ကိုလေးမြတ် - စာပေခရီးနှင်သူကြီး
လျှပ်တစ်ပြက်ရွှေလီ
မန္တလေးရောက်ရင် မန္တလေးတောင်ကို တက်ရောက်ခဲ့ဖို့ လိုတာပေါ့ နော်။ မုံရွာရောက်ရင် သမ္ဗုဒ္ဓေစေတီတော် ဖူးမြော်ခဲ့ဖို့လိုတာပေါ့။ ဟုတ်ကဲ့... မူဆယ်ရောက်ရင်လည်း တရုတ်ပြည်ရဲ့ နယ်စပ်မြို့လေး ရွှေလီမြို့လေးကို သွားရောက်ရမှာပေါ့။ ကျွန်တော်တို့... ကျွန်တော်တို့ဆိုတာက ဆရာထက် မြက်၊ ဝတ္ထုတိုဆရာ အဇ္ဈတ္တ၊ ပြင်ဦးလွင်မြို့က ဆရာမောင်ကြည်သော် (ကောလင်း)၊ သတင်းထောက် သက်နိုင် (ပြင်ဦးလွင်)နဲ့ ကျွန်တော်ရယ်ပါ။ မန္တလေးမြို့က ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဒေါ်ဒေါ်(လူထုဒေါ်အမာ)ရဲ့ အသက် ၉၉ နှစ်မြောက် ရာပြည့်အကြိုမွေးနေ့ပွဲကို တက်ရောက်ရင်း ပြင်ဦး လွင်ကို ဆက်ပြီးတက်ခဲ့ကြတယ်။ ပြင်ဦးလွင်ရောက်တော့ မူဆယ်ခရီး ဆက်ကြမယ်ဆိုတာနဲ့ ရဲဘော်မျိုးထွဋ်(ကိုကိုးကျွန်းပြန်)က သူ့ရဲ့ အသစ် စက်စက် အေဒီ ၃ဝ (AD 30) ကားလေး မောင်းသွားဖို့ ရက်ရက်ရော
ရော အပ်နှံလိုက်တယ်။ သတင်းထောက် သက်နိုင်တစ်ယောက် ယာဉ်မောင်း သက်နိုင် ဖြစ်သွားရှာတာပေါ့။
မူဆယ်ရောက်တော့ စာရေးဆရာ ပြေ(ဆေး-၂)၊ တက္ကသိုလ်ဆန်း လင်းတို့က သူ့တို့ဘာသာ ၁၉ လမ်းလို့ အမည်ပေးထားတဲ့ စားသောက် တန်းလေးမှာ ညစာနဲ့ တည်ခင်းဧည့်ခံရှာသေးတယ်။ ကျွန်တော်လည်းမူဆယ်ဆောင်းကို အံတုဖို့ ဝီစကီစောင်ကို ကိုယ်တွင်း ထည့်လောင်းလိုက် မိတယ်။ ခရီးပင်ပန်းလို့လား၊ ဝီစကီစောင်ရဲ့ အစွမ်းလေလား၊ တရုတ်စောင် ရဲ့ နွေးထွေးမှုကြောင့်လား မပြောတတ်ပေဘူး။ အိပ်ပျော်သွားလိုက်တာ.. မူဆယ်ဆောင်းရဲ့ အရသာ မခံစားလိုက်ရဘူး။
၂၀၁၄ ခု၊ ဒီဇင်ဘာ ၁ ရက်မှာတော့ မူဆယ်ကနေ ရွှေလီကို ဆင်ဖြူ ဂိတ်ကနေ ဖြတ်သန်းဖို့ ကြိုးစားကြတယ်။ ကြိုးစားကြတယ်ဆိုတာက မှတ်ပုံ တင်ကတ်ပြပြီး ငွေတစ်ထောင်ကျပ်ပေးလိုက်ရင် အလွယ်တကူ ခြောက်ည အိပ် ခုနစ်ရက် နေခွင့်လက်မှတ် ရရှိနေတဲ့အချိန်မှာ ကျွန်တော်က မှတ်ပုံ တင်ကတ် မပါရှိခဲ့လို့ပါပဲ။ ဒီမှာ သက်နိုင်က သတင်းထောက်အရည်အချင်း အပြည့်အဝ ပြသနိုင်လိုက်ပါတယ်။ ကျွန်တော်တို့အားလုံး ငွေပေးစရာမလို ဘဲ၊ မှတ်ပုံတင်ကတ် ပြသစရာမလိုဘဲ၊ နိုင်ငံကူးလက်မှတ်တွေ တန်းစီစရာ မလိုဘဲ ရရှိလိုက်ကြတယ်။ ကူညီသူက သူ့ဌာန၊ သူ့ရာထူး မဖော်ပြပါနဲ့ လို့ တားမြစ်လိုက်ပေမဲ့ ကျေးဇူးတင်လွန်းလို့ အမည်လောက်တော့ ဖော်ပြ ပါရစေ။ ဦးလှဖုန်း တဲ့။ (ခွင့်လွှတ်ပါ) ။
များ အရောင်းအဝယ်သမား၊ အလည်အပတ်သမားအနည်းစုရှိပေမဲ့ အများစုကတော့ ကြယ်ဂေါင်မှာ၊ ရွှေလီမှာ အလုပ်သွားရောက်လုပ်ကိုင်ကြ တဲ့ လူငယ်အလုပ်သမားတွေပါ။ လူငယ် တရုတ်ဝန်ထမ်းလေးတွေရဲ့ ကြည့် ရှုမှုကို ခံယူပြီး လွယ်လွယ်ကူကူပဲ တရုတ်ပြည်ဘက်ခြမ်း ကြယ်ဂေါင်ကို
ခြေချခွင့်ရတယ်။ မြေသားမမြင်ရဘူး... တစ်ပြင်လုံး အုတ်ခင်းထားတယ်။ အဆောက်အအုံတွေကလည်း ထည်ဝါအုပ်မိုးလို့နေတယ်။ ပလက်ဖောင်း ပေါ်မှာ အလှစိုက် ထန်းအုန်းလေးတွေ စီရရီ။ အနေအထားက ဝင်ရောက် လာသူကို အပေါ်စီးက ရယူလိုက်သလို ခံစားလိုက်ရတယ်။ မူဆယ်ဘက် ကူးလာရင် လမ်းတွေက ကျဉ်းကျဉ်း၊ အမှိုက်သရိုက်တွေ ရှုပ်ယှက်ခတ်၊ အလေ့ကျပေါက်နေတဲ့အပင်တွေနဲ့ ဝင်ရောက်လာသူကို မာန်ဝင့်စေတဲ့ အနေ အထားဖြစ်စေတယ်။ ဒါဟာ ထိစပ်နေတဲ့ နိုင်ငံတွေရဲ့ အစိုးရတွေရဲ့ အရည် အချင်းလို့ ဆိုလိုက်ချင်တယ်။
မြန်မာငွေနဲ့ တရုတ်ငွေ လဲလှယ်ကြရတယ်။ မြန်မာငွေ ၁ဝဝဝ ကျပ်၊ တရုတ်ငွေ ၅၈ ဒသမ ကိုး (၅၈.၉ ယွမ်) တဲ့။ ရွှေလီကို တက္ကစီငှားတော့တစ်စီးကို ၂၅ ယွမ်ပေးရတယ်။ ကားလေးတွေက အနီရောင်။ နံပါတ်တွေ က အပြာခံအရောင်ပေါ်မှာ အဖြူစာလုံးတွေနဲ့။ ကုန်တင်ကားတွေကျတော့ နံပါတ်တွေက အဝါခံအရောင်ပေါ်မှာ အဖြူစာလုံး။ မူဆယ်ဘက်မှာ တရုတ် ကားနံပါတ်နဲ့ ကားလေး၊ ကားကြီးတွေ တွေ့မြင်ရပေမဲ့ တရုတ်ဘက် ကြယ် ဂေါင်မှာ မြန်မာကားနံပါတ်နဲ့ကားတွေ မတွေ့မြင်ရတာတော့ ထူးခြားနေ သလိုပါပဲ။ စိတ်မကောင်းလည်း ဖြစ်မိရဲ့။
