Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - ခေတ်သစ်အစည်းအ၀ေးတွေမတိုင်မီဖတ်ထားရမည့်စည်းမျဥ်းရှစ်ချက်

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out
Type

ဒီစာအုပ်အညွှန်း

 

                           ရိုးရာအစဉ်အလာ အစည်းအဝေးတွေက လူအုပ်နဲ့ ချီပြီး ကြားဖြတ်နှောင့်ယှက်မှုရဲ့ လက်နက်တစ်ခု ဖြစ်နေတယ်။

                                  “ခေတ်သစ် အစည်းအဝေးတွေ သက်တော်ရာကျော် ရှည် ပါစေ”

              ပျမ်းမျှ အမေရိကန်ရဲ့ ရုံးတွေက အပတ်စဉ် အစည်းအဝေးတွေ မှာ အလုပ်သမားတွေ ၁၁ နာရီလောက် အချိန်ပေး ထိုင်နေရတယ်။ ဒါလောက်ထိ ထိုင်ပေးနေရတဲ့ ကွန်ဖရင့် စားပွဲတွေက ကျွန်တော်တို့ကို ထုတ်လုပ်မှုတွေ ပိုတိုးတက်လာအောင် လုပ်မပေးကြဘူး။ ပိုဆိုးလာ အောင်ပဲ လုပ်နေကြတယ်။

ရိုးရာထုံးတမ်းစဉ်လာ အစည်းအဝေးတွေက ထိရောက်မှုကို လျှော့ချပစ်တယ်။ အရေးပေါ် အလျင်လိုမှုတွေကို သတ်ဖြတ်ပစ်တယ်။ စေ့စပ်လိုက်လျောပေးရတာတွေပဲ မွေးမြူရင်း တင်းတိမ်ရောင့်ရဲနေရ တယ်။

အားလုံးအနက် အဆိုးဆုံးက လုပ်ငန်းဆောင်တာတွေ အလုပ် မဖြစ်တဲ့ အစည်းအဝေး ယဉ်ကျေးမှုက ကျွန်တော်တို့ ဘာကို အာရုံစိုက်ရမလဲ၊ ဘယ်လို အာရုံစိုက်ရမယ်နဲ့ ကျွန်တော်တို့ လုပ်ရမယ့် ဆုံး ဖြတ်ချက်တွေကို ပြောင်းလဲစေတယ်။

ဒါပေမဲ့ ဒီမှာ ဖြေရှင်းချက် တစ်ခုက ရှိနေတယ်။ ပိုအကြိမ် နည်းနည်း ထိုင်ရပြီး ပိုတိုတောင်းတာနဲ့ အညီ ရည်ရွယ်ချက်တွေ ပိုရှိ လာမယ့် အစည်းအဝေးတွေ ဖြစ်လာရေးပါပဲ။ ဒါကို “ခေတ်သစ် အစည်းအဝေး အဆင့်အတန်း” လို့ ခေါ်တယ်။

ရိုးရှင်းပြီး ပြုပြင်ရေးကျတဲ့ စည်းမျဉ်းရှစ်ချက်ကို လိုက်နာခြင်း ဖြင့် အသုံးမကျတဲ့ အစည်းအဝေး တစ်ခု ထပ်တက်နိုင်စရာ အကြောင်း ဘာမှ မရှိတော့ပါဘူး။

"Read this before our next meeting" စာအုပ်က သင်နဲ့ (သင့်ဘော့စ်) လုပ်ဖို့ လိုအပ်တဲ့ လုပ်ရပ်ကို ဆင့်ခေါ်နေပါတယ်။

 

                       အသက်မွေးမှုအတွက် ကျွန်တော် ဘာလုပ်သလဲလို့ တစ်ယောက် ယောက်က ကျွန်တော့်ကို မေးလာတယ်။ ဒါဖြေဖို့အတွက် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ခက်ခက်ခဲခဲ ဖိနှိပ်ခံထားရသလို ခံစားရတယ်။ တကယ်လို့ ကျွန်တော့်အလုပ်ခေါင်းစဉ်ကို သူ သိချင်တယ်ဆိုရင် ဒါမှမဟုတ် ကျွန်တော် ဘယ်စက်ရုံမှာ လုပ်နေသလဲ သိချင်ရင် ကျွန်တော် လုပ်ရမှာ အားလုံးက ကျွန်တော့်ရဲ့ လုပ်ငန်းကတ်ပြား လိပ်စာမှာ ပြည့် စုံစွာ ထည့်ထားဖို့ပါပဲ။ ဒါပေမဲ့ မေးသူက ရိုးသားပုံရသား။ နေ့ရက် အများစုမှာ ကျွန်တော် ဘာတွေ လုပ်နေမှန်း သိချင်ရုံသက်သက်ပဲ။ ဒီတော့ ကျွန်တော်လည်း ရိုးသားရပေမှာပေါ့။ အစည်းအဝေးတွေ တက်

