Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - ကျဆုံးတော့မယ့်အချိန်မှာအောင်မြင်လာနိုင်ရေး

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

တူးမြောင်းဖောက်သွယ်ခြင်း၊

ကနေဒါနယ်စပ်ကနေ တောင်ဘက် မိုင် ၉၀ အကွာက “ပစ်စကာ တာကွစ်” မြစ်ကမ်းပါးတစ်လျှောက် မေးတင်နေတဲ့ မြို့ကလေးကတော့ မိန်းပြည်နယ် “ဟောင်းလန်” မြို့ကလေးပါပဲ။ အိပ်ပျော်နေတဲ့ ချစ်စရာ နယ်မြို့ကလေး “ဟောင်းလန်” က ယနေ့အခါ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်အဝင်စားဆုံး အာရုံစိုက်မိကြတာကတော့ ခေါင်းတုံးပြောင်ပြောင် နဲ့ သိမ်းစွန်ငှက်ကြီးရဲ့ ရုပ်တုကြီးပါပဲ။ ၁၈၉၄ ခုနှစ်ဆီ ပြန်သွားကြည့်တဲ့ အခါ လူသားစိတ်ဓာတ်ရဲ့ အနိုင်မခံ အရှုံးမပေးလိုမှုကို အန်တုနေတဲ့ ကျွန်ုပ်တို့ရဲ့ အနက်ရှိုင်းဆုံးလျာထားချက်တွေရဲ့ လျှို့ဝှက်ချက်တွေ ဒီမြို့ မှာ တွေ့လာရတယ်။

အဲဒီနှစ် နွေရာသီ ဇူလိုင်လနေ့ရက်တစ်ရက်မှာတော့ ပါစီ စပင်ဆာ” ဆိုသူကို မွေးဖွားခဲ့ပါတယ်။ ပါစီကို မွေးဖွားခြင်းနဲ့ သူ့မိသားစု အကြောင်းတွေကတော့ သာမန်ထက် ထူးခြားတာဆိုလို့ ဘာမှပြောစရာ

မရှိပါဘူး။ သူ့ဖခင် ဂျက်စပါစပင်ဆာ”က “ဟောင်းလန်” က သစ်လွှ စက်မှာ အလုပ်လုပ်တယ်။ သူ့မိခင် “မာတယ်” ကတော့ ထိုကာလရဲ့ ထုံးစံအတိုင်း အိမ်မှုဗာဟီရတွေလုပ်ရတဲ့ အိမ်ရှင်မပါပဲ။ ပါစီရဲ့ ကလေး ဘဝက လုံးဝပုံမှန်ပါပဲ။ ပထမပိုင်း စောစောကအထိ ပြောတာပါ။ ဒါပေမဲ့ ‘ပါစီ” တောက်တောက်နဲ့ လမ်းလျှောက်တတ်စလည်းရောက်

ရော သစ်စက်မှာ ကြေကွဲစရာ ကြုံရတော့တယ်။ လွှဝိုင်းကြီးက မဏ္ဍိုင်က ပြုတ်ထွက်ပြီး တွေ့ကရာနေရာအနှံ့ ဦးတည်ရာမရှိ တိုက်စားလိုက်ရာ မှာ ပါစီရဲ့ ဖခင်ဆီ ထိမှန်သွားလို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွား ပါတယ်။

ဖခင် သစ်စက်မှာ ကွယ်လွန်သွားကြောင်း သတင်းက အိမ် အရောက် မိခင်ခမျာ တုန်လှုပ်ချောက်ချားမေ့မြောသွားတယ်။ ဘေးဒုက္ခ ဆိုက်ရတဲ့အဖြစ် သူမ ကိုင်တွယ်နိုင်တာထက် များစွာကျော်လွန်သွား ရတာမို့ ဒီဖြစ်ရပ်ပြီးပြီးချင်း နေအိမ်က တစ်ကိုယ်တော် ကိုယ်လွတ်ရုန်း ထွက်ပြေးသွားတာ ပြန်မတွေ့ရတော့ပါဘူး။ ယခုမိဘမဲ့ဖြစ်သွားတဲ့ ပါစီ မှာ ကြည့်ရှုမယ့်လူမရှိတော့ပါ။ တစ်ကောင်ကြွက်ပါစီကို ဦးလေးနဲ့ အဒေါ်တို့က အတူခေါ်ထားရတယ်။

