Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ကလောင်စုံ - အလွယ်လမ်းနှင့်အခြားမဂ္ဂဇင်း၀ထ္ထုများ

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

          နွားဟာ လူခိုင်းဖို့ဖြစ်လာတာပဲ၊ ဒါအစဉ်အလာတဲ့ .. ဒီအစဉ်အလာကြီးကို ဘယ်သူမှမဖျက်နိုင်ဘူးလား ..... မတော်လှန်နိုင်ဘူးလား။

          သူသည် တစ်လမ်းလုံးတွေးလာလေသည်။ နွားမဒန်းမကလေး “ယုဝတီ” နောက်က နွားထီးတွေ တစ်ပြုံကြီးလိုက်နေကြသည်ကိုမှ သူမမြင်နိုင်။

          ဦးဘိုးလူကြီး သူ့လည်ပင်းကို ဆီးကိုင်လိုက်မှပင် သူသတိရတော့သည်။ သူ့ကို စုတ်တသပ်သပ်နှင့်ချော့ခေါ်သွားသည်။ အိမ်နောက်ဘေးသို့ ရောက်သော အခါ အခြားလူနှစ်ယောက်ကို တွေ့ရသည်။ သူတို့လက်ထဲတွင် ကြိုးခွေများကို ကိုင်ထားကြသည်။ ဦးဘိုးလူနှင့် အခြားတစ်ယောက်သည် သူ့ကိုညှပ်၍ ကိုင် ထားကြသည်။ သူ ရိပ်မိပြီ .. သူ သိပြီ။ သူ့ကို နဖားကြိုးထိုးမလို့ပေါ့ ။ သူသည် ပြင်းထန်စွာ ခုန်ပေါက်လိုက်သည်။ ဦးဘိုးလူကြီးလန်လဲသွားသည်။ သူလည်း ထွက်ပြေးတော့သည်။ သို့သော် အဘယ်မှာလျှင် အဝေးသို့ရောက်အောင် ပြေးနိုင် အံ့နည်း။ ခြံတံခါးတွေကို ပိတ်ထားပြီးဖြစ်နေလေပြီ။ မကြာခင် ဦးဘိုးလူလက်ထဲ ပြန်ရောက်သွားလေသည်။

           သူ့ကိုလှဲထားကြသည်။ ခြေရော၊ လက်ရော ကြိုးနှင့်လုပ်ထားသည်။ မလှုပ် သာတော့ပြီ။

          “ဒီနွားကျမှ ခက်လိုက်တာဗျာ .. တခြားနွားတွေ ဒီလိုမဟုတ်ပါဘူး”ဦးဘိုး လူက ညည်းလိုက်သေးသည်။

          သူသည် အသံကုန်ဟစ်အော်ပြီး ရုန်းလိုက်လေသည်။ နှာခေါင်းပေါက် ထဲသို့ တစ်စုံတစ်ခုကို ထိုးသွင်းလိုက်ရာ အသက်ပါထွက်သွားမတတ် နာကျင်လေ ၏ ။ မျက်ရည်တွေ ကျလာလေသည်။ အနီးအနားတွင်လည်း ဘာကိုမှသူမမြင်၊ စူးစူးရှရှကြီးသာ အော်နေမိပါတော့သည်။

          ကြိုးတွေကို ဖြေ၍ လွှတ်လိုက်သောအခါ သူ့နှာခေါင်းပေါက်ထဲတွင် လက်သန်းလုံးလောက်ကြိုးကြီး ဝင်နေပါပြီ။ ခိုးလိုးခုလုနှင့် အခံရခက်လှသည်။

          သူသည် မျက်ရည်တွေ့ရွဲနေသောမျက်လုံးနှင့် အနီးရှိ လူသုံးယောက်ကို ကြည့်မိသည်။ သူတို့နှာခေါင်းတွေမှာတော့ သူ့လိုကြိုးတပ်ထားတာမတွေ့။

          “နွားဆိုတာ ဒီလိုခံရတာပဲကွဲ မောင်ဂျိုထောင်ရဲ့ .. ဒါအစဉ်အလာကြီးပဲ” နွားတင်းကုပ်ထဲသို့ရောက်သောအခါ စဥက ဆီး၍နှစ်သိမ့်စေသည်။ '

(၄)

          မကြာခင်ပင် ဂျိုထောင်သည် ထမ်းပိုးထမ်းရတော့သည်။ တစ်ခါတစ်ရံ ရေတိုက်၊ တစ်ခါတစ်ရံ ထင်းတိုက်သွားရသည်။ မိုးဦးကျတွင် လယ်ထွန်ရသည်။ ဆောင်းတွင်းတွင် စပါးနယ်ရသည်။ ခရီးသွားလျှင်လည်း မြန်သည်ဆိုကာ သူ့ကို သာ ဦးဘိုးလူက အသုံးပြုသည်။

          သို့သော်လည်း နွားမနောက်လိုက်နေရသောအခါများ၌ သူ ပင်ပန်းတာ တွေကိုမေ့နေသည်။ သူသည် နွားမဆိုလျှင် ဘယ်နွားမမှမရှောင်တမ်း နောက် ကလိုက်သည်။ သူသည် ရွာထဲတွင် အကဲဆုံးဖြစ်သည်ဟုပြောကြသည်။ တစ် ခါတစ်ရံ သူ့အမေနောက်ကပင် သူလိုက်နေမိလေသည်။ သူတို့သည် တသွေး တမွေးဖြစ်နေပြီဖြစ်သဖြင့် တစ်ဦးကိုတစ်ဦး မသိကြတော့ပါ။ တစ်ခါက သည် အကြောင်းကို စပ်မိ၍ ကြန်စုံကိုပြောပြမိသည်။