တာနဲ့ ကျွန်တော့်ဘဝ အသက်မွေးနေတယ်လို့ ဖြေရုံပေါ့ ။ တော်တော် ဆိုးတဲ့ အစည်းအဝေးတွေလေ။

ဒီနေရာမှာ ကိုယ့်ဟာကိုယ် ဘယ်လို တွေ့ရမှန်း မသိဘူး။

သမားရိုးကျ မဲပြာပုဆိုး အစည်းအဝေးတွေ တစ်ခုပြီးတစ်ခု တက်ရတာက ကျွန်တော်တို့ အဖွဲ့ အစည်းကို တိုက်စားပစ်နေတယ်။ နေ့တိုင်းပဲ ဒါကို ဖြစ်ခွင့်ပေးတာကိုး။ ရှည်ကြာတဲ့ ငြီးငွေ့ဖွယ် ရှင်းလင်းတဲ့ ရည်ရွယ်ချက်ကင်းတဲ့ အစည်းအဝေးတွေနဲ့ပဲ အကျင့်ပါနေ

တော့ ပိုကောင်းတဲ့ ရွေးချယ်ချက်ရှိနိုင်တယ်ဆိုတဲ့ ကျွန်တော်တို့ စပ်စုမှု က နောက်ကွယ်မှာ မှေးမှိန်ပျောက်ကွယ်သွားတော့တယ်။

သင် ခဏတာ နိုးထလာရင် မငြင်းနိုင်တဲ့ အချက်နှစ်ချက်ကို တော့ သင် နားလည်လိမ့်မယ်။

 

၁။ ကျွန်ုပ်တို့မှာ အစည်းအဝေးတွေက

များလွန်းနေတယ်။

 ၂။ ကျွန်ုပ်တို့မှာ ဆိုးဝါးလှတဲ့ အစည်းအဝေးတွေက

များလွန်းနေတယ်။

 

 

ကျွန်တော်တို့မှာ အစည်းအဝေးတွေ သိပ်များလွန်းနေတယ်လို့ အစည်းအဝေး ကျွမ်းကျင်သူတွေက နှစ်များစွာက ကျွန်တော်တို့ကို

ပြောခဲ့ကြတယ်။ ဒီကျွမ်းကျင်သူတွေက အစည်းအဝေးရှိတယ်လို့ သတိ နှိုးဆော်ချက်လာတိုင်း ကျွန်ုပ်တို့ အစည်းအဝေး မထိုင်သင့်ကြဘူးလို့ သတိပေးပါတယ်။ ဒါပေမဲ့ မရပါဘူး။ တစ်နေ့ပြီး တစ်နေ့ အစည်း အဝေး အစီအစဉ်ရှိတယ်လို့ ပြောလာရင် တွေဝေနှောင့်နှေးခြင်း မရှိ၊ ဒီနေ့ပဲဖြစ်ဖြစ် မနက်ဖြန်ပဲဖြစ်ဖြစ် သွားတက်မိတာပါပဲ။ ဒါဟာ သမား ရိုးကျ ဘဝတွေရဲ့ ကြေကွဲစရာတွေပါပဲ။ အစည်းအဝေးခေါ်ခြင်းကနေ လူတိုင်း အကျိုးရှိကြမယ်လို့ ခံစားကြရတယ်။ ဒါပေမဲ့ အစည်းအဝေး တက်ရလို့ အကျိုးရှိသူက နည်းနည်းလေးပါပဲ။

