Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

ဦးလှမြင့်(ဂန္ဓမာ) - ဆရာဝန်များညွှန်ပြသည့်အိမ်တွင်းဆေးကုနည်းများ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

၁။ မျက်မြှေးရောင်နာ(Conjunctivitis)

မျက်စိရဲ့ အပြင်ဆုံးအလွှာဖြစ်တဲ့ မျက်မြှေး သို့မဟုတ် မျက်ကြည်လွှာ (Conjunctiva) ရောင်ခြင်းကို မျက်မြှေးရောင်နာ (Conjunctivitis)လို့ခေါ်ပါတယ်။ မျက်မြှေးရောင်ခြင်းက မျက်စိတစ်ခုလုံးကို အနီရောင် (သို့) ပန်းရောင် ထစေသည့်အတွက် Pink eye(ပန်းရောင်မျက်လုံး)ဟူ၍လည်း ခေါ်သေးသည်။

မျက်မြှေးနီပြီး ရောင်လာသည့်အခါ အရည်ကြည် သို့မဟုတ် ပြည်ပါသည့် မျက်ချေးထွက်သည်။ ယင်းဝေဒနာသည် နာကျင်ကိုက်ခဲခြင်းထက် နေထိုင်ရ မသက်မသာဖြစ်စေသည်က များသည်။ မျက်မြှေးရောင်နာသည် ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်နိုင်သည်။ ကိုယ်ကာယထိခိုက်မှု သို့မဟုတ် ဓာတုပစ္စည်း ကျိန်းစပ်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ဘက်တီးရီးယား (သို့) ဗိုင်းရပ်စ်ပိုးများကြောင့်ဆိုလျှင် မျက်စိတစ်ဖက်မှ နောက်တစ်ဖက်သို့ အလျင်အမြန် ကူးစက်သည်။ လူနာမှာ တစ်ပတ်မှ သုံးပတ်အတွင်း သက်သာပျောက်ကင်းလေ့ ရှိသည်။ ဘက်တီးရီးယား မျက်မြှေးရောင်နာသည် ပဋိဇီဝမျက်စဉ်းဆေးရည်နှင့် သက်သာစေနိုင်သည်။

မျက်မြှေးရောင်နာ လူနာများအတွက် အောက်ပါနည်းနာများက သက်သာ မှုနှင့် နာလန်ထမှုကို မြန်မြန်ရရှိစေနိုင်ပါသည်။

သက်သာစေကြောင်း နည်းလမ်းကောင်းများ

မျက်စိအပေါ်ရေပတ်ကပ်ပေးပါ

သင့်မိခင်က သင့်အိပ်ရာဘေးမှနေပြီး ဇလုံထဲအဝတ်စကိုနှစ်ပြီး သင့် မျက်စိများအပေါ် အသာအယာတင်ပေးသည်ကို သင် အမှတ်ရပေမည်။ ခေါင်းအုံးစိုသည်မှလွဲ၍ သူမလုပ်ဆောင်ချက်မှာ မှန်ပါသည်။ “ပူနွေးတဲ့ရေဖတ် (Compress) တစ်ခုကို မျက်စိများအပေါ်(၅)မိနစ်မှ(၁၀)မိနစ်အထိ တစ်နေ့ သုံးကြိမ်မှ လေးကြိမ်အထိ တင်ပေးတာက သင့်ကို သက်သာစေပါတယ်”ဟု ဘိုစတွန်ရှိ ကလေးဆေးရုံမျက်စိဌာန ညွှန်ကြားရေးမှူးဖြစ်သူ မျက်စိဆရာဝန်ကြီး ဒေါက်တာ ရောဘတ်ပီတာဆင်က ပြောပါသည်။

