Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ကလောင်စုံ - ဇော်ဂျီရာပြည့်

Regular price 900 MMK
Regular price Sale price 900 MMK
Sale Sold out

ဆရာသုခ ဟောပြောချက်

          ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ ဘယ်နေရာ ဘယ်ဌာန ဘယ်ကိစ္စပဲ ဖြစ်ဖြစ် ရတနာသုံးပါးကို ဦးထိပ်ထားခြင်းဟာ ကျွန်တော်တို့အတွက် ကိုယ်ရာ အစစ်အမှန်ပါ။ မိရိုးဖလာ မျိုးရိုးဗီဇက သူများတွေနဲ့ မတူကြတဲ့ ယဉ်ကျေးမှုအစစ် သရဏဂုံရိပ် ခိုလှုံရတဲ့အတွက် ကျေနပ်အပ်တဲ့ အေးချမ်းရာ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာပဲ ရှိတယ်။ အခု ကျွန်တော် မြန်မာလိုပြောရရင် မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးသည် ကျွန်တော်တို့အတွက်၊ ကျွန်တော်တို့မတိုင်မီ သတ္တဝါ တွေအတွက် အခုခေတ် နောက်ခေတ်အထိ အဆုံး သာသနာတော် တည်ရှိနေ သမျှ ကာလပတ်လုံးမှာ ကျွန်တော်တို့အတွက်သာ ပွင့်တော်မူတာဖြစ်ပါတယ်တဲ့။ ကျွန်တော်တို့ အကျိုးကျေးဇူးငှာအတွက်သာ ပွင့်တော်မူတာဖြစ်ပါတယ်။ ဒါကို ချဲ့ရင် ဗုဒ္ဓဝင်တစ်အုပ် ဖြစ်မှာပေါ့ဗျာ။

          မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးဖြစ်မယ့် သုမေဓာရှင်ရသေ့အလောင်း ဟာ ဒီပင်္ကရာမြတ်စွာဘုရားရှေ့မှောက်ရောက်တော့ ပရဗိုဇ်ရဟန်းပဲ။ ဒီပင်္ကရာ မြတ်စွာဘုရားရဲ့ ခြေတော်ရင်းမှာ ဝပ်ဆင်းပြီးတော့ သာဝကအဖြစ်ကို ခံယူလိုက်ပြီး မြန်မာလိုပြောကြပါစို့၊ ဒီပင်္ကရာဘုရားရဲ့ နောက်ပါရဟန်းအဖြစ်နဲ့ လိုက်သွား ပြီး ကျင့်ကြံလိုက်ရင် (၇) ရက်အတွင်းမှာ ကိစ္စအကုန်ပြတ်တဲ့ နိဗ္ဗာန်မြတ်ကို ရောက်သွားနိုင်ပါတယ်။

          အဲဒီလို ရောက်သွားနိုင်တာကို မြတ်စွာဘုရားအလောင်းတော်က သူ့တစ် ကိုယ်ကောင်းမဆန်ဘဲ ပရဟိတလုပ်တဲ့ပုဂ္ဂိုလ် ဆိုတော့ကာ “ငါတစ်ယောက်တည်း နိဗ္ဗာန်ဆိုတာကို ရောက်မယ့် သစ္စာ ၄ ပါးသိရင် ဘယ်တော်မလဲ။ ငါတစ်ယောက်တည်းသိလို့ ဘယ်ကောင်းမလဲ။ သတ္တဝါအများသိအောင် ငါလုပ်မယ်၊ ပြန်မယ်၊ ငါပြန်ပြီး ငါလုပ်မှ၊ ငါလုပ်ပြီး ငါသိမှ သတ္တဝါအများ သိစေရမယ်”တဲ့။ ကြည့်စမ်း တစ်ကိုယ်ကောင်း မဆန်ဘူး။ “ဗုဒ္ဓါဗောဓိယံ သစ္စာ ၄ ပါးကို ငါ ကိုယ်တိုင် သိအောင်ကြိုးစားမယ်” တဲ့။ ကြည့်စမ်း ကျွန်တော်တို့အတွက်ကို သူ လုပ်ချင်တာနဲ့၊ ကျွန်တော်တို့အတွက်ကိုပါ သူ ကယ်တင်ချင်တာနဲ့ သူ ပိုပြီး ကြိုးစားမယ်တဲ့။ သူကိုယ်တိုင်ကြိုးစားပြီး သူကိုယ်တိုင်သိတဲ့ အသိကို ကျွန် တော်တို့ကို ဟောမယ်တဲ့။

