတ် ဝေဒနာအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ ခေါင်းအုံ ခေါင်းခဲခြင်း၊ တင်းမာတောင့်ခဲခြင်း၊ အစာအိမ်လမ်းကြောင်းဆိုင်ရာ ပြဿနာဖြစ်ခြင်း၊ ဒဏ်ရာတစ်ခုခုသွေးကြောထဲခဲခြင်း၊ ပိတ်ဆို့ခြင်း အစရှိသည်တို့သည် ခေါင်း ကိုက်ခြင်း၏ အမျိုးမျိုးသောပုံစံများဖြစ်ကြသည်။
ရှားပါးသောဖြစ်ရပ်များ၌ ခေါင်းကိုက်ခဲခြင်းမှာ ဦးနှောက်ပတ်ဝန်းကျင် အာကာသ၌ သွေးယိုစီးခြင်း၊ အဖျားရောဂါ၊ ဦးနှောက်အပေါ် ဖိအားများလာ ခြင်း၊ ဆိုးဝါးပြင်းထန်စွာ သွေးတိုးခြင်း၊ သွေးကြောတချို့ဖူးယောင်ခြင်း တို့ကဲ့သို့ သော စိုးရိမ်ဖွယ်ရောဂါများကြောင့်လည်း ဖြစ်နိုင်သည်။
အာယုဗ္ဗေဒဆေးပညာ၌ ဓာတ်စာစားခြင်း၊ ဘဝနေမှုစတိုင်၊ လူမှုပတ် ဝန်းကျင်၊ စိတ္တဗေဒရေးဆိုင်ရာများ၊ ရာသီဥတုနှင့် ခေါင်းကိုက်ရခြင်း အကြောင်းရင်း၊ ဖြစ်နေကျ ဒဏ်ရာများလည်း ပါဝင်နေသည်။
ခေါင်းကိုက်ခြင်း၏ ၁% မျှလောက်သာလျှင် စိုးရိမ်ဖွယ်ကောင်း ကြောင်း မှတ်သားရပါသည်။
“ခေါင်းကိုက်ခဲခြင်း” ဟူသောအသုံးအနှုန်းကို ဦးခေါင်းအတွင်း မသက်မသာခံစားရမှု သို့မဟုတ် ဝေဒနာတစ်ရပ်ရပ်ဖြစ်ရခြင်းအတွက် သုံးစွဲလေသည်။ ခေါင်းကိုက်သောနေရာမှာ နဖူးပြင်တစ်ဝိုက်၊ နား သယ်စ၊ ဦးကင်းနေရာ ဘယ်နေရာမဆိုဖြစ်နိုင်၍ လည်ပင်းကုပ်ကြော နောက်ဘက်မှာလည်း ဖြစ်တတ်လေသည်။
ထိုခေါင်းကိုက်ခြင်းမှာ၊ ဝေဒနာအခံရဆုံးသော အခြေအနေများ အနက် တစ်ခုဖြစ်၍ သင့်ဘဝ၏ အရည်အသွေးကို မကောင်းသော ဆိုးကျိုးကို ထိခိုက်စေနိုင်သည်။
ခေါင်းကိုက်ခြင်းမှာ ရောဂါတစ်ခုမဟုတ်ဘဲ ခန္ဓာကိုယ်၏အသွင် လက္ခဏာတစ်ခုသာ ဖြစ်သည်။
ခေါင်းကိုက်ခြင်းအများစုမှာ စိုးရိမ်ဖွယ်ရာရောဂါ မည်သည့်အမျိုး အစားမှတော့ မဟုတ်ပါပေ။
ခေါင်းကိုက်ခြင်းက ဘယ်လောက်တောင် အဖြစ်များနေသလဲ
လူနာများ၏ ခုနစ်ဆယ်ရာခိုင်နှုန်းခန့်က သူတို့ကြုံရသောပြဿနာများ အနက် ပြဿနာအတက်ဆုံးတစ်ခုက ခေါင်းကိုက်ခြင်းသာဖြစ်ကြောင်း ဆရာဝန်အား တိုင်တည်ပြောတတ်ကြသည်။
ကိုးဆယ်ရာခိုင်နှုန်းနီးပါးရှိလူများမှာ တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် တစ်ခါလောက်တော့ ခေါင်းကိုက်တတ်ကြလေသည်။
ငါးဆယ်ရာခိုင်နှုန်းနီးပါးခန့်သောလူများကမူ ခေါင်းကိုက်နေဆဲကာလ အတောအတွင်း သူတို့၏ပုံမှန်အလုပ်များကို လုပ်ကိုင်နိုင်စွမ်းမရှိကြပေ။