မျက်စိကို သန့်သန့်ရှင်းရှင်းထားပါ

မျက်မြှေးရောင်နာက အကြိမ်များစွာမှာ သူ့ဘာသာသူ သက်သာပျောက် ကင်းကြောင်း တွေ့ရသည်။ ရောဂါပျောက်သည့် နည်းစဉ်ကို ပံ့ပိုးပေးရန် သင့် မျက်စိများနှင့် မျက်ခွံများကို သန့်ရှင်းအောင် ထားပါ။ ဂွမ်းလုံးကိုင်ပြီး ရေ သို့ မဟုတ် ပိုးသတ်ဆေးရည်ထဲ နှစ်စိမ်ပြီး မျက်ဝတ်များကို စင်အောင် သုတ်ပေးပါ။ လူကြီးအတွက် ဘေဘီရှန်ပူ

ပူနွေးသည့် ရေပတ်သည် ကလေးများအတွက် အလုပ်ဖြစ်သော်လည်း အရွယ်ရောက်သူ လူကြီးများအတွက် ရံဖန်ရံခါ ၎င်းထက် ပို၍ လိုအပ်သည်။ မျက်ဝတ်များများထွက်သည့် လူကြီးများက ဘေဘီရှန်ပူ တစ်ဆ၊ ရေ ဆယ်ဆ ပါသည့် ပျော်ရည်ကို သုံးသင့်သည်။

“ပိုးမွှားကင်းစင်သည့် ဂွမ်းလုံးကို ယင်းပျော်ရည်ထဲနစ်ပြီး မျက်တောင်မွေး များကိုသန့်စင်ပါ။ ရေပူက မျက်ဝတ် အမာအခဲကို နူးညံ့စေပြီး ရှန်ပူက မျက်ခွံ အစပ်နှင့် မျက်တောင်ကို သန့်ရှင်းပေးသည်။ ဆေးဆိုင်တွင် ဆရာဝန်ဆေးညွှန်း မလိုဘဲ ဝယ်၍ရသည့် ဖျော်ရည်မှာလည်း အလားတူအာနိသင် ရှိပါသည်။

မျက်စိနှင့်ထိသည့် အရာမှန်သမျှကို လျှော်ဖွပ်ပစ်ပါ

မျက်စိအတွက် အသုံးပြုသည့်ပိတ်စနှင့် မျက်စိနှင့်ထိတွေ့သည့် အရာဟူ သမျှကို စင်အောင် လျှော်ဖွပ်ပစ်ပါ။ ကူးစက်မျက်မြှေးရောင်နာသည် အလွန်ကူးစက် မြန်ပါသည်။ လူနာသုံးသည့် မျက်နှာသုတ်ပဝါ၊ ဖန်ရည်ဆေးအဝတ် စသည် တို့ကို တခြားသူနှင့် မျှဝေ အသုံးမပြုပါနှင့်။ ရောဂါ အလွယ်တကူပျံ့နှံ့မှာ ဖြစ် ပါသည်။

ရေကူးမည်ဆိုလျှင်

ရေကူးကန်ရေထဲရှိ ကလိုရင်းက မျက်မြှေးရောင်နာကို ဖြစ်စေနိုင်ပါသည်။ ကလိုရင်း မရှိပြန်လျှင်လည်း ရေထဲတွင် ဘက်တီးရီးယားပွားများမည် ဖြစ်သည်။ ယင်းဘက်တီးရီးယားကလည်း မျက်မြှေးရောင်နာကို ဖြစ်စေနိုင်သည်။ သည့် အတွက် သင့်မှာ ရောဂါရလွယ်သူဖြစ်လျှင် ရေကူးတော့မည်ဆိုလျှင် ရေထဲတွင် ရှိစဉ် အံဝင်ခွင်ကျဖြစ်သည့် နေကာကို တပ်ထားပါ။

