Skip to product information
1 of 22

Other Websites

ဦးနု - လူထုအောင်သံပြဇါတ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
လူထုအောင်သံ
အခန်း (၁)

 

          နေရာ ။ ။ ရန်ကုန်မြို့၊ အငြိမ်းစား ဦးဘသိန်း၏အိမ်။

          အချိန် ။ ။ ၁၉၄၈-ခု၊ မတ်လအတွင်းလောက်။

          အငြိမ်းစား ဦးဘသိန်းတွင် သားအောင်ဝင်းနှင့် သမီးမလှမြင့်ဟူ၍ သားသမီး ၂ ယောက် ရှိသည်။ ခင်နွဲ့ သည် အောင်ဝင်း၏ဇနီး ဖြစ်သည်။ ၎င်းတို့တွင် ၁၀ နှစ်အရွယ်ရှိသော သား တက်တိုးနှင့် ၈ နှစ် အရွယ် ရှိသော သမီး လှလှဟူ၍ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိကြ သည်။ 

          ည ၈ နာရီခန့် အချိန်တွင် ဦးဘသိန်း၏ ဧည့်ခန်းတွင်း၌ ဦးဘသိန်း၊ ဦးလှမြင့်နှင့် ဧမောင်တို့သည် စကားပြောလျက် ရှိကြသည်။ ခင်နွဲ့ သည် တက်တိုး၊ လှလှတို့နှင့်အတူ ဦးဘသိန်းတို့၏ အနီးတွင်ထိုင်၍ စကားပြော နေကြသည်ကို နားထောင်လျက် ရှိကြသည်။ လှလှသည် ခင်နွဲ့ ၏ ပေါင်ပေါ်တွင် အိပ်လျက်ရှိသည်။ တက်တိုးသည် ခင်နွဲ့ ၏ဘေး တွင် ထိုင်ပြီး ဆိုဖာ၏ လက်တန်းပေါ်တွင် မေးတင်လျက် အိပ်ချင်ချင် ဖြစ်နေသည်။

          ဧမောင်    ။ ။  ဦး၊ မလှမြင့်နဲ့ ကျွန်တော်တို့ရဲ့ ကိစ္စကို ဘယ်တော့ လောက်လုပ်ဖို့ စိတ်ကူးထားပါသလဲ။

          ဦးဘသိန်း။ ။  ဒါကတော့ မင်းတို့ကိစ္စပဲ၊ မင်းတို့ကို ဦး လွှဲထားတာပဲ မင်းတို့ ကြိုက်သလို

                               ကြည့်ပြီး   စီမံကြပေါ့။

          ဧမောင်    ။ ။  အခါလွန်ရင်လွန်ခြင်း ကျွန်တော် စီစဉ်လိုက် ချင်တယ်။

         ဦးဘသိန်း ။ ။  စီစဉ်လေ၊ မင်းတို့ တိုင်ပင်ပြီး စီစဉ်ကြလေ။

         ဧမောင်     ။ ။  ဒီလို ခပ်စောစော စီစဉ်ရတာက တခြားကြောင့် မဟုတ်ပါဘူး။

         ဦးဘသိန်း ။ ။  အေးပါကွာ၊ အကြောင်းတွေပြောနေဖို့ မလို ပါဘူး။ ကိစ္စတစ်ခု လုပ်စရာရှိနေရင် မြန်မြန်ထက်ထက် ပြီးသွားတာကို ငါ ကြိုက်ပါတယ်။ ပြီးတော့လည်း မောင်မောင်ရေ ဦးလည်း အိုပြီ ကွ။ ဘဝကူးကောင်း ဖို့ကိစ္စကလေးတွေ လုပ်ရဦးမယ်။ တစ်သက်လုံး ခပ်ပေါ့ပေါ့သွား၊ ခပ်ပေါ့ပေါ့စားပြီး နေလာခဲ့တာတွေကို အခု သေခါနီးမှ ပြန်တွေးကြည့်မိတဲ့အခါ ဦးဖြင့် အများကြီး ကြက်သီးထတာပဲဟေ့။

