Skip to product information
1 of 2

Other Websites

ဦးနု - တာတေစနေသား

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

တာတေစနေသား

အခန်း

(၁)

ကိုစံထွန်းဟာ သူ့သားကြီးသြရသကို အရမ်းချစ်တယ်။ မောင်နုဆိုးတာကို တယောက်

ယောက်က ပြောရရင် ကျေးဇူးရှင်ဦးရွှေကုန်းက အလိုလိုက်လွန်းလို့ ။ ဦးရွှေကုန်းရဲ့ ဇနီးက အလိုလိုက်လွန်းလို့ အစရှိသဖြင့် ကိုစံထွန်းဟာ အခြား လူတွေကို လွှဲချလေ့ရှိတယ်၊ သူနဲ့ ဇနီး မစောခင်တို့ အလိုလိုက်တာလဲ ထူးမခြားနားပါဘဲ၊ ကိုစံထွန်းဟာ သူ့သားမောင်နုကို စိတ်ဆိုးရင် မျက်နှာကြီး မှုန်ကုပ်ကုပ်လုပ်ထားတယ်၊ ဒါထက်ပိုပြီး စိတ်ဆိုးလာရင် မောင်နုကို ဘာမှ မပြောဘူး။ အနီးအနားလူတွေကို မဲပြီး အော်လားငေါက်လား လုပ်တယ်။ ဒါထက် မခံမရပ်နိုင်အောင် ပိုပြီးစိတ်ဆိုးလာရင် ရှူးရှူးရှားရှားနဲ့ အိမ်အပြင်ဘက်ကို ထွက်သွားတာဘဲ၊ ဒါပေမယ့် အိမ်ပြန်လာရင် သားစားဘို့၊ သားကြိုက်တတ်တဲ့ အစားအသောက်တခုခုကို ဝယ်လာတယ်။ သားကြိုက်တတ်တဲ့ ပစ္စည်းတခုခုဝယ်လာတယ်။ ဒါမှမဟုတ်ရင်လည်း ဟင်းချက်စရာ တွေဝယ်လာပြီး ဟင်းအထူးအဆန်းတွေကိုသူကိုယ်တိုင်ချက်ကျွေးတယ်။ ဘယ်လောက်အလိုလိုက်တယ်ဆိုတာ ထင်ရှားအောင် သာဓကတခု ထုတ်ပြဦးမယ်။ ကိုစံထွန်းဟာ ချမ်းသာကြွယ်ဝသူမဟုတ်ပါဘူး။ ဝါးခယ်မ ဈေးထဲမှာ အထည်ဆိုင်ကလေးနဲ့ သင်္ဃန်းပရိကရာဆိုင်ကလေးသာရှိတဲ့ ဆိုင်ပိုင်ရှင်ကလေးမျှသာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူချစ်တဲ့ သားမောင်နုအတွက် ရှိစုမဲ့စုကလေးကို ခြစ်ချုပ်ပြီး မြင်းတကောင်နဲ့ အမိုးဖွင့်ရထားတစင်းကို ဝယ်ပေးတယ်။ ဝါးခယ်မမြို့ကလေးက ကျဉ်းကျဉ်းလေး။ ရထားစီးစရာနေရာမရှိပါဘူး။ ဒါကြောင့် ကိုစံထွန်းထက် အဆ ပေါင်းများစွာချမ်းသာတဲ့ သူဌေးတွေထဲမှာတောင် အရှေ့ပိုင်းကသူဌေး ဦးဖေကြီး တယောက်ထဲမှာသာ မြင်းရထားတစင်းရှိတယ်။ သူကတော့ အပျော်စီးဘို့ ဝယ်ထားတာမဟုတ်ပါဘူး။ ဝါးခယ်မအနောက်ဖျားမှာ သူဆောက်ထားတဲ့ ဘုန်ကြီးကျောင်းကြီးတကျောင်းရှိတယ်။ သူဟာအသက်ကြီးလာတော့ အဲဒီဘုန်းကြီးကျောင်း ကို မြင်းရထားနဲ့ ဘဲ သွားနိုင်တော့တယ်။ အဲဒါကြောင့် ရထားတစင်းကို ဝယ်ယူထားတာဖြစ်တယ်။ ကိုစံထွန်းကတော့ ဒီလိုသွားစရာ ဘယ်မှာမှ မရှိပါဘူး။ မရှိဘူးဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ သူချစ်တဲ့သား မောင်နု အတွက် သူတခုခုလုပ်ပေးချင်တဲ့ ဆန္ဒ၊ဟာ သူ့မှာ အင်မတန် ပြင်းပြနေပါတယ်။အဲဒီဆကို နှစ်သိမ့်တဲ့အနေနဲ့ ရှိစုမဲ့စုကလေး စုဆောင်းပြီး အဲဒီမြင်းရထားကို ကိုစံထွန်း ဇွတ်အတင်းဝယ်လိုက်တာပါပဲ။ သူ့မြင်းကို မိုင်ပျောက် လို့ နံမည်ပေးထားတယ်။ မိုင်ပျောက်ကလည်း အလိုလိုက်ထားလို့ ထင်ပါရဲ့ ခပ်ဆိုးဆိုးပဲ။ မြင်းစောင်းထဲက ထုတ်တိုင်း တော်တော်ဆွဲ ဆွဲပြီး ထုတ်ရတယ်။ ဒါတောင် တခြားလူ ထုတ်လို့ မရဘူး။ သူ့ကိုထိမ်းနေတဲ့ ရူးပေါပေါ စောလှိုင်ကိုယ်တိုင်တောင် ချော့မော့ပြီးထုတ်မှ ရတယ်။

