Other Websites
ဦးမြင့်လွင်(တရားလွှတ်တော်ရှေ့နေ) - စာချုပ်စာတမ်းအမျိုးမျိုးချုပ်ဆိုနည်းလမ်းညွှန်
ဦးမြင့်လွင်(တရားလွှတ်တော်ရှေ့နေ) - စာချုပ်စာတမ်းအမျိုးမျိုးချုပ်ဆိုနည်းလမ်းညွှန်
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
၁။ နှုတ်တစ်ရာတစ်လုံး
နှုတ်တစ်ရာတစ်လုံး ဆိုရိုးစကားအရ မိမိတို့၏ သဘောတူညီချက်များကို မိမိတို့အကြားတွင်ဖြစ်စေ၊ မိမိ တို့၏အခွင့်အရေးကို ဆက်ခံသူတို့အကြားတွင်ဖြစ်စေ နောင်တွင် အငြင်းပွားမှု၊ မရိုးမသားပြုလုပ်မှုကင်းဝေးစေရန် ရည်ရွယ်၍ နှုတ်ဖြင့်မဟုတ်ဘဲ စာဖြင့် မှတ်တမ်းထားခြင်း ဖြစ်ပေသည်။
၂၊ စာချုပ်စာတမ်း
စာချုပ်စာတမ်းဆိုသည်မှာ လူတစ်ဦးနှင့်တစ်ဦး (သို့) အများနှင့်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုဖြစ်စေ၊ငွေကြေး(သို့)ပစ္စည်းနှင့်စပ်လျဉ်း၍ နှစ်ဦးနှစ်ဖက်သဘောတူညီချက်ကို ခိုင်မာစေရန်စာဖြင့်ရေးသားဖော်ပြခြင်းကို ဆိုလိုသည်။
၃။ စာချုပ်စာတမ်းအမျိုးမျိုး
လူမှုရေးနယ်ပယ်တွင် နှစ်ဦးသဘောတူ ငွေယုံကြည်အပ်နှံခြင်းစာချုပ်၊ ငွေချေးငှားခြင်းစာချုပ်၊ မော်တော်ကားအရောင်းအဝယ်စာချုပ်၊ တိုက်ခန်းအရောင်းအဝယ်စာချုပ်၊ မြေနှင့်အိမ်အရောင်းအဝယ်သဘောတူစာချုပ်၊ မြေကွက် အရောင်းအဝယ် မှတ်ပုံတင်စာချုပ်၊ မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်၊ ကိတ္တိမ မွေးစားစာချုပ်၊ ပိုင်ဆိုင်ကြောင်း မြွက်ဟစာချုပ် စွန့်လွှတ်စာချုပ် စသည်ဖြင့် စာချုပ်စာတမ်းအမျိုးမျိုး ရှိပါသည်။
၄။ အရပ်ကတိစာချုပ်နှင့် မှတ်ပုံတင်စာချုပ်
မှတ်ပုံမတင်သည့် သဘောတူစာချုပ်အားလုံးမှာ အရပ်ကတိစာချုပ်များဖြစ်ပြီး သက်ဆိုင်ရာစာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် သတ်မှတ်တံဆိပ်ခေါင်းခွန်နှင့် မှတ်ပုံတင်ခငွေပေးသွင်း၍ မှတ်ပုံတင်သွင်းသည့် စာချုပ်များကို မှတ်ပုံတင်စာချုပ်ဟု ခေါ်ပါသည်။
၅။ ဥပဒေနှင့်ညီညွတ်သည့် စာချုပ်စာတမ်းများ
စာချုပ်စာတမ်းများ ချုပ်ဆိုရာတွင် ပြဋ္ဌာန်းဥပဒေများဖြစ်သည့် ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ၊ပဋိညာဉ် ဥပဒေ၊ မှတ်ပုံတင်ဥပဒေ၊ တံဆိပ်ခေါင်းခွန်အက်ဥပဒေနှင့် အခြားသက်ဆိုင်ရာဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက် မှသာ ဥပဒေနှင့်ညီညွတ်သည့် စာချုပ်များ ဖြစ်လာပေမည်။
၁။ ပဋိညာဉ်အက်ဥပဒေ (Contract Act) နှင့်ပတ်သက်၍ သိထားသင့်သည့်အချက်များ
