Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ကောင်းမြတ်သူ(ဥက္ကလာ) - တစ်နေဝင်လျှင်

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

()

အောင်မောင်း အလုပ်မဆင်းနိုင်တာ ငါးရက်ရှိပြီ။ တစ်ကိုယ်လုံး ရိုက်ထားသလို ကိုက်ခဲပြီး မလုပ်နိုင်ဘူး။ ကိုယ်ကလည်း ချစ်ချစ်တောက် ပူတယ်။ သုံးရက်ဆက်ပြီး ဆေးခန်းသွားရတယ်။

နည်းနည်း သက်သာသွားတယ်။ ရှင်းရှင်းတော့ မပျောက်ဘူး။ ခေါင်းမထောင်ချင်ဘူး။ ဒါပေမဲ့ ဆေးခန်းတော့ ဆက်မသွားနိုင်တော့ဘူး။ လိုငွေပြနေပြီ။ ဆရာမောင်ဆေးနီမှုန့်နဲ့ပဲ ချွေးအောင်းခဲ့ရတယ်။ ။

နေရတာကလည်း သူများအိမ်မှာ ကပ်နေရတာ။ တခြားလူတော့မဟုတ် ပါဘူး၊ ဆရာရင်းသမားရင်း စာရေးဆရာကြီး ဦးအောင်ခအိမ်မှာပါ။ သိပ် လည်းမကြာသေးပါဘူး။ တစ်နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။

သာကေတကို အောင်မောင်း ရောက်ကတည်းက ဦးအောင်ခအခြေ အနေက ကောင်းလှတာမဟုတ်ဘူး။ သူ့ကလောင်က အိုနေပြီ။ ရေးလည်း မရေးနိုင်တော့ဘူး။ ဈေးကွက်မဝင်တော့ဘူး။ ဘဝသရုပ်ဖော်ဝတ္ထုအတို အထွာနဲ့ ဘာသာရေး ဆောင်းပါးလေးတွေပဲ ရေးနိုင်တော့တယ်။

သူ့ခေတ်နဲ့သူတုန်းကတော့ မဆိုးပါဘူး။ ထိုက်သင့်သလောက် အောင်မြင်ခဲ့ပါတယ်။ ထိပ်ဆုံးကို မရောက်ခဲ့ပေမယ့် စားနိုင်နေနိုင်ခဲ့ပါတယ်။

ခုနောက်ပိုင်းမှာတော့ သိပ်မဟုတ်တော့ပါဘူး။ အင်္ဂလိပ်စာတတ် ပေတတ်မဟုတ်တော့ ဘာသာပြန်လိုင်းလေးဘာလေး ပြောင်းဖို့ကလည်းမဖြစ်နိုင်ပါဘူး။ နိုင်ငံတကာရေးရာနဲ့ တက်ကျမ်းမျိုး ရေးဖို့ကလည်း မကျွမ်းပါဘူး။

သားသမီးကလည်း များပါတယ်။ ငါးယောက်တောင်ပါ။ အိမ်ထောင် သည်တွေရော၊ ကျောင်းသူကျောင်းသားတွေရော ဘယ်သူမှ မပြေလည်ကြ ပါဘူး။ ဦးအောင်ခချမ်းသာတာက လူတွေနဲ့ စာအုပ်တွေပါပဲ။

လွန်ခဲ့တဲ့ ငါးနှစ်ကျော်က ဦးအောင်ခရဲ့ စာအုပ်ဟောင်းတစ်အုပ်ကို အောင်မြေပုံနှိပ်တိုက်မှာ ပြန်လည်ရိုက်နှိပ်ရာက အောင်မောင်းနဲ့ ဦးအောင်ခ တို့ သိကျွမ်းခင်မင်ခဲ့ကြတာပါ။