          “ဪ ဗုဒ္ဓါဗောဓိယံ ဗုဒ္ဓေါ ဗောဓိယံ သံသရာဝဋ်က လွတ်သွားအောင် ငါကြိုးစားမယ်။ ငါ ကြိုးစားပြီးမှ သတ္တဝါတွေ ငါ့လိုလွတ်အောင် ငါဆောင်ရွက် ပေးမယ်။ ငါ အဲဒီအထိအောင်လုပ်မယ်။ လွတ်မြောက်ပြီးစီးပြီဆိုတဲ့ လောကုတ္တရာ အရသာကို ငါတစ်ယောက်တည်း မခံစားသေးဘူး၊ သတ္တဝါတွေအတွက်လည်း ငါပြန်ခေါ်မယ်”၊ အဲဒါဟာ ပေါ့ပေါ့ဆဆ လွယ်လွယ်ကူကူလေး မဟုတ်ပါဘူး နော်။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ၁၀ ပါးဆိုတာကို ဖြည့်ဆည်းရတာ ဟာ သိပ်ပြီးတော့ ကြားရဖန်များနေတော့ ပေါ့ပေါ့လေးထင်ကြတယ်။ ခက်ခဲတဲ့ ပါရမီပါ။ ကိုယ်လက်အင်္ဂါ နားမျက်စိ နှာ စွန့်ရတဲ့ ပါရမီ၊ အသက်ကိုပင် စွန့်ရတဲ့ပါရမီ၊ ပါရမီအပြား ၃၀၊ အဲဒီဟာတွေနဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး အဆင်းရဲခံပြီး သဗ္ဗညုတဉာဏ်တော်အထိ ရပါစေဆိုပြီး ဖြည့် ခဲ့တဲ့ ဇွဲနဘဲဟာ ကျွန်တော်တို့အတွက် ဖြည့်ကျင့်ခဲ့တာပါ။ ဒီစိတ်ထားမျိုးနဲ့ ဘုရားရှင်ကိုယ်တော်မြတ်ဟာ ဆုံးဖြတ်ခဲ့တယ်။ မြတ်စွာဘုရားရဲ့ ဂုဏ်ကို ပြောရ မယ်ဆိုရင် “တောင်ကြီးတစ်တောင်လုံးမှာ သန်လျက် ဓားတွေ အများပြည့်ယှဉ် ပြီး ထောင်ထားပါ၊ အဲဒီတောင်ပေါ်ကို မင်းတက်နိုင်မှ အဲဒီတောင်ထိပ်ရောက်မှ ဘုရားဖြစ်မယ်ဆိုရင် အဲဒီသန်လျက် ဓားတွေ ထောင်ထားတဲ့ တောင်ပေါ်ကို ငါတက်မယ်တဲ့။

          နောက်တစ်ခါ တစ်ဖက်ကမ်းမမြင်နိုင်တဲ့ ပင်လယ်အဏ္ဏဝါ ကြီးမှာ လှိုင်းတွေဟာ မီးတဟုန်းဟုန်း ထတောက်နေပါတယ်။ တစ်ဖက်ကမ်းကို မမြင် ရသေးဘူး။ လှိုင်းတွေကလည်း မီးဟုန်းဟုန်းထတောက်နေပါတယ်။ အဲဒီ ပင်လယ် ထဲကို ဖြတ်ပြီး တစ်ဖက်ကမ်းကို ရောက်အောင်ကူးနိုင်မှ မင်း ဘုရား ဖြစ်မယ်လို့ ဆိုရင် “အဲဒီမီးပင်လယ်ကို ငါဖြတ်မယ်”တဲ့။ ဒါကြောင့် ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မယ်။ ဒီစကားပေါ်လာပါတယ်။ ဒါ ဘယ်သူ့အတွက်လဲ။