ကြယ်ဂေါင်ကနေ ရွှေလီမြစ်ကူးတံတားကို ဖြတ်လိုက်တော့ ရွှေလီ ဆင်ခြေဖုံးရောက်တယ်။ လမ်းတွေကလည်း ကျယ်လိုက်တာပါ။ အဝိုင်းပတ် ကလည်း အကြီးကြီး။ အဝိုင်းထဲမှာ သစ်တောအုပ်လေးမြင်ရတာ ဂုဏ်ယူ စရာ။ နယ်မြေချင်းထိစပ်နေတာတောင် ဟိုဘက်(မြန်မာ)နဲ့ ဒီဘက်(တရုတ်) ဘာလို့ ဒီလောက်ထိ ကွာခြားနေရတာလဲ။ ပြောရရင်တော့ ညံ့ဖျင်းမှုလို့ပဲ ဆိုကြစို့ရဲ့။ ရွှေလီမြို့ထဲဝင်လာတော့ ပလက်ဖောင်းပေါ်က စိမ်းစိမ်းစိုစို သစ်ပင်လေးတွေ မြင်တွေ့ရတာ ရင်ကိုအေးမြစေတယ်။ မြို့လေးက စည် ကားမှုမရှိလှဘူး။ ငြိမ်ငြိမ်သက်သက်လေးနဲ့ ဣန္ဒြေကြီးလှတယ်။ ကလေး ငယ်နှစ်ယောက်တွေ့တော့ သက်နိုင်က စားသောက်တန်း ဘယ်ဘက်မှာ ရှိသလဲလို့ မေးတယ်။ မြန်မာဘက်ခြမ်းက မိဘတွေ အလုပ်လာလုပ်ရင်း ပါလာတဲ့ ကလေးတွေတဲ့။ ကလေးတွေ၊ ထဘီဝတ်နဲ့ အမျိုးသမီးတွေက မြန်မာစကားတတ်ကြတယ်တဲ့။
ကလေးတွေ ညွှန်တဲ့အတိုင်း လျှောက်လိုက်တော့ ဈေးတန်းလေး တွေ့တယ်။ ကွမ်းယာဆိုင်လည်းတွေ့တယ်။ ကွမ်းယာသည်က မုတ်ဆိတ် နဲ့။ တစ်ကျပ်ဖိုး နှစ်ယာတဲ့။ တစ်ကျပ်ဆိုတာ တစ်ယွမ်ကိုပြောတာ။ ရန်ကုန် မှာလည်း ၁ဝဝ ဖိုး လေးယာသာရတာမို့ ဈေးအတူတူပဲလို့ ပြောနိုင်တယ်။ ထမင်းဆိုင်ကလည်း ဟင်းသီးဟင်းရွက်ကြော်တွေ၊ သား၊ ငါးချက်တွေ ခင်းကျင်းပြသထားလိုက်တာ စားချင့်စဖွယ်။ အဲဒီမှာ ထမင်းစားဖို့ ဝင်လိုက် ကြတယ်။ ကျွန်တော်က အမဲကြော်နဲ့ မုန်ညင်းကြော် ထည့်ခိုင်းတယ်။ ၁၄ ကျပ်တဲ့ (၁၄ ယွမ်)။ အဇ္ဈတ္တ၊ မောင်ကြည်သော်(ကောလင်း)၊ သက်နိုင်တို့ က အသားမစားဘဲ ဟင်းရွက်ကြော်သုံးမျိုးစီလောက် ထည့်တော့ ၁၀ ကျပ် တဲ့။ စွန်တန်အရည်သောက်က အလကားရတယ်။ တရုတ်မတွေလို့ ထင်တာ။ မြန်မာစကားပြောတော့ ဘယ်ကလဲလို့မေးတော့ ဗန်းမော်မြို့ ကတဲ့။