အဲ့ဒီတုန်းက အောင်မောင်းက အောင်မြေ စာပုံနှိပ်တိုက်မှာ စာစီ တတ်ခါစ စာစီသမားပေါက်စပါ။ ပညာသင်ဘဝနဲ့ ပုံနှိပ်တိုက်သုံးတိုက် ထိ ပြောင်းပြီးပါပြီ။ အပြင်ပုဂ္ဂလိက ပုံနှိပ်တိုက်တွေမှာတော့ ဒီလိုပါပဲ။ တစ်ရွာမပြောင်း သူကောင်းမဖြစ်ပါဘူး။ ရသင့်ရထိုက်တဲ့လခမရပါဘူး။ တချို့တိုက်က ပုံမှန်အလုပ်လည်း မရှိပါဘူး။

ခုဆိုရင် အောင်မြေစာပုံနှိပ်တိုက်ကတစ်ဆင့် နောက်ထပ်နှစ်တိုက် ပြောင်းပြီး ရွှေပဒေသာ စာပုံနှိပ်တိုက်ကိုရောက်နေပါပြီ။ စာစီသမားဘဝက တစ်ဆင့်တက်ပြီး ဖိုမင်လည်း ဖြစ်ခဲ့ပါပြီ။ စာပုံနှိပ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံအပြင် စာပေလောကနဲ့လည်း အတန်အသင့် ကျွမ်းဝင်ရင်းနှီး ခဲ့ပါပြီ။ အပေါင်းအသင်းနဲ့ လုပ်ဖော်ကိုင်ဖက်များလည်း စုံသင့်သလောက် စုံခဲ့ပါပြီ။ ။

ဒီနေ့တော့ သူအလုပ်မဆင်းလို့မဖြစ်တော့ပါ။ စာနယ်ဇင်းစာပုံနှိပ် လုပ်ငန်းက ကွင်းဆက်နဲ့ လုပ်ရတာပါ။ စာဖောင်သွင်းမယ့် ဖိုမင်မရှိရင် ကျန်အလုပ်သမားအားလုံး အလုပ်လုပ်လို့ မရတော့ပါဘူး။ ပစ်စာမရတော့ ပါဘူး။ ဆက်စီစရာ ခဲစာလုံးမရှိတော့ပါဘူး။

စက်ဆရာမလာရင်လည်း ဒီအတိုင်းပါပဲ။ စာပြင်ဆရာမလာရင် လည်း ဒီတိုင်းပါပဲ။ ကွင်းဆက်တစ်ခု ပြတ်သွားရင် အားလုံး အလုပ်ဆက် လုပ်လို့မရတော့ပါဘူး။ ခဲစာလုံးက အများအားဖြင့် လေးဖောင်စာလောက်ပဲ ရှိပါတယ်။ စာစီပြီးသားတွေကို စက်ပေါ်တင် ရိုက်နှိပ်ပြီး ပြန်ကျတဲ့ ခဲစာ လုံးတွေကိုမှ စာခွက်ထဲပြန်ပစ်ပြီး ပြန်စီရပါတယ်။ တစ်ယောက်ပျက်ရင်အကွက်မလည်တော့ပါဘူး။

ဖိတ်စာနဲ့ အထွေထွေရိုက်နှိပ်တဲ့ ဂျော့ ပုံနှိပ်တိုက်ကလေးတွေမှာ ဆိုရင် ဒီလောက်တော့ ခဲစာလုံး များများမထားပါဘူး။ ရိုက်တာကလည်း ချန်ဒလာစက်ကလေးနဲ့ ရိုက်တာပါ။

အောင်မောင်းတို့ လုပ်တဲ့စာနယ်ဇင်း အတွင်းစာသားရိုက်တဲ့ ပုံနှိပ် တိုက်ကြီးတွေမှာတော့ ခဲစာလုံးက ဘယ်လောက်ထားထား မလောက်နိုင် ပါဘူး။ ပွိုင့်ကလည်း စုံရပါတယ်။ အရွယ်အစား မျိုးစုံပါ။ ၁၂ ပွိုင့် ပိုက် ကားကစပြီး ၃ လိုင်းထိပါ။ ဝယ်လို့လည်းမလောက်နိုင်ပါဘူး။

