Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဦးလှမင်း - ထက်မြက်သောခေါင်းဆောင်မှု

Regular price 1,600 MMK
Regular price Sale price 1,600 MMK
Sale Sold out

အခန်း - ၁

နိဒါန်း

“ခေါင်းဆောင်နိုင်သည့် စွမ်းရည်ဟူသည် ထူးခြားထက်မြက်သည် နှင့်အမျှ နိုင်ငံတစ်နိုင်ငံတွင် ဖြစ်စေ၊ အဖွဲ့အစည်းတစ်ရပ်တွင် ဖြစ်စေ၊ အသင်းအဖွဲ့ငယ်တစ်ခု၌ ဖြစ်စေ နေထိုင်လုပ်ကိုင် တာဝန်ထမ်းဆောင် လျက် ရှိကြသူများ၏ အကောင်းဆုံးသော စွမ်းအားကို ဖော်ထုတ် အသုံး ပြုနိုင်စွမ်း ရှိပေသည်။ ခေါင်းဆောင်မှု အရည်အချင်းသည် ပုဂ္ဂိုလ်တစ်ဦး အား လူအများစုအတွင်းမှ ခွဲထွက်၍ သီးခြားထင်ပေါ်အောင် ပြုလုပ်နိုင် စွမ်းရှိသည်။ ယင်းအရည်အချင်းကို ခြံရံ၍နေသော အင်အားများက ခေါင်းဆောင်တစ်ဦးအား သူလိုအပ်နေသည့် မွေးရာပါ ဗီဇအရည်အချင်း မျိုး ပြည့်ဝလာအောင် လျှို့ဝှက်ပံ့ပိုးပေးနေသည်ဟု ပညာရှင်အချို့က ဆိုပါသည်။ (စင်စစ်တွင်မူ ယင်းအဆိုသည် မမှန်ကန်ပေ။ ဤစာအုပ်သည် သင့်အား ခေါင်းဆောင်မှု၏ အကျိုးသက်ရောက်ပုံများနှင့် သင်လက်ရှိ ပိုင်ဆိုင်ထားသည့် စွမ်းရည်များ တိုးတက်အောင် မည်သို့ လုပ်ဆောင်ရ မည်ကို ညွှန်ပြပေးပါလိမ့်မည်။) အမှန်အားဖြင့် ဖော်ပြပါ အခြံအရံ အင်အားများကို သင့်အနေဖြင့် အလိုအလျောက် ရရှိလာမည် မဟုတ်ဘဲအပတ်တကုတ် လေ့ကျင့် မွေးမြူခြင်းဖြင့်သာ ရရှိနိုင်ကြောင်း ဦးစွာ အသိပေးလိုပါသည်။

“ခေါင်းဆောင်” ဟု ပြောလိုက်သည်နှင့် လူအများ၏ စိတ်ဝယ် ထိုသူသည် အမှုဆောင်အရာရှိချုပ်ဖြစ်စေ၊ စစ်ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံ၏ သမ္မတဖြစ်စေ ဖြစ်လိမ့်မည် ဟူ၍ မှတ်ယူလေ့ ရှိကြ သည်။ ထိုရာထူးတစ်ခုခုကို ပိုင်ဆိုင်သူမဟုတ်လျှင် ထိုသူသည် ခေါင်းဆောင်မဖြစ်နိုင်ဟူ၍လည်း မှတ်ထင်တတ်ကြသည်။ စင်စစ်တွင်မူ ထို အမြင်သည် မှားယွင်းနေပါသည်။ သင်သည် လူနှစ်ဦးတည်းသာ ပါဝင်သည့် အဖွဲ့ တစ်ခုမှ အစပြု၍ ထို့ထက် အရေအတွက်များပြားသော မည်သည့် အသင်းအဖွဲ့မျိုးကို တာဝန်ယူ ဆောင်ရွက်နေသည် ဖြစ်စေ သင်သည် ထို အဖွဲ့ ၏ ခေါင်းဆောင်ပင်တည်း။ လုပ်ငန်းပမာဏ ကြီးမားသည်နှင့်အမျှ ဝန်ထမ်းအင်အားလည်း အရေအတွက် များပြားလှသည့် အဖွဲ့အစည်းတစ်ရပ် ကို ခေါင်းဆောင်ရသည့် ပုဂ္ဂိုလ်တစ်ဦးသည် အခြားသော အဖွဲ့ အစည်း များတွင် တာဝန်ယူရသူတို့ထက် ပိုမိုသာလွန်သော စွမ်းရည်များ ရှိရန် လိုအပ်ပေသည်။ မိမိအုပ်ချုပ်ရသည့် လူအရေအတွက်များလေလေ ခေါင်း ဆောင်၏ အရည်အချင်း ပြည့်ဝမှု ပို၍ လိုအပ်လေလေဟု ဆိုရချိမ့်မည်။

