Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ဦးရဲဦး - ခေါင်းဆောင်ဆိုသည်

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out

စာဖတ်ပါ

* ဘဝမှာ အောင်မြင်တိုးတက်ချင်ရင် စာဖတ်ပါ။ စာဖတ်တဲ့သူဟာ ခေါင်းဆောင်ဖြစ်လာ နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်မျိုးတွေ ကို ဖတ်သလဲဆိုတာလဲ အရေးကြီးပါတယ်။ စာဖတ်တာနဲ့ ခေါင်းဆောင်ဖြစ်တာ ဘယ် လိုပတ်သက်သလဲ။

* စာဖတ်နေတဲ့အချိန်မှာ ဦးနှောက်က ဇာတ်ကောင်တွေနဲ့ စကားပြောကြကြောင်း တွေ့ရ တယ်။ စာအုပ်ကို ရက်အတော်ကြာကြာ ပြန်မကြည့်မိတာတောင်မှ၊ ဦးနှောက်က ဇာတ်ကောင်တွေရဲ့ လုပ်ပုံကိုင်ပုံတွေ၊ အတွေ့ အကြုံတွေကို ပြန်ပြောင်းသတိရနေတတ်ပါ တယ်။ စာအုပ်တွေ (ဝတ္ထုတွေ)ထဲက ဇာတ် ကောင်တွေ အများကြီးနဲ့ ဆက်ဆံနေရတော့

ခံစားမှုအရည်အသွေး (emotional intelligence) ထက်မြက်လာပြီး လူတွေနဲ့ ဆက်ဆံ နိုင်စွမ်း ပိုရှိလာတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံတဲ့အခါမှာ၊ ဒီလို လူမှုဆက်ဆံရေး အရည်အသွေးကောင်းမွန်ဖို့ဟာ အရေးကြီး ပါတယ်။

* စာဖတ်တဲ့သူဟာ ခံစားချက်တွေကိုလည်း ပီပီပြင်ပြင်ရရှိပြီး သုံးနှုန်းတတ်လာတယ်။ စာဖတ်လေ၊ ဝေါဟာရတွေကြွယ်လေ။ သူရဲ့ ဆန္ဒတွေ၊ အတွေးတွေကို ပိုပြီး ဖော်ပြနိုင် စွမ်းရှိလေလေ ဖြစ်ပါတယ်။ ကိုယ်ဖြစ်ချင် တာတွေ ပီပီပြင်ပြင် ပြောနိုင်တယ်။ ကိုယ် သွားချင်တဲ့ပန်းတိုင်ကို ဆွဲခေါ်သွားနိုင်တယ်။

* စာဖတ်ခြင်းအားဖြင့် လောကကြီးကို ကိုယ်ကြည့်ချင်တဲ့ တစ်ထောင့်တစ်နေရာကနေ မကြည့်ဘဲ ဘက်ပေါင်းစုံက ကြည့်တတ်လာ တယ်။ စာအုပ်တွေထဲက နေရာမျိုးစုံကိုရောက်ရတယ်။ လူပေါင်းစုံနဲ့ စကားပြော ရတယ်။ ဇာတ်လမ်း၊ ဇာတ်ကွက်အမျိုးမျိုးထဲမှာ ဝင်ပါရတယ်။ ဘက်စုံထောင့်စုံက မြင်တွေ့နေရတော့ အမြင်မကျဉ်းတော့ပါ ဘူး။ လောကကြီးဟာ ဖြစ်နိုင်ခြေရှိတာတွေ၊ စိန်ခေါ်မှုတွေ အများကြီးပဲဆိုတာသဘော ပေါက်လာတယ်။