အထူးသဖြင့် ဝတ္ထုဇာတ်ဆောင်နာမည် စာလုံးတွေဟာ သိပ်ထပ်၊ သိပ်များတတ်ပါတယ်။ ဝယ်မလောက်တော့ မှောက်ရတော့တာပါပဲ။ ဖိုမင် မကျွမ်းရင် အကွက်မလည်တော့ပါဘူး။ အလုပ်မဖြစ်တော့ပါဘူး။

အဲဒါကြောင့် အောင်မောင်း ကနေ့အလုပ်မဆင်းရမဖြစ်တော့ပါဘူး။ သူ့လက်ထောက် စာစီသမား မောင်အေးကို လွဲအပ်ထားခဲ့ပေမယ့် စိတ်မချ ရပါဘူး။ ဒီကောင်က မကျွမ်းသေးဘူး။

သာကေတက ကားစီးရတာ မလွယ်ပါဘူး။ အကြိတ်အနယ်ပါပဲ။ နေထိုင်မကောင်းတဲ့ခါဆိုတော့ ပိုဆိုးပါတယ်။ မူးမူးနောက်နောက် ယိုင်ယိုင် နဲ့နဲ့ နဲ့ပဲ ရန်ကုန်လမ်း ၄ဝ ထဲက ရွှေပဒေသာ စာပုံနှိပ်တိုက်ကို အောင်မောင်း ရောက်လာပါတယ်။

မနက်ရှစ်နာရီကျော်ပါပြီ။ ခါတိုင်းဆိုရင် ဒီအချိန် အလုပ်စလုပ်နေပါ ပြီ။ “ဒဗလယ်ကရောင်း” “အော်တလီပိန်း” စက်ကြီးရဲ့ အသံကလည်း ညံနေ ပါပြီ။ ခုတော့ အားလုံးတိတ်နေပါတယ်။ မောင်အေးတို့ စာစီအလုပ်သမား အဖွဲ့ရဲ့ အရိပ်အရောင်ကိုလည်း မမြင်ပါဘူး။ ။

ပုံနှိပ်တိုက်ရှေ့ခန်း ပိုင်ရှင်ရဲ့ စားပွဲမှာတော့ ဦးဘဒင်ထိုင်နေပါတယ်။ မျက်နှာမကောင်းပါဘူး။ “မင်း ပေါ်လာသေးတယ်နော် အောင်မောင်း”

အောင်မောင်းဝင်သွားတာနဲ့ ရင်ဝကို ဆီးကန်သလိုပါပဲ။ ဦးဘဒင် က ပြစ်တင်မောင်းမဲပါတယ်။

“ကျွန်တော် နေမကောင်းလို့ပါ၊ ထကို မထနိုင်လို့ မလာတာပါ”

“မင်းတို့ဒီလိုပဲ၊ အလုပ်သမားပီသတယ်၊ စာရင်းရှင်းပေးလိုက်လို့ စားစရာရှိရင် အလုပ်မဆင်းတော့ဘူး”

“ကျွန်တော် ဒီလို လူစားမဟုတ်ပါဘူး၊ ဆရာသိပါတယ်၊ စနေနေ့ က သုဓမ္မာမဂ္ဂဇင်း ဖောင်ပိတ်တယ်၊ ဆရာမြသန်းတင့်ရဲ့ ဘာသာပြန် စာအုပ် ဖောင်ပိတ်တယ်၊ ကျွန်တော် မိုးလင်းလုပ်ခဲ့ရတဲ့ ရက်တွေဆက်နေ တယ်။ ကျွန်တော် မထနိုင်တော့ဘူး လဲတယ်။ ဒါပေမဲ့ ဆရာတို့ အလုပ် မပျက်အောင် မောင်အေးနဲ့ လွှဲထားခဲ့တယ်။”