ထမင်းစားပြီး ဆရာထက်မြက်က ရေဒီယိုဝယ်ချင်တယ်ဆိုလို့ ဈေး ဘက်ကိုမေးပြီးလျှောက်လာကြတယ်။ အဲဒီမှာ ကဗျာဆရာ၊ စာရေးဆရာ ဝင်းတင့်ထွန်းနဲ့ မမျှော်လင့်ဘဲ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ဆုံကြတယ်။ သူက ကျွန်တော့်ကိုမြင်တော့ ထင်တာနဲ့ မောင်ကြည်သော်(ကောလင်း)ကို “ကိုလေးမြတ်လား” လို့ မေးကြည့်ပြီး သေချာမှ ခေါ်ရဲရှာတာ။ ကျွန်တော် ကလည်း ရွှေလီမြို့မှာ ဝင်းတင့်ထွန်းရှိတယ်ဆိုတာ သိနေလို့ ဝင်းတင့်ထွန်း လို့ ပြောလိုက်ရတာ။ မမှတ်မိဘူး။ မမှတ်မိဆို ရှစ်လေးလုံး အရေးတော်ပုံ ပြီးကတည်းက ကွဲသွားကြတာလေ။ နှစ်ပေါင်း ၂၆ နှစ်တောင်ရှိပြီပဲ။ ပြီးတော့ လုံချည်ခပ်တိုတို၊ ပင်နီတိုက်ပုံ လက်ခေါက်ဝတ်ဆင်တတ်တဲ့ အညာသား က ဘောင်းဘီရှည်နဲ့၊ ဂျာကင်နဲ့ဆိုတော့ ပိုပြီး မမှတ်မိတော့တာပါ။ နောက်မှ စကားပြောကြရင်း အရင်ပုံရိပ်လေး ပြန်ပြီးဖမ်းမိလာတာ။
သူက သူ ငှားရမ်းနေထိုင်တဲ့ အခန်းလေးကို ခေါ်သွားတယ်။ စတုရန်း ၄၀၀ ပေလောက်ရှိတဲ့ အခန်းလေးပါ။ ဒါတောင် တစ်လ ယွမ် ၆ဝဝ ပေး ရသတဲ့။ သူ့ဇနီးက ကချင်၊ တရုတ်စပ်ကပြား။ သားတစ်ယောက်၊ သမီး တစ်ယောက် ထွန်းကားတယ်။ ကလေးတွေက တရုတ်တက္ကသိုလ်ကျောင်း သားတွေ ဖြစ်ကုန်ကြပြီ။ ကွေ့ ကျိုးတက္ကသိုလ်မှာတဲ့။ ဝင်းတင့်ထွန်းခမျာ ကျွန်တော့်ကိုတွေ့ ရတော့ စကားတွေပြောရတော့ ဝမ်းသာနေရှာလိုက်တာ၊ ဟန်ဆောင်မထိန်းသိမ်းနိုင်ရှာဘူး။ အမှတ်တရ ဓာတ်ပုံတွေရိုက်၊ ကော်ဖီ တွေတိုက်။ ရှေးဖြစ်ဟောင်းတွေ၊ လက်ရှိအနေအထားတွေ ပြောကြ၊ ဆိုကြ၊ သုံးသပ်ကြ။ ပြောကြရင် တစ်လတောင် ပြောကုန်မှာ မဟုတ်ပါဘူး။
သူ့အခန်းလေးထဲမှာ ၄၅ မိနစ်လောက်ပဲ နေနိုင်ခဲ့တယ်။ နောက်.. စာအုပ်ဆိုင်ဘက် ထွက်ခဲ့ကြတယ်။ ကျွန်တော့်ကို ခြောက်ညအိပ်၊ ခုနစ်ရက်
လောက် လာနေဖို့ တဖွဖွဖိတ်ခေါ်နေရှာတယ်။ ကျွန်တော်က သွားမှပဲ တွေ့ ရတော့မှာကိုး။ သူကတော့ လာတော့မှာ မဟုတ်တော့ဘူး။ လာမယ်ဆိုရင်
တော့ ဖြစ်တာပေါ့လေ။ ဒါပေမဲ့ ဟိုသတင်းပို့၊ ဒီသတင်းပို့ ပို့ရမှာ။ သူက အဲဒီလို ခယဝယလုပ်ရမယ့်အလုပ်မျိုးကို တစ်သက်လုံးလုပ်မယ့်လူစားမျိုး မဟုတ်ဘူး။
စာအုပ်ဆိုင်လျှောက်ရင်း ကျောက်စိမ်းဈေးကြီးကို တွေ့ရတယ်။ ကျွန်တော်တို့နိုင်ငံက ကျောက်စိမ်းတွေကို တစ်ကမ္ဘာလုံးအနှံ့ ချိတ်ဆက်