ဆိုးဝါးတဲ့အစည်းအဝေးတွေနဲ့ ပတ်သက်လို့ မပူမပင် မကြောင့် မကြ ကျွန်တော်တို့ နေလာကြတာ ကာလအတော်ကြာပြီ။ ခွဲစိတ်ခန်း တွေမှာ ကျွန်တော်တို့ရဲ့ အစည်းအဝေးတွေကလိုပဲ ဂရုမစိုက် ကတော် ကမည်လုပ်နေရင် လူနာတွေ သေကုန်တော့မှာပါပဲ။ တကယ်လို့ စားသောက်ဆိုင် မီးဖိုဆောင်မှာ ကျွန်တော် အစည်းအဝေးတွေထဲ ထည့်လိုက်သလို ဟင်းလျာစီမံကိန်း နည်းနည်းလေးပဲ ထည့်မိရင်တော့ ညစာ ဘယ်တော့မှ တည်ခင်းဖြစ်မှာ မဟုတ်တော့ပါဘူး။

ဒါပေမဲ့ ဒါနဲ့ပဲ အဆုံးသတ်သွားရင်တော့ ဒီကြေညာစာတမ်းကို ကျွန်တော် ရေးဖြစ်မှာ မဟုတ်တော့ဘူး။

ဟင့်အင်း၊ အစည်းအဝေးလုပ်နေတဲ့အခါ ခင်ဗျားနဲ့အတူ မဝေမျှ နိုင်ဘူး။ ဘာကြောင့်ဆို ကျွန်တော်တို့ရဲ့ အဖွဲ့ အစည်းမှာ ဖြုန်းတီး လေလွင့်သွားရတဲ့ အချိန်ပမာဏတွေ တောင်လို မောက်နေရတာထက် ပိုပြီး တုန်လှုပ်စရာကောင်းတာ တစ်ခုခုကို ကျွန်တော် သတိထားမိလာ လို့ပါပဲ။ ။

အချိန်တွေ ဖြုန်းတီးတာထက် ပိုဆိုးတဲ့ အချက်ကတော့ အသုံး မကျတဲ့ အစည်းအဝေးတွေ ထိုင်တဲ့ ယဉ်ကျေးမှုက ကျွန်တော်တို့ကို

ပြောင်းလဲစေလို့ပါပဲ။ ကျွန်တော်တို့ရဲ့ အစည်းအဝေး ယဉ်ကျေးမှုက ကျွန်တော်တို့ ဘာကို အာရုံစိုက်ရမယ်၊ ဘယ်လို အာရုံစိုက်ရမယ် ဆို တာတွေကို ပြောင်းလဲပစ်လိုက်တဲ့အပြင် အရေးအကြီးဆုံးကတော့ ဘာ ဆုံးဖြတ်ချက်တွေ လုပ်ရမှန်းမသိ ယောင်တိယောင်ဝါး ဖြစ်နေရတာ ပါပဲ။

မှန်ပါတယ်၊ အစည်းအဝေးတွေက အရေးပါပါတယ်။ ရိုးရှင်းတဲ့ အဖွဲ့ အစည်းတွေမှာ သိပ်များများ မလိုပါဘူး။ စက်မှုအဖွဲ့ အစည်းတွေ မှာ မကြာမကြာတော့ လုပ်ရတယ်။ ပြောင်းလဲမှုတွေနဲ့ နပန်းမလုံးရတဲ့ အဖွဲ့ အစည်းတွေကျတော့ လုံးဝကို အရှင်းမလိုတော့ပါဘူး။

ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အဖွဲ့ အစည်းတွေနဲ့ ခေတ်သစ် အဖွဲ့ အစည်းတွေရဲ့ နေရာတိုင်းမှာ အစည်းအဝေးတွေက စေးပိုင်တဲ့ လှုပ် ရှားမှုတွေကို အရှိန်မြှင့်ပေးတဲ့ လီဗာတွေ ဖြစ်ကြတယ်။ အစည်းအဝေး ဆိုတာ ကျွန်တော်တို့ ပြောင်းလဲမှုတွေ လုပ်တဲ့ နည်းလမ်းပါပဲ။ ပြောင်းလဲမှုဆိုတာ ကျွန်တော်တို့ တိုးတက်လာပုံကို ပြောတာပါ။

ကျွန်တော်တို့က ရှုပ်ထွေးလှတဲ့ ပြဿနာတွေ ပေါများတဲ့ စီးပွား ရေး လုပ်ငန်းတစ်ခုမှာ လုပ်နေကြတာပါ။ အစည်းအဝေးဆိုတာ လိုအပ် တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြင်ဆင်ပေးဖို့ ဖန်တီးထားတဲ့ တီထွင်ချက်တွေပါပဲ။

