Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ကလောင်စုံ - အောက်မေ့ဖွယ်ဟာသဝထ္ထုများ(၁)

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

စိန်ခြူးကြာညောင်

          ထိုနေ့က နေသည် ခြစ်ခြစ်တောက်ပူသည်။

          အညာမှ ပြောင်းရွှေ့ လာစ အထူးအာဏာရ မြို့အုပ်မင်း ဦးဖိုးနှံ၏ စိတ်ထဲ တွင် “ဘယ့်နှယ်လဲ။ အောက်အရပ်ဒေသလို့ ဆိုပေမဲ့ အညာထက် ပိုပြီးပူပါ ကလား” ဟု ထင်မိ၏။

          ထင်မည်ဆိုလျှင် ထင်လောက်၏။ , အောက်အရပ်ဒေသ၌ အညာမှာကဲ့သို့ တောရိပ်တောင်ရိပ်လုံးဝမရှိ။ မည်သည့်အရပ်လေးမျက်နှာကို ကြည့်ကြည့် မြေပြင်သည် သင်ဖြူးခင်းဘိ သကဲ့သို့ လယ်ကွင်းများဖြင့် ညီညာစွာပြန့်ပြူးလျက်ရှိသည်။ ခုအချိန်ခါ၌ စပါးရိတ်သိမ်းပြီးသဖြင့် လယ်ကွင်းများထဲမှာ အပူငွေ့တို့သည် ကောင်းကင် သို့ တရိပ်ရိပ်တက်နေကြသည်။ ကောင်းကင်၏ အထက်ဗဟိုခန့်တွင် ထွန်း လင်းတောက်ပနေသော နေမင်းကြီးသည် ပူပြင်းသောမျက်နှာထားနှင့် လယ် ကွင်းများကို စူးစိုက်ကြည့်နေသည်။

          ထို့ကြောင့် အောက်ကလည်း ပူ၏။ အထက်ကလည်း ပူ၏။ အိမ်ဦးခန်း ပက်လက်ကုလားထိုင်ပေါ်တွင် စံပယ်နေသော မြို့အုပ်မင်းမှာ အထက်ပူ၊ အောက်ပူအကြားတွင် ငါးဖယ်ပျံ၍နေလေ၏။

          မြို့အုပ်မင်း ဦးဖိုးနှံ၏ မဖိုင့်တဖိုင့်ကိုယ်ထဲမှ ချွေးသီးချွေးပေါက်တို့သည် မိုးမလုံသော အိမ်ခေါင်မိုးမှကျသော ရေပမာ ယိုစီးလျက်ရှိသည်။ လေငြိမ် .တုန်း ချွေးထွက်သည်မှာ နေမထိထိုင်မသာဖြစ်သည်။ ဗလာကျင်းထားသော ရင်ဘတ်ပေါ်တွင် မျက်နှာသုတ်ပုဝါတင်၍ မကြာခဏချွေးသုတ်ရသည်မှာ များစွာလက်ညောင်းသည်။ အထူးသဖြင့် ဤနေ့ဤရက်တွင် မိမိဘာသာ မိမိ ချွေးသုတ်ရသည်မှာ အတော်ကရိကထများလှသည်။ ခါတိုင်းဆိုလျှင် ကိုယ့်ချွေးကိုယ်သုတ်ဖို့မလို။ တစ်ဖက်က မကြီးကသုတ်ပေးလျှင် တစ်ဖက်က မငယ်က ယပ်ခတ်ပေးသည်။ သူတို့ညီအစ်မနှစ်ယောက် ကုလားထိုင်အပါး တွင် ကျုံ့ကျုံ့ထိုင်၍ပြုစုခြင်းကိုခံရသောအခါ မြို့အုပ်မင်းမှာ ဇိမ်အလွန်တွေ့ သည်။