ပါစီအတွက် ကံကောင်းသွားတာက အမိုးတစ်မိုးတည်းအောက် မှာ သူ့ကိုချစ်တဲ့ ဦးလေး၊ အဒေါ်တွေနဲ့ မိဘအရင်းနဲ့မခြား အတူနေခွင့် ရသွားခြင်းပါပဲ။ ပါစို့ ငါးနှစ်အရွယ်ကတည်းက အတူနေလာရတဲ့ ဦးလေးက စက်ကိရိယာတွေ ဝါသနာပါသူဖြစ်နေတယ်။ အိမ်က တူတော်မောင် ဆော့ဖို့ ရေနွေးငွေ့ ရထားစက်ခေါင်းရုပ်ကလေး ဝယ်လာ တယ်။ အိမ်မှာ ရထားပြေးဖို့ သံလမ်းက အဆင်သင့်မရှိရတဲ့အထဲ ရထားစက်ခေါင်းက ပျက်နေလို့ ပြင်ရပြန်ရော။ ပါစီဦးလေးက ဂရု တစိုက်ပြင်ပေးရှာပါတယ်။ စက်အကြောင်းထက် ဘာမှပါစို့အတွက်စိတ်ဝင်စားဖွယ် မရှိလှပါ။ သူအရင်က မမြင်ဖူးတာမို့ စိတ်ဝင်စားစရာ တွေ ပုံအောနေတော့တယ်။

ပါစီက သဘာဝနဲ့ တိရစ္ဆာန်ကို ချစ်တတ်တယ်။ အားတဲ့အချိန် တိုင်း သစ်တောထဲသွား အေးအေးလူလူ အချိန်ဖြုန်းတတ်တယ်။ တစ်ခါ သစ်တောထဲ ကျားသစ်ကောင် သစ်ကိုင်းပေါ် နားနေတာ တွေ့ခဲ့ရဖူး တယ်။ ဒါပေမဲ့ ပါစီမှာ သူ့ဘဝသစ်နဲ့ အသားကျမယ်ကြံကာရှိသေး၊ နောက်ထပ် ကြေကွဲစရာတစ်ခုနဲ့ ပက်ပင်းတိုးရတော့တယ်။ သူ့ အသက် ခုနစ်နှစ်မှာ ဦးလေး ဆုံးပါးသွားပြန်တယ်။ မိသားစုမှာ စိတ်ခံစားမှုအရ ကပ်ဘေးဆိုက်ရရုံမက ငွေရေးကြေးရေးတွေ ဧရာမပြဿနာကြုံရပြန် တာမို့ စားဝတ်နေရေး အတော်ရုန်းကန်ရပြန်တယ်။ ပါစီဟာ ငါးတန်း အောင်ပြီးတာနဲ့ ကျောင်းကထွက်ပြီး ရရာအလုပ်လုပ်ရတယ်။ ကျန်ဘဝ တွေက ငတ်တစ်လှည့် ပြတ်တစ်လှည့်နဲ့ ကျန်းမာရေးချူချာခဲ့တယ်။ မိုးမလင်းမီထ လုပ်ငန်းခွင်ရစ်လုံးစက်ရုံမှာ တစ်နေကုန်လုပ်ရပြီး နေဝင် မိုးချုပ်မှ ပြန်ရတယ်။

သင့်ကိုယ်သင် ခဏတာ ပါစီရဲ့ ဖိနပ်ကောက်စွပ်ကြည့်စေချင် တယ်။ သင့်ရဲ့ မိဘအစစ်တွေက ဘာမှန်းမသိခဲ့ရဘူး။ မိခင်က စွန့်ခွာ သွားတာ ငါးနှစ်ကတည်းကပါပဲ။ ဦးလေးက ဖအေအရင်းလိုချစ်ရှာပေမဲ့ နှစ်နှစ်သာနေရပြီး ဦးလေးလည်း ဆုံးရတယ်။ ပညာရေးမှာ ငါးတန်းနဲ့ ခရီးဆုံးသွားရပြီး အလုပ်ကြမ်းတွေ ထွက်လုပ်ရတယ်။ “ကျွန်တော့်ကို ချစ်တဲ့လူတွေ သေချင်သေ မသေရင် စွန့်ခွာသွားကြတယ်” ဒီဖြစ်လာတဲ့ ဘဝဆိုးကပ်ဘေးတွေအတွက် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်ဖို့ ရမလား။ “ငါ့ကိုမှ ဒါတွေလာဖြစ်ရတာလဲ” “ငါ့အမေက ငါ့ကို ဘာကြောင့် စွန့်ခွာ ရတာလဲ” “ငါ့ဘဝက အမြဲတမ်းပဲ ခက်ခဲနေမှာလား။ နောက်ဆုံးတော့ ခက်ခဲတဲ့ စိတ်ဝိညာဉ်က အင်အားတွေ ပျောက်ဆုံးသွားရတော့တယ်။

