Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဦးလှမင်း - ခေါင်းဆောင်လမ်းညွှန်

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်မှု

“ခင်ဗျားရဲ့ ခေါင်းဆောင်မှုဆိုင်ရာ စွမ်းရည်တွေကို တိုးတက်အောင် လုပ်ဆောင်သင့်ပါသလား” ဆိုတဲ့ မေးခွန်းမျိုး မေးလာ ခဲ့ရင် “သိပ်ပြီး လုပ်သင့်တာပေါ့” လို့ ဖြေရမှာ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ ခေါင်းဆောင်မှုဆိုင်ရာ စွမ်းရည်တွေကို တိုးတက်အောင် လုပ်နိုင်လေလေ ခင်ဗျားရဲ့ဘဝ၊ ခင်ဗျားရဲ့ အသက် မွေးမှုလုပ်ငန်းဟာ ပိုမိုအောင်မြင်ပြီး အကျိုးခံစားခွင့်တွေလည်း ပိုပြီး တိုးတက်လာလေလေ ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် ခင်ဗျား တာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့အစည်းတိုင်းကိုလည်း ထူးခြား တဲ့ တိုးတက်မှုတွေရအောင် ခင်ဗျားအနေနဲ့ စွမ်းဆောင်နိုင်ပါ လိမ့်မယ်။ ခင်ဗျားနဲ့အတူ တာဝန်ထမ်းဆောင်သူတွေရဲ့ စွမ်း ဆောင်မှုတွေ တိုးတက်အောင်လည်း ခင်ဗျားအနေနဲ့ မြှင့်တင် ပေးနိုင်ပါလိမ့်မယ်။ ခင်ဗျားအနေနဲ့ ပိုမိုကြီးမားတဲ့ လုပ်ငန်း တာဝန်တွေကို ထမ်းဆောင်ခွင့်နဲ့အတူ အဲဒီလုပ်ငန်းက ထွက် ပေါ်လာမယ့် အကျိုးခံစားခွင့်တွေကိုပါ ရရှိဖို့ မျှော်လင့်ထား တယ်ဆိုရင် ခင်ဗျားရဲ့ ခေါင်းဆောင်မှု အရည်အသွေးတွေ ပိုမိုတောက်ပြောင်လာပြီး ခင်ဗျားဟာ သာမန်အဆင့်ထက်သာလွန်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်အောင် လုပ်နိုင် မှသာ အဲဒီရည်မှန်းချက်တွေ အောင်မြင်ပါလိမ့်မယ်။ ခင်ဗျားဟာ ထက်မြက်ထူးချွန်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်မှသာ ခင်ဗျားရဲ့ အဖွဲ့ အစည်းမှာရှိတဲ့ အခွင့်အလမ်းတွေနဲ့ ဆုလာဘ် တွေဟာ မလွဲမသွေ တိုးတက်မြင့်မားလာမှာ ဖြစ်ပါတယ်။

ခင်ဗျား တာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့ အစည်း (ဆေးရုံတစ်ရုံ ဖြစ်ဖြစ်၊ အစိုးရဌာနတစ်ခု ဖြစ်ဖြစ်၊ စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်ဖြစ်၊ ဒါမှမဟုတ် စာသင်ကျောင်းတစ်ခုပဲ ဖြစ်ဖြစ်) အနေနဲ့ ခင်ဗျားကို စွမ်းအားပြည့်ဝပြီး ထက်မြက်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်စေချင်မှာ မလွဲပါဘူး။ ခေါင်းဆောင်ရဲ့ အရည်အသွေး ထက်မြက်မှုနဲ့ သူ့ရဲ့ စွမ်းဆောင် နိုင်မှုဟာ အပြန်အလှန် ဆက်သွယ်နေတယ်၊ အပြန်အလှန် အကျိုးပြုနေတယ်၊ ခွဲခြားလို့မရအောင် ပေါင်းစပ်နေတယ် ဆိုတာကို ဒီစာအုပ်ထဲမှာ ဖော်ပြထားတဲ့ သုတေသနမှတ်တမ်း တွေက သက်သေပြနေပါတယ်။ အဖွဲ့အစည်းတစ်ရပ် ရေရှည် တည်တံ့ခိုင်မြဲဖို့အတွက် အဲဒီအဖွဲ့ အစည်းမှာရှိတဲ့ သင့်တော်တဲ့ အမာခံ ခေါင်းဆောင်တစ်ဖွဲ့ ကို အရင်ဆုံး တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဖို့ဟာ ဒီနေ့ ရှိတဲ့ အဖွဲ့ အစည်းကြီးအားလုံးက အမှုဆောင် အရာရှိချုပ်တွေ လုပ်ရမယ့် ပထမဦးစားပေး လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ အဲဒါနဲ့တစ်ဆက်တည်းပြောရရင် ခင်ဗျားရဲ့ ခေါင်း ဆောင်မှုစွမ်းရည်ဟာ ခင်ဗျားရဲ့ လက်ရှိ လုပ်ငန်းတာဝန် အတွက် သင့်လျော်ကိုက်ညီတယ်ဆိုတဲ့ အဆင့်ထက်ပိုပြီး ထူးချွန်ထက်မြက်နေဖို့ ခင်ဗျားရဲ့ အဖွဲ့ အစည်းက အမြဲ လိုလားနေပါတယ်။