          ယခုမှာမူ မင်းကတော် နံပါတ်တစ်နှင့် မင်းကတော်နံပါတ်နှစ် ညီအစ်မ နှစ်ယောက် ရန်ဖြစ်ကြ၍ တစ်ယောက်က အိမ်ပေါ်ထပ်အိပ်ခန်းထဲ၌လည်း ' ကောင်း၊ တစ်ယောက်က အိမ်အောက်ထပ် အိပ်ခန်းထဲ၌လည်းကောင်း နှစ် ၊ ယောက်သား စိတ်ကောက်၍ အိပ်ခန်းအောင်းနေကြသည်။

          မြို့အုပ်မင်း ဦးဖိုးနှံ၏ အိမ်သည် အနောက်ဘက် ဆားကျင်းချောင်းကို မျက်နှာမူသည်။ ထိုအိမ်ကို မူလဆောက်သူမှာ မြို့အုပ်မင်း ဦးဖိုးနှံ ရုံးစိုက် ရာမြို့ရှိ ဗိုလ်တ်ဒရဝမ် ပသီမောင်ကလေး၏ အိမ်ဖြစ်သည်။ အိမ်ဆောက်စဉ် က မြောက်ဘက်ကို ခေါင်းရင်းထား၍ ဆောက်ခဲ့ရာ မြို့အုပ်မင်းသည် အိမ်ဦးခန်းမှ နေ၍ ကြည့်လိုက်သော် တောင်ဘက်၌ ရွေးမြစ်ပြင်ကျယ်ကြီး ကို တွေ့ရသည်။ ဆားကျင်းချောင်းသည် တွန်လိမ်ကောက်ကွေး၍ ရွေးမြစ်ထဲ သို့ စီးဝင်သည်။ မြို့အုပ်မင်း ဦးဖိုးနှံသည် အပူဓာတ်လျော့ရန်အလို့ငှာ ရွေးမြစ် ၏ ရေအယဉ်ကို ကသိုဏ်းရှုနေဟန်တူသည်။ သို့သော် ထိုအချိန်၌ ရွေးမြစ် သည် ရေပြည့်ပြီဖြစ်၍ ငြိမ်နေသည်။ မိုးဥတုတွင် လှိုင်းလေတို့ဖြင့် သောင်း ကျန်းတတ်သော ရွေးမြစ်သည် ခြစ်ခြစ်တောက်ပူသော နေမင်း၏ အောက် တည့်တည့်တွင် ပြားပြားဝပ်လျက်ရှိသည်။ သို့သော် တစ်ချီချီတွင် ဇာတိပြလို သောကြောင့် ရေမျက်နှာထက်၌ ဂယက်ရိုက်၍ကြည့်သည်။ သို့သော် ရွေးမြစ် ၏ အဖော်ဖြစ်သူ ကောင်လေသည် ဤအချိန်တွင် လာရောက်ကူညီလေ့ မရှိချေ။

          နေမင်းသည် အပူကိုစုစည်း၍ ရွေးမြစ်မျက်နှာပြင်ပေါ်ကို သွန်ချသည်။ ထိုအခါ ရွေးမြစ်သည် ကြာကြာသည်းခံနိုင်ပုံမပေါ်။ သူ့မျက်နှာပေါ် ကျရောက် လာသော ရောင်ခြည်တို့ကို နေရှိရာသို့ ရောင်ပြန်ဟပ်၍ပြန်ပို့သည်။ ဤသို့ နေမင်းနှင့် ရွေးမြစ်တို့ အပြန်အလှန်အတိုက်အခံပြုနေသောအချိန်တွင် တန်ဆာခံဖြစ်သော ရေခိုးရေငွေ့တို့သည် ကောင်းကင်ကို ရိပ်ရိပ်တက်လေ သည်။