ခက်ခဲတဲ့ ဘဝဖြစ်ရပ်တွေက တစ်ဦးချင်းအပေါ်မှာ စိတ်ပညာ အရ ပင်ပန်းခက်ခဲစေပါတယ်။ ကြေကွဲဖွယ်ဘဝဖြစ်ရပ်တွေက စိတ္တဗေဒ ထိခိုက်နစ်နာစေတာ နှစ်ပေါင်းများစွာ သိပ်ထင်ရှားလာတဲ့အတွက် စိတ်ပညာရှင်တွေဟာ ဒါကို အမြဲတမ်းပြဿနာအနေနဲ့ လျာထားခဲ့ကြရ တယ်။ အတွေ့အကြုံက ခမ်းနားစွာ ခက်ခဲလာတာမို့ ယုံကြည်မှုတွေ လည်း ထွက်ခွာသွားလို့ သင့်ဘဝလည်း ပိုဆိုးလာတော့တယ်။

ထိခိုက်မှုက စိတ်ပျက်ရမှုဆီ ဦးတည်နေတဲ့လူသားရဲ့ စိတ္တဗေဒ က ဒီနယ်မှာ ထပ်ပြောစရာမလိုတော့အောင် ရှင်းလှတာမို့ နောက်ဆုံး စိတ်ပညာရှင် အမ်မီဝါနာ” ရောက်လာရတော့တယ်။ Ph.D ဘွဲ့ကို ဖွံ့ဖြိုးတိုးတက်ရေးစိတ်ပညာရပ်နဲ့ ရလာတဲ့ “ဝါနာ” က သူ့စည်းကမ်း တွေတစ်ခုလုံး ဖရိုဖရဲဖြစ်သွားတော့မလောက် ဖြစ်လာတဲ့တိုင်အောင် ဘာလုပ်ရမယ် စိတ်ကူးမပေါ်သေးဘူး။ လူငယ်ပါမောက္ခတစ်ယောက် အနေနဲ့ ‘ဝါနာ”က သူ့အချိန်တွေကို စာရင်းအင်းခွဲခြမ်းစိတ်ဖြာရေးတွေ မှာပဲ အသုံးချနေခဲ့မိတယ်။ ပရောဂျက်တစ်ခုဆောင်ရွက်ရင်း ဟာဝိုင်အီ ကျွန်းစု အနောက်ဘက်အကျဆုံး ကျွန်းငယ်လေး “ကာဝေယီ” မှာ ကလေးတွေ၊ မိခင်တွေ တစ်လှေကြီးနဲ့ အတူနေရတယ်။

ပရောဂျက်ရဲ့ သုတေသနမှူးချုပ် အနားယူသွားတဲ့အခါ ဝါနာက ပရောဂျက်ဒေတာတွေကို ဆက်အမွေခံရတယ်။ တိုးတက်ရေး စိတ်ပညာ ရှင်တစ်ယောက်အတွက် ရွှေတွင်းကြီး ရလိုက်တာပါပဲ။ ပထမဆုံး သူမ လုပ်ရတာက လေ့လာချက်ရဲ့ အတိုင်းအတာကို ကျယ်အောင်ချဲ့လိုက် တာပဲ။ ကလေးတွေ မွေးလာတာကစပြီး သူတို့ လုပ်ဆောင်ချက်တွေကို သူတို့ဘဝလမ်းကြောင်းပေါ်မှာ ခြေရာခံလိုက်ကြည့်တယ်။ ဓာတ်ခွဲခန်း အတွက် ပါဝင်သူတွေကို လေ့လာမယ့်အစား တကယ့်လူတွေကို လက်တွေ့ သူတို့ဘဝထဲမှာ ကြီးကြပ်လေ့လာရတာပါ။

