Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ကလောင်စုံ - သူတို့သိသောဗိုလ်ချုပ်အောင်ဆန်း

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

အာဇာနည်ဗိမာန်

                                                                      ဆရာကြီးသခင်ကိုယ်တော်မှိုင်း

အကာအရံ၊ အဆီးအတား၊ စည်းသားသော ဗိုလ်(တေဇ)ဂါထာ။

သဗ္ဗဗုဒ္ဓ (တေဇ) ပတ္တာ။
ပစ္စေကာနဉ္စ ယံ(တေဇံ)
 အရဟန္တာ နဉ္စ(တေဇေန)။
ရက္ခိ ဗန္ဒာမိ သဗ္ဗသော။ ။

          တေဇပတ္တာ- တေဇပတ္တာနံ၊ တန်ခိုးတေဇ၊ အဝဝတို့နှင့် ပြည့်စုံခြင်း သို့ ရောက်တော်မူကုန်ထသော။ သဗ္ဗဗုဒ္ဓါ-သဗ္ဗေသံ-ဗုဒ္ဓနဉ္စ။ လုံးစုံများ ဖြင်၊ ဘုရားရှင်တို့၏လည်းကောင်း၊ ပစ္စေကာနဉ္စ၊ ဘုရားငယ်ဟု။ သွယ်သွယ် ထင်ရှား။ ပစ္စေကဗုဒ္ဓါဘုရားတို့၏ လည်းကောင်း။ ... အရဟန္တနဉ္စ၊ ကိလေ သာ ကင်းပြတ်၊ ပရမတ္ထ သံဃာ၊ ရဟန္တာ အရှင်မြတ်တို့၏လည်းကောင်း.. ယံတေဇံ၊ ဖုံဖုံလွှမ်းမိုး၊ အကြင်တန်ခိုးတော်သည်၊ အတ္ထိ၊ ရှိပါပေ၏။ ဧတေ သံ၊ ဘုရား, ပစ္စေကဗုဒ္ဓါ၊ ရဟန္တာသခင်၊ ထိုထိုအသျှင် မြတ်တို့၏၊ တေဇေန၊ တန်ခိုးတေဇော်၊ အာနုဘော်တော် အစွမ်းအားဖြင့်၊ သဗ္ဗသော၊ နေ့ညမယွင်း၊ အချင်းခပ်သိမ်း၊ ... ဝါ။ လေးရပ် ရှစ်ရပ်၊ ဆယ်ရပ်ဒီသာ၊ မျက်နှာတိုင်း မျက်နှာတိုင်းမှ၊ ရက္၊ ဘေးရန်မနှောင့်ဖို့။ အစောင့်အရှောက်ကို၊ ဗန္ဓာမိ၊ ဖွဲ့ ဖွဲ့ စည်းစည်း၊ အဆီးအတားပမာ၊ စည်းသားပါ၏ဘုရား။

         ဤတွင်ရွေ့ ကား၊ အရှေ့ကိုငမင်၊ တောင်ခွင်စစ်သား၊ နောက်ကား ဗိဿနိုး၊ သားမျိုးရပ်ခွင်၊ မြို့လုလင်နှင့်၊ လေးအင်မချို့၊ မြို့၏ကျက်သရေ၊ ထွန်းပပေသော တောင်တွင်းကြီးဟူ၍ လည်းကောင်း၊

          ၎င်းပြင်တစ်ဖြာ (၁) ရတနာတင်းတိမ်၊ ဂုဏ်သိမ်ကြေညာ၊ (၂) ဇေ ယာဝမုန၊ (၃) ပုဏ္ဏဝတီ၊ သညီပြောင်ဝင်း၊ တဘောင်လင်းသည့်၊ (၄) တောင် တွင်းကြီးဟူ၍ လည်းကောင်း၊ပေလည်းလေးပင်၊ ရှင်လည်းလေးပါးဟူ၍လည်းကောင်း၊ ပေတစ်ပင်၊ ရှင်တစ်ပါး ဟူ၍လည်းကောင်း၊

          ၎င်းနောက်တစ်နည်း။ တောင်တွင်းကြီး လူကောင်းသဖြင့်၊ မူလ ပေါင်း ၉၉ တွင်။ တိုးဘာက ၆၆ ရှိသည်ဟူသောအရ၊ တောင်တွင်းကြီးမြို့မ ၏ အရံအပါ ။ ကျေးရွာနယ်မြေပေါင်း ၁၆၅ ရှိသည်ဟူ၍လည်းကောင်း။

