Skip to product information
1 of 1

Other Websites

စွမ်းထက်အောင် - သူဌေးကြီးဖြစ်နည်း

စွမ်းထက်အောင် - သူဌေးကြီးဖြစ်နည်း

Regular price 0 Ks
Regular price Sale price 0 Ks
Sale Sold out
စာအုပ်အမျိုးအစား

:: ဤ အီးဘွခ်(အခမဲ့) ကို ဒေါင်းလုပ်ဆွဲယူရန် (Buy it now) ခလုတ် ကိုနှိပ်ကာ ရှေ့ဆက်လုပ်ဆောင်၍ ၀ယ်ယူပေးပါ၊ အခမဲ့ အမှာစာ (Order) တင်ပြီးသည့်နောက်တွင် အီးဘွခ်ပီဒီအက်ဖ်ဖိုင် ဒေါင်းလုပ်ဆွဲရန်လင့်ကို စာဖတ်သူ၏ အီးမေလ်ထဲသို့ ပို့လိုက်မည်ဖြစ်ပါသည်၊
:: mgyoe.com ရှိ အီးဘွခ်စာအုပ်များသည် အင်တာနက်ပေါ်၌ အချိန်ကြာမြင့်စွာကပင် ပြန့်နှံ့နေပြီးသား စာအုပ်များသာဖြစ်ပါသည်၊
:: စာဖတ်သူများ ဖတ်ချင်၍ရှာသည့်အခါတွင် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ရန် စုစည်းထားပေးခြင်းမျှသာဖြစ်ပါသည်၊
:: စာအုပ်တိုက်များမှ ပြန်လည်ရိုက်နှိပ်ထုတ်ေ၀လျှင် ၄င်းအီးဘွခ်ဒေါင်းလုပ်လင့်များကို ပြန်လည်ဖြုတ်ချသွားမည်သာဖြစ်ပါသည်။

------------------------------

ချမ်းသာကြွယ်ဝခြင်း မြစ်ဖျားခံရာ 

သူ့နာမည်က အင်ဒရူးကာနေဂျီ။

သူဟာ သံမဏိနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းမှာ ဧကရာဇ်တစ်ယောက်လို လွှမ်းမိုးချုပ်ကိုင် ထားနိုင်တဲ့သူဖြစ်တယ်။

 သူ့အနေနဲ့ ဒေါ်လာကုဋေပေါင်းများစွာ ပိုင်ဆိုင်ကြွယ်ဝခဲ့သူ တစ် ယောက်ပါပဲ။ သူဟာ အတွေးအခေါ် အမြော်အမြင် အင်မတန် ကောင်းတယ်။ ဒါကြောင့်လည်း အခုလို ကုဋေကုဋာချီပြီး ချမ်းသာ လာခဲ့တာပါ။ နိုင်ငံတကာမှာ ရှိရှိသမျှ စီးပွားရေးလုပ်ငန်းရှင်တွေ အားလုံးက လေးစားခြင်းကို ခံခဲ့ရသူဖြစ်တယ်။ စီးပွားရေးလောကကို ခါးစောင်းတင်နိုင်တဲ့ အရည်အသွေး အမြင့်မားဆုံးပုဂ္ဂိုလ် ဖြစ် နေလို့ပါပဲ။

' အင်ဒရူးကာနေဂျီဟာ သူ့လုပ်ငန်းကို အောင်မြင်စွာနဲ့ အထွတ်အထိပ်ရောက်နေချိန်မှာပဲအနားယူလိုက်တယ်။ တစ်ချိန်တည်း မှာပဲ သူဘာကြောင့်ချမ်းသာလာရတယ်။ ဘယ်လိုတွေးခေါ်မြော်မြင် လုပ်ကိုင်ဆောင်ရွက်မှုတွေကြောင့် ကြွယ်ဝလာရတယ် ဆိုတာတွေ ကို ပြန်လည်သုံးသပ်ကြည့်တယ်။ အဲဒီအခါမှာ တခြားလူတွေကိုလည်း သူ့လိုပဲ ချမ်းသာကြွယ်ဝစေချင်စိတ်ဖြစ်ပေါ်လာခဲ့တယ်။

  ဒါကြောင့် လုပ်ငန်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို အရင်းတိုင်း ပြန်လည်ဖော်ထုတ် လက်ဆင့်ကမ်းဖို့အတွက် မွန်မြတ်တဲ့စေတနာ ကိုအရင်းခံပြီးကြံစည်ခဲ့တာပါ။ အဲဒီအတွေ့အကြုံတွေကိုစနစ်တကျ ရေးသားပြုစုနိုင်မယ့် လူတစ်ယောက်လိုလာပြီ။