          မောင်မောင်ရေ ရှင်ချောင် သေကျပ်၊ ရှင်ကျပ် သေချောင် တဲ့။ မင်းတို့ အဓိပ္ပာယ်သိလား။ အသက်ရှင်စဉ်က ခပ်ချောင်ချောင်ကလေး နေခဲ့တဲ့လူဟာ သေတဲ့အခါ ကျပ်လိမ့်မတဲ့။ အသက်ရှင်စဉ်က ခပ်ကျပ် ကျပ်ကလေး နေခဲ့တဲ့လူဟာ သေတဲ့အခါ ချောင်လိမ့်မတဲ့။ 

          အဲဒီတော့ မင်းတို့ရဲ့ ကိစ္စပြီးရင် တောရချောင်တစ်ခုခုကိုသွားပြီး တရား အားထုတ်ဦးမယ်။ အဲဒါကြောင့် မင်းတို့ကိစ္စ ခပ်စောစောပြီးတာကို ငါတော့ ခပ်ကြိုက်ကြိုက်ပဲ။

           ဧမောင်     ။ ။ ကျွန်တော်တို့ကိစ္စ မပြီးခင် အဆုံးအဖြတ်လုပ်ပေးဖို့ ဦးကို 

                              ကျွန်တော်  တောင်းပန်ချင်ပါတယ်။

          ဦးဘသိန်း  ။ ။  ဘာကိစ္စလဲကွ။

          ဧမောင်      ။ ။ (လှမြင့်ကို ပြုံးပြီးကြည့်လျက်) အိမ်ထောင်ကျပြီးရင် အခုလုပ်နေတဲ့ ဆရာမအ

                              လုပ်က မလှမြင့် ထွက်စေချင်တယ်။

          ဦးဘသိန်း  ။ ။  ဟာ... ဒါတော့ ထွက်ရမှာပေါ့။ အိမ်ထိန်းသိမ်း ဖို့ အလုပ်ဆိုတာ သမီး

                               က  တော်ရုံလျော်ရုံများ မှတ်နေလို့လား။

          ဧမောင်     ။ ။ ကဲ... မြင့် ကိုယ်နိုင်ပြီ။ | လှမြင့်။ ။ ဘာနိုင်တာလဲ ကိုမောင်။ ဒါပဲနော် ဒီကိစ္စ

                              ကိုတော့  အူကြောင်ကြောင် မလုပ်နဲ့၊ ကျွန်မ အလုပ်ကမထွက်ဘူး။ ဘာပဲဖြစ်ဖြစ် 

                              သူများ ရှာကျွေးတာကို ကျွန်မ မစားချင်ဘူး။ ၂ ကိုဧမောင်ကိုလည်း ဝတ်လုံအ

                               လုပ်  မလုပ်နဲ့ဆိုရင် ဘယ်နှယ့်နေ မလဲ။

          ဧမောင်      ။ ။ ဒါကတော့ မြင့်က သက်သက် ကတ်ဖက်လုပ်ပြီး ပြောနေတာကိုး။ 

                                ဒီလိုပြောလို့ ဘယ်ဖြစ်မလဲ။

          ဦးဘသိန်း ။ ။ မောင်မောင် ဦးရဲ့ သားနဲ့ သမီးကတော့ သိတဲ့ အတိုင်းပဲကွာ 

                             တော်တော်တော့  အပြောရမာတယ်။ ဒါတွေဟာ အပြစ် ဆိုရင် ဦးရဲ့ အပြစ်ကြီးပဲပေါ့ကွာ။ ဘာဖြစ်လို့လဲဆိုတော့ ဦးရဲ့သဘောက သားသမီးတွေ ဆိုပေတဲ့၊ ချုပ်ချယ်တာ တယ်ပြီးမကြိုက်ဘူး။ အကျိုး အကြောင်း ပြောပြလိုက်တာပဲ။ အဲဒါကို သူတို့ ကြိုက်ရင်ယူ၊ မကြိုက် လည်းနေ ကြည့်နေလိုက်တာပဲ။