အချက်အလက်တွေ စုဆောင်းဖို့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသင်းတစ်စင်း စုစည်းရတယ်။ လူမှုရေး အလုပ်သမား၊ သူနာပြုတွေ၊ ဆေးဆရာ၊ ဆေးခန်းက စိတ်ပညာရှင်တွေက ကလေးတွေရဲ့ လမ်းကြောင်း မှာ ဝိုင်းကူညီကြတယ်။ သုတေသီတွေက မိဘဆိုင်ရာတွေ အချက် အလက်တွေပါ စုဆောင်းကြတယ်။ မရှိမဖြစ်လေ့လာရတဲ့ ဒီဘာသာရပ် မှာ ပါဝင်သူပေါင်း ၆၉၈ ယောက်ထိပါဝင်ပြီး သူတို့မမွေးမီက ပါခဲ့သူ တွေလည်း ထပ်ဖြည့်ထားတယ်။

“ဝါနာ” က ကျွန်တော့်ကို ရှင်းပြတယ်။ “အဲဒီအချိန်က ကျွန်မ တို့ရဲ့ လေ့လာချက်ဆုံမှတ်က အခြားအရာတွေလိုပဲ ဒုက္ခခံရမှုတွေ သိပ်များတယ်”ခက်ခဲတဲ့ ပတ်ဝန်းကျင်တွေနဲ့ ကြီးပြင်းလာရသူ ကလေး သူငယ်တွေက စိတ်ပညာရေးရာ စိတ်ပျက်အားငယ်မှုတွေ မလွှဲမရှောင်သာ ခံရတယ်လို့ စိတ်ပညာရှင်တွေက ထင်ကြကြောင်း သတိရပါ။

တချို့ကလေးတွေ အဲဒီလိုဒုက္ခရောက်နေပေမဲ့ ကျန်းမာ အဆင် ပြေပြေ ပုံမှန်နောက်ခံတွေနဲ့ ထိန်းချုပ်နိုင်တဲ့ လူအုပ်စုတွေလည်း များတာ တွေ့ရတယ်။ ဒီကလေးတွေက လုံးဝပုံမှန်ဘဝနဲ့ လာကြသူတွေပါပဲ။ တစ်နည်းပြောရရင် ဘဝရဲ့ အဓိကဖိအားတွေကို ဖွင့်ခံထားရတဲ့

ထောက်ပံ့ကူညီတဲ့ နေအိမ်ဘဝမျိုးနဲ့ နေကြသူတွေပါပဲ။ သင်မျှော်လင့် ထားသလို သူတို့က ကျောင်းမှာ အခြေအနေကောင်းလို့ ဆိုးဝါးတဲ့ဒုက္ခ တွေ မခံရ၊ စိတ်ပညာရေးပြဿနာတွေ မရှိကြတာတွေ့ရတယ်။

တခြားအသိုင်းအဝိုင်းတွေက ခက်ခဲတဲ့ဘဝအခြေအနေတွေနဲ့ မွေးလာကြသူတွေပါပဲ။ ပါစီစပင်ဆာ”တို့လိုပေါ့ ။ မိန်းနယ်ဆင်ခြေဖုံး က ငွေကြေးနဲ့ စိတ်လှုပ်ရှားမှု ဝေဒနာမျိုးစုံခံရသူတွေ ဖြစ်နေတယ်။ ကလေးတွေက အတားအဆီးတွေ အစုံခံရတယ်။ အများစုက ဆင်းရဲ မွဲတေကြတယ်။ မိဘတွေက အရက်မိုးမွှန်အောင်သောက်ကြတဲ့ အရက်ချိုသမားဖြစ်ချင်ဖြစ်၊ ဒါမှမဟုတ် စိတ်ဝေဒနာရှင်တွေ ဖြစ်နေတတ် တယ်။ ဒီအုပ်စုကလေးတွေကြားထဲ ကံဆိုးလှစွာ အခြေအနေက မကောင်း။ ကျောင်းမှာ စာညံ့မလိုက်နိုင်၊ ကျောင်းထွက်ရသူတွေ၊ ရဲတွေ နဲ့ ပြဿနာဖြစ်ရတဲ့ ဒုစရိုက်သားကောင်ဘဝကျရသူတွေ၊ ဆယ်ကျော် သက်အရွယ်နဲ့ မိဘတွေဖြစ်လာသူတွေ အစုံအလင်ကို ကံဆိုးလှစွာ ဝါနာ တွေ့ နေရတယ်။