(၁) ပဋိညာဉ် (Contract Act)
တရားဥပဒေအရ အတင်းအကြပ်ဆောင်ရွက်စေနိုင်သော၊ အကောင်အထည်ဖော်နိုင်သော၊ တရားစွဲဆိုနိုင် သော သဘောတူညီချက်ကို ပဋိညာဉ်ဟု ခေါ်ပါသည်။ ပဋိညာဉ်ဥပဒေပုဒ်မ -၂ (ဇ)
(၂) ပဋိညာဉ်တွင် ပါဝင်ရမည့် အချက်များ
(က) အဆိုပြုချက် (သို့) ကမ်းလှမ်းချက် (Proposal)
တစ်ဦးတစ်ယောက်မှ အခြားတစ်ဖက်သို့ ပြုလုပ်ရန် (သို့)
မပြုလုပ်ရန် အတွက်ထင်ရှားအောင်ပြု သည်ကိုအခြားတစ်ဖက်မှ
သဘောတူညီချက် (သို့) ဝန်ခံချက်ပြုလုပ်ခြင်းကို ခေါ်သည်။
(ခ) လက်ခံချက် (Acceptance)
တစ်ဖက်၏အဆိုပြုချက်ကို ကျန်တစ်ဖက်မှ ကြားသိပြီး သဘောတူကြောင်း ပြန်ကြားခြင်း
ကို လက်ခံချက်ဟု ခေါ်သည်။
(ဂ) ကတိနှင့်ညီညွတ်သည့် အဖိုးစားနား (Considaration)
ကတိနှင့်ညီညွတ်သည့် အဖိုးစားနား ပါရှိရပါမည်။
(ဃ) သဘောတူညီချက်
၁ - တစ်ဦး (သို့) တစ်ဦး အထက်ပါဝင်ရမည်။
၂ - သံသယကင်းစွာ ဆက်သွယ်မှုရှိရမည်။
၃ - ထုံးတမ်းစဉ်လာအရ ဆက်သွယ်မှုရှိရမည်။
၄ - ဥပဒေနှင့်အညီ ဆက်သွယ်ရမည်။
၅ - သက်ဆိုင်သူများနှင့် ပတ်သက်အကြုံးဝင်ရမည်။
(င) လွတ်လပ်သောသဘောတူညီချက်
၁ - အတင်းအကြပ်အနိုင်အထက်ပြုခြင်း (Coercion) မရှိစေရ။
၂ - မတရားဩဇာသုံးခြင်း (Undue Influence) မဖြစ်စေရ။
၃ - လိမ်လည်လှည့်ဖြားခြင်း (Fraud) မရှိရ။
၄ - အလွဲပြောခြင်း (Misrepresentation) မဖြစ်စေရ။
(၃) ပျက်ပြယ်သောပဋိညာဉ်
ပုဒ်မ - ၂(ဆ)တွင် ဖော်ပြပါရှိသည့်အတိုင်း တရားစွဲဆိုခြင်းမပြုနိုင်သော သဘောတူညီချက်သည် ပျက်ပြယ် သော သဘောတူညီချက်ဖြစ်ရာ၊ ၎င်းသဘောတူညီချက်ဖြင့်ပြုလုပ်သော ပဋိညာဉ်သည် ပျက်ပြယ်မည်သာ ဖြစ်ပေမည်။ ထိုနည်းတူ ပုဒ်မ - ၂ (ည)တွင် တရားစွဲဆိုခွင့် လုံးဝရပ်စဲသွားလျှင်လည်း ပျက်ပြယ်သောပဋိညာဉ်ဖြစ်ပေသည်။
(၄) ပျက်ပြယ်သော သဘောတူချက် (Void Agreement) ပုဒ်မ - ၂ (ဆ)
တရားဥပဒေအရ အတင်းအကြပ် မဆောင်ရွက်စေနိုင်သည့် သဘောတူညီချက်သည် ပျက်ပြယ်သော သဘောတူညီချက်ဖြစ်သည်။
ပဋိညာဉ်ဥပဒေအရ ပျက်ပြယ်သော သဘောတူချက် (၁၀)မျိုးမှာ အောက်ပါအတိုင်းဖြစ်ပေသည်။
၁ - သဘောတူသူများအနက် တစ်ဦးဦးသည် ပဋိညာဉ်ပြုနိုင်ခွင့်ရှိသူ မဟုတ်ခြင်း၊
(၁၈နှစ် မပြည့်သူ၊ ရူးသွပ်သူ၊ ပဋိညာဉ်ပြုခွင့် ပိတ်ပင်ခံရသူ) (ပုဒ်မ-၁၁)
၂ - သဘောတူကြသူ နှစ်ဖက်လုံးမှ သဘောတူချက်ပြုလုပ်သည့် အချက်များအနက်ကြီးကျယ်သော
အချက်တွင်မှားယွင်းခြင်း (ပုဒ်မ - ၂၀)
၃ - ကတိနှင့်ညီညွတ်ချက်(Consideration)နှင့်ရည်ရွယ်ချက်တစ်စုံတစ်ရာသည် ဥပဒေနှင့်ဆန့်