ရောင်းချနေတဲ့နေရာပေါ့။ နောက် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလေ့ရှိတဲ့၊ လူတွေ.. ညနေခင်းအပန်းဖြေကြတဲ့ ကွက်လပ်ကြီးလည်း တွေ့ရတယ်။ မြင့်မားတဲ့ အဆောက်အအုံကြားထဲက ကျယ်ပြန့်တဲ့ကွက်လပ်ဟာ စိတ်ကို လွတ်လပ်ပေါ့ပါးစေမှာ အမှန်ပါပဲ။ ပြီးတော့ မူကြိုကျောင်းကိုလည်း တွေ့ ရတယ်။ ကလေးတွေ ကျယ်ပြန့်တဲ့ ကွက်လပ်ကြီးထဲက သစ်ပင်ရိပ်အောက် မှာ ဆော့ကစားနေလိုက်ကြတာ အပူအပင်မဲ့ လွတ်လပ်ပျော်ပါးလို့။ အဲဒီ ဝန်းကျင်က ကြီးပြင်းလာကြတဲ့သူတွေကလည်း လွတ်လပ်တဲ့ အတွေးနယ် ချဲ့မှုတွေ၊ လွတ်လပ်မှုမြတ်နိုးတာတွေ ကိန်းအောင်းနေလိမ့်မယ် ထင်ပါရဲ့ ။ ရွှေလီရဲ့ ကွန်မြူနစ်ပါတီရုံးကြီးကလည်း ထည်ဝါလိုက်တာပါ။
စာအုပ်ဆိုင်အောက်ထပ်က စာရေးကိရိယာတွေ ရောင်းတယ်။ အပေါ် ထပ်က စာအုပ်တွေရောင်းတယ်။ ကမ္ဘာမှာ ထင်ရှားတဲ့ စာအုပ်တွေတိုင်း တရုတ်ဘာသာပြန်ရှိနေပြီးသားပါတဲ့။ တရုတ်ပြည်က ကမ္ဘာနဲ့ ရင်ပေါင် တန်းနိုင်ရုံမက ရှေ့တန်းတောင် ရောက်သွားပြီလေ။ အေးလေ... တိုင်းပြည် တိုးတက်စေချင်တဲ့ပါတီနဲ့ သူတွေက ဦးဆောင်ခေါ်သွားတာကိုး။ ကျွန်တော် တို့နိုင်ငံသာ ငိုဘသမား အာဏာရှင်တွေ အုပ်ချုပ်အနိုင်ကျင့်တာ ခံကြရတာ ကိုး။ ကျွန်တော်တို့နိုင်ငံ တိုးတက်ဖို့ ကျွန်တော်တို့တစ်တွေ အများကြီး အလုပ်လုပ်ကြရဦးမယ်။
အပြန်ကိုတော့ ဝင်းတင့်ထွန်းက တက္ကစီငှားပေးလိုက်တယ်။ တက္ကစီ သမားနဲ့ စကားပြောနေလိုက်တာ ဝင်းတင့်ထွန်းက ပီဘိ တရုတ်ငချိတ် အတိုင်းပါပဲ။ တရုတ်ငချိတ်ဆိုတာ အသားမည်းတဲ့ တရုတ်ကိုပြောတာ။ ကြယ်ဂေါင်ရောက်တော့ တရုတ်ယွမ်နဲ့ မြန်မာငွေ ပြန်ပြီးလဲလှယ်ကြရတယ်။ လူငါးယောက် ရွှေလီသွားတာ ၂၀,၀၀၀ ကျပ်နီးပါးပဲ ကုန်ကျတယ်။ တက္ကစီ စီးရသေးတယ်၊ ထမင်းစားရသေးတယ်ဆိုတော့ သက်နိုင်က တန်ပါတယ် တဲ့။ (တန်ပါတယ်ဆိုတာ ဈေးသက်သာတာကို ပြောတာ)