          ရှေးဟောင်းခေတ်အခါက၊ လွန်စွာထင်ရှားခဲ့သော တောင်တွင်းကြီး မြို့တွင် ဘုရင်မင်းပေါင်း ၄၁ ဆက်မျှ စိုးစံတော်မူဖူးပေသဖြင့်၊ သရေ ခေတ္တရာပြည်၊ ပုဂံပြည်တို့ထက်ပင်။ အလျင် ရှေးကျကြောင်းနှင့်၊ ၎င်းတောင် တွင်းကြီးမြို့၊ ရတနာဗိမာန်တောရ ဆရာတော် ဘုရားကြီး၏ အန္တဝါသိက၊ အစိုးရပထမကြီး၊ ဦးညာဏ အသျှင်လျှင်၊ စီရင် တော်မူသည့် တောင်တွင်း ကြီး ရာဇဝင်သစ်တွင်ပါရှိသည့် -

          ရာဇဝင်တေးထပ်ကား။

          ရာဇဝင်မင်းအများကိုလ၊ အကျဉ်းအားမှာမည်၊ အခင်းသွား သမ္ဘာညီ သည်။ မြန်မာပြည်အကြောင်း၊ (လေးကျိပ်တစ်)တင်းတိမ်နဂရာမှာ၊ လင်းထိန် စွာ စံတဲ့မင်းကောင်း။ ။ ခေတ္တရာ ရွှေပြည်ဝယ်၊ (နှစ်ဆယ်ခွန်) မင်းပေါင်း။ ကဲအမွန်ရှည်ကြောင်း။ မင်းကောင်း များစံဌာနီ။ ။ ပုဂံမှာ (ငါးဆယ့်ငါး)ရယ် နှင့်။ ပင်းယအား (ခြောက်ဆက်)သာစည်။ ။ စစ်ကိုင်း၌ (ခုနစ်)မည်။ ညောင် ရမ်းပြည်(တစ်ဆယ်) မင်းရယ်နှင့်၊ အင်းဝ၌ (သ)သာ၊ မင်းမြတ်ရာဇာ။ ။ မုဆိုးဆက်(ဆယ့်တစ်ဖြာ)တွင်။ ပြည်ပျက်ရှာ အကြောင်းပလေး။

          ယင်းအဆိုပါ၊ မင်္ဂလာတောင်တွင်းကြီးမြို့၏ မြို့ရံ ၁၃ မြို့မှာ -

(၁) ငမင်မြို့။ ။ မြို့အရှေ့မှာ၊ ယခု နတ်ဝှက်ထားသည် ပြောဆို ကြသည်။

(၂) စစ်သားမြို့။ ။ မြို့တောင်ဘက်မှာ လူနေနည်းပါးသည်။

(၃) ဗိဿနိုးမြို့။ ။ လူနေမရှိ။

(၄) လုလင်မြို့။ ။ မြို့မြောက်ဘက်မှာ မေဂျာဂျင်နရယ် ဗိုလ်ချုပ် အောင်ဆန်း တည်းဟူသော ဗိုလ်တေဇ၏ အဘိုး။ ရိုးရာအလိုက်၊ ရွှေတိုက်စာရင်းဝင်။ တောင်တွင်းကြီးမြောက်လက်တစ်ခွင်၊ ဘုရင်ဖြစ်ဖူးသော မြို့သူကြီး ဦးမင်း ယောင် ကြီးစိုးသော မြို့ဖြစ်သည်။

(၅) နတ်မောက်မြို့။ ။ မြို့မြောက်ဘက်မှာ။ ဗိုလ်ချုပ်မင်း အောင် ဆန်း၏ ဇာတိဌာနဖြစ်သည်။