အသိဉာဏ်ပါတဲ့ ဆုံးဖြတ်ချက်တွေ စိတ်ချလက်ချလုပ်ဖို့ ကျွန်ုပ်တို့မှာ အစည်းအဝေးတွေ လိုအပ်ပါတယ်။ ရှုပ်ထွေးတဲ့ ပရိုဂျက် တွေကို ထိရောက်စွာ အပြန်အလှန် လုပ်ရပ်တွေ လုပ်ရာမှာ ကျွန်တော် တို့ အသင်းတွေ အတည်ပြုရမယ့် ဆုံးဖြတ်ချက်တွေလည်း ဒီထဲမှာ ပါနေတယ်။

သို့ပေမဲ့ အဆင့်အတန်းရှိတဲ့အစည်းအဝေးတွေကိုတော့ ကျွန်တော် တို့ မလိုအပ်ဘဲ သမားရိုးကျ အစည်းအဝေးတွေ၊ လက်တွေ့အားဖြင့် ကျွန်တော်တို့ရဲ့ အဖွဲ့ အစည်းတွေကို တက်တက်ကြွကြွနဲ့ ချည့်နဲ့စေမယ့် အစည်းအဝေးတွေပဲ လိုအပ်နေတယ်။

ကျွန်တော်တို့ရဲ့ အစည်းအဝေးတွေက တစ်စုံတစ်ရာထဲမှာ လုံး လုံးလျားလျား ပါဝင်ပတ်သက်နေတာပဲ ဖြစ်တယ်။ သမားရိုးကျ အစည်းအဝေးတွေရဲ့ သားကောင်ဘဝထဲ ကျရောက်နေရတယ်။ ပူး ပေါင်းဆောင်ရွက်ဖို့ နေနေသာသာ ဗျူရိုကရက်တစ် ဆင်ခြေတွေ ပေး ပြီး ကုမ္ပဏီနိုင်ငံရေးတွေရဲ့ “ကဘူကီ” ကကွက်တွေ ချိုးနေကြတယ်။ အခု ကျွန်တော်တို့ဟာ ဒီလိုအစည်းအဝေးမျိုးကို မူးယစ်ဆေးစွဲသလို စွဲနေပြီး ကိုယ်လုပ်သင့်တဲ့ အလုပ်တွေကနေ ယိုစီးကျနေလေရဲ့။

ဒါပေမဲ့ ဒီစဉ်းစားပုံနည်းသစ်က အပြစ်ဖို့ခံဖို့တော့ မဟုတ်ဘူး။ ဒါက အခွင့်အလမ်း ပေါ်လာတဲ့အကြောင်း ဖြစ်ပါတယ်။ ရိုးရိုးနည်း ဗျူဟာ တစ်ခုကို ပြောင်းခြင်းဖြင့် သမားရိုးကျ အစည်းအဝေးကို အထီးကျန် ပစ်ထား ဖျက်ဆီးခြင်းဖြင့် ကျွန်တော်တို့ ပရိုဂျက်တွေ ဖွဲ့စည်းတဲ့ လမ်းကြောင်းတွေဖို့ ပြင်ဆင်ပြီး ဆုံးဖြတ်ချက်တွေချဖြစ်လို့ အလုပ်တွေ ပြီးစီးသွားလိမ့်မယ်။ အစည်းအဝေးကို ကျွန်တော်တို့ ပြန်လည် တီထွင် နိုင်လို့ ဖန်တီးမှု အလုပ်တွေ မရှိမဖြစ် ပြန်လှည့်ပြီး ကိုယ်ရွေးတဲ့အတိုင်း ပူးပေါင်းဆောင်ရွက် ဖြစ်လာလိမ့်မယ်။

ဒါပေမဲ့ ဒါကို ကျွန်တော်တို့ကပဲ ကျွန်တော်တို့သာလျှင် ရွေး ချယ်ရတော့မယ်။

အဓိပ္ပာယ်တွေ အနည်းငယ်မျှသာရှိတဲ့ ကမ္ဘာတစ်ခုမှာ ကျွန်တော် တို့ ဘာများကော လုပ်နိုင်မှာတဲ့လဲ။