          “အဲဒီစည်းကမ်းကလေးတော့ ထားဖို့ကောင်းတယ်ဗျ” “ဟ .. ဖိုးဂျိုထောင်ရ ဘယ်မှတ်မိနိုင်ပါ့မလဲကွ” “ခက်တာပဲဗျာ” “ခက်မနေပါနဲ့ကွာ .. ငါတို့ နွားလောကမှာ အစဉ်အလာလိုဖြစ်နေပါပြီ”

          သူသည် သည်ပြဿနာကို နက်နက်နဲနဲ တွေးနေလေသည်။ သို့သော် ကြာကြာမတွေးနိုင်။ အိမ်ပေါ်မှ သူ့အကြောင်းကို ပြောနေသံကြားရပါသည်။

          “ဂျိုထောင်ကို ဘယ်တော့လုပ်မလဲ” ဦးဘိုးလူ၏ မိန်းမအသံ။

          “နက်ဖြန်ခါ တောင်ဘက်ရွာက ကိုဘိုးလှကို မှာထားတယ်” ဦးဘိုးလူ ၏ ဖြေသံ။

          “အင်း မြန်မြန်လုပ်ပစ်မှတော့ ... သိပ်ကဲနေပြီ၊ ဖမ်းလို့ကို မမိနိုင်ဘူး၊ နွားမနောက်ချည့်လိုက်နေတာပဲ”

          “အေးပါကွာ .. ဒါနဲ့ မင့်သား မင်္ဂလာဆောင်ဖို့ ဘယ်တော့အဝယ်အခြမ်းသွားမှာတုန်း”

          “နောက် ဆယ်ရက်လောက်လိုပါသေးတယ်” “မင့်သမီးအတွက်ကော ပစ္စည်းတွေ ဝယ်ပြီးပတဲ့လား”

          “ဒါက ကျုပ်အပူမဟုတ်ပါဘူးတော် ... သတို့သားဘက်က ကြည့်လုပ် လိမ့်မပေါ့”

          သည်လိုပြောပြီးလျှင် ငြိမ်သွားကြလေသည်။ ဂျိုထောင်သည် နားထောင်နေရာမှ ရင်တွေတုန်လာလေသည်။ “ကိုစဥ... သူတို့ပြောနေသံ ကြားရဲ့လား” ဂျိုထောင်က မေးလိုက်လေသည်။ “အေး” “ဘာတဲ့လဲဗျ” “မင်းကို သင်းပစ်မလို့တဲ့” “သင်းတယ်ဆိုတာ ဘာလဲ” “မင်း နောက် နွားမတွေနောက် သိပ်မလိုက်အောင် လုပ်ပစ်မှာပေါ့ကွ” “ဘယ်လိုလဲဗျ”

          “ဟ ... ဒီကောင် တယ်နားဝေးတာပဲ၊ မင့် ဝှေးစေ့ကိုထုပြီး ထုတ်ပစ် မလို့ဟ”

          “အမယ်လေးဗျာ ... သေရောပေါ့”

           “မသေပါဘူးကွာ .. ဒါတို့နွားလောကမယ် အစဉ်အလာကြီးပဲ”

          “သိပ်နာမှာပဲနော်”

           “နာတော့ နာတာပေါ့ကွာ၊ အောင့်ခံရတာပေါ့ အစဉ်အလာကိုးကွ”

           “အင်း”

          ဂျိုထောင်သည် ကောက်ရိုးကိုဝါးရင်း သက်ပြင်းတစ်ချက် မှုတ်ထုတ် လိုက်လေသည်။

* * *

          ဂျိုထောင်သည် အံကြိတ်ရင်း ကွတကွတနှင့် နွားတင်းကုပ်ထဲသို့ ဝင် လာလေသည်။

          “ခိုင်းချင်တိုင်းလည်း ခိုင်းသေး၊ ဒီဟာကိုလည်း တူနဲ့ထုသေး”

          သူသည် ညည်းညူရင်း မြက်စင်နားတွင် ရပ်နေလေသည်။ -

          “အေး တို့တုန်းကလည်း ဒီလိုပါပဲကွာ”

          မန်းတင် ကြန်စုံက စမြုံ့ပြန်နေရာမှ လှမ်းပြောလေသည်။

          “အမယ်လေး လေး နာလိုက်တာဗျာ ... လွန်ပါရော၊ ဒီလိုဆိုတော့ နွားမ ဖြစ်ရတာက ကောင်းပါသေးတယ်ဗျာ ... အလုပ်လည်းမလုပ်ရဘူး၊ ဝှေးစေ့လည်း အထုမခံရဘူး၊ နွားထီးဖြစ်ရတဲ့ဘဝများ တယ်ဆိုးကိုးဗျ နော်”

          “အေးကွာ .. အောင့်သာခံပေတော့ အစဉ်အလာကိုကွ”

          “ခင်ဗျား အစဉ်အလာကြီး အသာထားစမ်းပါဗျာ”

          ဂျိုထောင်သည် ဒေါသကြီးနှင့် အော်လိုက်လေသည်။