ခေါင်းဆောင်မှု စွမ်းရည်သည် အခြားလုပ်ငန်းစွမ်းရည်များနှင့် မတူသည့် လျှို့ဝှက်နက်နဲသော အရာများဖြင့် ဝန်းရံနေသည့်တိုင် ခေါင်းဆောင်မှုဟူသည်ကို အလွန် ရိုးစင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။ ယင်း အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ “ခေါင်းဆောင်မှု ဟူသည် မည်သည့် အခြေအနေ မျိုးတွင်မဆို မိမိ၏ နောက်လိုက်ဝန်ထမ်းများ၏ အကောင်းဆုံးသော စွမ်းအားကို ရယူနိုင်သည့် စွမ်းရည်ပင် ဖြစ်သည်”ဟူ၍ ဖြစ်ပါသည်။ သင့်အနေဖြင့် ယင်းအဓိပ္ပာယ် ဖွင့်ဆိုချက်အတိုင်း အောင်မြင်စွာ လုပ်ဆောင် နိုင်မည်ဆိုပါက သင်ခေါင်းဆောင်သည့် အဖွဲ့ အစည်း၏ စွမ်းဆောင်ရည် သည် တိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်သကဲ့သို့ ယင်းအဖွဲ့ အစည်းတွင် ပါဝင် သူတစ်ဦးချင်း၏ အရည်အသွေးသည်လည်း မြင့်မားလာပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် သင်၏ အလုပ်ဌာန၊ အဖွဲ့ အစည်းသည် ပိုမိုရှင်သန် ကြီးထွားလာမည် ဖြစ်သည်နှင့်အမျှ သင်သည်လည်း ရာထူးတိုးမြှင့်ခံရ ခြင်း ဖြစ်စေ၊ ယခင်က မရရှိခဲ့သည့် အခွင့်အရေးများကို ခံစားခွင့် ရရှိ ခြင်းဖြစ်စေ ဖြစ်ပေါ်လာပါလိမ့်မည်။

ဤနေရာ၌ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုတို့၏ ခြားနားမှုကို အနည်းငယ် ရှင်းပြလိုပါသည်။ အချို့သော ပညာရှင်များက ခေါင်းဆောင် မှုဟူသည် အောင်မြင်သော စီမံခန့်ခွဲမှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည် ဟု ပြောဆိုကြသကဲ့သို့ အချို့သော ပညာရှင်တို့ကလည်း စီမံခန့်ခွဲမှုဟူ သည် အောင်မြင်သော ခေါင်းဆောင်မှု၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ် သည်ဟု ဆိုကြပါသည်။ ထိုလုပ်ငန်းနှစ်ရပ်၏ ကွာခြားမှုကို သင့်အနေဖြင့် ရှင်းလင်းစွာ သိမြင်နိုင်စေရန် စီမံခန့်ခွဲမှုဟူသည်ကို ဦးစွာ လေ့လာကြည့် ကြပါစို့။