“ကောင်းတယ်၊ အခု ဘာဖြစ်ကုန်ပြီလဲ မင်းသိလား” “ဒါတော့ ကျွန်တော် မသိဘူး” “ဆယ့်ခြောက်ပွိုင့် ခဲစာလုံးတွေ မရှိတော့ဘူး”

အောင်မောင်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားတယ်။ နေမကောင်းတာ လည်း ဘယ်ရောက်ကုန်မှန်းမသိဘူး။ ဆယ့်ခြောက်ပွိုင့်ခဲစာလုံးက ခေတ် ပေါ်ဝတ္ထု၊ အတွင်းစာသားအားလုံးကို အများဆုံးစီရတဲ့ အရွယ်အစားဖြစ် တယ်။ အသုံးအများဆုံး ခဲစာလုံးဖြစ်တယ်၊ ရွှေပဒေသာ ပုံနှိပ်တိုက်မှာ စာစီခုံလေးခုံစာထက် မနည်းရှိတယ်။ ပေါင်ငါးရာကျော်ရှိတယ်။ အဲဒါတွေ ပျောက်တယ်ဆိုတော့။

“ဟုတ်တယ် မင်းလူစာစီသမားတွေ ခိုးတာ” “ခင်ဗျား မိလို့လား” “သူခိုးကို ငါက အချိန်ပြည့် စောင့်မဖမ်းနိုင်ဘူး” “ဒါဖြင့် ဘာလို့ အရမ်းစွပ်စွဲရတာလဲ”

“မိုးမခရေးတဲ့ ချစ်မက်မပြေဝတ္ထု စာစီတာသုံးဖောင်ပဲရတယ်။ ဆက်စီစရာမရှိတော့ဘူး၊ ခဲစာလုံးတစ်ဖောင်ကျော်စာ ပျောက်တယ်၊ အဲဒါ စာစီသမားတွေ မခိုးလို့ ဘယ်သူ ခိုးမလဲ”

အောင်မောင်း ထောင်းခနဲ ဖြစ်သွားတယ်။ ကိုယ့်ဘက်ကမရိုင်း အောင် မနည်းထိန်းရတယ်။ မှားတာ မှန်တာထား၊ ကိုယ့်လူတွေထိတော့ မခံချင်ဘူး။

အရင်ကတော့ ပုံနှိပ်လောကမှာ ဒီပြဿနာမျိုးမကြားဖူးဘူး၊ မဖြစ်

ဖူးဘူး။ ဒါပေမဲ့ ခုနောက်ပိုင်းမှာတော့ အပုပ်နံ့ထွက်လာတယ်။ အသံတွေ ကြားလာရတယ်။ ဟိုတိုက်ကထွက် ဒီတိုက်ကထွက်။

ခဲစာလုံးဈေးကလည်း ကောင်းတယ်လေ။ အရင်ကတစ်ဖောင် သုံး ကျပ်ခွဲ၊ ခု ခြောက်ဆယ်ကျော်။ ဈေးက မနေ့ကနဲ့ ကနေ့မတူဘူး။ ရပ်မနေ ဘူး။ တက်တုန်းပဲ။

အပြင်မှာ ပြန်ရောင်းရတာလည်း လွယ်တယ်။ ဘော်တယ်ကုလား ဆိုင်တိုင်းလိုလိုက ဝယ်တယ်၊ ရန်ကုန် ၂၈ လမ်းတစ်ဝိုက်က ဆိုင်တွေကို သွားရောင်းရင်လည်း ရတယ်။ ဘက်ထရီခဲပြားလုပ်တဲ့ ဆိုင်တချို့ကလည်း ဝယ်တယ်။

