ကောင်းထက် - စုဘုရားလတ်ရှင်းတမ်းနှင့် ပါတော်မူဖြစ်ရပ်များ
ဘာ့ကြောင့် ကျွန်ဖြစ်ရသလဲ တတိယအကြိမ် အင်္ဂလိပ်မြန်မာစစ်ဖြစ်သည်။
ထိုစစ်ကြောင့် မြန်မာမင်းနှင့် မိဖုရားပါတော်မူ ရသည်။ အကြောင်းရင်းခံကို အမျိုးမျိုးပြောကြ ရေးကြသည်။ ဘယ်သူ့အပြစ်ပါလဲ။ တစ်ချို့က '
ဦးကောင်းလိမ်ထုတ်၊ သီပေါပြုတ်” စကားကိုကိုးပြီး ကင်းဝန်ကို အပြစ်ဖို့သည်။ တစ်ချို့ကတော့ ရတနာပုံနန်းတွင်းမှာ ဂိုဏ်း
တွေ ကွဲပြီး ညီညွတ်မှုမရှိခဲ့ကြလို့။ တစ်ချို့က ငယ်ရွယ်ပြီး ပျော့ညံ့သည့် မင်းသားငယ်ကိုမှ နန်းတင်ကာ အာဏာပလ္လင်ကို ချုပ်ကိုင်ချင်ခဲ့ကြလို့။ တစ်ချို့တွေကျတော့ ကုန်းဘောင်ဆက် နောက်ဆုံးမင်းအရည်အချင်းမရှိလို့ စသည် စသည်ဖြင့် တရားခံကို လက်ညှိုးထိုးကြသည်။ ကမ္ဘာ့အနောက် ဖက် တစ်လွှားမှ အရှေ့သို့တိုင် ရောက်လာသည့် အတောမသတ်သည့် လောဘပိုင်ရှင်နယ်ချဲ့တို့ကမူ မြန်မာဘုရင်ကို အပြစ်ဖို့၊ မိဖုရားကို မကောင်း ပြောဖြင့် ကလိမ်စေ့ငြမ်းဆင်မြေခွေးဉာဉ်အတိုင်း ရေးကြသားကြ ပြောခဲ့ ကြပါသည်။ပုဂ္ဂိုလ်ရေးအနေဖြင့်လည်း မြန်မာမင်း သီပေါဘုရင်ကို အရက် သမား ယစ်ထုတ်ကြီး၊ မိဖုရားစုဖုရားလတ်ကို စိတ်ကောင်းမရှိသည့် ယုတ်မာရက်စက်ကြမ်းကြုတ်ခက်ထန်သူအဖြစ် သမိုင်းလိမ်ခဲ့ကြသည်။ E.C.V FOUCAR 33013ao? 336$bodoš&:23:09697:20 mpga all. ကလည်း သူတို့စာအုပ်များတွင် အင်္ဂလိပ်အကောင်း၊ မြန်မာမကောင်း၊ မြန်မာမင်းနှင့် မိဖုရားကို (ဆရာမြသန်းတင့်အရေးနှင့်ရေးရလျှင်) ရစရာ မရှိလောက်အောင် ရွှံ့ပုပ်တွေနှင့် ဝိုင်းပက်ခဲ့ကြသည်။ ဒါက နယ်ချဲ့ အုပ်စုတို့၏အကျင့်၊ နယ်ချဲ့တို့၏ ပုဏ္ဏားဉာဏ်များပင်ဖြစ်သည်။
တကယ်တန်းသမိုင်းကို ကျေကျေညက်ညက် လေ့လာပါမူ လိမ်လည်မုသားများသာ ဖြစ်သည်။ သို့သော် ရင်နာဖွယ်ကောင်းသည်က ၄င်းတို့ရေးသည့်စာအုပ်များကို မြန်မာလူမျိုးစာရေးဆရာအချို့က ဘာသာ ပြန်ဆိုကြကာ သူတို့ကိုယ်တိုင်က ထိန်းထိန်းသိမ်းသိမ်းမရေးဘဲ (ဖြစ်နိုင်
တာ မဖြစ်နိုင်တာ မစဉ်းစား၊ အပျော်ဖတ်ဝတ္ထုတစ်ပုဒ် ဖတ်ရသလို၊ ဖတ်လို့ကောင်းပြီးရော) ကလောင်သရမ်းခဲ့ကြသည်မှာ ကမ်းကုန်အောင် ဆိုးလွန်းလှပါ၏၊ မိုက်လွန်းလှပါ၏ဟု ဆိုချင်ပါသည်။
တကယ်တန်းဖတ်တော့ ထိုစာအုပ်များတွင် မြန်မာတွေ ကျွန် ဖြစ်ရသည့်အကြောင်းရင်းခံ တရားခံအစစ်က ပျောက်နေပါသည်။ တရားခံက လွတ်နေပါသည်။ ထိုစာအုပ်များတွင် မပါပါ။ ထိုကိစ္စ၌ ကင်းဝန်တွင် အပြစ်မရှိ၊ အပြစ်ကင်းသည်ဟုလည်း မရေးလိုပါ။ သို့သော် တရားခံအစစ်မှာ ကင်းဝန်မဟုတ်ပါ။ မင်းတုန်းမင်းတရား၏မိဖုရား ဆင်ဖြူမရှင်လည်း ထိုနည်းလည်းကောင်းပင်။ တရားခံဟု ဆိုမရ။ တိုင်တားဂိုဏ်း၊ ကင်းဝန်ဂိုဏ်းစသည်ဖြင့် ဂိုဏ်းတွေ မညီညွတ်ခဲ့ကြ လို့ ဟု ဆိုလျှင်လည်း မမှန်နိုင်။ သီပေါမင်းနှင့် စုဖုရားလတ်တို့ကို လက်ညှိုးထိုးမည်ဆိုလျှင်တော့ ပို၍ပင် မှားလိမ့်မည်။