ရေခဲကြပ်ထုပ်ထိုးပါ

သင့် မျက်မြှေးရောင်နာသည် ပန်းဝတ်မှုန် စသည်တို့ကြောင့်ဖြစ်လျှင် ယင်းသည် မတည့်ဓာတ်ပစ္စည်းကြောင့်ဖြစ်သည့် မျက်မြှေးရောင်နာ allergic Conjunctivitis ပဲဖြစ်သည်။ သင့်မျက်စိက ခြင်ကိုက်သကဲ့သို့ ယားယံပြီး မျက်စိတွင် အချိန်အတော် မျက်ဝတ်ရှိနေမည်ဆိုလျှင် ဒါက မတည့်ဓာတ်ပစ္စည်းကြောင့် မျက်မြှေးရောင်နာ၏ လက္ခဏာပဲဖြစ်သည်ဟု စင်နီဆိုဒါရှိ စိန်ပေါလ်ရမ် ဆေး ဆေးဘက်ဆိုင်ရာဗဟိုဌာန၏ မျက်စိရောဂါဌာနအကြီးအကဲ ဒေါက်တာ ဂျေ၊ ဒဲနီရယ်လ်နယ်လ်ဆင်ကဆိုသည်။ ဆေးဆိုင်မှ ဝယ်ယူရရှိနိုင်သည့် antihistamine ဆေးက အသုံးဝင်ပါသည်။ အပူမသုံးဘဲ အအေးသုံးပါ။ ရေခဲက ယားယံခြင်းကို တကယ်သက်သာစေပါသည်။

အိပ်ရာမဝင်မီဆေးထည့်

ရောဂါပိုးကြောင့်ဖြစ်သည့် မျက်မြှေးရောင်နာဆိုလျှင် မျက်စိပိတ်ထားလျှင် ပို၍ပြင်းထန်လာသည်။ ဒါကြောင့် သင်အိပ်နေစဉ် ညဘက်တွင် ဝေဒနာပိုဆိုး တတ်ပါသည်ဟု ဒေါက်တာပီတာဆင်က ဆိုသည်။ သို့အတွက် ညအိပ်ရာမဝင်မီ ဆရာဝန်ညွှန်ကြားသည့် ပဋိဇီဝဆေးကို ယင်းမျက်စိထဲ ထည့်ပေးပါ။

ဒါမျိုးဆိုလျှင် ဆရာဝန်ထံ မဖြစ်မနေ ပြသပါ

မျက်မြှေးရောင်နာသည် အလွယ်တကူ ကုသပျောက်ကင်းနိုင်ပါသည်။ သူ့ အလိုအလျောက် တစ်ပတ်အကြာတွင် ပျောက်သွားတတ်ပါသည်။ သို့သော် အောက်ပါဖြစ်ရပ်မျိုးများနှင့် ကြုံတွေ့ ရပါလျှင် ဆရာဝန်နှင့်ပြသပါ။

(၅) ရက်ကြာပြီးနောက် ကူးစက်ဝေဒနာ ပိုမကောင်းဘဲ ပိုဆိုးလာလျှင် မျက်စိနီရဲခြင်းနှင့်အတူ မျက်စိသိသိသာသာနာခြင်း၊ ကိုက်ခြင်း၊ အမြင်အာရုံတွင်ပြောင်းလဲမှုရှိခြင်း သို့မဟုတ်အဝါ(သို့) စိမ်းဝါရောင် မျက်ဝတ်များများစားစား ထွက်ခြင်း။

ထိခိုက်ဒဏ်ရာကြောင့် မျက်စိနီမြန်းခြင်း

ကူးစက်ရောဂါက တစ်ခါတစ်ရံ မျက်စိထဲ ဝင်ရောက်ပြီး မျက်ကြည်လွှာကို ခြစ်မိတတ်သည်။ ယင်းကြောင့် ယင်းနာ (ulcer) ဖြစ်ခြင်း သို့မဟုတ် မျက်စိ ကွယ်ခြင်းပင် ဖြစ်တတ်သည်။

အထက်ပါဖြစ်ရပ်မျိုး ကြုံတွေ့ရလျှင် အချိန်ဆိုင်းခြင်း၊ စောင့်ကြည့်ခြင်း မပြုဘဲ ဆရာဝန်ထံ အမြန်ပြသပါ။