ဈေးကတော့ တအားနှိမ်တယ်၊ ပေါင်ချိန်နဲ့လည်း မဝယ်ဘူး။ ပိဿာ ချိန်နဲ့ပဲ ဝယ်တယ်။ တစ်ပိဿာမှ ကိုးဆယ်ဈေးလောက်ပဲ ပေးတယ်။ သူတို့ က ပြန်ရောင်းတော့ ပေါင်ချိန်နဲ့ရောင်းတယ်။ ဒါကလည်း သူတို့ပညာပဲ။ ဈေးနှုန်းလည်း အဆမတန်တင်တယ်။

ဘာပဲဖြစ်ဖြစ် ရောင်းတဲ့လူဘက်ကလည်း မဆိုးဘူးပေါ့။ အလကား ရတာကိုး။ ဒီတော့ ပုံနှိပ်တိုက်တွေမှာ ခဲစာလုံးပျောက်တဲ့အသံတွေ ထွက် လာတော့တာပါပဲ။

“တိတိကျကျ မမိဘဲနဲ့ ခင်ဗျား ဒီလိုပြောလို့တော့ ဘယ်ရမလဲ”

“ဘာလဲ မင်းကပါ ငြင်းချင်သေးလို့လား၊ ၃၂ လမ်းက ငါ့မိတ်ဆွေ တွေ ပုံနှိပ်တိုက်မှာလည်း ဒီလိုပဲ၊ စာစီသမားတွေ ခိုးတာပဲ”

“တော်ဗျာ... အထောက်အထား မရှိဘဲနဲ့တော့ ခင်ဗျား မစော်ကားနဲ့”

“ဒီမှာ မင်းကို ငါစွပ်စွဲနေတာ မဟုတ်ဘူး၊ မင်းကို ငါနားလည်တယ်။ မင်းမရှိတုန်းမှာ ဖြစ်သွားတာကို ပြောတာ၊ မင်းလူတွေကို ပြောတာ”

“ခင်ဗျား ဘာလုပ်ချင်လဲ”

“မင်းမျက်နှာကိုထောက်ပြီး ငါတိုင်လား တောလား မလုပ်ဘူး၊ မင်း လူတွေတော့ မောင်းထုတ်လိုက်ပြီ၊ အဲဒါမင်းလူသစ်ရှာ”

“တော်ဗျာ... ကျုပ်လည်း ခင်ဗျားတိုက်မှာ မလုပ်ဘူး၊ ထွက်တယ်

ဒါပဲ”

                               ၂

ခြေဦးနဲ့ ဒူးတည့်ရာကို လျှောက်ရင်း အောင်မောင်းပန်းဆိုးတန်း စာအုပ်အဟောင်းတန်း ရောက်လာတယ်။ သိပ်မကြည်ဘူး။ နေလို့ကလည်း

ကောင်းလှသေးတာမဟုတ်ဘူး။ သူ့စာစီအဖွဲ့ မောင်အေးတို့ကို ဘယ်လိုက် ရှာရမှန်းလည်း မသိဘူး။

ဒီကောင်တွေနဲ့ မပေါ့ လို့တော့ မဖြစ်ဘူး တွေ့ရမယ်။ တွေ့အောင် ရှာရမယ်။ ပြတ်ပြတ်သားသား မေးရမယ်၊ ပြောရမယ်။

စာနယ်ဇင်း ပုံနှိပ်လောကက မကျဉ်းလှပေမယ့် အကျယ်ကြီးမဟုတ် ဘူး။ ရွှေပဒေသာပုံနှိပ်တိုက်ရဲ့ သတင်းက ပုံနှိပ်လောကမှာ ချက်ချင်းပျံ့နှံ့ သွားမှာ၊ အပုပ်နံ့က တမုဟုတ်ချင်းထွက်မှာ။ ကြော်ငြာနေစရာ မလိုဘူး။ မောင်အေးတို့ အဖွဲ့ ဆိုတာ ပုံနှိပ်တိုက်တိုင်းကြားမှာသိမှာ။