ခေါင်းဆောင်မှုစွမ်းရည် တိုးတက်အောင် ကြိုးစား နေသူတွေဟာ ခေါင်းဆောင်မှုစွမ်းရည် တိုးတက်အောင် မကြိုးစားသူတွေထက် လုပ်ငန်းတွေ ပိုပြီး အောင်မြင်တယ် ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး သာမန်အရည်အချင်းသာရှိတဲ့ ခေါင်းဆောင်တွေနဲ့ သာမန်ထက် လွန်ကဲတဲ့ အရည်အချင်း ရှိတဲ့ ခေါင်းဆောင်တွေရဲ့ ကြီးမားတဲ့ ခြားနားမှုကို ဒီစာအုပ် ထဲမှာ ခြုံငုံပြီး တင်ပြထားတာကို တွေ့ရပါလိမ့်မယ်။

စိတ်မကောင်းစရာ အချက်တစ်ခုက ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေကို ဒီနေ့အထိ နားလည်မှု လွဲမှားနေကြဆဲ ဖြစ်တာကို တွေ့ရခြင်းပါပဲ။ ခင်ဗျားအနေနဲ့ လူပေါင်းတစ်ရာကို တွေ့ဆုံပြီး ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ကို မေးကြည့်မယ်ဆိုရင် မတူညီတဲ့ အဖြေပေါင်း တစ်ရာကို ရမှာမလွဲပါဘူး။ ဒါကြောင့် ဒီစာအုပ်ရဲ့ ရည်ရွယ် ချက်တစ်ခုက ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ ရိုးစင်းတာနဲ့ အမျှ လက်တွေ့ကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို ပေးအပ်ဖို့ ဖြစ်ပါတယ်။ အဲဒီ အဓိပ္ပာယ် ဖွင့်ဆိုချက်ဟာ ဒီစာအုပ်ကို ရေးသားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပုဂ္ဂလဓိဋ္ဌာန် (ကိုယ်ပိုင်အမြင်) ပေါ်မှာ အခြေမခံဘဲ လက်တွေ့မျက်မြင်ကို အခြေခံတဲ့ ခိုင်မာ တဲ့ သုတေသန လေ့လာစူးစမ်းချက်တွေအရ ဖွင့်ဆိုထားတာ ဖြစ်ပါတယ်။

လုပ်ငန်းနယ်ပယ်အသီးသီးက ခေါင်းဆောင်ပေါင်း ၂၀,၀၀၀ (နှစ်သောင်း) ရဲ့ လုပ်ငန်းစွမ်းဆောင်မှုတွေကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်မှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆန်းစစ်မှုက ရရှိတဲ့ ထက်မြက်မှု အနည်းဆုံး ခေါင်းဆောင်တွေနဲ့ ထက် မြက်မှု အကောင်းဆုံး ခေါင်းဆောင်တွေကို ခွဲခြားပေးတဲ့ အမူ အကျင့် ၁၆ ချက်ကို ဒီစာအုပ်မှာ ဖော်ပြထားပါတယ်။ အဲဒီ အမူအကျင့်တွေကို မိမိရဲ့ လက်အောက်ငယ်သားတွေ၊ အဆင့်တူ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အကြီးအကဲ (အလုပ်ရှင်) တွေ အားလုံးက အလွယ်တကူနဲ့ သတိပြုမိလေ့ ရှိပါတယ်။ (ဒီ နေရာမှာ အမူအကျင့် ဆိုတဲ့ ဝေါဟာရဟာ မြန်မာမှု နယ်ပယ် မှာ သုံးစွဲလေ့ရှိတဲ့ စကားတစ်ခု ဖြစ်ပြီး၊ အမှန်အားဖြင့် လူ တစ်ယောက်ရဲ့ အပြုအမူနဲ့ အကျင့်အကြံ နှစ်မျိုးကို စုပေါင်း ခေါ်ဝေါ်တာ ဖြစ်ပါတယ်။) အဲဒီ အမူအကျင့်တွေ တိုးတက် ကောင်းမွန်အောင် ခင်ဗျားအနေနဲ့ အစဉ်မပြတ် ကြိုးစား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ခေါင်းဆောင် အတော်များများအနေနဲ့ သူတို့ဘဝမှာ ကြီးမားတဲ့ အောင်မြင်မှုရဖို့အတွက် သူတို့မှာ အားနည်းနေတဲ့ အရည်အသွေး စွမ်းရည်တွေကို ဖော်ထုတ်ပြီး အဲဒီ အရည် အသွေးတွေကို လက်ခံနိုင်တဲ့ အဆင့်တစ်ခုအထိရောက်အောင် ပြုပြင်နိုင်မယ်ဆိုရင် ချောမော အောင်မြင်နိုင်တယ်လို့ လွဲမှားစွာ ယုံကြည်တတ်ကြပါတယ်။ အဲဒီခေါင်းဆောင်တွေက သူတို့ မှာ အားနည်းနေတဲ့ အချက်တွေကို ဖယ်ရှားနိုင်ရင် သူတို့ဟာ ပိုမိုထက်မြက်တဲ့ ခေါင်းဆောင်တွေ ဖြစ်လာကြလိမ့်မယ်လို့ လည်း ယုံကြည်တတ်ကြပါတယ်။ အဲဒီ ယုံကြည်ချက်၊ အဲဒီ အယူအဆဟာ ကြီးကျယ်တဲ့ အမှားတစ်ရပ် ဖြစ်ကြောင်း ဒီ စာအုပ်က ချေပရှင်းလင်းထားပါတယ်။

