စိတ်ကူးချိုချိုစာပေ
ကလောင်စုံ - နိုဘယ်ဆုပေးပွဲအခန်းအနားမှမိန့်ခွန်းများ
Couldn't load pickup availability
၁၉၃၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စတော့ဟုမ်းမြို့၊ မြို့တော်ခန်းမ ကျင်းပပြုလုပ် ခဲ့သော နိုဘယ်စာပေဆု တည်ခင်းဧည့်ခံပွဲ တက်ရောက်လာသည့် ကြီးမြတ်သော (အဆွေတော်)
“ယခု အဆွေတော်နဲ့အတူ တင့်တင့်တယ်တယ် ဂုဏ်ပြုလိုက်တဲ့ တည်ခင်းဧည့်ခံပွဲအတွက် လေးမြတ်တဲ့အဆွေတော်ကို ကျွန်တော့်ရဲ့ လေးစား အပ်တဲ့ ကျေးဇူးတရားကိုဖော်ပြရလို့ ကျွန်တော်ဟာ အလွန်အမင်း ကျေနပ် နှစ်သိမ့်နေပါတယ်။ ကျွန်တော့်ရဲ့ အလွန့်ကို ကျေးဇူးတရားကြီးတဲ့ ဖော်ပြ ချက်ကို ဆက်ပြီးပြောဆိုခွင့်ပေးနိုင်မယ်ဆိုရင် အကြင်နာတရားတွေနဲ့ ကျွန်တော့်ကို ကြိုဆိုပေးလိုက်တာဟာ ဤနေ့ဤရက် ညနေခင်းပေးအပ်ပွဲကဖြင့် လေးမြတ်တဲ့အဆွေတော် ဘုရင်မင်းတရားနဲ့ သြဂုတ်လ လက်တော်ကနေ ၁၉၃၄ ခုနှစ် နိုဘယ်စာပေဆုဂုဏ်ပြုပေးအပ်ပွဲက ကျွန်တော့်အတွက် ဘာနဲ့မှ နှိုင်းယှဉ်လို့မရအောင် ဖြစ်နေပါတယ်။ ယနေ့ စောစောပိုင်းမှာ လေးနက် တည်ကြည်စွာ ရောက်ရှိလာတဲ့ပွဲကနေ ယခုညနေခင်းပေးအပ်ပွဲမှာ ကျွန် တော့်ရဲ့ အဖိုးအနဂ္ဃထိုက်လှတဲ့ နိဂုံးစကားကို ပြောဆိုပါတော့မယ်။
ကျွန်တော့်ရဲ့ လေးနက်လှတဲ့ လေးစားသမှုကို ဖော်ပြဖို့ ကျွန်တော့် မှာလည်း ဆန္ဒရှိနေပါတယ်။ ကျွန်တော့်ရဲ့ စာပေဘဝခရီးတစ်လျှောက်လုံး သရဖူတွေဆောင်းပေးလိုက်တဲ့ ကြီးမြတ်တဲ့ တော်ဝင်ဆွီဒင်အကယ်ဒမီရဲ့ထူးထူးခြားခြားဆုပေးဖို့ ဆုံးဖြတ်လိုက်တဲ့ ခုံအဖွဲ့ ကို ကျွန်တော့်ရဲ့ ကျေးဇူး တရားကို ဖော်ပြဖို့လည်း ဆန္ဒရှိနေတယ်။
ကျွန်တော် ကြိုးပမ်းအားထုတ်လိုက်တဲ့ စာပေတွေရဲ့ အောင်မြင်မှု အတွက်ပြောရရင် ကျွန်တော်ဟာ ကျောင်းသားဘဝဆီ ရောက်သွားခဲ့ပါ တယ်။ အဲဒီကျောင်းဟာ ထက်မြက်တဲ့စိတ်ဓာတ်တွေ အသေအချာရရှိဖို့ မဖြစ်နိုင်ပေမယ့်လည်း သေချာတဲ့အရာတစ်ခုက ကျွန်တော့်ရဲ့ အကြင်နာ တရားဆိုတဲ့စိတ်ကို အကူအညီတွေပေးခဲ့ပါတယ်။ သတိမူမိခြင်း၊ အာရုံ ပျံ့လွင့်မှုမရှိခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ မှန်ကန်တဲ့ကလေးအကြိုက် ပထမဦးဆုံး ရရှိခဲ့ခြင်း၊ နာခံလွယ်တဲ့တပည့် ဖြစ်ခြင်းဆိုတဲ့ စိတ်ဓာတ်တွေဆို ပါတော့။ တကယ်တော့ ဆရာတွေရှိခဲ့ကြလို့၊ နောက်ဆုံး သူတို့ဘဝ ရှိခဲ့ ကြလို့၊ အဲဒီတပည့်တစ်ယောက်ဟာ သူသင်ကြားခဲ့သမျှ အရာရာကို ယုံ ကြည်မှုရှိလာမယ်။ ပြီးတော့လည်း သူ့ရဲ့ ကံကြမ္မာအပြည့်အဝကိုလည်း ဘယ်တော့မှလက်လွှတ်ဆုံးရှုံးခံမှုပြုမှာလည်းမဟုတ်ဘူး။ အဲဒီလို ကံကြမ္မာ ကပဲ ကျွန်တော့်ရဲ့ အခြေခံအနာဂတ်အုတ်မြစ်ကို ရိုးရှင်းစွာချပေးခဲ့ပါတော့ တယ်။