          လယ်ကွင်းထဲ၌ ရေခိုးရေငွေ့တို့ ရိပ်ရိပ်တက်သည်။ ရွေးမြစ်ထဲ၌ လည်း ရေခိုးရေငွေ့တို့ ရိပ်ရိပ်တက်သည်။ ရွေးမြစ်ကမ်းပါးတစ်လျှောက်၌ တော တန်းကလေးများသည် ကွက်ကျားကွက်ကျား တန်းစီနေကြသည်။ ယင်း တောတန်းမှာ ဓနိတောသော်လည်းကောင်း၊ သမဲ့တောသော်လည်းကောင်း၊ ကနစို တောသော်လည်းကောင်း၊ ယင်းအပင်အမျိုးမျိုး ရောရောသော် လည်းကောင်းဖြစ်သည်။ ယင်းတောတန်းသည် ရွေးမြစ်မှ တက်လာသော အခိုးအငွေ့ တို့၏ နောက်ခံကားနှင့်တူသည်။ ထိုနောက်ခံကားသည် ရိပ်ရိပ် တက်နေသော အခိုးအငွေ့ သဘာဝကို လိုက်၍ သူကလည်း ရိပ်ရိပ်တက်မည် ကဲ့သို့ပြုသည်။ သို့သော် တကယ်မတက်နိုင်။ လှုပ်ရွလှုပ်ရွနှင့် ယိမ်းကရုံ သာကနိုင်သည်။ အလားသဏ္ဌာန်မှာ နွေခေါင်ခေါင် ကတ္တရာလမ်း အငွေ့ပျံနေ သောအခါ အရာဝတ္ထုတို့ ရိပ်ရိပ်ရိပ်ရိပ်နှင့် လှုပ်ရှားနေသည့် အလားသဏ္ဌာန် ဖြစ်သည်။

          မြို့အုပ်မင်း ဦးဖိုးနှံက ရွေးမြစ်ကိုကြည့်လျှင် အေးမည်ထင်၏။ သို့သော် - လယ်ကွင်းကလည်းပူ၊ ရွေးမြစ်ကလည်း ပူ၊ ပသီမောင်ကလေးအိမ်သွပ်မိုး ကလည်း ပူ။ ဤကဲ့သို့ တစ်ပူပေါ်၌ နှစ်ပူသုံးပူဆင့်လာသောအခါ မြို့အုပ်မင်း ပါးစပ်ထဲမှ ဗုဒ္ဓဟူးနံ အတိုင်းအထွာတစ်ခု လွှတ်ခနဲ ထွက်သွားသည်။ ထို့နောက် တစ်ဆက်တည်း “ပူလိုက်တာ လွန်ပါရော” ဟု ညည်းသည်။ ခါတိုင်းဆိုလျှင် ဤညည်းသံကို ကြားရလျှင်ကြားရချင်း မင်းကတော် နံပါတ်တစ်နှင့် နံပါတ်နှစ်တို့ အပါးသို့ လာမြဲ။ ယခု သင်းတို့နှစ်ယောက် - အိပ်ခန်းအောင်းနေကြသည်။ မနေ့က သူတို့ရန်ဖြစ်ကြ၍ ယနေ့ နေ့လယ် နေ့ခင်းတွင် ထမင်းချက်၊ စားပွဲထိုး စသည်တို့သည် တော်ရာရှောင်နေကြ သည်။ သဟာကြောင့် ကိုယ့်ဒူးကိုယ်သုတ်နေရသည်။ ဆင်းရဲလှလေစွ တကား။