ထူးချွန်ပြောင်မြောက်တဲ့ ခေါင်းဆောင်ဆိုတာ တကယ် စစ်မှန်တဲ့ စွမ်းအား ဒါမှမဟုတ် တကယ် စွမ်းအားပြည့်ဝတဲ့ အရည်အသွေးမျိုး အရေအတွက် အနည်းငယ်လောက်ပဲရှိတဲ့ သူတွေကို ခေါ်တာပါ။ အများတကာထက် ထူးကဲသာလွန်တဲ့ ခေါင်းဆောင်တွေဟာ ထူးချွန်ပြောင်မြောက်တဲ့ အဆင့်ကို မရောက်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ချွတ်ယွင်း ချက်မရှိ ခြောက်ပြစ်ကင်း သဲလဲစင် ဖြစ်နေလို့ပါပဲ။ အဲဒါနဲ့ အပြန်အလှန်သဘော ပြောရရင် ခြောက်ပြစ်ကင်း သဲလဲစင် ခေါင်းဆောင် ဆိုတာမျိုးလည်း မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ အလုပ်ပေါင်း ၁၈ဝ လောက်ကို တကယ့်ကို အံ့သြစရာကောင်းလောက်အောင် ပိုင်ပိုင်နိုင်နိုင်လုပ်တတ်ဖို့ လိုအပ်လို့ပါပဲ။ (အလုပ်တိုင်းကို ကျွမ်းကျွမ်းကျင်ကျင် လုပ် တတ်တာနဲ့ အလုပ်တစ်ခုကို ထူးထူးချွန်ချွန် လုပ်နိုင်တာဟာ မတူပါဘူး)။ ခင်ဗျားအနေနဲ့ ချွတ်ယွင်းချက်ကင်းပြီး ထူးချွန် ထက်မြက်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့အတွက် ဘယ်လို စွမ်းအားထက်မြက်တဲ့ အရည်အသွေးတွေရှိအောင် လုပ်ရမယ် ဆိုတာကို ဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီ အရည် အသွေးကောင်းတွေဟာ ခေါင်းဆောင်တစ်ယောက်ကို လုပ်ငန်း ၁ဝဝ လုပ်ရင် လုပ်ငန်း ၉၀ မှာ အောင်မြင်မှုရအောင် တွန်း တင်ပေးပါလိမ့်မယ်။ ဒီလိုနဲ့ အဲဒီခေါင်းဆောင်တွေဟာ သူတို့ တာဝန်ထမ်းဆောင်တဲ့ အဖွဲ့ အစည်းတွေအတွက်သာမက သူတို့ရဲ့ ဝန်ထမ်းတွေအတွက်ပါ အောင်မြင်မှု အသီးသီးရရှိအောင် ဆောင်ကြဉ်းပေးနိုင်တဲ့ ကြီးမားတဲ့ အထောက်အကူ ပေးအပ်သူတွေ ဖြစ်လာပါတယ်။ ရှေ့မှာ ဆက်လက်ဖော်ပြမယ့် သင်ခန်းစာတွေဟာ ခင်ဗျားအနေနဲ့ ချွတ်ယွင်းချက် ကင်းပြီး ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်တစ်ယောက် အဖြစ် ရောက်ရှိအောင် လှမ်းတက်ရမယ့် လှေကားထစ်တွေ ဖြစ်ပါတယ်။

ထူးချွန်ပြောင်မြောက်တဲ့ ခေါင်းဆောင်တွေကို သတ် မှတ်တဲ့နေရာမှာ သူတို့မှာ အားနည်းချက်၊ ချွတ်ယွင်းချက်တွေ ဘယ်လောက်ကင်းသလဲဆိုတဲ့ ပေတံနဲ့ မတိုင်းတာဘဲ သူတို့ မှာ တကယ်ပြည့်ဝတဲ့ စွမ်းအားအစစ်အမှန် ဘယ်လောက် ရှိသလဲ ဆိုတဲ့ အချက်နဲ့ပဲ တိုင်းတာပါတယ်။ ထူးချွန်ပြောင်မြောက်တဲ့ ခေါင်းဆောင်ဖြစ်ဖို့ အဓိက သော့ချက်က တကယ် စစ်မှန်ပြီး ထက်မြက်တဲ့ အရည်အသွေးတွေ တိုးတက်အောင် ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။