          အမှတ်တရဟောပြောချက်များ သဗ္ဗပါဏိနံ လုံးစုံများစွာ သတ္တဝါအပေါင်းတို့၏ ဟိတာယ စီးပွားအလို့ငှာ (ဝါ) ကိုးကွယ်အလို့ငှာ။ ကျွန်တော်တို့အတွက် သတ္တဝါတွေအတွက် အဲဒီလောက် ကို ဆောင်ရွက်ပါတယ်။ ဒါကြောင့် ဘုရား ဘုရားနဲ့ ကျွန်တော်တို့ တမ်းတနေရလောက်အောင် အမြတ်ဆုံးဖြစ်ပါတယ်။ အဲဒီစကားမှန်ရင် မြတ်စွာဘုရားသည် ကျွန်တော်တို့အတွက် ပရဟိတစစ်စစ်ကြီး၊ သတ္တဝါတွေအတွက် နိဗ္ဗာန်ကိုလိုချင် လို့ ဘုရားဖြစ်ရန် ကျင့်ပါတယ်။ ကျင့်ခဲ့ပါတယ်။ ကျင့်တော်မူသွားပါတယ်ဆို တဲ့ စကားမှန်ရင် များစွာထောင်သောင်း သူတော်ကောင်းတို့၌ (ဝါ) စိတ်နှလုံး ပျော့ပျောင်း သူတောင်ကောင်းတို့၌ ဝိရုံဠာ ရောဂါအန္တရာယ် ကင်းစင်ကြသည်ဖြစ် ၍ ဟောန္တ၊ စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း။

          ကျွန်တော် သစ္စာဆိုတာပါဗျာ၊ သစ္စာဆိုပြီးတော့ ဖျာပုံကို ဘယ်လို ရောက် သွားတယ်ဆိုတဲ့အကြောင်းလေး ပြောပါမယ်။ ဆရာဇော်ဂျီဟာ ကျွန်တော့်ထက် အသက်သိပ်မကြီးပါဘူး။ ဆရာဇော်ဂျီနဲ့ ကျွန်တော်တို့က တစ်ရေတည်း၊ တစ် မြေတည်း ဆက်စပ်နေပါတယ်။ ကျွန်တော်က ကျိုက်လတ်သားပါ။ ပုဂ္ဂိုလ်အနေ နဲ့ သံယောဇဉ်၊ ပညာအနေနဲ့ သံယောဇဉ်ရှိတဲ့သူတွေထက် ရေဆက်၊ မြေဆက်မို့ ပို၍ နီးစပ်တယ်လို့ ပြောရပါမယ်။ ကျွန်တော့်ဆရာအရင်း မဟုတ်လေတော့ ကျွန်တော် ဝမ်းနည်းစွာနဲ့ ကျွန်တော့်ကံ မကောင်းတာလေး ကျွန်တော် ဖော်ပြ ရမှာဖြစ်ပါတယ်။ ကျွန်တော် သူ့လက်အောက်တပည့်ရင်း ဖြစ်လောက်အောင်ထိ က်မကောင်းခဲ့ပါဘူး။ သို့သော် ကျွန်တော်ဟာ ကဗျာကို ချစ်ပါတယ်။ ဂီတကို ချစ်ပါတယ်။

          ကျိုက်လတ် ဖျာပုံ ဘိုကလေး ဒေးဒရဲဆိုတာ ဂီတသမားတွေ ကဗျာသမား တွေရဲ့ ဂီတနက်သန်ပါ။ ကဗျာကို ကျွန်တော် ချစ်ရကောင်းမှန်း သိပါတယ်။ ကျွန်တော် မစွမ်းသာလို့ မရေးတတ်နိုင်ခဲ့ပါဘူး။ သို့သော် ကဗျာသော်လည် ကောင်း၊ ဂီတသော်လည်းကောင်းကိုတော့ ကျွန်တော် အများကြီးချစ်ခဲ့ပါတယ်။ ကဲ ကောင်းပြီ။ ဆရာဇော်ဂျီနဲ့ ကျွန်တော် ရင်းရင်းနှီးနှီး တစ်နှစ်လောက်ရှိပြီး တဲ့အခါကျတော့ အရင်ခေတ်က မကြာသေးခင်ခေတ်ကပေါ့လေ နိုင်ငံတော်အစိုးရ ပြဇာတ်အခမ်းအနားပွဲမှာ သူနဲ့ကျွန်တော် အတူတွဲပြီးတော့ စေတနာ့ဝန်ထမ်း ပြဇာတ်မှာ ဒါရိုက်တာဖြစ်ခဲ့ကြရပါတယ်။ အဲဒီမှာ ဆရာနဲ့ နီးနီးကပ်ကပ်နေခဲ့ရလေတော့ ဆရာ့ရဲ့ အတွင်းသဘော နူးညံ့ခြင်း၊ သိမ်မွေ့ခြင်း၊ သည်းခံစွမ်း ရှိခြင်း၊ အောက်ကျိုခံ၍ အနိုင်ယူခြင်း၊ အဲဒီဥပဒေသတွေ ကျွန်တော် သူ့ဆီက အများကြီးရခဲ့ပါတယ်။ ကျွန်တော်တို့ ကျိုက်လတ်သားများဟာ တော်တော် မိုက်တိမိုက်ကန်းနိုင်ပါတယ်။ မာန်လေးတွေလည်း ရှိပါတယ်။ ရာဇဝင်နဲ့ပါ။ ကျိုက်လတ်သားက။ သို့သော်လည်း ဆရာရဲ့ နူးညံ့ပျော့ပျောင်းမှုဟာ ကျွန်တော့် ကို သတိသံဝေဂတရား ရစေပါတယ်။