ဒါပေမဲ့ အံ့သြစရာကောင်းစွာ “ကာဝေယီ” က အားလုံးသော ကလေးတွေက ဒီဖြစ်ရပ်မျိုး မရောက်ကြတာတွေလည်း ရှိနေတယ်။ တချို့က ဒီလမ်းကြောင်းက ဖောက်ထွက်နိုင်ကြတယ်။ နောက်ဆုံး ဝါနာ ကိုယ်တိုင် အံ့သြလောက်ဖွယ် အကျိုးမရှိတဲ့ ပတ်ဝန်းကျင်နောက်ခံက လာသူတွေရဲ့ သုံးပုံတစ်ပုံဟာ ချမ်းသာအောင်မြင်တဲ့ဘဝတွေနဲ့ ကြီးပွား ထွန်းတောက်ကြတာ တွေ့ရပါလေရော။ သူတို့က ကျောင်းတွေမှာ အခြေအနေကောင်းကြတယ်။ သူတို့ဆရာတွေ၊ ကျောင်းနေဖက်တွေနဲ့ ကျန်းမာတဲ့ ချိတ်ဆက်မှုတွေ ဖွဲ့နိုင်ကြတယ်။ ကြီးလာတော့ သူတို့က စိတ်ဓာတ်အားကောင်းသူ၊ အောင်မြင်တဲ့သူတွေ ဖြစ်လာကြတယ်။ ငယ်စဉ်က ခက်ခဲတဲ့ဘဝဟောင်းပုံရိပ်တွေ ထင်မကျန်ရစ်တော့ပါဘူး။

“ဝါနာ” တွေ့ရှိချက်တွေက စိတ်ပညာတရားသေအစွဲကနေ ရွှေ့ပြောင်းလာနေတာကို ဒီအခိုက်အတန့်မှာ ပြန်စဉ်းစားဖို့ ထိုက်တန် နေပါတော့တယ်။ သူမရဲ့ လေ့လာတွေ့ရှိချက်က စိတ်ပညာရဲ့ အပြုအမူ ရေးရာဝါဒရဲ့ အခြေခံတွေအတွက် အမေးထုတ်စရာတွေ ဖြစ်ရတယ်။ ပြီးခဲ့တဲ့ဘဝဖြစ်ရပ်တွေနဲ့ ကျွန်တော်တို့ရဲ့ လက်ရှိစိတ္တဗေဒနေထိုင်ကောင်းခြင်းတွေရဲ့ကြားမှာ ခိုင်မာတဲ့အကြောင်းနဲ့ အကျိုးတရား ဆက်သွယ်ချက် ရှိနေပါတယ်။ တကယ်လို့ ကာဝေယံအချက်အလက် တွေက တိကျတယ်ဆိုရင် စိတ်ပညာရှင်တွေအနေနဲ့ သူတို့သင်ကြားခဲ့သမျှ လူသား စိတ်ပညာအခြေခံတွေကို ပြန်အဓိပ္ပာယ်သတ်မှတ်ရပါ လိမ့်မယ်။

ပထမစိတ်ပညာရှင်တွေက ဝါနာရဲ့ ရလဒ်တွေကို ဘာလုပ်ရ မလဲဆိုတာ မသိသေးဘူး။ အကျိုးမရှိတဲ့ကြားက အားထုတ်နိုင်ကြတဲ့ ကလေးတွေအတွက် ပိုလွယ်ကူစေတဲ့ ကာဝေယံယဉ်ကျေးမှုကျွန်းစုမှာ တစ်စုံတစ်ရာ ထူးခြားမှုရှိဖွယ် ထင်ရတယ်။ ဝါနာ” တောင် သူ့ရလဒ် တွေအပေါ် သံသယဖြစ်ရတယ်။ “ကျွန်မတောင် စဉ်းစားလို့ မရတာက ဒါတွေက စာရင်းအင်းဆိုင်ရာ ပြဿနာတွေ ဟုတ်မှဟုတ်ရဲ့လားလို့ပါပဲ” ရလဒ်တွေမှာ အမှားတစ်ခုခုရှိနေတယ်လို့ ထင်နေတယ်။