ဒီတော့ ဒီကောင်တွေ ဘာလုပ်စားမလဲ။ ဘယ်မှာ လုပ်စားမလဲ။ ပြီးတော့ သူတို့ကြောင့် စာစီသမားတွေ တစ်လှေလုံးလည်း ပုပ်စော်နံ ဦးမယ်။

သူတို့ငါးယောက်လုံးတော့လည်း ဖြစ်ချင်မှဖြစ်မယ်။ သူတို့ထဲက တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ဖြစ်ချင်ဖြစ်မယ်။ စားဝတ်နေရေး အကျပ်အတည်း ရှိကြတဲ့ပြင် အသောက်အစား မကင်းကြတော့ ပိုဆိုးတယ်။ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး။

ဒီကောင်တွေကို အသေအချာ စစ်ဆေးရမယ်။ ပြောရုံဆိုရုံနဲ့ မရရင် ဝိုင်းပယ်သင့်တဲ့ ကောင်ကို ဝိုင်းပယ်ရမယ်။ ဒါမှ မရရင် ရဲစခန်းပို့သင့်တဲ့ ကောင် ပို့ရမယ်။ အားလုံးအတွက် သန့်ရှင်းရေးလုပ်ရမယ်။

ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းမှာ ဘာသာပြန်စာရေးဆရာ မြတ်ငြိမ်းနဲ့ သွားဆုံတယ်။ သူက ကောက်ကာငင်ကာ လှမ်းမေးတယ်။ မင်းတို့ ရွှေပဒေသာ ပုံနှိပ်တိုက်ရဲ့ ကျန်းမာရေးမကောင်းဘူးဆိုတဲ့။

ကဲ... သတင်းက ဘယ်လောက်မြန်သလဲ။ ဆရာမြတ်ငြိမ်းက တည့်တည့်မမေးချင်လို့ လှည့်မေးတာလေ။ အောင်မောင်း အလုပ်မဆင်းနိုင် တာက ငါးရက်တောင်ရှိသွားမှကိုး။

တစ်ဆက်တည်းမှာပဲ ဆရာမြတ်ငြိမ်းက သတင်းပေးတယ်။ အပြင် တိုက်တွေမှာ လုပ်မနေပါနဲ့ကွာတဲ့။ လုပ်သားသတင်းစာတိုက်မှာ စာစီသမား တွေ လိုနေတယ်၊ သွားလျှောက်တဲ့။ ။ တွင် အောင်မောင်း ခေါင်းညိတ်ပြပြီး ဆက်လျှောက်လာခဲ့တယ်။ ခါတိုင်း လိုဆိုရင်တော့ လမ်းမှာတွေ့တဲ့ စာရေးဆရာကြီးတွေနဲ့ လေနုအေးတိုက်ရုံ တင်မဟုတ်ဘူး၊ လက်ဖက်ရည်ဆိုင်ထိ ပင့်ဖိတ်ပြီး ဧည့်ခံတတ်မြဲပါ။ ဒီနေ့ တော့ သိပ်စကားမပြောချင်ဘူး။ ကိုယ်ရော စိတ်ရော နေလို့မကောင်းဘူး။

ဘာပဲဖြစ်ဖြစ် ချစ်တဲ့သူမလေး မြိုင်ရဲ့ စာအုပ်အဟောင်းဆိုင်ကိုတော့ ရောက်သွားမြဲပါပဲ။ အိပ်ရာထဲမှာ လဲနေခဲ့တဲ့ ရက်တွေကလည်း မလေးမြိုင် ကို တမ်းတရပါတယ်။ မတွေ့ရတာလည်း ငါးရက်ရှိပြီလေ။

မလေးမြိုင်အမေက စာအုပ်အဟောင်းသွားကောက်နေလို့ ကုန်သွယ် ရေး ၁ ရုံးအောက်က စာအုပ်အဟောင်းဆိုင်မှာ မလေးမြိုင်တစ်ယောက်ပဲရှိတယ်။