တရုတ်ပြည်ကနေ မြန်မာပြည်ဘက်ကို ပြန်ကူးလာတော့ ကျွန်တော် စိတ်ထဲမှာ ပူလောင်သလို ခံစားလိုက်ရတယ်။ ဒါတောင်မှ ဆောင်းရာသီနော်။ နွေရာသီမှာဆို ပြန်ပြီး ကူးရမှာကို ကြောက်ရွံ့ နေမလား မပြောတတ် ဘူး။ ဘာပဲဖြစ်ဖြစ် ကွန်မြူနစ်က အာဏာရှင်ထက်တော့ သာလွန်ကောင်း မွန်တာအမှန်ပါပဲ။
စံတော်ချိန်သတင်းစာ
ဆိုင်းစုမှသည် ရွာမဆီသို့
ရန်ကုန်မြို့မှာ နေထိုင်နေတဲ့ သုံးဆယ်မြို့ ဇာတိသား ကဗျာဆရာ ဆူးသစ်နီက မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ သုံးဆယ်မြို့နယ် ဖွဲ့စည်းပြီး လို့ အသိအမှတ်ပြုပွဲလေး ကျင်းပမှာမို့ ဦးလေး လိုက်ဖြစ်အောင် လိုက်ခဲ့ပါ လို့ ဖိတ်ကြားတော့ ရင်ခုန်သွားမိသေးတယ်။ ဟုတ်တယ်လေ..၊ သုံးဆယ် မြို့ဆိုတာ နှယ်နှယ်ရရ မြို့တစ်မြို့မှမဟုတ်တာ။ စာပေလောကမှာ ထင်ရှား ခဲ့တဲ့ ဆရာကြီးပီမိုးနင်း မွေးဖွားခဲ့တဲ့မြို့။ စစ်ရေး၊ နိုင်ငံရေးမှာ ထင်ရှားခဲ့တဲ့ ဗိုလ်မှူးချုပ် ကျော်ဇောရဲ့ မြို့ မဟုတ်ပါလား။ ကဗျာဆရာ အောင်ခိုင်မြတ် ပြောသလိုပြောရရင် သုံးဆယ်မြို့ဟာ တကယ့်ဂရိတ်ကြီးတွေ ထွန်းပေါ်ခဲ့တဲ့ မြို့ပေါ့။ ။
၁၄-၁၂-၁၃ နေ့ ၊ နံနက် ၆း၁၅ နာရီ စံချိန်မီလိုင်းကားနဲ့ သုံးဆယ် မြို့ကို ထွက်ခဲ့ကြတယ်။ စံချိန်မီဆိုတဲ့အတိုင်း ၆း၁၅ နာရီတိတိမှာပဲ သခင်မြ ပန်းခြံအနီး ကားဂိတ်က ထွက်ခွာပါတယ်။ လိုက်ပါလာကြတဲ့သူတွေက
တော့ ဆရာကြည်နိုင်၊ ခင်မောင်ဇော်၊ အောင်ခိုင်မြတ်၊ မိုးလေး၊ ဆူးသစ်နီ၊ ဇော်တင်နဲ့ ကျွန်တော်၊ ကဗျာဆရာ စိုးစံသစ်က စော်ဘွားကြီးကုန်းက စောင့် စီးတယ်၊ ကဗျာဆရာ ကောင်းကင်ပြာက တိုက်ကြီးမြို့က စောင့်စီးပါတယ်။ ကျွန်တော်တို့ အင်အားက စုစုပေါင်း ကိုးယောက်ပေါ့။ သမဂ္ဂဖွဲ့စည်းရေးသွားရောက်ခဲ့ကြတဲ့ခရီးမှာ အင်အားအများဆုံးပါပဲ။ ကျွန်တော်တို့က သမဂ္ဂ ဖွဲ့စည်းရေး သွားရောက်တဲ့နေရာမှာ လေးယောက်ထက် မပိုပါဘူး။ ဘာလို့ လဲဆိုတော့ နယ်ခံတွေ တာဝန်ပိမှာကို မလိုလားလို့ပါပဲ။ အခုခရီးက ဆူးသစ်နီက ကမကထပြုတာမို့ တပျော်တပါး အင်အားဖြည့်လိုက်ပါလာ ကြဟန် တူပါရဲ့။ ။