          မိဘဆိုတာ သားသမီးတွေကို တစ်သက်လုံး လိုက်ပြီးကြည့်နေ နိုင်တာ မဟုတ်ဘူး။ အဲဒီတော့ ငယ်ငယ်ကစပြီး သိပ်မချုပ်ချယ်နဲ့။ အမှားအမှန်ကို ကိုယ့်ဟာကိုယ် ဆုံးဖြတ်၊ အမှားတွေမှတ်ထား နောက် မလုပ်နဲ့။ အမှန်တွေ ကျတော့ အဲဒီအမှန်တွေဟာ ကိုယ့်တစ်သက်မှာ သုံးရမယ့် သင်ခန်းစာကြီးတွေ ဖြစ်ပေစေ။

          အခုကြည့်ပါလား အောင်ဝင်း ရှိတယ်။ ဦးက သူ့ကို ဆရာဝန် လုပ်စေချင်တယ်။ သူ ဘီ၊ စီ၊ အက်(စ်) ဝင်ချင်တယ် ဦး မတားဘူး။ ပြီးတော့ ဂျပန်လက်ထက်က ဦးက အေးအေးချမ်းချမ်း ကုန်သည်ပဲ ထွက်လုပ်စေချင်တယ်။ သူက ဗမာ့တပ်မတော်ထဲ ဝင်ချင်တယ် ဦး မတားခဲ့ဘူး။ နောက်ပြီး ဦးကို အသိမပေးဘဲ တော်လှန်ရေးထဲပါ သွားတယ်။ စစ်ပြီးတော့ ဦးက သူ့ကို ကုန်သည်ပဲ လုပ်စေချင်တယ် သူက နိုင်ငံရေးသမားလုပ်ချင်ပြီး ကွန်မြူနစ် ပါတီထဲပါတယ်။ ဦး မတားဘူး။

         သူတို့ ဘာပဲလုပ်လုပ် မှားရင်လည်း အမှားကို သူတို့ဟာသူတို့ တွေ့လာတာ ကောင်းတယ်။ မှန်ရင်လည်း အမှန်ကို သူတို့ တွေ့လာ တာပဲ ကောင်းတယ်။

          ဧမောင်     ။ ။ ဒီလိုဆိုရင် မလှမြင့်ကတော့ သူ့အလုပ်ကထွက်မှာ မဟုတ်တော့ဘူး ဦး။ 

          ဦးဘသိန်း ။ ။ မထွက်တာ မှန်တယ်ထင်နေသရွေ့ တော့ ဆက်လုပ်နေပေစေ မောင်မောင်။ 

                              နောင် သားတွေ သမီးတွေရလာတဲ့ အခါ ဖြစ်ဖြစ်၊ သူကိုယ်တိုင် အိမ်တွင်းမှုကို မအုပ်ထိန်းလို့ မကုန်သင့်တာ တွေကုန်၊ မကျသင့်တာတွေ ကျလာတဲ့အခါ ဘယ်သူမှ တရားမဟောရ ပါဘူးကွ သူ့ဟာသူ ထွက်ပါရစေလို့ မြည်လာပါလိမ့်မယ်ကွာ ကြည့်နေ ပါ။ (ခင်နွဲ့ ဘက်သို့ လှည့်၍) ခင်နွဲ့ ရေ ညဉ့်နက်လှပါရောလား ကလေးတွေကို သိပ်ဖို့တော်ပြီကွယ်။

           ခင်နွဲ့        ။ ။ သူတို့ဖေဖေက ဒီနေ့ညနေ အရိပ်ပြ လိုက်ပြီးပြမယ်လို့ ပြောသွားတာနဲ့ 

                               သိပ်လို့ကို မရတော့ဘူး။

          ဦးဘသိန်း  ။ ။ မောင်ဧမောင် ဘယ်နှစ်နာရီထိုးနေပြီလဲ။ 

          ဧမောင်      ။ ။ ၈ နာရီနဲ့ မိနစ် ၂၀ ရှိပြီ ဦး။

          ဦးဘသိန်း  ။ ။ ဒီအချိန်ကျမှ ဘိုင်စကုတ်ကို ဘယ်နှယ့် သွားလို့ ဖြစ်ပါ့မလဲ။ ကဲ... ငါ့မြေး

