Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဦးအုန်းမြင့် - တို့ရှမ်းပြည်

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

အခန်း (၁)

မြန်မာတို့သိကြသော ရှမ်းပြည်

“ရှမ်းကိုးဆယ့် ကိုးစော်ဘွား၊ ထော-တစ်ဆယ့်ပျားရာ့တစ်ပါး နှင့် စော်ဘွားစောခံ-”ဟူသော စကားကိုမြန်မာလူမျိုးတိုင်းလိုလိုပင်၊ အငြိမ့် ဇာတ် ရုပ်သေးသဘင်တို့၌ တွင်တွင်ကြီးကြားဖူးနေကြရသဖြင့် ဧရာဝတီမြစ် အရှေ့ဘက်တစ်ဝန်းတွင် ကိုးဆယ့် ကိုးစော်ဘွားတို့စံရာ၊ ရှမ်းရွာ ရှမ်းပြည်နှင့် လောပြည် တစ်ဆယ့်နှစ်နယ်တို့ကျယ်ပြန့်စွာ တည်ရှိ နေကြောင်း မြန်မာအပေါင်းသိရှိကြပြီးပင် ဖြစ်ပေသည်။

သို့ကြောင့် ရှမ်းတို့ဒေသ ကမ္ဘောဇသို့ မရောက်ကြဖူးစေကာမူ၊ ဟော်ဘုံ၊ ဟော်နန်းကြငှန်းဥကင် ရာဇပလ္လင်နှင့် နေဝင်ဘုရင်တို့စံရာ၊ ရှမ်းရွာရှမ်းပြည် တစ်ဝန်းသည်ကား များစွာသာယာပေလိမ့်မည် ဟူ၍ လည်းကောင်း၊ စုလစ်မွန်းချွန်၊ ရောင်ဝှန်ဖွေးဖွေး၊ ရွှေရေးမျက်ချယ်၊ ကြီးငယ်များစွာ၊ စံရာပြာသာဒ်တို့ဖြင့် တလျှပ်လျှပ်တပြောင်ပြောင်၊ အရောင်ချင်းယှက်ကူးလျက်၊ အထူးခမ်းနားပေလိမ့်မည် ဟူ၍လည်းကောင်း၊ ရှမ်းပြည်သူရှမ်းပြည်သားတို့မှာလည်း တောတောင်ဂနိုင် ရိပ်မြိုင်စိမ့်စမ်း ချောက်ကမ်းရေတံခွန်တို့ကြောင့် လွန်သော အအေးဓာတ် ရှိသည်ဖြစ်၍၊ နုမျစ်စိုပြည်၊ အရေအသားဝါဝင်းလျက် အဆင်းလှကြပေလိမ့်မည် ဟူ၍လည်းကောင်း၊ ကောင်းခြင်း-ငါးတန်၊ သုံးဖန်သော လှ ခြင်းဖြင့်၊ သတင်းဂုဏ်ကြီးခဲ့သော ရှမ်းမင်းသမီး စောမွန်လှတို့၏ အနွယ်။ ရှမ်းပျိုမယ်ကလေးများမှာလည်း တောကြီးရိပ်သာသယံဇာမြေ ရေဓာတ်ကြောင့်၊ နုဖပ်စင်ကြယ်သောအသား၊ ပါးအိုကလေးနီနီနှင့် နတ်ကိန္နရီ သဏ္ဌာန်ကဲ့သို့ ကြန်အင်္ဂါရှိကြပေလိမ့်မည်ဟူ၍လည်းကောင်း၊ မြန်မာ အပေါင်းတို့ ဉာဏ်မျက်စိတွင် ထင်မိမြင်မိကြပေလိမ့်မည်။

အထက်ပါတို့ကား“သိန္နီသီပေါ၊ သာပြန့်ပြောသည့်ကမ္ဗောဇ” ဟူသောဇာတ် ရုပ်သေး အငြိမ့်သဘင်နှင့် ရာဇဝင်စကားတို့ကြောင့် မြန်မာ များ၏မျက်စိ၌ ထင်မိမြင်မိသော အာရုံများပင်ဖြစ်ပေသည်။