(၆) မြို့သစ်မြို့။ ။ ၎င်း၏မြောက်ဘက်မှာ။

(၇) ရန်ကာမြို့။ ။ ၎င်းမြောက်ဘက်မှာ။ ယခု လူနေ မရှိ။

(၈) ပတ္ထနဂိုရ်မြို့။ ။မြို့ အနောက်မှာ။

(၉) ဝါးနွယ်ကုန်းမြို့။ ။ မြို့ အရှေ့တောင်မှာ၊ ယခု လူနေမရှိ။

(၁၀) တောခွင်မြို့။ ။ မြို့အနောက်တောင်မှာ။

(၁၁) ပင်းမြို့။ ။ မြို့မြောက်ဘက်မှာ။

(၁၂) ကျောက်ပန်းတောင်းမြို့။ ။ မြို့မြောက်ဘက်မှာ။

(၁၃) ပုပ္ပားမြို့။ ။ မြို့မြောက်မှာ ရှိသည်။

          ဤပြဆိုခဲ့သည့် တောင်တွင်းကြီးသမိုင်းရာဇဝင်အရ၊ သင်္ခါရဓမ္မ၊ လောကဓမ္မတာ။ ဖြစ်ချင်ရာဖြစ်တတ်ခြင်းကြောင့်၊ ဗိုလ်ချုပ်အောင်ဆန်းကို ဖွားမြင်ရာ။ မင်္ဂလာနတ်မောက်မြို့ တည်ထောင်ခြင်းမှာ။ တောင်တွင်းကြီးမြို့ မတည်ခင်။ ရှေးလျှင်အစ၊ ပထမက။ ပိဠိယက္ခမင်းကြီး တည်ထောင်စံနေတော်မူခဲ့သော ကာသိကရာဇ်တိုင်း။ ဗာရာဏသီပြည်ကြီး ဖြစ်ခဲ့ဖူးကြောင်း များနှင့်၊ ၎င်းဗိုလ်ချုပ်အောင်ဆန်း၏ အမိဘက်ကဆွေမျိုးသားချင်း၊ ပင်းနတ်မောက်-ကျောက်ပန်းတောင်း၊ သုံးမြို့ဝန်မင်း၏ ရှေ့ဘက်ဝန်စာရေးကြီး ဦးကြော့ရေးသားသည့် တေးသီချင်း ကဗျာ၊ လင်္ကာအရပ်ရပ်စာအုပ်ကို၊ ဟို လွန်ခဲ့သော ၃၄ နှစ်လောက်က၊ သူရိယတိုက်တွင်၊ ကျွန်ုပ်တို့ကိုယ်တိုင် ကြီးကြပ်ပြင်ဆင်ရိုက်နှိပ်ခဲ့ရာ။ အဆိုပါ စာအုပ် မျက်နှာ ၁၃ မှာ၊ အောက်ပါ အတိုင်း တွေ့ရပေသည်။

နတ်မောက်မြို့ သမိုင်းဘွဲ့တေးထပ်

           ပြည်ဗာရာ-ကာသိက။ လင်းသီရိခြည်ရောင်။ မင်းပီဠိ တည်ထောင်သည်။ ရှည် ယခေါင်-ပကတူး။ ။ အောင်နက် သန်မြေနဂိုရ်မှာ။ ရွှေပဟိုရ် နန်းစိုက်ခဲ့ဖူး။ ။ ပထဗျညွန့်နေရုံလို၊ ဇေယျခုံရောင်မြူး။ ရေယမုန်ညောင်ဦး နှင့်၊ တောင်ဖြူးမြင့်ဂီရိန် ။ ။ သပြေမော်-တေဇော်ရွှန်း။ ။ ရွှေမော်ကွန်းထွန်းခဲ့ထိန်ထိန်။ ။ အယုဇ္ဇ-ရဝေသိန်လို။ ရွှေဝတိန်စံခင်းသို့ ၊ ကန်မင်းရေ ကြည်ကြည်။ ဝန်းခပတ်လည်။ ။ ရွှေမောက်မြို့ ဒြပ်ရည်ကို။ နတ်တစ်ပြည် ဆိုလောက်ပေလေး။

          ၎င်းအထက်ပါ တေးထပ်ကိုရေးစပ်သည်။ ရှေ့ဖတ်ဝန် စာရေးဦးကြော့ မှာ၊ နှယ်နှယ်ရရ၊ သာမညမဟုတ်ပေ၊ ရှေးလွန်လေပြီးသောအခါ၊ ရတနာပူရ အင်းဝခေတ်၊ သက္ကရာဇ် ၈၆၃ ခုနှစ်တွင် နန်းတက်တော်မူသော။ ရွှေနန်းကြော့ရှင် ဘုရင်နရပတိနန်းစံ ၄ နှစ်အတွင်း၊ ယင်းတော်မြို့စား။ ရှစ်ရှား မြို့စား ညီအစ်ကို။ ငတုံးတာ၊ ငပြည့်ဝတို့သည်။ ပြည်အား တောင်ငူအား တို့နှင့် ခြားနားမှုံဆန်၊ ပုန်ကန်သောအရေးတော်တွင်၊ “ဘယ ကျော်သူ” ဆိုသော ရဲဘက်တော်အမတ်၊ ဗိုလ်ချုပ်ကြီးသည်၊ ပွဲရဖန်များပေသည်ဟု၊ ထီးစလွယ်နှင့်တကွ၊ စားသော နတ်မောက်မြို့တွင်၊ ဆင်မြင်းဗိုလ်ပါ လောင်း စွက် သနားတော်မူကြောင်း။