                                တွေ  သွားအိပ်ကြတော့။ မနက်ဖြန်ကျမှ အဘ ကိုယ်တိုင် လိုက်ပြီးပြပါမယ်ကွာ။

                                ကဲ.. ကဲ သွားအိပ်ကြ။

          (ခင်နွဲ့ သည် လှလှကို ပွေ့ချီလျက် အိမ်ထဲသို့ ဝင်သွားသည်။ တက်တိုးသည် ခင်နွဲ့ ၏ လက်မောင်းကိုဆွဲလျက် ဝင်လိုက်သွားသည်)

           ဦးဘသိန်း  ။ ။ အောင်ဝင်း အခုတလော အိမ်အပြန် အင်မတန် ညဉ့်နက်တယ်။ သမီးရဲ့ 

                               မောင်ကို ကြည့်ပြောဦးကွယ်။ 

          ဧမောင်      ။ ။ ဦးကို ဒီကနေ့တော့ ကျွန်တော် ဖွင့်ပြောရတော့မှာပဲ။ ဦးရဲ့ သား မကြာခင် 

                               တောခိုလိမ့်မယ်။(ဦးဘသိန်းသည် နားမလည်နိုင်သော မျက်နှာထားနှင့် 

                               ဧမောင်ကို ကြည့်နေရာ ဧမောင်က ဆက်၍) သူတို့ကွန်မြူနစ်ပါတီကသူပုန်ထ

                               ဖို့စီစဉ်နေတယ်။မကြာခင်သူပုန်ထကြလိမ့်မယ်။

         ဦးဘသိန်း  ။ ။ ဘာကိစ္စ သူပုန်ထကြမှာလဲကွ၊ ဒီသတင်းကို မောင်မောင် ဘယ်က ကြားသလဲ။ 

                              မှန်မယ် မထင်ပါဘူးကွယ်။ 

         ဧမောင်      ။ ။ မှန်ပါတယ် ဦး။ 

         ဦးဘသိန်း  ။ ။ မှန်မယ် မထင်ဘူးဆိုတာက ဒီလိုကွ မောင်မောင်ရ။ လွန်ခဲ့တဲ့ ၄ လလောက်က 

                              ဦးက အောင်ဝင်းကို မေးဖူးတယ်။ “ဗမာနိုင်ငံလည်း မကြာခင် လွတ်လပ်ရေး ရတော့မယ်။ အဲဒီတော့ မင်းတို့ ကွန်မြူနစ်ပါတီက ရှေ့ကို ဘယ်လိုများ စခန်းသွား ကြဦးမလဲ” လို့ ဦးက မေးကြည့်တယ်။ အဲဒီတော့ “ဖေဖေရယ် လွတ်လပ်ရေး ရတယ်ဆိုတာနဲ့ ကိုယ်လိုချင်တာတွေ အကုန်လုံးရတာမှ မဟုတ်သေးဘဲ။ ကိုယ်လိုချင်တာတွေရအောင် လုပ်နိုင်တဲ့ အာဏာကိုသာ ရသေးတာပဲ။ အဲဒီတော့ ဒီအာဏာနဲ့ ကိုယ်လိုချင်တာတွေ ရအောင် ကျွန်တော်တို့ အလုပ်လုပ်ကြရဦးမယ်။ အဲဒီ လွတ်လပ်ရေးကို အကောင် အထည်ပေါ်အောင် ဖော်ပေးတဲ့နေရာမှာ အတူတူဖော်ကြဖို့ သခင် သန်းထွန်းနဲ့ သခင်နုတို့ ဆွေးနွေးနေကြပါပြီ ဖေဖေ။ အဲဒီတော့ ရန်ဖြစ်တဲ့အခါလည်းဖြစ်၊ ကိုယ့်တိုင်းပြည်မှာ အရေးပေါ်လာပြန်တော့ လည်း ရန်ဖြစ်တာတွေ ဘေးချိတ်ထားပြီး လူထုကောင်းစားရေးအတွက် အလုပ်အတူတူ လုပ်ကြရမှာပဲ” လို့ အောင်ဝင်းက ဦးကို ပြန်ပြောဖူးတယ်။ အဲဒီတော့ ဦးကတောင် “ဒီစကားကြားရတာ ဖေဖေ ဝမ်းသာလိုက်တာ လူလေးရယ်။ သာဓု... သာဓု ... သာဓု” လို့ သာဓု ၃ ကြိမ်တောင် ဦးက ခေါ်လိုက်သေးတယ်။ အဲဒီလိုဆိုတော့ ကွန်မြူနစ်အဖွဲ့က သူပုန်ထ