သို့သော် အချို့သော အနောက်နိုင်ငံထုတ် သတင်းစာဂျာနယ် မဂ္ဂဇင်းနှင့် စာအုပ်စာတမ်းများတွင် တွေ့မြင်ရသော ရှမ်းအမျိုးသားတို့၏ ဓာတ်ပုံများကို နှိုင်းယှဉ်ကြည့်ရှုမိသူများမှာမူကား ကြီးမားလှသောဦးရစ် ခေါင်းပေါင်း၊ ပွဖောင်းသော ဘောင်းဘီ၊ ဝေသီသော ခေါင်းစည်းကြိုး၊ ကိုးရိုးကားရားရှိလှသည့် လွယ်အိတ်၊ နက်ချိတ်သောသွား၊ ကြောင်ကျား သောထိုးကွင်းမင်ကြောင်တို့ဖြင့် ရိုင်းယောင်ယောင်အသွင်ကို ထင်မြင် တန်းမှန်းမိကြပေလိမ့်မည်။

ထို့ပြင် မြန်မာပညာရှိ အမတ်ကြီး ဦးပေါ်ဦးကိုယ်တိုင်ကပင် လျှင် ရာဇဝတ်တော်သင့်၍ သိန္နီသို့ ပို့ထားခြင်းကို ခံရစဉ်က ရွှေမြို့တော် ရွှေနန်းတော်ရင်းမှ ခွဲခွာ၍ ဝေးစွာသော ပြည်ခြား၌ သွားရောက်နေထိုင်ခဲ့ ရသည့် ဒုက္ခဆင်းရဲတို့ကို မိမိအရှင်ဧကရာဇ်ဘုရင်အား ထင်မြင်ကြင်နာ တော်မူစေလိုသောကြောင့်။

““သံဝဲစွာနှင့်၊ အဲအာဟေဗူး၊ ယစ်မျိုးမူ၍။ ကျော်ကျူးဌာန၊ ဤဒေသသို့ ရောက်ရမူလျှင်။ ဘယ်သူ့ရွှင်လိမ့်-”

အစရှိသဖြင့် နားတော်လျှောက်ရတု-ကဗျာတွင်၊ ထင်ရှားစွာဖွဲ့ဆိုခဲ့သည်ဖြစ်ရကား။ ခေါင်, ကစော်နှင့်လှော်စာယစ်မူး၊ အပျော်ကြူး နေကြသော ရှမ်းအမျိုးသားတို့၏ စရိုက်အလေ့အလာကို ဘာသာထိုးထိုး ပင် ထင်မြင်ခန့်တွက်မိကြပေလိမ့်မည်။

စင်စစ်အားဖြင့်ကား အမတ်ကြီးဦးပေါ်ဦးမှာ မိမိ၏ဆင်းရဲဒုက္ခ ကို မိမိအရှင်သခင်က ထင်မြင်ကြင်နာစေလိုသော စိတ်ရင်းဖြင့်၊ ရှင်းလင်း ပြတ်သားစွာ ကရုဏာရသဖြစ်အောင် စီကုံးခြင်းပင်ဖြစ်ပေသည်။

ထိုမှတစ်ပါး ရှမ်းလူမျိုးတို့၏ ထုံးတမ်းစဉ်လာ ဝါသနာအလေ့ စရိုက်များနှင့် စပ်လျဉ်း၍၊ အရှေ့ဘက်နိုင်ငံသားတို့၏အကြောင်းကို ရေးသားသော (Atheistan Ridgway Lb) ရှမ်းပြည်အကြောင်းကို ရေးသားသော (Colquhoun) နှင့်ဒေသန္တရပထဝီဝင်တို့ကို ရေးသားသော (Hammerton) တို့၏ အဆိုများအရ၊ ရှမ်းလူမျိုးများသည် တောင်ပေါ်သားပီပီ၊ နက်နီကြောင်ကျားသော ဆေးမှင်များဖြင့်၊ ကြောက်ပါလိလိ ရှိကြလိမ့်မည်ဟူ၍လည်းကောင်း။ စုန်းနတ်ကဝေ ရှုပ်ပွေသော အတတ် ဆန်းတို့ဖြင့် ကြမ်းကြုတ်ရက်စက်ကြလိမ့်မည် ဟူ၍လည်းကောင်း ယောက်ျား တစ်ယောက်လျှင် မြောက်မြားစွာသော မယားတို့ဖြင့် ကိုယ်ကျင့်တရား များစွာ မရှိဘဲနေကြလိမ့်မည်ဟူ၍လည်းကောင်း၊ မကောင်းသောဘက်ကို အနက်ကောက်လွဲ၍၊ အစွဲမှားမှောက်နေကြပေတော့သည်။