မလေးမြိုင်အဖေက ထောင်ထဲမှာဆုံးတယ်။ သူက နိုင်ငံရေးသမား စာပေသမားကြီး။ ထုံးစံအတိုင်းပါပဲ။ မွဲပါတယ်။ ကလေးလေးယောက်

ကျန်ရစ်ခဲ့တယ်။ ဒေါ်မြသင်းနဲ့ အကြီးဆုံး သမီးဖြစ်တဲ့ မလေးမြိုင်တို့ကပဲ ဦးဆောင်ပြီး စာအုပ်အဟောင်း ရောင်းစားကြပါတယ်။ မြောက်ဥက္ကလာမှာ အိမ်ငှားနေတယ်။

ဘာဖြစ်နေလဲမသိ၊ ခါတိုင်းလို မလေးမြိုင်မျက်နှာမကောင်းဘူး။

 ပြုံးပြုံးရွှင်ရွှင်မရှိ။ မကြိုဆို။ သူ့မျက်နှာညိုနေတယ်။

“ကောင်းတယ်၊ အလုပ်ပြုတ်လာပြီ မဟုတ်လား”

မလေးမြိုင်ရဲ့ ကြိုဆိုနှုတ်ဆက်စကားက နားခါးစရာကြီးပါ။ သူက ဟန်မလုပ်တတ်ဘူး၊ ပွင့်ပွင့်လင်းလင်း ပြောတတ်ဆိုတတ်တယ်။

အံ့သြစရာလည်းကောင်းတယ်။ အောင်မောင်းတို့ရဲ့ ရွှေပဒေသာ ပုံနှိပ်တိုက်ရဲ့ သတင်းကို စာရေးဆရာ မြတ်ငြိမ်းတို့တင်မကဘူး၊ လေးမြိုင် တို့တောင် သိနေကြပြီလေ။

အောင်မောင်း ဘာမှပြန်မပြောဘူး။ စာအုပ်ဟောင်းပုံတွေကို ကျော်ပြီး မလေးမြိုင်ဘေးမှာ ဝင်ထိုင်တယ်။ သူလည်း ခါတိုင်းလို နှုတ်မသွက်ဘူး။ မကြည်ဘူး။

“ခဲစာလုံးခိုးတာ အစ်ကို့ဘော်ဒါတွေပဲ မဟုတ်လား ဒီလူတွေနဲ့ အစ်ကို တစ်သက်လုံးပေါင်း၊ ကောင်းကျိုးအများကြီး ဆက်ပေးလိမ့်မယ်”

“အားလုံးကိုတော့ သိမ်းကျုံးပြီး မပြောပါနဲ့ မလေးရယ်၊ ငါးခုံးမက တစ်ကောင်တည်း ဖြစ်မှာပါ”

“ဘာလဲ အစ်ကိုလူတွေထိတော့ နာတုန်းပဲလား”

“အစ်ကိုနဲ့ ဆိုးတူကောင်းဖက် လက်တွဲပြီး လုပ်ခဲ့ကြတဲ့လူတွေပဲ။ သံယောဇဉ်တော့ ရှိတာပေါ့” “အဲဒါကြောင့် အစ်ကိုပါ ထွက်ခဲ့တယ်ဆိုပါတော့”

အောင်မောင်းက နှုတ်ကမဖြေ၊ ခေါင်းညိတ်တယ်။ “ကောင်းတယ် နောက်ဆို ထောင်ထဲအထိ အစ်ကိုပါလိုက်သွားပေါ့”

မလေးမြိုင့် မျက်နှာလေးက သိသိသာသာ ရဲလာတယ်။ ကရုဏာ ဒေါသောဖြစ်နေတယ်။ နာသာခံခက် အားမလိုအားမရ ဖြစ်နေတယ်။

“အစ်ကို့ကို ဒီမျက်လုံးမျိုးနဲ့ မကြည့်ပါနဲ့ ဒီမျက်နှာမျိုးနဲ့မပြောပါနဲ့ မလေးရယ်”