          အဲဒါကြောင့် ကျွန်တော် ဆရာဇော်ဂျီနဲ့ အင်မတန်နီးခဲ့ပါတယ်။ အခု ကျွန်တော် ပြောချင်တယ် “ဆရာ ပျံတော်မူသွားပြီ”လို့ ကျွန်တော် ဒီလို သုံး နှုန်းတာ မလွန်ဘူးလို့ပြောရဲတယ်။ ဘာဖြစ်လို့လဲ ... ဆရာက လူ့ဘုန်းကြီးပါ။ လူ့ဘုန်းကြီး။ ကျွန်တော်တို့မှာ မာန် ရှိသေးတယ်၊ အခုထက်ထိ မာန်ရှိသေးတယ်၊ ကျွန်တော့်ကိုယ်ကျွန်တော် ဝန်ခံပါတယ်။ အဲဒီမာန် ဘာလဲ။ အနုပညာမာန်။ ဒီပြင်မာန် မဟုတ်ပါဘူး။ ပိုက်ဆံလည်း မရှိပါဘူး။ အာဏာလည်း မရှိပါဘူး။ သြဇာလည်း မရှိပါဘူး။ သို့သော် အနုပညာနဲ့ပတ်သက်လို့တော့ အခုထက်ထိ မာန် ရှိပါသေးတယ်။ အဲဒီမာန်တော့ ဦးကို ချိုးချိုးပေးတာတောင် ချိုးတဲ့ထဲကထောင်ထောင် ထနေတယ်။ အဲဒါကို ဆရာဇော်ဂျီက နမူနာ ပြသွားတာက အဲဒီ မာန်ကို နှိမ်ချပြီးတော့ သူက အနိုင်ယူယူသွားတယ်။ ကိစ္စတစ်ခုမှာ သူက ရေအေးနဲ့ လောင်းချင်တယ်။ ကျွန်တော်တို့က ကိစ္စတစ်ခုမှာ ရေနွေးနဲ့ လောင်း ချင်တယ်။ ဒါလေးတွေ ကွာတယ်။ ရာမနဲ့ လက္ခဏာလို့ပြောလို့ရတဲ့ ကျွန်တော့် ဆရာတစ်ဦးနဲ့ တခြားစီပါ။ ကျွန်တော်က တစ်ရက်၊ ဆရာရယ် ကျွန်တော့်မှာ အခုထက်ထိ မာန်ကတော့ ရှိသေးတယ်။ သိရဲ့သားနဲ့ ထိန်းလို့မရပါဘူး။