ရှမ်းပြည်ရှမ်းနယ်သို့လည်ပတ်ရောက်ရှိဖူးသူ မဟုတ်ပါက၊ ထို ကဲ့သို့ အထင်လွဲ၍ အစွဲမှားနေခြင်းကို အပြစ် အလျဉ်းမတင်ထိုက်ပါပေ။

ကျွန်ုပ်တို့ မြန်မာလူမျိုးများကိုပင်လျှင် အနောက်နိုင်ငံထုတ် သတင်းစာ ဂျာနယ် မဂ္ဂဇင်းတို့၌ တောတွင်းသားအရိုင်းအစိုင်းဖြစ်လေ ဟန်၊ သဏ္ဌာန်မတင့်တယ်လှသော လမျိုးမျိုး ပဒေါင်းမျိုးတို့၏ ဓာတ်ပုံ ဖြင့် အယုံမှားလေအောင် ထည့်သွင်းပြတတ်ကြပေသေးသည်။

ထိုအချက်များအပြင် အထင်နှင့်အမြင် ပါစင်အောင်လွှဲမှားနေ -သောအချက် ရှိပေသေး၏။ ၎င်းကား အခြားမဟုတ်ပေ။ ရှမ်းပြည်နယ် သည် ရွှေ၊ ငွေ၊ သံ၊ သွပ်၊ ခဲစသောဓာတ်သတ္တုအမြူတေ ဥစ္စာသိုက်တို့ဖြင့်ဘောဂတိုက်ကြီးသဖွယ် ပေါကြွယ်သော နိုင်ငံဖြစ်သည်တစ်ကြောင်း။ မိုးလေဝသဥတုဇသမုဌာန် မှန်ကန်မျှညီသဖြင့် မြေဆီမြေသြဇာကောင်း မွန်သည့်အလျောက် ဆန်၊ စပါး၊ ကောက်ပဲသီးနှံပေါများသည် တစ်ကြောင်း။ ဤသို့သောအကြောင်းကြောင်းများကြောင့် ရှမ်းပြည်နယ်သူ ပြည်နယ်သားများမှာ လူချမ်းသာ လူကြွယ်ဝ ဘောဂပြည့်စုံကြသူများ ချည်း ဖြစ်သည်ဟု မဆိုနိုင်စေကာမူ သင့်တင့်ချောင်လည်စွာ ရှာဖွေစားသောက်နိုင်ကြသူများ ဖြစ်ပေလိမ့်မည်ဟူ၍ ထင်မှတ်နေကြခြင်းပင် ဖြစ် ပေသည်။

ဤသို့အားဖြင့် မြန်မာပြည်ထက် ရှမ်းပြည်နယ်ကပင် သာလွန် ချောင်လည်၍ အကြံအစည်အလုပ်အကိုင် လွယ်ကူလေဟန် ထင်မှတ်မိ ကြသော အချို့မြန်မာများမှာ ရှမ်းပြည်ရှမ်းနယ်သို့ စွန့်စားသွားရောက် တတ်ကြပေသည်။ သို့သော် ထိုသူများမှာ အထင်နှင့်အမြင် ကွာခြား လျက်များစွာ အခက်အခဲတွေ့ကြပေသည်။