ယောက်ျားများနှင့်နှိုင်းယှဉ်လျှင် မိန်းမများက ထိုခေါင်းကိုက်ခြင်း ဝေဒနာကို ပိုခံစားရဖွယ်ရှိလေသည်။
အထူးသဖြင့် အပြင်းအထန်ခေါင်းခဲခြင်းမျိုး သူတို့အမှန်အားဖြင့် ဖြစ် တတ်ကြသည်။
ရှစ်ဆယ့်သုံးရာခိုင်နှုန်းထိရှိသော လူများကခေါင်းကိုက်ခြင်းအတွက် “ ဆရာဝန်ထံမှ ဆေးတောင်းသောက်ကြရသည်။
မည်သို့ ဖြစ်စေ ငါးဆယ်ငါးရာခိုင်နှုန်းခန့်သောလူများက အပြင်း အထန်ခေါင်းခဲခြင်းဝေဒနာရှိတတ်ကြလျက် ဆယ့်ခြောက်ရာခိုင်နှုန်းခန့်
လောက်ကသာ နားထင်ကြောတင်းမာမှုအတွက် ဆရာဝန်၏ ကုသမှုခံယူ တတ်ကြပါသည်။
ဆရာဝန်၏ အကြံဉာဏ်မပါဘဲ ကိုယ့်သဘောနှင့်ကိုယ်ကြုံသလို ဆေး သောက်ခြင်းက မှားယွင်းသော ကုသမှုဆီသို့ ဦးတည်သွားတတ်ပေသည်။
ထိုကြုံသလို ဆေးမြီးတိုသောက်ခြင်းက ဆေးဝါးကိုသာမှီခိုနေရခြင်းဆီသို့ ဦးတည်သွားတတ်သဖြင့် ပို၍ပို၍သာ မကြာခဏ ကြိမ်ဖန်များစွာ ခေါင်းကိုက်လာတတ်ပါသည်။ )
သင်၏ခေါင်းကိုက်ခြင်းကို ထိန်းချုပ်ရန် ဆေးဝါးမသုံးသော တိုင်းတာ ချက်ရိုးရိုးလေးများလည်း များစွာရှိပါသည်။
ထို့ကြောင့် သင့်မှာဖြစ်နေသည့် ခေါင်းကိုက်ခြင်းဝေဒနာ၏ ပုံစံအမျိုး အစားကို သင်နားလည်သဘောပေါက်ရန်သာ အရေးကြီး၍ သင့်ဆရာဝန် နှင့်တိုင်ပင်ဆွေးနွေးရင်းဖြင့် အကျိုးအာနိသင်ရှိသော ထိန်းချုပ်ရေးတိုင်း တာကုသမှုများကို စီမံကိန်းချဆောင်ရွက်ရပေမည်။
ဤစာစဉ်အတွက် သတင်းအချက်အလက်များကို ကျန်းမာရေးပညာ ပေးရေး၊ လူ့အဖွဲ့အစည်းနှင့် လေ့လာရေးအဖွဲ့(Health Education and Learning Packages) ၏လစဥ် သတင်းစဥ်မှ လက်ခံရရှိပါသည်။
“ခေတ်မီရေးအတွက် ရည်ရွယ်သော ဗဟုသုတပိုင်းဆိုင်ရာ ပြင်ဆင် ပေးမှု၊ ကြိုတင်ကာကွယ်ရေးတိုင်းတာချက်များကို ဖျားနာစဉ်ပိုမိုကောင်းမွန်
သောကုသချက်များထွက်ပေါ်ရေးအတွက် အောက်ပါဆရာဝန်များနှင့် ပူးပေါင်းဆောင်ရွက် အကြံဉာဏ်မှီငြမ်းပြုရယူပါသည်။
ဤစာအုပ်ကဆရာဝန်တစ်ယောက်ဖြင့် အစားထိုးစရာမလိုဘဲ နေအိမ် အတွင်းမှ အကြံပေးသူတစ်ယောက်အနေဖြင့် လုပ်ပေးရန်သာ ရည်ရွယ်ပါ သည်။
စုပေါင်းဆောင်ရွက်သူများ
ဒေါက်တာအယ်ခရစ်ရှနာမူရ်သီ
(ပါမောက္ခနှင့်အကြီးအကဲ၊ အာရုံကြောဌာန၊ J.J.M ဆေး ကောလိပ်။)
ဒေါက်တာဗီအမ်ပန်ဒေး .
(ညွှန်ကြားရေးမှူး၊ အာယုဗေဒနှင့် သတ္တဆိုင်ရာသုတေသန ဗဟိုကောင်စီ)၊ နယူးဒေလီ။