ဒါပေမဲ့ ‘ဝါနာ” ရဲ့ တွေ့ရှိချက်တွေက တိကျကြောင်း သက်သေ ပြနေပါတယ်။ ဒီနယ်ပယ်ရဲ့ တခြားရှေ့ဆောင်နှစ်ယောက် နော်မန် ဂါမင်ဇီ” နဲ့ “မိုက်ကယ်ရူးတာ”တို့က သီးခြားစီ အလားတူ “အောင်မြင်မှု နဲ့မတူတဲ့” အသွင်လက္ခဏာကို ရှာဖွေတွေ့ရှိခဲ့တယ်။ တခြားသိပ္ပံ ပညာရှင်တွေလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ‘ဝါနာ” ရဲ့ တွေ့ရှိချက်မျိုး

တွေ့ခဲ့ကြရတယ်။ အဓိက လေ့လာချက်တစ်ရပ်မှာ ကိုပင်ဟေဂင်က စိတ်ပညာရှင်တွေက စိတ်ကစဉ့်ကရဲ စိတ္တဇဝေဒနာသည်မိခင်တွေ လက်အောက်ကြီးပြင်းလာရသူ ကလေးသူငယ်တွေကို စုံစမ်းစစ်ဆေး ကြည့်ကြတယ်။ သာမန်လူတွေထက် စိတ္တဗေဒပြဿနာတွေ ပိုရှိနေတဲ့ ကြားက ဒီပြဿနာတွေ ပိုတောင့်ခံနိုင်တဲ့ အုပ်စုတစ်စုကို သူတို့ တွေ့ခဲ့ကြ တယ်။ ဒီကလေးမျိုးက သူတို့ကြီးပြင်းလာရတဲ့ ဝရုန်းသုန်းကား အခြေ အနေတွေကြားက ထုတ်လုပ်ရေးကျကျဘဝတွေကို ခမ်းခမ်းနားနား ရခဲ့ကြတယ်။ နောက်ထပ် ဒေါင်လိုက်လေ့လာချက်တွေမှာ ဆင်းရဲမွဲတေ မှုတွေ ရင်ဆိုင်ရတဲ့ ကလေးတွေကြားမှာ သူတို့ရဲ့ ခက်ခဲတဲ့ကြီးပြင်းရတဲ့ ဘဝဆိုးက ဖောက်ထွက်လာနိုင်ကြတဲ့ အုပ်စုကွဲတစ်ခု ပေါ်ထွက်လာတာတွေ့ရတယ်။ ကမ္ဘာတစ်ဝန်းလုံး အင်္ဂလန်က ဆွီဒင်အထိ သြစတြေးလျ အနှံ့ လူမှုရေးသိပ္ပံပညာရှင်တွေက တစ်ဦးချင်းလူတွေ သူတို့အခြေအနေ တွေက ထိုးထွက်လို့ လမ်းကြောင်းဖောက်ထွက်လာကြတာကို လေ့လာ ပြီး ဖြစ်နေတယ်။

လေ့လာချက်တွေထဲက သရုပ်ဖော်နိုင်ဆုံးဖြစ်ရပ်တစ်ခုအဖြစ် နယူးဇီလန်က စိတ်ပညာရှင်တွေက ၁၉၇၇ ခုနှစ်က မွေးလာတဲ့ မွေးစ ကနေ အသက် ၂၁ နှစ်အထိ ကလေးပေါင်း ၁၂၆၅ ယောက်ပါဝင်တဲ့ အုပ်စုတစ်ခုကို ခြေရာခံခဲ့ကြတယ်။ ဒီကလေးတွေနောက် နီးကပ်စွာ လိုက်ပြီး သူတို့တွေ့သမျှ သတင်းအချက်တွေ မှတ်တမ်းယူတယ်။ သူတို့ မိသားစုရဲ့ ငွေကြေးအခြေအနေ၊ နေအိမ်အတွင်း သူတို့ရဲ့ အပြန်လုပ်ရပ်

တွေ၊ ကျောင်းအတွင်း သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ သူတို့ရဲ့ စိတ်ပညာ ရေးရာ လုပ်ဆောင်ပုံတွေ၊ အရက်၊ မူးယစ်ဆေးသုံး မသုံး၊ အဖျက်လုပ်ငန်း လုပ်လို စိတ်သဘောထားတွေ အားလုံးစစ်ကြည့်တယ်။ ဒီအချက်အလက် တွေ ခန္ဓာကိုယ်အစုအဝေးကို သူတို့ ခွဲခြမ်းစိတ်ဖြာတဲ့အခါ ဘာကြီးကျယ် တဲ့ ခက်ခဲမှုမှမရှိ၊ ပုံမှန်ဘဝတွေနဲ့နေလာသူကလေးတွေရဲ့ ထက်ဝက်ရှိနေ