သတင်းကြားနှင့် ကိုယ်တွေ့မျက်မြင်တို့မှာ တစ်ခါတစ်ရံဆန့် ကျင် ကွဲလွဲ၍နေတတ်၏။ ရှမ်းပြည်သို့ ကိုယ်တိုင်ကိုယ်ကြပ် ရောက် ပေါက် လှည့်ပတ်ဖူးသူများသည်လည်းကောင်း ဤစာအုပ်ကို ဖတ်ရှုကြ ဖူးသူများသည်လည်းကောင်း၊ အများသောမြန်မာတို့၏ စိတ်အထင်၊ ရမ်းဆမိသောဉာဏ်အမြင်တို့မှာ စင်စစ်ဖြစ်ပေါ်တည်နေသော ရှမ်းမြေ ဒေသ၏အခြင်းအရာများနှင့် ခြားနားကွဲလွဲလျက် ရှိသည်ကို သိကြပေ လိမ့်မည်ဖြစ်ကြောင်း။

အကြောင်းမူကား ရှမ်းပြည်နယ်တွင် ဟော်ဘုံဟော်နန်းအခန်း ခန်း အဆောင်ဆောင်တို့မှာ ရွှေရောင်ညိုညီလျက် ရွှေထီးရွှေနန်းဆန်ပါပေ၏။ တိုင်းသူပြည်သား ရှမ်းလူမျိုးတို့မှာလည်း မအေးလွန်းမပူလွန်း သော ဥတုသမုဌာန်၊ မှန်ကန်သောရာသီမိုးလေ၊ ရေဓာတ်မြေဓာတ် ကောင်းတို့၏ အငွေ့ကြောင့် အတွေ့အမြင် တင့်တယ်နုပျိုကြပါပေ၏။

လူမျိုးခြားတို့၏ သတင်းစာ ဂျာနယ် မဂ္ဂဇင်းတို့တွင်ပါသည့် များစွာသော ရှမ်းရုပ်ပုံများကဲ့သို့ ကြောက်ပါးလိလိ-ရိုင်းစိုင်းသော အသွင်အပြင်လည်းမရှိပါပေ။

အဝတ်အဆင် အပြင်ပုံပန်းတို့မှာလည်း ကြမ်းတမ်းရိုင်းပျခြင်း မရှိချေ။ လူမျိုးတို့၏အလေ့စရိုက်အားလျော်စွာ သပ်ရပ်ပါသည်ဟုသာ ဆိုထိုက်ပေသည်။

အယူအဆ ဓလေ့ထုံးစံတို့မှာလည်း မြန်မာလူမျိုးတို့နှင့် အနည်း ငယ်မျှ ဆန့်ကျင်ကွဲပြားခြင်းမရှိ။ ပကတိ မြန်မာတို့အမူအရာဝါသနာ စရိုက်အတိုင်းပင်ဖြစ်ပေသည်။

အမှန်အားဖြင့်ကား အချို့သော ထုံးစံဓလေ့အလာ မူရာဟန်ပန် များတွင်သာ ခြားနားချက်ရှိပေသည်။ သို့သော် တောင်နှင့်မြောက်ကဲ့သို့ ဖောက်ပြန်ကွဲလွဲခြင်းမဟုတ်ပေ။ လူချင်းတူသော်လည်း အသက်ရှူချင်း ကွဲသည်ဟူသော စကားနှင့်အညီ အတွေးအခေါ်အမြော်အမြင်တို့၌ အလုံးစုံ တစ်ပြင်တစ်သားတည်းကား ဖြစ်နိုင်သည်မဟုတ်ပေ။ သို့သော် မိမိတို့အမြင်အယူနှင့် မတိုက်ဆိုင်သဖြင့် တစ်ပြိုင်တည်းခရီးသွားနိုင်မည် မဟုတ် ဟူ၍မယူဆသာ၊ မိမိတို့ အမြင်အယူနှင့်မညီမျှသဖြင့်၊ ရိုင်းပျ သည် ဟူ၍မဆိုသာ၊ ဤစာအုပ်ပါအချက်များသည်ပင်၊ မဆန့်ကျင် သော လူမျိုး နှစ်မျိုးဖြစ်ကြောင်း ထင်ရှားဖော်ပြပေလိမ့်မည်။

ရှမ်းလူမျိုးတို့၏စီးပွားရေးမှာမူကား များစွာ ဝမ်းနည်းဖွယ်ပင် ဖြစ်ပေသည်။ ။

မြန်မာပြည်ထက် ရှမ်းပြည်နယ်သည်အမှန်အားဖြင့် များစွာ