ကောင်းသန့် - ချစ်တပည့်သို့
ချစ်တပည့် ၊
ကျွန်တော်က စိတ်ပါမှ စာကျက်လို့ ရတာ။ ပိတ်မပါရင် ဘာ စာမှ ကျက်လို့ မရဘူးတဲ့။
မင်းပဲ အပြောကောင်း စိတ်ပါမှသာ လုပ်ကြစတမ်းဆိုရင် လောကကြီး ပျက်စီး သွားလိမ့်မယ်။ ဆရာဝန်ကလည်း စိတ်ပါမှ ဆေးကုမယ်။ ဝမ်းဆွဲဆရာမကလည်း စိတ်ပါမှ မွေးပေးမယ်။ မင်း အမေကလည်း စိတ်ပါမှ ချက်ပြုတ်ကျွေးမယ်။ ကျောင်းဆရာကလည်း စိတ်ပါမှ တသင်မယ်။ ဈေးသည်ကလည်း စိတ်ပါမှ ဈေးရောင်းမယ်။ ရဲ ကလည်း လူဆိုးတွေကို စိတ်ပါမှ ဖမ်းမယ်ဆိုရင် ဘယ်နှယ့်လုပ် လဲ။
စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လူဆိုတာ ကိုယ့်တာဝန် ကိုယ်သိပြီး၊ ကိုယ့်တာဝန်ကိုယ် ကျေအောင် လုပ်ကြရတယ်။ ဒါကြောင့်လည်း လောကကြီး စိုပြည်နေတာပေါ့။
မင်းက ကျောင်းသား။ ပင်း တာဝန်က စာကျက်ဖို့။ စိတ်ပါ သည်ဖြစ်စေ၊ မပါသည် ဖြစ်စေ မင်းတကျက်ရမှာပဲ။ အဲ့ဒါ မင်းရဲ့ ဘဝပေးတာဝန်ပဲ၊
ဘဝပေးတာဝန် မကျေပွန်လို့ကတော့ လူတကာရဲ့ အငြိုငြင် မင်းခံရလိမ့်မယ်။ ဟိုလူက အပြစ်တင် ဝေဖန်လိုက်၊ ဒီလူက ကဲ့ရဲ့ ရှုတ်ချလိုက်နဲ့ မင်းအတွက် နေစရာ နေရာတောင်ရှိမှာ မဟုတ်ဘူး။ ဒါတွေ .. မင်းကြောင့် ... မင်းမှာသာ တာဝန်ရှိလို့ပဲ ပြောရလိမ့်မယ်။
ဆရာကောင်းချစ်တပည့် ...
Home is the best place.
အိမ်သာလျှင် အကောင်းဆုံးနေရာတဲ့။ မင်း ဘယ်ကိုပဲ သွားသွား၊ ဘယ်မှာပဲ နေနေ မင်းအိပ်လောက် နေရတာ ဟန်မကျနိုင်ပါဘူးကွာ။
ဒါတောင်မင်းက ပြောသေး။ အိမ်မှာ မနေချင်ဘူးတဲ့။ အမြဲတမ်း 'ဆူပူနေတာပဲတဲ့။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်နေတာပဲ ကောင်းတယ်တဲ့။
ကဲ... မင်းသဘောအတိုင်းပဲ လည်ချင်သလောက် လည်စမ်း ပါ။ မင်းကို နံနက်၊ ည ထမင်း ကြည်ကြည်ဖြူဖြူနဲ့ ဘယ်သူက အကြာကြီး ကျွေးထားမှာလဲ။ စဉ်းစားနော်။ မင်း အသုံးစရိတ် ဘယ်သူက ပေးမှာလဲ။ မင်းအတွက် စောင်၊ ခြင်ထောင်၊ အဝတ် အစားတွေ ဘယ်သူက လျှော်ပြီး မီးပူတိုက်ပေးမှာလဲ။ စဉ်းစားနော်။ လူဆိုတာ ကိုယ့်ဒုက္ခတောင် ကိုယ်မခံနိုင်ဘူး။ သူများရဲ့ အပိုဒုက္ခ တွေကို မလွှဲမရှောင်သာလို့သာ လုပ်ပေးမယ်။ အကြာကြီး ဘယ်သူ မှ လုပ်မပေးဘူး။
မင်းရဲ့ တာဝန်တွေကို မင်းကိုဒုက္ခခံ မွေးထုတ်ပေးတဲ့ မင်း မိဘနဲ့ မင်းအိမ်ကသာ ဆိုးဆိုးကောင်းကောင်း တာဝန်ယူကြမှာ။ သိရဲ့လား တရဲ့၊
သိပ် စိတ်ကူးမယဉ်နဲ့ ကိုယ်လူ။ ဘဝဆိုတာ စိတ်ကူးယဉ်လို့ မရဘူး။ မင်းအိမ်က ထွက်သွားတာနဲ့ မင်းဟာ အခြေအနေမဲ့ကောင် ဖြစ်သွားပြီ။ သူများ ကြည်ဖြူရင်လည်း ခဏပဲဆိုတာ မင်း စောစော သဘောပေါက်။
ဆရာကောင်းချစ်တပည့် ..