သံသယ၊ ဒါမှမဟုတ် တသီးတသန့်ဖြစ်ခဲ့တဲ့ ကျွန်တော့်ဘဝရဲ့ သွင်ပြင်လက္ခဏာတွေထဲမှာ ကျွန်တော်ဟာ အဲဒီလိုယုံကြည်မှု လိုအပ်တယ် ဆိုတာ ခံစားနားလည်ခဲ့သူတစ်ယောက်ပါ။
မြဲမြဲတဲ့သတိရှိမှုနဲ့ လေးနက်တဲ့ချစ်ခင်မှုဆိုတဲ့ သင်ခန်းစာတွေကို လေ့လာသင်ကြားပြီး စဉ်းစားတွေးခေါ်ခဲ့လို့ ဘဝမှာ ဣန္ဒြေရှိရှိ၊ ချစ်ခြင်း တရားရှိရှိနဲ့ လေးလေးစားစားရှိရှိ လူတစ်ယောက်ဖြစ်လာခဲ့တာဖြစ်တယ်။ ဘဝဆိုတာကလည်း မသိနားမလည်ခြင်းရဲ့ အမှားတွေ၊ ကြောက်မက်ဖွယ် ဒဏ်ရာတွေ၊ နာကြည်းရတဲ့ အတွေ့အကြုံတွေနဲ့ ခါးသီးတဲ့ အထင်အမြင်လွဲ မှုတွေကို နားလည်သဘောပေါက်ရဖို့အတွက် မရှိမဖြစ်မဟုတ်ပေမယ့် ရှိနေ တဲ့အရာတွေနဲ့ ဝန်းရံနေတာပါပဲ။ ကျွန်တော်တို့ရဲ့ လေးနက်လှတဲ့၊ တန်ဖိုး ရှိလှတဲ့ အတွေ့အကြုံတွေလို့ သဘောထားကြပါစို့ခင်ဗျား။
အဲဒီလို စိတ်ပိုင်းဆိုင်ရာ ပညာရေးဟာ အရင်းအနှီးအများကြီးပေးရ တယ်။ အဲဒီအရင်းအနှီးက ကျွန်တော့်ကို ကြီးထွားဖွံ့ဖြိုးလာဖို့ ခွင့်ပြုရမယ်။
နိုဘယ်ဆုပေးပွဲအခမ်းအနားမှ မိန့်ခွန်းများ တစ်ချိန်တည်းမှာပဲ ကျွန်တော်ဟာ ကျွန်တော်ပဲဖြစ်ရပါ့မယ်။
ကျွန်တော့်ရဲ့ အမှန်အကန်ကြိုးပမ်းမှုတွေ တိုးတက်ဖွံ့ဖြိုးလာရအောင် သူတို့က ပြည့်စုံကုံလုံပြီး စွမ်းရည်စွမ်းပကားရှိတဲ့ဘဝကို ချန်ထားခဲ့လို့ ယခု ကျွန်တော်ဟာ အမှန်အကန်အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့တာပဲ ကြည့်တော့ဗျာ။ အနုပညာရှင်ဆိုတာ အတွေးအခေါ်နဲ့ ခံစားချက်တွေသာ တတ်စွမ်းသလောက်ရှိနေရမယ်။ အဲဒီအတွေးတွေဟာ ကျွန်တော်ခံစားရလို့ ရှိနေတာလေ။ အဲ ..... ခံစားချက်တွေဟာလည်း ကျွန်တော်တွေးလို့ရှိနေတာ၊ ဟုတ်တယ်နော်။ တကယ်တော့ ဖန်တီးလိုက်တဲ့ ကျွန်တော်ကိုယ်နှိုက်ရဲ့ ဟုတ်ယောင်မှုတွေပါ။ ဒါ ကျွန်တော်ဖန်တီးလိုက်တာ ဘာများခံစားလိုက် ရသလဲ၊ ဘာများယုံကြည်လိုက်ရသလဲ။
အဆွေတော်ခင်ဗျား၊ ကျွန်တော့်ရဲ့ ကျေးဇူးတရားကြီးကို ခံစားရလွန်း လို့ ပြောနေမိတာပါ။ ပီတိသောမနလည်းဖြစ်တယ်။ မာနတောင်နားထင် ရောက်နေမလားမသိ၊ အဆွေတော်က ကျွန်တော့်ကို ထူးခြားပြီး တန်ဖိုးထိုက် လှတဲ့ဆု ပေးအပ်ချီးမြှင့်လိုက်လို့ ပြောရတာဖြစ်ပါတယ်။