ရန်ကုန်မြို့နဲ့ ၇၇ မိုင်သာ ကွာဝေးတဲ့ သုံးဆယ်မြို့လေးကို နံနက် ၁၀၃၀ နာရီမှာ ဆိုက်ရောက်ပါတယ်။ ဆူးသစ်နီက ဥက္ကံမြို့ရောက်တော့ ဖုန်းလှမ်းဆက်ထားလို့ ကားဆိပ်မှာ နယ်ခံစာပေသမားလူငယ်တွေက ဆိုင်ကယ်ကိုယ်စီနဲ့ စောင့်ဆိုင်းနေကြတယ်။ တရုတ်ပြည်ထုတ် ဆိုင်ကယ် ယဉ်ကျေးမှု မြန်မာပြည်အနှံ့ ပေါ်ထွန်းလာတာကို မနှစ်သက်လှပေမဲ့ ကျေး လက်တွေထိ အလွယ်တကူသွားလာနိုင်တာမို့ ကောင်းတာပါပဲလေလို့ ဖြေ သိမ့်နေမိတယ်။ ကျွန်တော်တို့ကို ဇွဲသန်းသျှင်(သုံးဆယ်)ရဲ့ အိမ်ဂေဟာကို ပို့ဆောင်ပေးပါတယ်။ ဇွဲသန်းသျှင်(သုံးဆယ်)က ဒီလှိုင်းဂျာနယ်မှာ ဆောင်းပါးတွေ မပြတ်ရေးသားနေတဲ့ အငြိမ်းစားကျောင်းဆရာတစ်ဦးပေါ့။
ကျွန်တော်တို့ကို ခရီးရောက်မဆိုက် အသင့်ပြင်ဆင်ထားတဲ့ ဆူးသစ်နီ ညွှန်းဆိုလွန်းတဲ့၊ နာမည်ကျော်လှတဲ့ သုံးဆယ်မုန့်ဟင်းခါးနဲ့ ဧည့်ခံပါတယ်။ ညွှန်းသလို၊ နာမည်ကျော်သလို သုံးဆယ်မုန့်ဟင်းခါးကလည်း တစ်သက် မမေ့အောင် ကောင်းလှပါပေတယ်။ ကျွန်တော်တို့ရော၊ တက်ရောက်လာကြ တဲ့သူတွေရော မုန့်ဟင်းခါးသုံးဆောင်ပြီး အခမ်းအနားစတင်ဖြစ်ကြပါတယ်။ ပထမဦးဆုံး မြို့မိမြို့ဖလည်းဖြစ်၊ အဋ္ဌာရသမဂ္ဂဇင်း၊ ဝိဇ္ဇာမဂ္ဂဇင်းတွေမှာ သုံးဆယ်မြို့၊ ဓမ္မသုခကျောင်းတိုက်၊ ဓုတင်္ဂါစာရ ဆရာတော်ကြီး ဦးဉာဏ ရဲ့ ဓုတဆောင်စဉ် ဖြစ်ရပ်ဆန်းတွေကို ရေးသားပူဇော်နေသူလည်း ဖြစ်တဲ့ သုဓမ္မမဏိဇောတဓရ စံချိန်မီ ဦးလှထွန်းက အဖွင့်အမှာစကားပြောပါတယ်။
သူက ဆရာကြီး ပီမိုးနင်း မွေးဖွားရာ နေအိမ်နေရာမှာ ပီမိုးနင်းပြတိုက် လေး တစ်ဦးတည်းအလှူရှင်အဖြစ် ဆောက်လုပ်ထားပါသတဲ့။ အဲဒီပြတိုက် မှာ နေထိုင်ပြီး စာရေးချင်တဲ့သူတွေ စာရေးနိုင်အောင် ရေချိုးခန်း၊ အိမ်သာ တို့လည်း တွဲဖက်ဆောက်လုပ်ထားပါသတဲ့။ ကျွန်တော်တို့ကို စာရေးဖို့ ဖိတ်ခေါ်ပါတယ်။ ဒါ့ပြင် ဗိုလ်စိန်မှန်ရဲ့ ပန်းခြံဝင်းအတွင်း ပီမိုးနင်းစာကြည့်တိုက်...