အိမ်မှာ မင်းက “ဟောက်စား” တဲ့။ အငယ်တွေကိုလည်း သိပ်နိုင်တယ်။ အကြီးတွေကိုလည်း ခံပြောသတဲ့။ အဖေက လွဲပြီး
ဘယ်သူမှ လူ မထင်ဘူးတဲ့။
မင်း ... တော်တော် ခက်ပါလား။ ဘာလို့ တိရစ္ဆာန်စိတ် ထား ရတာလဲကွာ။ တိရစ္ဆာန်ဆိုတာ ကြီးနိုင်ငယ်ညှင်းဆဲ လုပ်ကြတယ်။ တွေ့တဲ့သူကို ရန်သူလို့မှတ်ပြီး ရန်ပြုချင်တယ်။ မင်းတွေ့ဖူးမှာပါ။ လမ်းထဲကို ခွေးတစ်ကောင် ဝင်တာနဲ့ အဲဒီလမ်းထဲမှာရှိနေတဲ့ ခွေး တွေအားလုံး ထွက်ပြီး ရန်လုပ်ကြတယ်။ သူတို့နိုင်မယ် ထင်ရင် ဝိုင်းတွယ်ပြီး၊ မနိုင်ဘူးထင်ရင်တော့ ခပ်လှမ်းလှမ်းက ဟောင်နေ တတ်ကြတယ်။
အခုလည်း မင်းစဉ်းစားကြည့်။ မင်းအဖေကျတော့ နိုင်မယ် မထင်လို့ ငြိမ်ခံနေတယ်။ မင်း အမေနဲ့ ညီအစ်ကို မောင်နှမတွေကျ
တော့ နိုင်တယ်ဆိုပြီး “ဟောက်စား” လုပ်တယ်။ အဲ့ဒီတော့ မင်း စိတ်ဟာ ဘာစိတ်ဖြစ်သွားပြီလဲ။ စဉ်းစားကြည့်လိုက်စမ်း။
လူတွေ ကမင်းကို အပြစ်တင်ရင် မင်းခံချင်လား။ သူတို့ ဆူပူ ကြိမ်းမောင်းရင်ကော မင်းကြိုက်လား။ ကိုယ်မကြိုက်တာကို သူများ ကော ကြိုက်မှာတဲ့လား။
မင်းလိုချင်တာ ကြင်ကြင်နာနာ ဆက်ဆံတာမျိုး၊ ကိုယ့်ကို အားပေးချီးမွမ်းတာမျိုး မဟုတ်လား။ ဒီလိုဆို မင်းက သူတို့ကို အဲ့ဒီလိုမျိုး အရင်ဆက်ဆံပါ။ ဒါမှ ပင်းလိုချင်တာ ပြန်ရမှာပေါ့။
ဒီမှာ ကိုယ်လူ လောကကြီးမှာ ကိုယ်က မပေးဘဲ သူ့ဆီက ဘာမှ ပြန်မရနိုင်ဘူးဆိုတာ မြဲမြဲမှတ်ထာ။
ဆရာကောင်း