          အနုပညာဆိုတာက ရှိမှန်းသိရက်သားနဲ့ သတိက လစ်လစ်သွားတယ်။ ဒီတော့ ဘာပြောလဲ “ကိုသုခတဲ့ လောကမှာ မာန်မရှိရင် ခင်ဗျားလဲ သွားမှာပေါ့တဲ့၊ မာန်ဆိုတာ ရှိရမတဲ့” ဟော သူကျတော့ တစ်မျိုး၊ ကဲ ဒီတော့ “ဆရာဇော်ဂျီ” နဲ့ ပတ်သက်ပြီး ကျွန်တော်တွေ့ရကြုံရတဲ့ ကျွန်တော့် ရသယူတာက တစ်မျိုး။ ကျွန်တော့်ရသယူတာက ကဗျာထက် စောစောကပြောတဲ့ ပညာရှိ သူတော်ကောင်းဆိုတဲ့ စိတ်ဓာတ်ကို ရယူတာပဲ။ မတူနိုင်တာတွေက ကျွန်တော် သိခဲ့ပါတယ်။ သူ့ကိုလည်း မတူနိုင်သေးပါဘူး။ သို့သော်လည်း တူအောင်တော့ တတသွားပါမယ်။ အခု ကျွန်တော် ၈၃ နှစ် ရှိပါပြီ။ ဆရာက ၈၆ ဖြစ်ပါ လိမ့်မယ်။ ကျွန်တော်တို့မှာ မာန်လုပ်ချင်လို့ “မာန်မလုပ်ချင်ဘု၊ မာန်လုပ်ရင်လွယ်သည်သာပ၊ ငယ်မည်မှာ နငယ်သတ်ရုံပဲ၊ နေရပ် မန်ရွှေလည်နှင့် မာန် နှစ်လီ မာန်စုံကွန့်နိုင်ငံ့”ဆိုတဲ့ မန်လည်ဆရာတော်ဘုရားကြီး လေးချိုးတွေ။ ကျွန်တော်တို့ သိပ်ကြိုက်ခဲ့တာပေါ့။ ဘာလို့ကြိုက်လဲ။ မာန်သမားချင်းတူတာ ကိုး။ သူကျတော့မဟုတ်ဘူး။ သူက ရေစီးရေနဲ့ လိုက်ပြီးတော့ မျောပါသွားမယ့် ဗေဒါလေး၊ ကျွန်တော်တို့က မဟုတ်ဘူး၊ ရေဆန်တက်ချင်တယ်။ ရေဆန်တက်ရင် ဒုက္ခရောက်မှာပေါ့တဲ့။ ဒါ ဆရာ့ဆီက သဘောတရားလေးတွေ။ ဆရာက ဒဿနဆရာကြီး၊ အဲဒီ ဘွဲ့ထူးမျိုးကို ဆရာက လက်မခံဘူးတဲ့။ ကျွန်တော်တို့က အတင်းပေးမှာပဲ။ ဘာဖြစ်လို့လဲ ကြည့်ပါ။

          ဆိုကရေးတီး၊ ပလေတို၊ ဒီဝါဒနဲ့ ဒီကျမ်းစာကြီးကို ကိုင်ထားနိုင်တဲ့၊ ကိုင်ပြီးတော့သာ ပြန်နိုင်တဲ့ ဘာသာပြန်နိုင်တဲ့အပြင်မှာ ဘာသာပြန်တာ ရိုးရိုး မဟုတ်ဘဲ အဲဒီခေတ်က ဗုဒ္ဓကိုလည်း မမှီငြမ်းဘဲနဲ့၊ ဗုဒ္ဓရဲ့ အခြေခံလည်း မမှီ ငြမ်းဘဲနဲ့၊ ခရစ်တော်လည်း မပေါ်သေးဘဲနဲ့ ၊ သုံးသွားတဲ့ မြန်မာလိုစကားလုံး တွေဟာ အင်္ဂလိပ်စာ သိပ်တတ်တဲ့လူတွေက သိပ်ချီးမွမ်းတယ်။ မတတ်တတတ်နဲ့ ကျွန်တော်တို့လိုလူတွေကတောင်မှပဲ Heaven ဆိုတဲ့ စကားလုံးမျိုးကို အဂ္ဂ `လောကလို့ ပြန်သွားတဲ့စကားလုံးကျတော့ ပြောတော့ လွယ်လွယ်လေးနော်။

          အဲဒီ အဂ္ဂလောကဆိုတဲ့ အဂ္ဂစကားလုံးမျိုးကို ဘယ်လိုလုပ်ပြီး သူ့ဉာဏ်ထဲဝင်သွား `ပါလိမ့်မလဲဆိုတာကို ကျွန်တော် စဉ်းစားလို့မရဘူး။ နိဗ္ဗာန်လည်း မဟုတ်ဘူး၊ ခေတ်စကားနဲ့ ကောင်းကင်ဘုံလည်း မဟုတ်ဘူး။ အဂ္ဂဆိုတဲ့ ပါဠိကို မှန်အောင် စဉ်းစားတော့ အဂ္ဂမြတ်သော၊ လောက-လောက။ လောက မြတ်တာ၊ ထာဝရ ဘုရားသခင်ပြောတဲ့ ကောင်းကင်မဟုတ်ဘူး။ ဗုဒ္ဓဂေါတမ ပြောသွားတဲ့ နိဗ္ဗာန် လည်း မဟုတ်ဘူး။