အင်ဒရူးကာနေဂျီရဲ့ ဖြစ်ရပ်မှန်ဆိုလိုရင်းကို ... ကွက်ကွက် ကွင်းကွင်းရေးသားဖော်ပြနိုင်ဖို့က အင်မတန်အရေးကြီးပါတယ်။ °°ဒါကြောင့် ဒီစာအုပ်ကိုစတင်ဖတ်ရှုနေတာ လူတစ်ယောက် ဟာ အမှန်တကယ် ချမ်းသာကြွယ်ဝချင်လို့ပဲဖြစ်ပါတယ်။

အပ် ́လောက် သေးမွှားတဲ့ပစ္စည်းကအစ၊ ကြီးမားတဲ့စက် မှုပစ္စည်းအထိ “မရှိဘူး” ဆိုတဲ့ စကားကို ပြောလို့မရလောက် အောင် ပြည့်ပြည့်စုံစုံ ရောင်းချနိုင်တဲ့ စတိုးဆိုင်ဖြစ်ပါတယ်။

သောမတ်စ်အေအယ်ဒီဆင်ဆိုတဲ့ပုဂ္ဂိုလ်ဟာ လျှပ်စစ်လော ကကို စတင်တီထွင်ခဲ့သူပါ။ သူဟာဆိုးဆိုးရွားရွားငတ်မွတ်ခေါင်း ပါးတဲ့ ဘဝကနေအစပြုခဲ့ရာက ကြိုးစားအားထုတ်မှုကြောင့်အောင် မြင်မှုပန်းတိုင်ကို ဆုပ်ကိုင်နိုင်ခဲ့သူဖြစ်ပါတယ်။

။ ဟာဗေးဖိုင်ယားစတုံး အပါအဝင် စီးပွားရေးလောကမှာ “စံ”ထားလောက်တဲ့အထိ အောင်မြင်မှုသရဖူဆောင်းနေကြတဲ့အချို့ ပုဂ္ဂိုလ်တွေရဲ့ (ပဓာနအကျဆုံး)ကိုယ်တိုင်ကိုယ်ကျ ကျင့်သုံးခဲ့တဲ့သ

ဘောတရားတွေကိုပါ စုစည်းဖော်ပြဖို့ အင်ဒရူးကာနေဂျီကဆုံးဖြတ် လိုက်ပါတယ်။

ဒါပေမယ့် သူ့အနေနဲ့အဲဒီပုဂ္ဂိုလ်တွေကို သွားရောက်တွေ့ဆုံ မေးမြန်းပြီး အချက်အလက် စုဆောင်းဖို့မဖြစ်နိုင်တော့ပါဘူး။ အဲဒီ အချိန်မှာ သူဟာ အသက်(၇၀)ဝန်းကျင် ဖြစ်နေပါပြီ။ ဒါကြောင့် စိတ်ဓါတ်တက်ကြွစွာနဲ့ သူလိုချင်တဲ့အချက်အလက်တွေကို အာရုံ စိုက်အချိန်ယူပြီး စုဆောင်းနိုင်မယ့် လူရွယ်တစ်ယောက်လိုအပ်လာ ပါတယ်။

အင်ဒရူးကာနေဂျီဟာ သူလိုချင်တဲ့ အရည်အချင်းပြည့်ဝ 'စံ”မီတဲ့ လူရွယ်တစ်ယောက်ရဖို့အတွက် စာနယ်ဇင်းထဲမှာကြေငြာ ထည့်လိုက်ပါတယ်။လျှောက်ထားသူ(၂၅၀)ကျော်ကို အင်ဒရူးကိုယ် တိုင် အင်တာဗျူးလုပ်ခဲ့ပါတယ်။ အဲဒီ လူတွေထဲမှာ စိတ်တိုင်းကျ ဖြစ်မယ်လို့ယူဆရတဲ့ လူတစ်ယောက်ကို ရွေးချယ်လိုက်ပါတယ်။

အရွေးချယ်ခံလိုက်ရတဲ့လူရွယ်က နပိုလီယံဟေးလ်ဖြစ်ပါ တယ်။ အင်ဒရူးကာနေဂျီဟာ နပိုလီယံဟေးလ်ကို သူ့အောင်မြင်မှု တွေနဲ့ပတ်သက်ပြီး ဖော်ထုတ်ပြောဆိုခဲ့တယ်။

View full details

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)