          ဧမောင်      ။ ။  ကွန်မြူနစ်ဆိုတာ ကိုယ်ပိုင်ဉာဏ်ကို အသုံးပြုလို့ရ တာမျိုးမှ မဟုတ်ဘဲ။ 

                                အဲဒီတော့ ကွန်မြူနစ်လမ်းစဉ်တစ်ခုကို လုပ်တဲ့နေရာ မှာ လိမ္မာတာ၊ မိုက်တာ၊ 

                                ဆင်ခြင် စဉ်းစားဉာဏ်ရှိတာ၊ မရှိတာတွေဟာ အသုံးချလို့ မရပါဘူး ဦးရယ်။

          ဦးဘသိန်း  ။ ။ (နားမလည်နိုင်သော မျက်နှာထားဖြင့် မောင် ကို စိုက်ကြည့်လျက်)

                                မောင်ဧမောင် ပြောတာကို ဦး နားမလည်ပါဘူး ကွာ။ ဘာကိုဆိုလိုတာလဲ။

          ဧမောင်     ။ ။ အင်မတန် ရှင်းပါတယ် ဦးရဲ့ ။ ကွန်မြူနစ်တွေဟာ သူတို့ လုပ်ရမယ့် လမ်းစဉ်ကို 

                              သူတို့ရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ မလုပ်နိုင်ကြဘူး။ အပြင်ဘက်က သူတို့ရဲ့ဆရာကြီးတွေဆီကလာတဲ့ အမိန့်အတိုင်း လျှောက်လုပ်ကြရတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ အဖြူလုပ်ရင် ကောင်းလိမ့်မယ်လို့ ယုံကြည်နေပေတဲ့ အပြင်ဘက်က သူတို့ရဲ့ ဆရာ ကြီးတွေက အဖြူမလုပ်နဲ့ အမဲလုပ်ရမယ်လို့ အမိန့်ရောက်လာရင် အဖြူကိုစွန့်ပစ်ပြီး အမဲကိုလုပ်ကြရတာပဲ။ 

          ဦးဘသိန်း  ။ ။ မဟုတ်ပါဘူး မောင်ဧမောင်ရဲ့။ ဦး မသိလို့ မေးစမ်းပါရစေ။ သူတို့ရဲ့  ဆရာကြီးတွေ

က   ပို့လိုက်တဲ့ညွှန်ကြားချက် တွေကို လိုက်ပြီး လုပ်ရတယ်ဆိုတာက ဘာမဆို လုပ်ရတာလား။ ဥပမာကွယ် ဟိုကပို့လိုက်တဲ့ ညွှန်ကြားချက်တစ်ခုဟာ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေနဲ့မတော်တဲ့ ညွှန်ကြားချက်တစ်ခု ဖြစ်နေရင်ကော မငြင်းနိုင် ဘူးလား။

          ဧမောင်     ။ ။  မငြင်းနိုင်ဘူး။

          ဦးဘသိန်း ။ ။  အကျိုးနဲ့ အကြောင်းနဲ့ ပြပြီးတောင် မငြင်းနိုင် ဘူးလားကွယ့်။ ။

          ဧမောင်     ။ ။  မငြင်းနိုင်ဘူး။ သူတို့ရဲ့ သံမဏိစည်းမျဉ်းက သူတို့ ယူဆသလို မယူဆတဲ့လူ၊ 

                               သူတို့ရဲ့ ရန်သူလို့ ဆိုထားတယ်။ အဲဒါပဲ ဦး။ အတော်ခက်တယ်။

          ဦးဘသိန်း ။ ။ လွန်လွန်းလှချည်လား မောင်ဧမောင်ရာ၊ ဦးတော့ဖြင့် ဒီအတိုင်း ဟုတ်မယ်မထင်ပါဘူး။