ကြောင်း တွေ့ရတယ်။ အကြမ်းဖျင်းအားဖြင့် ၄ဝ ရာခိုင်နှုန်းသောလူတွေ က အခက်အခဲတချို့ ရင်ဆိုင်နေရတာ ကျောင်းမှာ ပြုမူချက်နည်းနည်း ညံ့ဖျင်းတာတွေ ရှိတယ်။

ဒါပေမဲ့ ၁ဝ ရာခိုင်နှုန်းသော လူတွေကတော့ အလွန်အကျွံခက်ခဲ ကြမ်းတမ်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ သူတို့က ကွဲကြေနေတဲ့ နေအိမ် တွေကလာကြပြီး ဆင်းရဲစွာ နေရတယ်။ အိမ်တွင်းအကြမ်းဖက်မှုတွေ တွေ့ကြုံရ၊ မျက်မြင်သက်သေဖြစ်ရနဲ့ သူတို့မိဘတွေကလည်း ပစ္စည်း အလွဲသုံးစားမှု၊ လိမ်လည်မှုတွေနဲ့ ရုန်းကန်နေရပြန်တယ်။ ဒါပေမဲ့ ဒီလိုဆိုးဝါးတဲ့အခြေအနေတွေအောက်မှာ ကြီးပြင်းလာရတဲ့တိုင်အောင်ဒီအုပ်စုရဲ့ ကလေးတွေထက်ဝက်လောက်က အခြေအနေတွေ ကောင်းနေ ကြတယ်။ အရက်သောက်တာ၊ တခြားမူးယစ်ဆေးမှီခိုသုံးစွဲတာတွေမရှိ။ စိတ္တဇရောဂါကုရတာတွေ မရှိ။ ဥပဒေကြောင်း ပြဿနာရှင်းရတာ မရှိပါ။ သူတို့ထဲက သုံးပုံတစ်ပုံက နေအိမ်က စိတ်ပညာလက္ခဏာတွေ၊ စိတ်ကျရောဂါတို့၊ စိုးရိမ်သောကကြီးတာတို့ မပြသကြောင်း သုတေသီ တို့ တွေ့ကြရတယ်။

ဒါပေမဲ့ ကံမကောင်းဆုံး အခြေအနေအတွဲကို ဖွင့်လှစ်ထားတဲ့ တစ်ဦးချင်းတွေနဲ့ပတ်သက်လို့ ဘယ်လိုရှိသလဲ။ အမေရိကန်စိတ် ပညာရှင် “ကယ်ရီဆော့ဂျာ ́နဲ့ `ရှားလော့ပက်တာဆင်” တို့က နှိပ်စက် ခြင်း၊ လျစ်လျူရှုခြင်းရဲ့ သားကောင်တွေဖြစ်ကြရတဲ့ မူလတန်းကလေး ၁၀၇ ယောက်ကို အုပ်စုဖွဲ့ စစ်ဆေးခဲ့တယ်။ သူတို့နှစ်ယောက်က ဒီကလေးတွေကို သုံးနှစ် အချိန်ယူခြေရာခံခဲ့တယ်။ အများစုမှာ အပေါင်း အသင်း ဆက်ဆံရေး၊ အကယ်ဒမစ်ကျောင်းစာလိုက်နိုင်မှု၊ အထွေထွေ အပြုအမူ၊ ကိုယ့်ကိုယ်ကိုယ်လေးစားမှုတို့မှာ အနည်းဆုံး ကျဆင်းမှုတွေ ကို ပြနေတယ်။ ဒါပေမဲ့ ဒီလို နှိပ်စက်ခံ၊ လျစ်လျူရှုခံကလေးအုပ်စုတွေ မှာတောင် ပျမ်းမျှအဆင့်ထက် ပိုလုပ်ပြနိုင်သူ အနည်းငယ်ကို အနည်းဆုံး တစ်နှစ်တာအတွက် တိုင်းတာတွေ့ရှိရတယ်။ သူတို့က တခြားကလေး တွေနဲ့ ကျန်းမာတဲ့ဆက်ဆံရေးတွေ ရှိကြတယ်။ ကျောင်းမှာ စာလိုက် နိုင်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား လေးစားကြတယ်။ စိတ် ပညာပြဿနာတွေလည်း မရှိဘူး။