အဓိပ္ပာယ်တွေ အနည်းငယ်ပဲရှိတဲ့ ကမ္ဘာထဲမှာ ကျွန်တော်တို့က ကိုယ့်ရဲ့ တကယ့်အလုပ်အတွက် အချိန်တွေ ပိုယူပြီး ကျွန်တော်တို့ အဖွဲ့ အစည်း ရှေ့ကို တကယ် လည်ပတ်စေရေး အလုပ်တွေကို လုပ်ကြ ရမယ်။ ကျွန်တော်တို့ လုပ်တဲ့အလုပ်က ကျွန်တော်တို့ရဲ့ ကုမ္ပဏီ၊ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေ၊ ရှယ်ယာဝင်တွေနဲ့ ပရိုဂရမ်မင်းတွေ၊ ဒီဇိုင်းတွေ၊ ရောင်းချမှု၊ ရေးသားမှုတွေ၊ အနုပညာတွေပါ ပြောင်းလဲသွား စေလိမ့်မယ်။

နောက်ဆုံးမှာ ကျွန်တော်တို့ဟာ အရေးကြီးတာတွေ လုပ်ဖို့ အချိန်တွေ ရလာလိမ့်မယ်။ အလျင်လိုတဲ့ အရေးပေါ် အလုပ်တွေ လုပ် နိုင်ရုံမက လုပ်ဖော် တစ်ယောက်ကို အကြံပေးတာ၊ ကျွန်တော်တို့ စက်ရုံ ထဲ လူတွေနဲ့ ချိတ်ဆက်တာ၊ ဒါမှမဟုတ် ဘုတ်အဖွဲ့ဆီ ကျွန်တော်တို့ရဲ့ တင်ပြချက်တွေ ပေးပို့တဲ့အလေ့အကျင့်တွေပါ လုပ်နိုင်လာပါလိမ့်မယ်။

နေ့ဘက်မှာ ပရိုဂျက်အသစ်တွေ ကနဦး လုပ်ရေးနဲ့ တီထွင်မှု တွေမှာ သုံးဖို့ အချိန်တွေ ပိုရနိုင်တယ်။

ဘယ်တော့မှ မသေဆုံးဘူး ထင်ရတဲ့ အဟောင်းအနွမ်းတွေကြားထဲမှာ ရေနစ်နေမယ့် အစားပေါ့ လေ။ အားလုံးအနက် အများစုက သမားရိုးကျအစည်းအဝေးတွေ ပျောက်ကွယ်သွားတဲ့ ကမ္ဘာကြီးတစ်ခုထဲနေပြီး ခက်ခဲတဲ့ ဆုံးဖြတ်ချက် တွေ ကာကွယ်ရေးလုပ်ဖို့ ကျွန်တော်တို့ အားပြုကြရတယ်။

ဒီသမားရိုးကျ အစည်းအဝေးတွေ ထွက်ခွာလွင့်သွားတဲ့အခါမှ သာ လွယ်ကူတဲ့ စေ့စပ်လိုက်လျောမှုတွေ၊ မှီငြမ်းပြုနိုင်စွမ်းတွေ ရှိလာ မယ်။

သင်တို့ထံ ဒီစာကို ရေးသားနေရတဲ့ မြင်ကွင်းကို ကျွန်တော် အမှုထမ်းနေရဖို့ ရှိနေတယ်။ ဒါက ကျွန်တော့်အတွက်သာ မဟုတ်သေး ဘူး။ ကျွန်တော်တို့အားလုံးရဲ့ အကျိုးအတွက်နဲ့ အဖွဲ့ အစည်း တစ်ခုလုံး အတွက်လည်း ဖြစ်တယ်။

အခု ကျွန်တော့်မှာ ဖြေရှင်းချက် တစ်ခု ရှိနေတယ်။ အဆိုပြုချင် တဲ့ စီမံကိန်း တစ်ခု ရှိနေတယ်။ အသက်ရှင် မွေးမြူရမယ့် အဆင့် အတန်း အသစ်တစ်ရပ် ရှိနေပြီ။

ဒါပေမဲ့ ပထမဦးစွာ ကျွန်တော်တို့ လက်ရှိ အစည်းအဝေး စနစ် ရဲ့ စိုးရိမ်ဖွယ်အကောင်းဆုံး အန္တရာယ်နှစ်ခုအကြောင်း ပြောပြရဦးမယ်။