“မဟုတ်ဘူး... အစ်ကိုက အပေါင်းအသင်းတွေအပေါ် တွယ်တာ လွန်းလို့”

“ဒါက ဘဝပေးပါ၊ မကောင်းမှုဆိုတာတော့ ဆိတ်ကွယ်ရာမရှိပါဘူး၊ ခြေမမကောင်းခြေမ၊ လက်မမကောင်း လက်မကိုတော့ ပယ်ရမှာပေါ့”

“ခုဟာက အစ်ကိုပါ နာမည်ပျက်တယ် သိလား” “ခေါင်းဘယ်မှ မရွေ့ပါဘူး” “ထားပါတော့ အခုအစ်ကို ဘာလုပ်မလဲ”

“စောစောကတင် ဆရာမြတ်ငြိမ်းက ပြောတယ်၊ လုပ်သားသတင်း စာတိုက်မှာ စာစီတွေလိုတယ်တဲ့”

“အဲဒါမဆိုးဘူး ကောင်းတယ်၊ တည်ငြိမ်တယ်၊ အာမခံချက်ရှိတယ်”

“လစာကတော့နည်းမယ်၊ အစ်ကို့သူငယ်ချင်း လုပ်ဖော်ကိုင်ဖက် တွေ အဲဒီမှာ အများကြီးရှိပါတယ်၊ သူတို့လည်း အပြင်ထွက်ပြီး နှစ်ဖက် လုပ်နေကြတာပဲ”

“အစ်ကို့ကို မလေးထပ်ပြောပါရစေဦး၊ အပြင်မှာတော့ မလုပ်ပါနဲ့ တော့၊ မလေးတို့လိုပဲ စာအုပ်ဟောင်းရောင်းပါ၊ အစ်ကိုအခုရနေတာထက် မနည်းပါဘူး၊ ပုံမှန်တော့ မဟုတ်ဘူးပေါ့၊ ဒီလိုင်းအားလုံးကို အစ်ကိုလည်း သိနေတာပဲ”

အောင်မောင်း သွားငိုင်သွားတယ်။ တွေးတွေးဆဆနဲ့ ဖြည်းဖြည်း လေးလေး ခေါင်းခါတယ်။ မလေးမြိုင်ပြောတာ ဒီတစ်ခါသာ မဟုတ်ဘူး ကြာပြီ။

“ခက်တယ်မလေး.. အစ်ကို့အလုပ်ကို အစ်ကိုမစွန့်နိုင်ဘူး” “ဘာလဲ မလေးတို့လို မလုပ်ရဲဘူးလား”

“သိပ်လုပ်ရဲတာပေါ့၊ မလေးတို့အလုပ်က အကိုတို့အလုပ်ထက် မနိမ့်ကျပါဘူး၊ ဒါပေမဲ့ အစ်ကို အလုပ်အတွက် အစ်ကို ဘယ်လောက်ရင်းနှီး ခဲ့ရတယ်၊ ပေးဆပ်ခဲ့ရတယ်ဆိုတာ မလေး သိပါတယ်” ။

သည်တစ်ခါ ငိုင်သွားသူက မလေးမြိုင်ပါ။ သူ သိပါတယ်။ အောင်မောင်းတစ်ယောက် ပုံနှိပ်တိုက်တွေမှာ အနှစ်နှစ်အလလ ဘုံကျွန်ခံ ပြီးမှ ဒီဘဝရောက်လာတာပါ။ မကြီးပွား မချမ်းသာတာကို။ သူ့ဘဝ ကို သူက တွယ်တာ စွဲလမ်းပါတယ်။ ။

“အစ်ကို သဘောပါပဲလေ၊ တစ်ခုတော့ ရှိပါတယ်၊ အစ်ကိုနဲ့မလေး တော့ လမ်းဆုံနိုင်ကြဦးမှာ မဟုတ်ပါဘူး၊ ဝေးကွာနေကြရဦးမှာပါပဲ”