Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ဦးလှမြင့် - မြေငလျင်

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

အမှာစာ

ယနေ့ အချိန်ကာလတွင် နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ မြေ ငလျင်ဆိုင်ရာ သိမှတ်ဖွယ်ရာ အချက်အလက်များကို သိပ္ပံနည်းကျ လေ့လာ တင်ပြထားမှုများကို အတော်အတန် တွေ့မြင်လာရပြီဖြစ်ပါသည်။ အထူး သဖြင့် ကမ္ဘာနှင့်အဝှမ်း ငလျင်နှင့်ပတ်သက်၍ မြို့ပြသဘာဝ ဘေးအန္တရာယ် များ ကာကွယ်လျှော့ချနိုင်ရေး မဟာဗျူဟာများ ချမှတ်၍ ဆောင်ရွက်နေ ကြချိန်ဖြစ်ပါသည်။ ဤတွင် ဆက်စပ်စဉ်းစားရန်မှာ မြန်မာနိုင်ငံတွင် ငလျင်ကြောဟု ခေါ်ဆိုသတ်မှတ်နိုင်သော စစ်ကိုင်းပြတ်ရွေ့ကြီးသည် နိုင်ငံ၏ အဓိက မြေမျက်နှာသွင်ပြင်များ၏ လားရာနှင့်အပြိုင် တောင်မြောက်သွယ် တန်းနေပြီး ဧရာဝတီ၏ မြစ်ဝှမ်းဒေသ (seismic valley) တစ်လျှောက် အဓိကရ မြို့ကြီးများကို ဖြတ်သန်းနေသည်ဆိုသော အချက်ပဲ ဖြစ်ပါသည်။

ငလျင်ဆိုသည်မှာ ငလျင်လှိုင်းများကို ဖြတ်ပေါ်စေနိုင်သည့် ကမ္ဘာ့ ကျောက်မာထုအတွင်း စွမ်းအင်များ ရုတ်တရက် ထုတ်လွှတ်လိုက်သော ကြောင့် ကမ္ဘာ့မျက်နှာပြင် တုန်ခါလှုပ်ရှားပြတ်တောက်သွားခြင်းကို ဆိုလို သည်။ အခု ဦးလှမြင့်၏ “မြေငလျင်” စာအုပ်ကို သင်ဖတ်နေသည့် အချိန်မှာ ကိုပဲ ငလျင်လှုပ်နေသည်ဆိုပါက သင်လက်ခံနိုင်ပါမည်လား။ လက်ရှိတိုင်း တာနိုင်သော ငလျင်စက်များကို အခြေပြု၍ ခန့်မှန်းချက်များအရ တစ်နှစ်တစ်နှစ်လျှင် မြေငလျင်ပေါင်း ၅၀၀,၀၀၀ ခန့်လှုပ်၍ ယင်းတို့အနက် ၁၀၀,၀၀၀ ခန့်မှာ ငလျင်လှုပ်နေမှန်း ခံစားသိရှိနိုင်သည်ဟု ဆိုပါသည်။ မည်သည့်နေရာမဆို ငလျင်လှုပ်နိုင်သည်။ သို့ရာတွင် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားအပါအဝင် ပစိဖိတ်သမုဒ္ဒရာပတ်ပတ်လည်သည် ငလျင်အလှုပ်ကောင်းသော နေရာများဖြစ်ပါသည်။ (သင့်အနေဖြင့် ကယ်လီ ဖိုးနီးယားလိုနေရာမျိုး၊ ဂျပန်နိုင်ငံ တိုကျိုလိုနေရာမျိုးကို အပန်းဖြေအပျော် ခရီးထွက်မည့် အစီအစဉ်ရှိပါက ပြန်လည်စဉ်းစားပါ။) ပြင်းထန်ပမာဏ ကြီးမားသော ငလျင်ကြီးများမှာ အဖြစ်နည်း၍ ပြင်းထန်ပမာဏငယ်လေ အလှုပ်များလေဖြစ်ပါသည်။

မကြာသေးမီ ကာလများအတွင်း ဘူမိသိပ္ပံ လေ့လာတွေ့ရှိချက်များ အရ ကမ္ဘာကြီး ပူနွေးလာမှုသည် ငလျင်ဖြစ်ပေါ်လှုပ်ရှားမှုကို တွန်းအားပေးသော အချက်တစ်ခုအဖြစ် သိရှိရပါသည်။ ရေခဲမြစ်များ အရည်ပျော်ခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်းတို့သည် လက်ရှိဂေဟစနစ်၏ မျှခြေ အနေအထားကို ထိခိုက်စေပြီး ငလျင်လှုပ်သည့် အကြိမ်အရေအတွက်များ ပြားလာကာ ငလျင်ပြင်းအားပမာဏလည်း ပိုမိုများပြားလာစေသည်ဟု ဆိုပါသည်။

ဦးလှမြင့်၏ မြေငလျင်စာအုပ်သည် သူ ရေးနေကျ ဘူမိဗေဒဘာသာ ရပ်ဆိုင်ရာစာအုပ်များမှ အတန်ငယ်လိုင်းခွဲကာ ဘာသာရပ် သိပ်မဆန်ဘဲမြေငလျင်နှင့်ပတ်သက်သော သိမှတ်ဖွယ်ရာ အဖြာဖြာတို့ကို စာဖတ်သူ အများနားလည်စေရန် ရိုးရှင်းပြေပြစ်စွာ ကြိုးစားရေးသားထားသော စာအုပ် တစ်အုပ်ဖြစ်ပါသည်။

ဒေါက်တာမင်းအောင် ဆိုးလ်အမျိုးသားတက္ကသိုလ်