Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဦးလှမင်း - လုပ်ငန်းခွင်စနစ်တကျဖွဲစည်းခြင်း

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ဘာသာပြန်ဆိုသူ၏ အမှာ

စီမံခန့်ခွဲသူတွေနဲ့ စီမံခန့်ခွဲမှုအသိုင်းအဝိုင်း မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေ အနေနဲ့ သိရှိနားလည်သင့်တဲ့ ပညာပေးစာအုပ် စာစောင်တွေကို ထုတ်ဝေသူတော်တော်များများ ရှိပါတယ်။ အဲဒီအထဲမှာ မက်ဂရော ဟီး(လ်) စာအုပ်တိုက်ကထုတ်ဝေတဲ့ လက်စွဲစာစဉ်တွေဟာ တော်တော်ကောင်းမွန်တာကို တွေ့ရပါ တယ်။

“လုပ်ငန်းခွင်ကို စနစ်တကျ စီမံခန့်ခွဲခြင်း” ဆိုတဲ့ ဒီစာအုပ်ဟာ ဝန်ထမ်းတိုင်း (အဆင့် အားလုံး)အနေနဲ့ လိုက်နာမှတ်သားသင့်တဲ့ အချက်တွေကို ဖော်ပြရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။ အထူးသဖြင့် အငယ်တန်းအရာရှိ တွေအတွက် ပိုပြီးအသုံးဝင်မယ်လို့ ယူဆပါ တယ်။

အားလုံးသိကြတဲ့အတိုင်း သဘောတရားနဲ့ လက်တွေ့နှစ်ခုနဲ့ပတ်သက်လို့ အဓိကသတိပြု ရမယ့်အချက်က သဘောတရားကို သိရုံသိပြီး လက်တွေ့အသုံးမချရင် ဘာမှ အကျိုးထူးပေါ် ပေါက်လာမှာမဟုတ်သလို သဘောတရားကို မလေ့လာဘဲ လက်တွေ့အလုပ်ကိုပဲ လျှောက် လုပ်နေမယ်ဆိုရင်လည်း ဘယ်လိုအကျိုးထူးမှ မရနိုင်ဘူးဆိုတာကိုဘဲ ဖြစ်ပါတယ်။ သဘော တရားနဲ့ လက်တွေ့ကို မှန်မှန်ကန်ကန် ပေါင်း စပ်ကျင့်သုံးနိုင်မှသာ မိမိတို့လိုလားတဲ့ အကျိုး ထူး(အောင်မြင်မှု)တွေရမှာပါ။ ဘယ်ပညာရပ်ကိုပဲ သင်ယူတတ်မြောက်ထားပါစေ၊ အဲဒီပညာရပ်ကိုလက်တွေ့အသုံးမချတဲ့အခါ မိမိသင်ယူခဲ့တဲ့ စာတွေ့(သဘောတရား)အတိုင်း အတိအကျ မဖြစ်တာကို အားလုံးသိကြပါလိမ့်မယ်။ ဘာဖြစ် လို့လဲဆိုတော့ လက်တွေ့နယ်ပယ်မှာ နေရာ ဒေသ၊ ရာသီဥတု၊ လူမှုဝန်းကျင်၊ လူ့သဘာဝ၊ စီးပွားရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေ စတဲ့ အကြောင်းခံတွေရှိသလို အဲဒါတွေဟာ တစ် နေရာနဲ့တစ်ရာ မတူညီလို့ပါဘဲ။ ဒါကြောင့် တစ်နေရာမှာ သဘောတရားအတိုင်း ကျင့်သုံး လို့အောင်မြင်ပေမဲ့ နောက်တစ်နေရာကျတော့ အခြေအနေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ကျင့်သုံးနိုင်မှ အောင်မြင်မှုရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးပြည့်စုံတဲ့ သဘော တရားဆိုတာ မရှိလို့ဘဲဖြစ်ပါတယ်။

ဒီစာအုပ်ကို လေ့လာပြီးတဲ့အခါ မိမိတို့ ရရှိတဲ့ အသိ(ပညာ)ကို မိမိရဲ့ လက်တွေ့ဘဝနယ်ပယ်မှာ အသုံးပြုခြင်းဖြင့် မိမိတို့ရဲ့ ရည်မှန်းချက် တွေ ပိုပြီး အောင်မြင်ကြမယ်လို့မျှော်လင့်ပါတယ်။

ဦးလှမင်း