Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဦးလှမြင့်(ဂန္ဓမာ) - ဆရာဝန်များညွှန်ပြသည့်အိမ်တွင်းဆေးကုနည်းများ(၂)

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

မျက်စိညောင်းခြင်း(Eye Strain)နှင့် ကာကွယ်ကုသနည်း

အသွယ်သွယ်

“အသက်(၄ဝ) ဒါမှမဟုတ် (၅၀)ဝန်းကျင်မှာ သင့်မျက်စိရဲ့ အလင်းကို ဆုံချက်ရအောင် စုစည်းအား စတင်ယိုယွင်းလာပြီး မျက်စိညောင်းခြင်း(eye strain)ဖြစ်စေတယ်” ဟု နယူးရော့စီးတီး မျက်စိအထူးကုနှင့် နယူးရော့စီးတီး တက္ကသိုလ်၊ မောင့်ဆိုင်းနိုင်းဆေးဘက်ဆိုင်ရာ ဗဟိုဌာနမှ လက်တွေ့ ဆေးကုသမှု ဆိုင်ရာ လက်ထောက်ပါမောက္ခ ဆင်မြူယယ်လ်၊ အယ်လ်၊ ဂီလ်လော်ရီက ပြောသည်။ ဒါက လူတိုင်းမှာဖြစ်တတ်သည့် တရွေ့ရွေ့ ဖြစ်စဉ်ပဲဖြစ်သည်။

သို့သော် သင်က တစ်နေကုန် ဗီဒီယိုပုံပေါ် ကားချပ်ကို ကြည့်နေမည်ဆို လျှင် မည်သည့်အသက်အရွယ်ပိုင်း၌မဆို မျက်စိညောင်းခြင်းဝေဒနာကို ခံစားရနိုင် ပါသည်။

ကာကွယ်နည်း၊ သက်သာစေနည်းများ

အလင်းအားပေးခြင်းကို ဂရုစိုက်ပါ။ အလင်းနည်းနည်းတွင် စာဖတ်ခြင်းက သင့်မျက်စိများကို မထိခိုက်စေပါ။ သို့သော် အလင်းအားက လုံလောက်သည့် ခြားနားမှု (contrast)ကို မပေးပါလျှင် မျက်စိဒဏ်ဖြစ်မည်။ သို့မဟုတ် မျက်စိညောင်းမည်။ သင်စာဖတ်သည့်အခါ ခြားနားမှုကိုပေးသည့် အလင်းပျော့ပျော့ကို သုံးပါ။ မျက်စိစူးစေသည့် အလင်းမျိုး ကို မသုံးပါနှင့်ဟု ဒေါက်တာဂီလ်လော်ရီက ပြောသည်။

စာကြည့်မျက်မှန်ကို သုံးပါ။ စာကြည့်မျက်မှန်ကို မျက်စိဆရာဝန်မှဖြစ်စေ၊ မျက်မှန်အရောင်းဆိုင်မှ ဖြစ်စေ ရရှိနိုင်ပါသည်။ “မျက်စိနှစ်ဖက်စလုံးက အဝေးကောင်းကောင်းမြင်ပြီး အနီးကပ်ကြည့်ရတာ မကောင်းဘူးဆိုရင် မျက်မှန်ဆို သွားပြီး ပြသထားတဲ့မျက်မှန်များမှ စာကြည့်မှန်ကို မိမိနှင့်ကိုက်တာကို ရွေးချယ် ဝယ်ယူပါ”ဟု မျက်စိအထူးကုနှင့် ဂျွန်ဟော့ကင်း ဆေးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာဒေးဗစ်ဂူတန်က ပြောသည်။

အလုပ်မှ ခေတ္တနားပါ။ သင်က ကွန်ပျူတာကို ၆ နာရီအထိ အသုံးပြုနေရင် ၂ နာရီ(သို့) ၃ နာရီကြာတိုင်း ခဏနားပါ။ အခြားအလုပ်တစ်ခုခုကို လုပ်ပါ။ကော်ဖီသောက်တာမျိုး၊ သန့်စင်ခန်း သွားတာမျိုးပေါ့။ သင့်မျက်စိများကို ကွန်ပျူတာစခရင်မှ (၁၀)မိနစ်မှ (၁၅)မိနစ်အထိ ဖယ်ရှားပေးထားပါ။ စခရင်ပေါ် မှအရာကို ပုံနှိပ်ထုတ်(print out)ပြီး ယင်းနှင့် အလုပ်လုပ်တာကိုလည်း ထည့်သွင်း စဉ်းစားပါ။

သင့် စခရင်ကို အမှောင်ချထားပါ။ သင့်ကွန်ပျူတာ စခရင်ပေါ်မှာ ရှိတာက စာလုံးများနှင့် ကိန်းဂဏန်းမျှသာမဟုတ်။ သင့်မျက်စိများထဲ အလင်းရောင် တိုက်ရိုက် လွှတ်ထုတ်ပေးနေသည့် သေးငယ်သည့် မီးလုံးလေးများလည်း ပါဝင် သည်။ ဝပ်” အားကို ချပေးဖို့ လိုပါသည်။ အလင်းအားကို မှောင်သည် အထိချပြီး ခြားနားချက်(contrast)ကို နှိုင်းယှဉ်ကြည့်ပါ။ 