          ဧမောင်     ။ ။ ဟုတ်ပါတယ် ဦးရဲ့၊ ဟုတ်လွန်းလို့ ခက်နေတာပေါ့။ ဦးကို ကျွန်တော် ရှင်းပြ

                              မယ်။ လွတ်လပ်ရေးကို အကောင်အထည် ပေါ်အောင် ဖော်ပေးဖို့ အစိုးရနဲ့ အတူတူပူးတွဲပြီး ကွန်မြူနစ်တွေ အလုပ်လုပ်မယ်လို့ ဦးကို အောင်ဝင်းက ပြောဖူးတယ်မဟုတ်လား။ (ဦးဘသိန်း ခေါင်းညိတ်သည်) နောက် ၂ လလောက်ကြတော့ သခင် သန်းထွန်းတို့လူတစ်စု ကာလကတ္တားမှာ ကွန်မြူနစ်အစည်းအဝေး တစ်ခုကို သွားတက်တယ်။ အဲဒီကပြန်အလာ သခင်နု အစိုးရကို လက်နက်နဲ့ တော်လှန်ပစ်ရမယ်ဆိုတာ ဖြစ်လာတယ်။ အခု ကျွန်တော်ပြောတာတွေကိုဦးသေသေချာချာစဉ်းစားကြည့်ပါ။ကွန်မြူနစ်တွေရဲ့လမ်းစဉ်ဟာဘယ်လိုပြောင်းလဲလာတယ်။ ဘာဖြစ်လို့ ပြောင်းလဲလာ တယ်ဆိုတာတွေကို ဦး သဘောပေါက်လာပါလိမ့်မယ်။

          ဦးဘသိန်း  ။ ။ နေပါဦး မောင်မောင်၊ ဦး သေသေချာချာ သိချင်လို့ မေးစမ်းပါရစေ။ ဦး သိချင်တာက တခြားဟာမဟုတ်ဘူး။ အပြင်ကခိုင်းတိုင်း ကောင်းကောင်း၊ မကောင်းကောင်း အတွင်းက ကွန်မြူနစ်တွေက လိုက်ပြီးလုပ်ရတယ်ဆိုတာ အမှန်ပဲလားဆိုတဲ့ အချက်ပဲ မောင်ဧမောင်ရဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီအတိုင်းသာမှန်ရင် သူများနှာခေါင်းပေါက်နဲ့အသက်ရှူနေရတဲ့ကွန်မြူနစ်တွေထက်မိုက်တဲ့ (အ) တဲ့လူတွေဟာ လောကမှာ မရှိတော့ဘူး။

          ဧမောင်      ။ ။ ဟုတ်ကဲ့ဦးမေးချင်တာမေးပါ၊ ကျွန်တော် သိသလောက် ဖြေပါ့မယ်။

          ဦးဘသိန်း  ။ ။ အခု ကွန်မြူနစ်တွေ သူပုန်ထတာဟာ အပြင်က ပြောလို့မဟုတ်ဘဲ သူတို့သဘောနဲ့ 

                               သူတို့ ထကြွတာ မဖြစ်နိုင်ဘူးလားကွာ၊ ကာလကတ္တား အစည်းအဝေးကတော့ ထန်းသီးကြွေခိုက်ကျီးနင်းလိုက်ဆိုတာမျိုးဖြစ်မှာပါပဲ။မောင်ဧမောင်လည်းအသိသားပဲ။အခုကာလနိုင်ငံရေးသမားကလေးတွေက မိုက်ရူးရဲကလေး တွေကွ။ တစောက်ကန်း လုပ်ချင်တာတွေ လျှောက်လုပ်နေကြတာ။ အဲဒီတော့ သူပုန်ထဖို့အတွက် အပြင်ဘက်က ညွှန်ကြားချက်တွေ ဘာတွေ ပေးနေဖို့တောင် မလိုဘူးထင်တယ်။

 

         

         

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)