သာမန်အားဖြင့်မူ စီမံခန့်ခွဲမှုဟူသည် ကြိုတင်ပြင်ဆင်ခြင်း အပိုင်း ဖြစ်သည်။ အကျဉ်းအားဖြင့် ပြောရမည်ဆိုပါက စီမံကိန်းတစ်ရပ်ကို အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်သွားရမည့် လုပ်ငန်း များကို စီမံလျာထားခြင်းနှင့် လိုအပ်သည့်နေရာဌာနအလျောက် ဆုံးဖြတ် မှုပေးရခြင်းတို့ ပါဝင်ပေသည်။

ခေါင်းဆောင်မှုသည်ကား ယင်းစီမံကိန်းကို အကောင်အထည်ဖော် ရာတွင် ပါဝင်သူများအား စီမံလျာထားသည့် လုပ်ငန်းကဏ္ဍအလိုက် သတ်မှတ်ထားသော ရည်မှန်းချက်အသီးသီး အောင်မြင်စေရေးအတွက် တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်လာစေရန် ဆောင်ရွက်ခြင်း ဖြစ်သည်။ အကျဉ်းအားဖြင့် ဆိုသော် ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ဆက်သွယ်ခြင်း၊ လှုံ့ဆော်တိုက်တွန်းခြင်း၊ လုပ်ပိုင်ခွင့်အပ်နှင်းခြင်းနှင့် ကြီးကြပ်ခြင်းဟူ သော လုပ်ငန်းများ ပါဝင်ပေသည်။

တစ်နည်းအားဖြင့်ဆိုသော် စီမံခန့်ခွဲမှုဟူသည် စိတ်ကူးများကို စီမံချက်အဖြစ် ပြောင်းလဲပေးသည့်အပိုင်းဖြစ်ပြီး ခေါင်းဆောင်မှုဟူသည် ယင်းစီမံချက်များ အောင်မြင်အောင် လက်တွေ့ အကောင်အထည်ဖော် ပေးရသည့်အပိုင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ မည်သည့်လုပ်ငန်းကို ဖြစ်စေ အောင်မြင်အောင် အကောင်အထည်ဖော်လိုပါက သင့်တွင် စီမံ ခန့်ခွဲမှု စွမ်းရည်ရော ခေါင်းဆောင်မှု စွမ်းရည်ပါ ပြည့်ဝရန် လိုအပ် ကြောင်း သတိပြုသင့်ပေသည်။

အောင်မြင်သော ခေါင်းဆောင်များ၏ ကျင့်စဉ်အချို့

သင် ရိုသေလေးစားသော ပုဂ္ဂိုလ်တစ်ယောက်အား အဘယ့်ကြောင့် သင် ရိုသေလေးစားမိကြောင်း ဆန်းစစ်ကြည့်မည်ဆိုပါက ခေါင်းဆောင်မှု အကြောင်းကို သင့်အနေဖြင့် လွယ်ကူစွာနားလည်နိုင်မည်ဟု ထင်ပါသည်။ သင်လေးစားသော ထိုပုဂ္ဂိုလ်၏ အခြားသူများနှင့် မတူသော ထူးခြားသည့် အပြုအမူ သို့မဟုတ် စွမ်းရည်များကို သင်သတိပြုမိပါစ။ အဆိုပါ တွေ့ ရှိချက်များကို စာရွက်ပေါ်တွင် ချရေးကြည့်ပါက အောင်မြင်သောခေါင်းဆောင်များ၏ ကျင့်စဉ် သို့မဟုတ် စရိုက်လက္ခဏာများကို ခြေရာခံနိုင် မည် ဖြစ်သည်နှင့်အမျှ သင့်အနေဖြင့် မိမိ၏လုပ်ငန်းတာဝန်များကို ဆောင် ရွက်ရာတွင် အလားတူ လိုက်နာကျင့်သုံးခြင်းဖြင့် အောင်မြင်မှုများ ရရှိ - လာနိုင်ပါသည်။