အမှောင်ထဲမှာ အလုပ်လုပ်ပါ။ မျက်စိညောင်းခြင်းကို သက်သာစေခြင်းနှင့် ပတ်သက်၍ သင့်ကွန်ပျူတာကို အမှောင်ထဲထားခြင်းက အကောင်းဆုံးဖြစ်သည်။ သင့်ကွန်ပျူတာ စခရင်အပေါ် အအုပ်အစွပ်ထားပေးခြင်းဖြင့် အမှောင်ချထားပါ။ အမည်းရောင် ကတ္ထုချပ် တစ်ခုယူပြီး ကွန်ပျူတာအပေါ်တင်ပြီး ဘေးဘက်နှစ်ဖက် သို့ ချိုချပါ။ ယင်းကို ရှေ့တိုးနောက်ငင် ပြုလုပ်နိုင်သည်။ သဘောမှာ သင့် ကွန်ပျူတာကို သေတ္တာ အမည်းထဲသို့ ထည့်ထားသည်နှင့် တူသည်။ ယင်းနည်းဖြင့် အလင်းအားကို အနိမ့်ဆုံးသို့ ချနိုင်သည်။ 

မျက်စိကို ပိတ်ထားခြင်းဖြင့် အနားပေးပါ။ ကျွန်ုပ်တို့၏ ကျွမ်းကျင်သူများကပြောသည်မှာ မျက်စိညောင်းခြင်းကို သက်သာစေသည့် အကောင်းဆုံးနည်းမှာ မျက်စိကို အနားပေးခြင်းပင်။ ယင်းကို ထင်ထားသည်ထက် လုပ်ရပိုလွယ်ကူပါ သည်။ “သင်ဖုန်းပြောနေစဉ် မျက်စိမှိတ်ထားနိုင်ပါတယ်” ဟု ဒေါက်တာ ဂီလော် ရီက ပြောသည်။ သင်ရေးရန် (သို့မဟုတ်)ဖတ်ရန်မလိုပါလျှင် သင်စကားပြောနေ စဉ် မျက်စိမှိတ်ထားနိုင်ပါသည်။ သင် တစ်နေ့ ဖုန်းဘယ်လောက် ပြောဆိုရသည် အပေါ်မူတည်ပြီး သင့်မျက်စိကို နေ့စဉ် တစ်နာရီမှ နှစ်နာရီအထိ အနားပေးနိုင်ပါ သည်။ ယခုနည်းကို ကျင့်သုံးသူများက သူတို့မျက်စိများ တကယ့်ကို ပိုမိုကောင်းမွန်လာပြီး မျက်စိညောင်းခြင်းကို ပျောက်သွားစေနိုင်ကြောင်း ပြောကြားသည်။ ဒါမျိုးဆိုလျှင် မျက်စိဆရာဝန်ထံ ပြပါ။ ရံဖန်ရံခါ မျက်စိညောင်းခြင်းသည် ထင်ထားသည်ထက်ပို၍ ပြင်းထန်လေးနက်တတ်သည်။ မျက်စိညောင်းခြင်းက မျက်စိအလိုင်းမင့်(misalignment)မမှန်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။ မျက်စိတစ် ဖက်က အတွင်းဘက်သို့ ဝင်ခြင်း သို့မဟုတ် အပြင်ထွက်ခြင်းဖြစ်သည်။ ဒါမျိုး ဆိုလျှင် ယင်းပြဿနာကို မျက်စိဆရာဝန်နှင့် ပြသ၍ ဖြေရှင်းရပေလိမ့်မည်။ မျက်စိ ဆရာဝန်က လေ့ကျင့်ခန်းလုပ်ခိုင်းခြင်းဖြင့်ဖြစ်စေ၊ သီးသန့် ပရင်ဇင်ပါမျက်မှန် တပ်ပေးခြင်းဖြစ်စေ၊ မျက်စိကြွက်သားကို ခွဲစိတ်ခြင်းဖြင့်ဖြစ်စေ ပြဿနာကို ဖြေရှင်း ပေးပေလိမ့်မည်။ သင့်မျက်စိတွင် နာကျင်မှုခံစားရပါက သို့မဟုတ် အလင်းရောင် အထိမခံနိုင်ပါက အလျင်အမြန် မျက်စိဆရာဝန်နှင့်ပြသရန် ကျွမ်းကျင်သူအားလုံး က သဘောရကြပါသည်။