ဘယ်လောက်ပဲ အခြေအနေတွေ ဆိုးနေပါစေ ကြီးမားတဲ့ အုပ်စု အတွင်းမှာပဲ သူတို့ ရင်ဆိုင်တောင့်ခံနေရတဲ့ အရာရာတွေကြားက အားထုတ်ဖောက်ထွက်နေတဲ့ အုပ်စုကွဲလေးတစ်ခုတော့ ရှိနေကြောင်း စိတ်ပညာရှင်တွေ နားလည်လာကြတယ်။ သူတို့က သူတို့ဘဝအခြေ

အနေတွေ ကျော်လွှားလို့ စိတ်လှုပ်ရှားမှုအရ၊ စိတ္တဗေဒအရ၊ အပြန်အလှန် လုပ်ရပ်တွေအရ သူတို့ အသက်မွေးမှုတွေ ကြွယ်ဝအောင် လုပ်နိုင်ကြ တယ်။ ဒီတစ်ဦးချင်းတွေက ဆန့်ကျင်မှုကို တောင့်ခံ၊ သေနတ်ပြီးနေ သလိုပါပဲ။ ကြမ်းတမ်းပြင်းထန်တဲ့ အတားအဆီးတွေတစ်လျှောက် မြေအောက်က တူးမြောင်းဖောက်သွယ်ပြီး တခြားတစ်ဖက်ကို ဖောက် ထွက်ပေါ်လာနိုင်ကြတယ်။

တစ်ထပ်တည်းတူနေတဲ့ ကလေး နှစ်ယောက်ကို စဉ်းစားကြည့် ပါ။ အိမ်နီးချင်းအတူတူ၊ တစ်ကျောင်းတည်းအတူတူ၊ မိသားစုချင်း အတူတူ၊ ဆန့်ကျင်ခံရမှုချင်းလည်း အတူတူပဲ ဆိုကြပါစို့။ ကလေး တစ်ယောက်က သူ့ပတ်ဝန်းကျင်က စိတ်လှုပ်ရှားမှု ဝရုန်းသုန်းကားတွေ၊ ပတ်ဝန်းကျင်ရေးရာ ကမောက်ကမတွေကို လက်မြှောက်အရှုံးပေးပြီး စိန်ခေါ်မှု အခက်အခဲတွေ ပြည့်နှက်နေတဲ့ ဘဝတစ်ခုထဲကို ဒယိမ်း ဒယိုင်လဲကျသွားတယ်။ ဒုတိယကလေးကတော့ ခက်ခဲမှုအတူတူရင်ဆိုင် ရတာတောင် သူရင်ဆိုင်ရတဲ့ ဆန့်ကျင်မှုတွေတစ်လျှောက် တူးမြောင်း ဖောက်သွယ်ပြီး အောင်မြင်ကျန်းမာတဲ့ဘဝတစ်ခုကို ဦးဆောင်ဖောက် ထွက်သွားနိုင်ခဲ့တယ်။ ဒီတစ်ဦးချင်း အတူတူကလေးနှစ်ယောက်မှာ ခုလို ကွဲပြားဆန့်ကျင်နေတဲ့ လမ်းကြောင်းကွဲထွက်စေတာ ဘယ်လိုအကြောင်း ရင်းတွေကြောင့်ပါလဲ။

ရုပ်ပိုင်းကျန်းမာရေးမှာ အကောင်းမြင်ရလဒ်တွေရဖို့ တာဝန်ရှိတဲ့ အခန်းကဏ္ဍတွေကို သိကြတယ်။ အာဟာရဓာတ်ပြည့်ဝတဲ့အစားအစာ စား၊ အစားမကျူးစေနဲ့၊ ရုပ်ခန္ဓာ လှုပ်ရှားတက်ကြွနေရမယ်။ ကျန်းမာရေး ဂရုစိုက်မှုနဲ့ ကျန်းမာတဲ့ဘဝလမ်းကို သွားလို့ရတယ်။ အလားတူ ပညာ ရေးကောင်းဖို့ ခက်ခဲစွာ စာကြိုးစား၊ အိမ်မှာ လူကြီးတွေက ထောက်ပံ့ ကူညီပေး၊ သီးခြားဆရာကောင်း ခေါ်သင်ရင် ကြီးမားစွာ