ကျင်ခြင်း (ပုဒ်မ - ၂၃)
၄ - သဘောတူချက်တွင် ကတိနှင့်ညီညွတ်ချက် တစ်စုံတစ်ရာမပါခြင်း (ပုဒ်မ - ၂၅)
၅ - သဘောတူညီချက်တွင် အိမ်ထောင်ပြုခြင်းကို တားမြစ်ထားသည့် အချက်ပါခြင်း (ပုဒ်မ - ၂၆)
၆ - သဘောတူချက်သည်ကုန်သွယ်ခြင်းကိုလည်းကောင်း၊မိမိအသက်မွေးဝမ်းကျောင်းအလုပ်လုပ်
ကိုင်ခြင်းကိုတားမြစ်ခြင်း (ပုဒ်မ - ၂၇)
၇ - သဘောတူချက်သည် တရားစွဲဆိုမှုကို တားမြစ်ခြင်း (ပုဒ်မ - ၂၈)
၈ - သဘောတူချက်သည် အဓိပ္ပာယ်မရှင်းလင်း၍ နားမလည်အောင် သေချာမရေရာဖြစ်ခြင်း
(ပုဒ်မ - ၂၉)
၉- သဘောတူချက်သည် လောင်းကစားမှုသက်ရောက်ခြင်း (ပုဒ်မ၃၀)၁၀-
သဘောတူချက်သည် မဖြစ်နိုင်သည့်အရာကို ပြုလုပ်ရန်ဖြစ်ခြင်း (ပုဒ်မ - ၃၆)
(၅) ပျက်ပြယ်ခွင့်ရသော ပဋိညာဉ် (Voldable Contract) ပုဒ်မ - ၂ (၅)
ပဋိညာဉ်ပါ သဘောတူချက်တစ်ခုနှင့်ပတ်သက်၍ ထိုသဘောတူချက်နှင့် သက်ဆိုင်ပါဝင်သူများအနက် တစ်ဖက်မှ တရားလမ်းကြောင်းအရ ကန့်ကွက်လျှင်ပျက်ပြယ်ခွင့်ရှိ၍ ကျန်တစ်ဖက်မှ အရေးမယူနိုင်သော
ပဋိညာဉ်ကို ပျက်ပြယ်ခွင့်ရသော ပဋိညာဉ်ဟု ဆိုလိုသည်။ နစ်နာသူက ပျက်ပြယ်စေလိုမှသာ ပျက်ပြယ်ခွင့်ရှိသည်။ ၎င်းက မပျက်ပြယ်လိုကလည်း အတည်ဖြစ်နိုင်ပေသည်။
(၆) ပျက်ပြယ်သော ပဋိညာဉ် (Void Contract) ပုဒ်မ - ၂ (ည)
တရားဥပဒေအရ တရားစွဲဆိုခွင့် (သို့မဟုတ်) အတင်းအကြပ် ဆောင်ရွက်စေနိုင်ခွင့်လုံးဝ ရပ်စဲသွားပြီဖြစ်သည့် ပဋိညာဉ်သည် ထိုသို့ဆောင်ရွက်စေနိုင်ခွင့် ရပ်စဲသွားသည့်အခါ၌ ပျက်ပြယ်သည်။
(၇) ပဋိညာဉ်ချုပ်ဆိုသူ၏ တာဝန်
(က) ပြုထားပြီးကတိအတိုင်း ဆောင်ရွက်ရမည်။
(ခ) ကတိပြုသူများသေဆုံးကအမွေဆက်ခံသူများကဆက်လက်၍လိုက်နာဆောင်ရွက်ရမည်။
ပျက်ကွက်ကအခြားတစ်ဖက်မှ ပဋိညာဉ်ကို ဖျက်သိမ်းခွင့် (သို့) လျော်ကြေးတောင်းခွင့်(သို့)
ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေလိုမှု စွဲဆိုနိုင်ပါသည်။
(၈) ပူးတွဲကတိပြုသူအား ကင်းလွတ်ခွင့်ပေးခြင်း
ပူးတွဲကတိပြုသူတစ်ဦးအား ကင်းလွတ်ခွင့်ပေးသည့်တိုင် ကျန်လူမှာ ကင်းလွတ်ခွင့်မရပေ။ ကင်းလွတ်သူ အပေါ် အကျငွေ တောင်းခံခွင့်ရှိသည်။
(၉) ပဋိညာဉ်များ ဆုံးခန်းတိုင်ရောက်ခြင်း (Discharge of Contracts)
၁ - ချုပ်ဆိုထားသည့် ပဋိညာဉ်သည် နှစ်ဖက်သဘောတူထားသည့်အတိုင်း ဆောင်ရွက်ပြီး
မှသာ ဆုံးခန်းတိုင် ရောက်ပါသည်။
၂ - ဆောင်ရွက်ရန် ခွင့်လွှတ်ခြင်း/စွန့်လွှတ်ခြင်း/ကတိဖျက်ခြင်း
၃ - နှစ်ဦးသဘောတူ ဖျက်သိမ်းခြင်း