ယောဂနှင့် အခြားနည်းများ

မိုင်ယာရှနိုက်ဒါအတွက် ယောဂကျင့်စဉ်သည် စိတ်ပိုင်းဆိုင်ရာ ထိုးထွင်း သိမြင်သော ဉာဏ်စွမ်းရရှိရေးအတွက် အချက်အချာ ဖြစ်ရုံမျှမက အမြင်စွမ်းအား ရရှိရေးတွင်လည်း အခရာကျသည်။ “ယောဂက ကျွန်တော့်ရဲ့ မျက်မမြင်မှုကို ကုစားပေးခဲ့တယ်” ဟု မွေးစဉ်ကပင် မျက်မမြင်ဖြစ်ခဲ့သူ ရှနိုက်ဒါက ပြောသည်။ သူ့ရဲ့ နေ့စဉ် ယောဂလေ့ကျင့်ခန်းက သူ့ရဲ့ အမြင်အာရုံကို ပြန်လည်ရရှိစေသည်ဟု သူက အခိုင်အမာ ယုံကြည်သည်။ သူ့မျက်စိအမြင်သည် သုံးပုံတစ်ပုံ ကောင်းနေ ပြီဖြစ်ပြီး ဆက်လက် တိုးတက်နေဆဲပဲ ဖြစ်သည်။

ကယ်လီဖိုးနီးယား၊ ဆန်ဖရန်စစ္စကိုမြို့ရှိ သူ၏ Center for self-Healing နှင့် သူ၏စာအုပ်ဖြစ်သည့် Self-healing My Life and Visionတွင် ဖော်ပြထား သည့် နည်းလမ်းများသည် ရာစုနှစ်အကူးအပြောင်းတွင် ပေါ်ထွက်လာသည့် မျက်စိအထူးကုဆရာဝန် ဒေါက်တာ ဝီလီယံဘိတ်၏ အငြင်းပွားဖွယ် မျက်စိလေ့ကျင့်ခန်းနည်း အကြောင်းပြချက်၏ လွှမ်းမိုးမှု ရှိခဲ့သည်။ “ကျွန်တော်က ဒေါက်တာဘိတ်နည်းကိုယူပြီး ကျွန်တော့်ကိုယ်ပိုင်လုပ်ဆောင်ချက်အနည်းငယ် ထပ်ပေါင်းထည့်ခြင်းပါ”ဟု ရှနိုက်ဒါက ဆိုသည်။ ယင်းနည်းတွေက မျက်စိမမြင် ခြင်းကို နည်းတချို့က မျက်စိညောင်းခြင်းဝေဒနာကို ကိုင်တွယ်ရာမှာ အကူအညီ ဖြစ်စေနိုင်ပါသည်ဟု ရှနိုက်ဒါက ရှင်းပြသည်။

လက်ဖက်ရည်ကြမ်း သောက်ချိန်ယူပါ။ လက်ဖက်ရည်ကို သောက်ရန် မဟုတ်ပါ။ မျက်စိပေါ် တင်ပေးရန်ဖြစ်ပါသည်။ “ပဝါတစ်ထည်ယူပြီး လက်ဖက်ရည်ကြမ်းထဲ နှစ်လိုက်ပါ။ ပက်လက်လှဲအိပ်ပြီး ပူနွေးတဲ့ ယင်းပဝါကို သင့်ရဲ့ ပိတ် ထားတဲ့ မျက်စိများအပေါ် တင်ထားပါ။ ၁၀ မိနစ်မှ ၁၅ မိနစ်အထိ တင်ထားပါ။ သင့်မျက်စိညောင်းခြင်းဝေဒနာ ပျောက်သွားပါလိမ့်မယ်”ဟု ရှနိုက်ဒါကပြောသည်။ မျက်စိထဲ လက်ဖက်ရည်ကြမ်းမဝင်ရန် အထူးဂရုစိုက်ရန်နှင့် လက်ဖက်ရည် ဆူသည့် အခါ ပဝါမနှစ်မီ အနည်းငယ် အအေးခံရန် သူက သတိပေးသည်။

မျက်စိကို လက်အပူငွေ့ပေးပါ။ သင့်လက်ဝါးနှစ်ခုကို ပူလာသည်အထိ ပွတ် တိုက်ပါ။ သင့်မျက်လုံးများကို ပိတ်ထားပြီး သင့်လက်ဝါးများဖြင့် မျက်လုံးများကို အုပ်လိုက်ပါ။ သင့်မျက်စိများကို မဖိပါနှင့်။ အုပ်ရုံအုပ်ထားပါ။ အသက်ပြင်းပြင်းနှင့် နှေးနှေးရှူပါ။ နေ့စဉ် ယင်းအတိုင်း မိနစ်(၂၀)ခန့် လုပ်ပါ။

မျက်တောင်များများခတ်ပေးပါ။ သင့်မျက်စိများတွင် အသုံးဝင်သည့် မျက်ခွံ များရှိပါသည်။ နေ့စဉ် မျက်တောင်အကြိမ်(၃၀၀)ခတ်မိအောင် ကြိုးစားလုပ်ဆောင် ပါ။ မျက်စိမှေးကြည့်ခြင်းမျိုး မလုပ်ပါနှင့်။ မျက်တောင်တစ်ချက်ခတ်တိုင်း မျက်စိ ကို သန့်ရှင်းပေးပါသည်။ မျက်စိကို နှိပ်နယ်ခြင်းအသေးစား ပြုလုပ်ရာလည်း ရောက်ပါသည်။