Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ကလောင်စုံ - နိဗ္ဗာန်ပေါက်လမ်းကျင့်စဥ်ကျမ်း

Regular price 900 MMK
Regular price Sale price 900 MMK
Sale Sold out

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

          မမေ့လျော့သင့်။ ။ လောကတွင် လူ၏ အဖြစ်သည် ရခဲ၏။ သာ သနာတော် ပွင့်လင်းသည့်ခေတ်နှင့် ကြုံကြိုက်ခဲ၏။ ရဟန်းအဖြစ်သည် ရခဲ၏။ သဒ္ဓါတရားနှင့် ပြည့်စုံသောသူ၏ အဖြစ်သည် ရခဲ၏။ ထိုထက် သူတော်ကောင်းတရား ကြားနာရခြင်းသည် သာလွန်၍ပင် ရခဲ၏။ ကျွန်ုပ်တို့သည် ရှေးအကြောင်းကောင်းသည့်အတွက် ထို ရခဲခြင်း ဒုလ္လဘ ၅ မျိုးစလုံးနှင့် ကြုံတွေ့နေရာ ဤဘဝတွင်လည်း လွန်ခဲ့ကုန်သော ဘဝအထွေထွေတို့နည်းတူ သံသရာဝဲသြဃတွင် နစ်မြုပ်မျောပါး ကျင်လည် ပြေးသွား၍သာ ဘဝကို အဆုံးခံကြတော့ မည်လော။

သဗ္ဗေသတ္တာ၊ ဝေနေယျာ၊ သံသာရှည်လှပြီ။
သုံးပါးညီညီ၊ လောင်မီးကြီး၊ ဖိစီးလှလေပြီ။
လောင်မှန်းမသိ၊ မောဟဖိ၊ မိမိမိုက်လှပြီ။

          ဆိုသော ထွဋ်ခေါင်ဆရာတော်ဘုရား၏ လင်္ကာအတိုင်း သတိတရား ရသင့်ကြချေပြီ။ ယခုအခါ လူများစွာပင် ဘဝ ဘဝများ က နည်းအတိုင်းပင် မိမိဝမ်းရေးအတွက် ပြေးရလွှားရနှင့် အလွန် ဒုက္ခဆိုက်ရောက်နေရာ “ကြီးငယ်မဟူ၊ ကိုယ့်ရွယ်တူ၊ ခုမူသေလှပြီ” ဆိုဘိသကဲ့သို့ သေသူတို့သည်လည်း သေကြလှပြီ။ သို့နှင့်ပင် သံဝေဂမရဘဲ ရှိကြတော့မည်လော။ (အနိစ္စ) အမြဲမရှိ။ (ဒုက္ခ) ဆင်းရဲခြင်း၊ (အနတ္တ) မိမိကိုယ်ကို မိမိ အစိုးမရပါတကားဟု ဗုဒ္ဓ ဘာသာများစွာတို့၏ နှုတ်တွင် တတွတ်တွတ် ရွတ်ဆိုသော်လည်း တရားလက်လွတ် ငှက်တောင်ကျွတ် ဆိုသလို ဖြစ်နေသူတို့သည် နောင်တတရား ရထိုက်ကြချေပြီ။

          တိုက်တွန်းချက်။ ။ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တို့သည် ယခုနှစ် ယခုအချိန်ကစ၍ ပုညကြိယာ ၁၀ ပါးတို့ကို လိုက်နာကျင့်ဆောင် ထိုက်ကြချေပြီ။ ယခုကစ၍ ဗုဒ္ဓဘာသာတို့သည် ၁၀ ပါးသော ဒုစရိုက်တို့ကို ရှောင်ကြဉ်သင့်ကြပြီ။ မိုးညှင်းဆရာတော်ဘုရားကြီး သွန်သင်ဆုံးမတော်မူသည့်အတိုင်း အိုဘေးကြီး၊ နာဘေးကြီး၊ သေ ဘေးကြီးတို့ အစဉ်ထိုးနှက်နေသော ဤခန္ဓာကိုယ်ကို ဝိပဿနာဉာဏ် ဖြင့် မှောက်လှန်၍ ကြည့်ရှုလိုက်ပြီ။ ၃၁ ဘုံ ကျင်လည်ကုန်သော သူတို့အား မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ် စိတ်များ ထားရှိသင့်ကြပြီ။ အလုံးစုံသော ဒါနတွင် ဓမ္မဒါန မြတ်၏။ အလုံးစုံသော အရသာတွင် ဓမ္မအရသာက အောင်၏။ အလုံးစုံသော မွေ့လျော်ခြင်းတွင် ဓမ္မ မွေ့လျော်ခြင်းက အောင်၏။ သံသရာဝဲသြဃကို တဏှာကို ဖြတ်ခြင်းဖြင့် အောင်၏။ ထိုကြောင့် ယနေ့ယခုကစ၍ဗုဒ္ဓဘာသာ အားလုံးပင် ဘဝ ဘဝက မေ့လျော့ကာ သံသရာတွင် ကျင်လည်ပျော်ပါးလာခဲ့ရသောအဖြစ်ကို အောက်မေ့ကာ၊ ထိုမေ့ လျော့ပေါ့ဆမှုကို ပယ်ဖျက်ကာ ဒါန၊ သီလ၊ ဘာဝနာတို့ကို နာနာ ကြီး ကြိုးစားလိုက်ကြပြီ ဖြစ်ကြောင်း ကောင်းမြတ်သော စေတနာ ဖြင့် တိုက်တွန်းစကား ရေးသားလိုက်ရပေသတည်း။

ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏ ကမ္မဋ္ဌာန်းသံပေါက်
သဗ္ဗေသတ္တာ၊ ဝေနေယျာ၊ သံသာ ရှည်လှပြီ။
အတည်ကျကျ၊ ဘယ်ဘဝ၊ ရကြမရှိပြီ။
ရအံ့နိုးနိုး၊ လောဘမျိုး၊ အကျိုးယုတ်လှပြီ။
သုံးပါးညီညီ၊ လောင်မီးကြီး၊ ဖိစီးလှလေပြီ။
လောင်မှန်းမသိ၊ မောဟဖိ၊ မိမိ မိုက်လှပြီ။
ပိုးဖလံမျိုး၊ မီးကိုတိုး၊ ကိုယ်ကျိုးနည်းလှပြီ။ ။
ကာမဂုဏ်မွဲ၊ သည်မိုက်နဲ၊ မခွဲနိုင်ကြပြီ။
မခွဲနိုင်ကြ၊ လူ့ဗာလ၊ မိုက်စ သိမ်းသင့်ပြီ။
ဂင်္ဂါသဲတူ၊ ပွင့်တော်မူ၊ ဆူဆူများလှပြီ။
များအသင်္ချေ၊ ရှင်စောတွေ၊ ရှောင်သွေခဲ့လှပြီ။
တစ်ဆူမသင့်၊ တစ်ဆူသင့်၊ ဖူးခွင့်တွေ့လိုက်ပြီ။
မတော်မတရား၊ ကျင့်ဖောက်ပြား၊ မိုက်အားကြီးလှပြီ။
အလိုမလိုက်၊ သည်အမိုက်၊ ပယ်ထိုက်သင့်လှပြီ။
မပယ်မချိုး၊ ဆင်ကန်းတိုး၊ ဟုတ်နိုးထင်လှပြီ။
ဟုတ်နိုးသမှု၊ ထင်တိုင်းပြု၊ ယခုတိုင်ခဲ့ပြီ။