၄ - မဖြစ်နိုင်သောကြောင့် ဆောင်ရွက်မရသောကြောင့် ပြီးဆုံးခြင်း
၅ - ဥပဒေပြဌာန်းချက်ကြောင့် ဆုံးခန်းတိုင်ခြင်း ၊
၆ - ပဋိညာဉ်ပြုစဉ်က စည်းကမ်းချက်အရ ပျက်ပြယ်၍ ဆုံးခန်းတိုင်ရောက်ခြင်း
(၁၀) စာချုပ်ပယ်ဖျက်ခွင့်
ပဋိညာဉ်ဥပဒေ ပုဒ်မ - ၁၉ နှင့် ၁၉ (က) တို့တွင် ပြဌာန်းထားသည်မှာ -
သဘောတူညီချက်တစ်ခုကို အနိုင်အထက် အတင်းအကြပ်ပြုခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ အလွဲပြော ဖော်ပြခြင်း တို့ကြောင့်သဘောတူရသည့်အခါ ၎င်းစာချုပ်ကို သဘောတူညီပေးရသူ၏ ဆန္ဒအတိုင်းပျက်ပြယ်စေလိုက ပျက်ပြယ်ခွင့်ရှိသည်။ ထိုသူ ကွယ်လွန်က ကျန်ရစ်သူ အမွေခံမှ ယင်းစာချုပ်ကို ပယ်ဖျက်ခွင့်ရှိပါသည်။
ထိုနည်းတူ သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ - ၃၉ တွင် ရေးသားထားသော စာချုပ်စာတမ်းတစ်ရပ် သည်တစ်ဦးဦးနှင့်စပ်လျဉ်း၍ပျက်ပြယ်အတည်မဖြစ်လျှင်ဖြစ်စေ၊ထိုသူကယင်းစာချုပ်ကိုလွှဲရှောင်ပယ်ဖျက်နိုင်လျှင်ဖြစ်စေယင်းစာချုပ်ကို ပယ်ဖျက်ခြင်းမပြုပါက ထိုသူအားအကြီးအကျယ် နစ်နာစေမည်ဟု စိုးရိမ်ဖွယ်ရာအကြောင်း ရှိလျှင် ထိုသူသည် စာချုပ်ပျက်ပြယ်အတည်မဖြစ်၍ ဖျက်သိမ်းပေးရန် တရားစွဲဆိုနိုင်ပါသည်။
၂။ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ(TransferofPropertyAct)နှင့်ပတ်သက်၍သိထားသင့်သည့်
အချက်များ
(၁) ပစ္စည်းလွှဲပြောင်းခြင်းဆိုသည်မှာ အသက်ရှင်စဉ် တစ်ဦးတစ်ယောက်က အခြားအသက်ရှင်သူ
တစ်ဦး (သို့)အများသို့ ယခုအချိန်တွင်ဖြစ်စေ၊ နောင်အနာဂတ်ကာလတွင်ဖြစ်စေ ပစ္စည်း
လွှဲပြောင်း ပေးခြင်းကို ခေါ်ပါ သည်။ (ပုဒ်မ - ၅)
(၂) လွှဲပြောင်းခြင်းမပြုလုပ်နိုင်သည့် ပစ္စည်းများမှာ -
(က) ပစ္စည်းများကို အမွေဆက်ခံခွင့်နှင့် အခြားရပိုင်ခွင့်များ။
(ခ) စည်းကမ်းဖောက်ဖျက်သဖြင့် ပြန်လည်သိမ်းပိုက်ခွင့်သက်သက်ကို သက်ဆိုင်ရာပစ္စည်းရှင်သို့သာ
လွှဲပြောင်းနိုင်ခြင်း။
(ဂ) အသုံးပြုနိုင်ခွင့် အခွင့်အရေးနှင့်ဆက်စပ်သည့် ပစ္စည်းများ
(ဃ) ပစ္စည်းရှင်အတွက် သီးသန့်ခံစားခွင့်ပေးထားသောပစ္စည်း၏ အကျိုးစီးပွားနှင့် ပိုင်ဆိုင်ခွင့်များ
(င) လူတစ်ဦးတစ်ယောက်၏ နောင်အနာဂတ်ကာလတွင် ခံစားခွင့်ရှိသည့် ထောက်ပံ့ကြေးများ
(စ) တရားစွဲဆိုပိုင်ခွင့်များ
(ဆ) အစိုးရဝန်ထမ်းလစာများ
(ဇ) တပ်မတော်သားများနှင့် ပြည်သူ့ဝန်ထမ်းများ၏ စတိုင်ပင်များ၊ နိုင်ငံရေးပင်စင်များ
စသည်တို့ ဖြစ်ပါသည်။ (ပုဒ်မ - ၆)