          စင်စစ် ဆင်းရဲခြင်းမှ လွတ်ကင်းအောင် မယားနှစ်ယောက်ကို ထပ်၍ `ယူခဲ့ခြင်းဖြစ်၏။ မယားနှစ်ယောက် ယူရာမှာလည်း ညီအစ်မနှစ်ယောက် ကို ယူခြင်းဖြစ်၏။ ဘုရားစူးစေ့၊ မူလက ဤကဲ့သို့ယူရန် စိတ်မကူးပါ။ မိမိရန်ကုန်ကောလိပ်တွင် ဘီအေအောင်သောနှစ်က မိဘများက မိမိတို့၏ ဇာတိချက်ကြွေအညာမြေမှ ဆွေရိပ်မျိုးရိပ်မကင်းသူတစ်ဦးနှင့် နေရာချထားပေး သည်။ ထိုခေတ်က ဘီအေအောင်လျှင် မြို့အုပ်လောင်းဟု ဆိုကြသည်။ .. ထို့ကြောင့် သမီးရှင်များက ဘီအေအောင်သူတို့ကို ၎င်းတို့၏ သမီးများအား ကိုယ်စားပြု၍ ဝန်းဝိုင်းပိုးပန်းလေ့ရှိသည်။ - ထိုသဘာဝကို မြို့အုပ်မင်း၏ ခမည်းတော် ပဲဖြူကလေးပွဲစားကြီးက စိုးရိမ်ထိတ်လန့်သည်။ မိမိ၏သားကို သူတစ်ပါးအသိုက်အဝန်းထဲ မရောက် စေရဟူသော လက်သုံးဝါဒဖြင့် မိခင်ဖခင်တို့က ဖိတ်ချင်းဖိတ် အိတ်ထဲဖိတ်အောင် သူတို့ကြိုက်သော မိန်းမနှင့် မြို့ အုပ်လောင်းကို ပေးစားလိုက်သည်။ မိဘသဘောကို လိုက်လျော၍ ပေးစားသောမိန်းမကို ယူခဲ့ရသော်လည်း သား တော်မောင်မှာ နှစ်နှစ်ကာကာမရှိ။ ဤသို့လျှင် မိန်းမယူပြီး ကလေးတစ် ယောက် မရတရအချိန်၌ မြို့အုပ်ဖြစ်လာလေသည်။

          ထိုအခါ တစ်နယ်တစ်ကျေးကို ပြောင်းရန်ကိစ္စ ပေါ်လေ၏။ သို့သော် မြို့အုပ်ကတော်က သူတစ်ပါးမြို့ရွာမှာ မီးမဖွားချင်ဟုဆို၍ နေရင်းဌာနီ၌ နောက်ချန်၍နေခဲ့၏။ တစ်ဖန် အောက်မြို့ကျေးရွာတို့ကို ရွှေ့ပြောင်းရသော အခါ ထိုကျေးရွာနယ်ပယ်တို့သို့လိုက်ရန် ဝန်လေးသည်ဟု ဆိုပြန်သည်။

          ထို့ကြောင့် မြို့နယ်အပြောင်းအရွှေ့ ရှိသောအခါ မင်းကတော်ကြီးအား ခရီးစရိတ်ထုတ်၍ ကောင်းရုံမျှဖြစ်ဖြစ် ခေတ္တခဏလိုက်ပါရန် မကြာခဏတောင်းပန်ခဲ့ရ၏။ ဤသို့ တောင်းပန်လွန်းသောကြောင့် မြို့သစ်နယ်သစ်သို့ ရောက်လျှင် တစ်ခေါက်တော့ သွားဖြစ်အောင်သွားသည်။ သို့ရာတွင် ကလေး တစ်ယောက်မှ နှစ်ယောက်ဖြစ်လာသောအခါ မင်းကတော်ကြီးက ကလေး တစ်ပြုံကြီးနှင့် ခရီးသွားရသည်မှာ ပင်ပန်းသည်ဟုဆိုပြန်သည်။ ထို့နောက်၌ ကား မြို့အုပ်မင်းမှာ အောက်သို့ချည်း စုန်၍နေလေသောကြောင့် မင်းကတော် ကြီး လိုက်ရသောခရီးသည် ဝေးသထက်ဝေးလာလေသော် “တော်ပြောင်းတိုင်း ကျုပ် မလိုက်နိုင်ပေါင်” ဟု ဖော်ထုတ်ပြောဆိုလေသည်။

          ဤတွင် မြို့အုပ်မင်း၏ သံယောဇဉ်နှောင်ကြိုးသည် ထောင်းခနဲ ပြတ်လေ သည်။