ဒီစာပေဆုဟာ စာရေးဆရာတစ်ယောက်ရဲ့ အနုပညာစွမ်းရည်တွေ အတွက် ပေးအပ်လိုက်တာမဟုတ်ဘူးလို့ ကျွန်တော် နှစ်နှစ်ကာကာယုံကြည် ရလိမ့်မယ်။ အဲဒီလိုဆုဟာ အမြဲလိုလို ပေါ့ပေါ့လေးတွေးပြီး ဂရုမထားပေ မယ့် ကျွန်တော့်စာပေလက်ရာအားလုံးရဲ့ လူသားဆန်တဲ့စင်ကြယ်မှုကိုတော့ ဂရုတစိုက်ရှိရပါလိမ့်မယ်။ ကာရိုလိုင်းအင်စတီကျူ က ပါမောက္ခဂိုရမ်လီ ဂျက်စထရင်းဒ် (Goran Liljestrand)ရဲ့ မှတ်ချက်ကို အရင်ပြောပါရစေ ခင်ဗျား။
“လူ့အဖွဲ့ အစည်းဆိုတာ ပုဂ္ဂလိကတွေထက် ဘဝရဲ့ မြင့်မားတဲ့ ယူနစ် တစ်ခုပါ။ အဲဒီမှာ မတူကွဲပြားတဲ့အမျိုးအစားတွေရဲ့ ဆုံးဖြတ်စီရင်ချက်တွေ ပါမယ်။ ပြီးတော့ ပိုပြီးရှုပ်ထွေးပွေလီတာတွေလည်း ပါမယ်။ အဲဒီလို ပဋိပက္ခ တွေ ထွက်ပေါ်လာတာဟာ မစ္စတာပီရန်ဒယ်လို စာပေလက်ရာရဲ့ ဘာသာရပ် တွေဆီကပဲ မှီငြမ်းပြီး လိုအပ်သလို ထွက်ပေါ်လာတာဖြစ်ပါတယ်။ ယခု အချိန်မှာ ပြောရရင် ပြဿနာတွေနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းစရာတွေ အများကြီးပါပဲ။ တခြားနေရာတွေမှာလည်း ရှိပါတယ်။ ဆေးပညာတွေလေးသည်နောက် လိုက်ကြည့်ပါ၊ သိပ္ပံပညာတွေနောက် လိုက်ကြည့်ပါ တွေ့ရမှာဖြစ် ပါတယ်။
မစ္စတာပီရန်ဒယ်လိုဟာ ခု ဒဿနပညာရှင်၊ ခု ကဗျာဆရာ၊ ခု ပြဇာတ်ရေးဆရာဆိုပြီး နားလည်ကြပါတယ်။ လူတွေရဲ့ စိတ်ရည်စိတ်သွေး တွေရဲ့ မတူကွဲပြားတဲ့စာမျက်နှာတွေကို ဖော်ပြရေးသားခဲ့ပါတယ်။ အမှန်တော့ သူဟာ ရောဂါတွေဘယ်လိုပြောင်းလဲသလဲ လေ့လာဆည်းပူးတယ်။ ပုံမှန်စိတ်နေစိတ်ထားတွေကနေ လျှို့ဝှက်နက်နဲတဲ့ ဆက်ဆံရေးနယ်ပယ်တွေ လည်း လေ့လာဆည်းပူးတယ်။ နောက်ဆုံးပြောရရင် တကယ့်အဖြစ်တွေနဲ့ အိပ်မက်တွေကြားထဲက မပီဝိုးတဝါး နယ်ခြားမျဉ်းထဲကို အလေးအနက် ထားပြီး ထိုးဖောက်နေတဲ့လူပါ။ ဒါကြောင့် ဒိဋ္ဌဓမ္မကျတဲ့ အနုပညာရှင် မဟာဉာဏ်ပညာရှင်ကြီးတွေထဲက လူတစ်ယောက်လို့ သူ့ကို ကျွန်တော် ဂုဏ်ပြုပေးအပ်လိုက်တာဖြစ်ပါတယ်”
လူဂီပီရန်ဒယ်လို
လူဂီပီရန်ဒယ်လိုသည် ၁၉၃၄ ခုနှစ်၌ နိုဘယ်စာပေဆုကြီး ချီးမြှင့်ခံရသူဖြစ်သည်။ ၁၈၆၇ ခုနှစ် ဇွန်လ ၂၈ ရက်၌ အီတလီ နိုင်ငံတွင် မွေးဖွားခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ၁၉၃၆ ခုနှစ်ဒီဇင်ဘာလ ၁၀ ရက်တွင် ကွယ်လွန်ခဲ့သည်။ သူသည် ဝတ္ထု။ ဝတ္ထုတိုနှင့် ကဗျာများရေးသည့်အပြင် ပြဇာတ်ဆရာလည်း ဖြစ်သည်။ ပြဇာတ်နှင့် ဇာတ်စင် တို့ကို တီထွင်ဆန်းသစ်မှုပြောင်မြောက်သည့်အတွက် သူ့ကို နိုဘယ်စာပေဆုများ ချီးမြှင့်ခဲ့ သည်။