* ဝေါဟာရတွေအမျိုးမျိုး ရွေးချယ်ပြီး သုံးနှုန်း နိုင်စွမ်းရှိတဲ့သူတွေနဲ့ ဆက်သွယ်ရ၊ ဆက် ဆံရတာကို လူတွေက သဘောကျကြတယ်။ စကားပြောကြည့်တဲ့အခါ လူတွေကို ပိုပြီး ဂရုစိုက်တတ်ကြောင်း၊ ဗဟုသုတကြွယ်ဝကြောင်း တွေ့လာရတယ်။ လူတွေကသူတို့ နဲ့ သဘောချင်းတိုက်ဆိုင်တဲ့သူတွေနဲ့ ပြော ဆိုရဆက်ဆံရတာကို သဘောကျကြတော့ ဒီကနေတစ်ဆင့် ကိုယ်ဖြစ်ချင်တာ၊ ပြော ချင်တာတွေဆီကို ဆွဲခေါ်သွားနိုင်ပါတယ်။

# စာဖတ်တာဟာ သောကတွေ၊ စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။ လမ်းလျှောက် တာ၊ သီချင်းနားထောင်တာ၊ လက်ဖက်ရည် တစ်ခွက်သောက်တာမျိုးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် မိနစ်အနည်းငယ်အတွင်းမှာ နှလုံးခုန်နှုန်း နှေးသွားပြီး စိတ်ဖိစီးမှုတွေ လျော့သွားစေ နိုင်တယ်။ သောကနည်းတော့ ဘယ်အရာမဆို အကောင်းမြင်တတ်လာတယ်။ အာရုံစိုက်နိုင် တယ်။

* စာဖတ်တဲ့သူတွေဟာ၊ အတွေးအခေါ် ပိုကောင်းတဲ့သူတွေ ဖြစ်တယ်။ စာဖတ်တော့ ဆင်ခြင်တုံတရား ပိုမြင့်လာတယ်။ ပြဿနာ တွေကို ပိုပြီးဖြေရှင်းနိုင်တယ်။ ကိုယ်နဲ့ သဘောချင်းမတိုက်ဆိုင်တဲ့ စာတစ်ခုခုကို ဖတ်မိတဲ့အခါ၊ ကိုယ့်ရဲ့ စဉ်းစားတွေးခေါ် မှုနဲ့ ဖန်တီးနိုင်စွမ်းကို ကောင်းကောင်းကြီး အထောက်အကူ ပြုပါတယ်။

* စာဖတ်တာဟာ မှန်ကြည့်ရသလိုပါပဲ။ ကိုယ် ဘယ်လိုလူစားလဲဆိုတာ ပေါ်လွင်စေတယ်။ တချို့စာအုပ်တွေကို ဖတ်လိုက်တော့ ဟို တုန်းက ကိုယ်သိထားတာတွေကို ပြန်ပြောင်း သတိရစေတယ်။ ကိုယ့်အတွေးတွေကို ပြန် ပြီးစစ်ထုတ်လိုက်သလို ဖြစ်သွားတယ်။ အာရုံတွေ ပိုကောင်းလာတယ်။ အရေးကြီးတဲ့ သဘောတရားတွေကို ပြန်နွေးပေးသလို ဖြစ် စေတယ်။

* အမြဲတမ်း စာဖတ်နေတဲ့သူဟာ အာရုံကောင်းကောင်းစိုက်နိုင်ပါတယ်။ ရေရှည်လုပ်ရမယ့် လုပ်ငန်းတွေကို အာရုံစိုက်နိုင်တယ်။

* စာဖတ်ဝါသနာပါသူတစ်ယောက်အတွက်၊ဘယ်အချိန်၊ ဘယ်နေရာမဆို စာဖတ်လို့ ရပါတယ်။ ပျင်းရိနေဖို့၊ စောင့်ဆိုင်းနေဖို့ မလိုဘဲ စာဖတ်နိုင်ပါတယ်။ အချိန်ကို တန်ဖိုး ရှိရှိ အသုံးချပြီး အလုပ်တွင်အောင် လုပ်နိုင် တယ်။ တစ်မိနစ်မျှ အချိန်မဖြုန်းဘဲ စာဖတ် ရင်းနဲ့ အချိန်ကို တန်ဖိုးရှိရှိ အသုံးချနိုင်တယ်။