Skip to product information
1 of 3

Other Websites

ကောင်းသန့် - သားအတွက်စကားလက်ဆောင်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

သား •••

ကံကြမ္မာအခွင့်အလမ်းက ကိုယ့်အိမ်ကို တံခါးလာခေါက်တဲ့အခါ ကိုယ်က ဘီယာဆိုင်ရောက်ပြီး မူးမနေဖို့ အရေးကြီးတယ် ဒီစကားကို •• သားမမေ့နဲ့။

ဖေဖေ

 

 

သား•••

ဟိုဟိုဒီဒီ ေမနေနဲ့ ပြေးလမ်းကိုပဲကြည့်။ ဒိုင်လူကြီးရဲ့ ခရာသံကိုနားစွင့် အသင့်အနေအထားရှိပါစေ။ ပြိုင်ဘက်ကို လျှော့မတွက်နဲ့ အထင်ကြီးပြီး လန့်မနေနဲ့ဦး။ ကိုယ့်အကြောင်းနဲ့ကိုယ် ပန်းဝင်နိုင်ဖို့လိုတယ်။ ပြိုင်ပြီဆိုမှတော့ နိုင်ရင်နိုင် မနိုင်ရင်ရှုံး အပြုံးမပျက်စေနဲ့။ ကိုယ်နိုင်တဲ့အခါ တစ်ဖက်သားအမြင်ကတ်အောင် လက်မ မထောင်မိစေနဲ့။ ကိုယ်ကြိုးစားရင်း ရှုံးနိမ့်သွားတဲ့အခါ အကောင်းဆုံး အရှုံးသမား ဖြစ်ပါစေ။

ဖေဖေ

 

 

သား •••

အင်တာနက်ဆိုင်ကိုသွားပြီး ကမ္ဘာကြီးအကြောင်းသိရအောင် အင်္ဂလိပ်လို ရေးထားတဲ့ အင်တာနက်ဝက်ဆိုက်(Web-Site)တွေကို ကြိုးစားဖတ်ရှုလေ့လာတာ ကောင်းတယ်။ ဖေဖေ အားပေးပါတယ်။ ဒါပေမဲ့ ညစ်ညမ်းဝက်ဆိုက်(Web-Site)တွေကြည့် G-talk နဲ့ ကောင်မလေးတွေကို ရည်းစားစကားပြောပြီး အချိန်ဖြုန်းနေမှာကိုတော့ ဖေဖေစိုးရိမ်မိတယ်။

ဖေဖေ

 

 

သား •••

လူတော်ဆိုတာ ဘာပဲလုပ်လုပ်

ပြောစရာမလိုအောင် အကွက်စေ့စေ့နဲ့ အချိန်ကိုက် လှုပ်ရှားတတ်တဲ့သူမျိုး လူဂ်ဆိုတာ ဘာပဲလုပ်လုပ် ညည်းညည်းညူညူနဲ့ ပြောစရာဖြစ်အောင် လုပ်တတ်ပြီး ဆင်ခြေဆင်လက်ပေးတတ်သူမျိုး၊ သား ဘယ်လိုလူမျိုးဖြစ်သင့်သလဲ။

ဖေဖေ

 

သားလေး •••

 

မနေ့ကဆိုတဲ့ အတိတ်ကာလမှာ နေ့ရက်တွေအများကြီးရှိသလို မနက်ဖြန်ဆိုတဲ့ အနာဂတ်ကာလမှာလည်း

နေ့ရက်တွေအများကြီး ရှိပါတယ်။ ဒါပေမဲ့ ပစ္စုပ္ပန် ဒီနေ့ကတော့ တစ်ရက်တည်းပဲ။ အဲ့ဒီတစ်ရက်လေးကို အကောင်းဆုံးအသုံးချတတ်ဖို့ အရေးကြီးပါတယ်။ မှားသွားရင် အစားပြန်မရနိုင်ဘူးဆိုတာ သားကို ကြိုပြီးသိစေချင်ပါတယ်။

ဖေဖေ

 

 

သားလေး •••

ပျော်ချင်လည်း ဒီစိတ် ဝမ်းနည်းရင်လည်း ဒီစိတ်ပဲ။ စိတ်ကတော့ တစ်ခုတည်းရယ်။ အဲ့ဒီစိတ်ကို ၊ ပတ်ဝန်းကျင် အခြေအနေတွေက အရောင်ဆိုးပေးလိုက်တာ။ စိတ်ညစ်စရာ အရောင်မည်းမည်းတွေ အဆိုးမခံရအောင် သားရဲ့အကောင်းမြင်စိတ်ဓာတ်နဲ့ တားဆီးကာကွယ်ထားပေါ့။ ဆိုလိုချင်တာက ••• ဘဝအပေါ် အကောင်းမြင်ပြီး ပျော်ပျော်ရွှင်ရွှင် နေစေ့ချင်တာပါ။

ဖေဖေ

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)