အထက်ပါ အမြင်ကို အပြန်အလှန်သဘော ထင်ဟပ်၍ သင့်အနေ ဖြင့် မိမိ၏ ခေါင်းဆောင်ထံမှ မည်ကဲ့သို့သော အပြုအမူမျိုး သို့မဟုတ် ကျင့်သုံးဆောင်ရွက်မှုမျိုးကို မျှော်လင့်ပါသနည်းဟု စဉ်းစားကြည့်ကြပါစို့။ ထိုသို့ စဉ်းစားသည့်အခါ အကြမ်းဖျင်းအားဖြင့် အောက်ပါအချက်များ ပါဝင်ကြောင်း တွေ့ရပါလိမ့်မည်။

သင်၏ ခေါင်းဆောင်သည်-

(၁) သင်တို့ ဆောင်ရွက်နေသည့် လုပ်ငန်းနှင့် ပတ်သက်၍ သိသင့် သိထိုက်သည်များကို သင်တို့အား အသိပေးတတ်သည်။

(၂) လုပ်ငန်းနှင့် ပတ်သက်၍ သင်၏ ကျွမ်းကျင်မှုနှင့် သင်၏စွမ်းရည်ကို လေးစားတတ်သည်။

(၃) သင်၏ အရည်အသွေး တိုးတက်အောင် ကူညီတတ်သည်နှင့်အမျှ သင်၏ ရာထူးအဆင့်အတန်း တိုးတက်ရေးကိုလည်းသတိပြု၍ ဆောင်ရွက်ပေးတတ်သည်။

(၄) သင့်အား သူ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးအဖြစ် မှတ်ယူ၍စိတ်ရင်းအမှန်ဖြင့် ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံတတ်သည်။

(၅) သင့်ကို တာဝန်ပေးအပ်ရာတွင် လုပ်ငန်းဆိုင်ရာ ရည်မှန်းချက်ရှင်းလင်းပြတ်သားပြီး သင့်အနေဖြင့် လုပ်နိုင်စွမ်းရှိသောလုပ်ငန်းများကိုသာ ပေးအပ်လေ့ ရှိသည်။ ။

(၆) သင်၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ အပြုသဘောဆောင်သော လမ်းညွှန်မှုများကို ပေးတတ်သည်။

(၇) ချီးမွမ်းစရာရှိပါက မဆိုင်းမတွ ချီးမွမ်းတတ်သည်။

(၈) သင်သည် အလွန်အလုပ်များနေသည့်အခါ အကူအညီပေးရန်အသင့်ရှိသည်။ ။

(၉) သင်နှစ်သက်လိုလားသည့် အချက်ကို နားလည်သည်နှင့်အမျှအနာနှင့် ဆေး တည့်အောင်ပေးကာ သည်၏ ကြိုးစားမှုကိုလှုံ့ဆော်တတ်သည်။

(၁၀) မိမိ၏ အမှားကို ဝန်ခံတတ်ပြီး ထိုအမှားအတွက် တောင်းပန်ရန် ဝန်မလေးတတ်ပေ။

(၁၁) သင့်အား အစဉ်သဖြင့် အားပေးကူညီတတ်သည်။

သင်သည် လူအရေအတွက်များများကို ခေါင်းဆောင်ရလေလေ သင်၏ အရည်အသွေးသည်လည်း ပို၍ ထက်မြက်ရလေလေ ဖြစ်သည် ကိုသတိရပါ။ သို့မှသာ သင်သည် မိမိအား ပေးအပ်ထားသည့် လုပ်ငန်း တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်မည် ဖြစ်သည်။ သင့်ဘဝတွင် လုပ်ငန်းအတွေ့အကြုံများ တစ်စထက်တစ်စ များပြားလာ သည်နှင့်အမျှ