တခြားသူဆိုရင် မြင်းစောင်းထဲမှာ အော်ဟစ်ခုံပေါက် ကန်ကျောက်နေတာဘဲ။ မောင်နုရဲ့ အမေ မစောခင်ကတော့ ကိုစံထွန်းလို မဟုတ်ဘူး။ တခါတခါ သူ့သားကို ပြောမရရင် ဒုတ်တွေ့ရင် ဒုတ်နဲ့၊ ဒုတ်မရှိရင်လက်နဲ့ တအားရွယ်ပြီး မောင်နုရဲ့ ကိုယ်ကိုထိတဲ့အခါကြတော့ ရေကိုဂွမ်းနဲ့ တို့ သလို အသာကလေးတို့ တယ်။ အဲဒီလိုရိုက်နေတုန်း မောင်နုရဲ့ အမဝမ်းကွဲ မသိန်းတင် အနားမှာရှိနေရင် အဒေါ်ခလေးကို သိပ်မရိုက်ပါနဲ့၊ ပေါက်ပြဲကုန်ဦးမယ်လို့ အမြဲတမ်းဝင်ပြောလေ့ ရှိတယ်။ ၁၉၁၂ ခုနှစ်အတွင်း မောင်နုကို ဝါးခယ်မမြို့ အင်္ဂလိပ် - မြန်မာ အလယ်တန်းကျောင်းမှာ အပ်လိုက်တယ်။ မောင်နုဟာ စာတော်သူလည်းမဟုတ်၊ ဘုတ်ထိုင်းလည်း မဟုတ်၊ နှစ်စဉ်နှစ်တိုင်း အတန်းတင်စာမေးပွဲလုပ်တဲ့အခါ သာမာန်အောင်တဲ့ကျောင်းသားစာရင်းမှာ အောက်နားက အမြဲတမ်း ကပ်လိုက်နေသူဖြစ်တယ်။ ကျောင်းကို ရောက်တဲ့အချိန်ကစပြီး သူဟာ လူကြီးတွေကို မဆဲတော့ဘူး။ ကော့ပြ တာတွေ တခြားတနည်းနည်းနဲ့ စော်ကားတာတွေလည်း သူ့မှာ မရှိတော့ဘူး။ ဒါဟာ

သူ့ အတွက် ထူးခြားတဲ့အချက်တခုပဲ။ အဲဒါကြောင့် နေ့တနေ့မှာ ကျွန်တော်ဟာ | ကိုစံထွန်းဆီသွားပြီး ခင့်ဗျားသားဟာ အခု လူကြီးတွေကို မဆဲတော့ဘူး။ ကော့လည်း မပြတော့ဘူး။ စော်လည်း မစော်ကားတော့ဘူး။ ခင်ဗျားသတိထားပြီး ကြည့်မိရဲ့ လားလို့ ကျွန်တော်မေးတယ်။

ထွန်း ။ ။အေး။သတိထားမိတယ်။ 

နု ။ ။အဲဒါဟာခင်ဗျားသားအတွက်အရေးကြီးတဲ့ထူးခြားချက်တခုပဲ။ 

ထွန်း။  ။ ဘယ်လိုအရေးကြီးတဲ့ထူးခြားချက်မျိုးလဲကွ။ 

နု။ ။ ခင်ဗျားသားရဲ့ နဂိုရ်စိတ်ရင်းထဲမှာ ဆိုးတဲ့စိတ်ရှိရင် လူကြီးတွေကို အခုထက်ထိ ဆက်ပြီး စော်ကားနေဦးမှာဘဲ။ အခုမစော် ကား တော့ တာကို ထောက်ကြည့်ရင် အရင်တုန်းက စော်ကားခဲ့တာဟာ သူကိုယ်တိုင်က ဆိုးလို့ မဟုတ်ဘူး။ သူ့ဘကြီး ၊

မြောက်ပေးခဲ့လို့ ဆိုတာထင်ရှားနေတယ်။ အဲဒီတော့ ခင်ဗျားသားဟာ လူဆိုး မဟုတ်ဘူး။ ကောင်းတဲ့ပတ်ဝန်းကျင်ထဲမှာ ထားနိုင်ရင် လူကောင်းကလေးဖြစ်လာ လိမ့်မယ်။ ဆိုးတဲ့ပတ်ဝန်း ကျင်ထဲမှာထားရင် လူဆိုးကလေး ဖြစ်သွားနိုင်စရာ အကြောင်းရှိတယ်လို့ ကျနော်ယူဆတယ်။ ဒါပေမဲ့ အခုပြောတာဟာ အတည်တော့ မဟုတ်သေးဘူး။ ငါးနှစ်သားဆိုတာ ငယ်သေးတယ်။ နောက်ထပ်နဲနဲလောက် စောင့်ကြည့်ချင်သေးတယ်။

ငါးနှစ်သားမှ ကိုးနှစ်သားအထိ မောင်နုမှာ ကောင်းတာကိုလဲ ထူးထူးခြားခြားမတွေ့ရ၊ ဆိုးတာကိုလည်း ထူးထူးခြားခြားမတွေ့ရ။ ကိုးနှစ်သား ဖြစ်လာတဲ့အခါမောင်နုဟာ လေးတန်းကို ရောက်နေပြီ။ အဲဒီတော့ မောင်နုမှာ ကျောင်းသားသူငယ်ချင်းတွေလည်း ရှေးကထက်ပေါလာတယ်။ အရပ်သား မိတ်ဆွေတွေလည်း ရှေးကထက် ပေါလာတယ်။

ဒီအရပ်သားမိတ်ဆွေတွေထဲက ပန်းရီဆိုတဲ့ မိတ်ဆွေဟာ တခြား မိတ်ဆွေတွေထက် ထူးခြားတယ်။ အဲဒါကြောင့် ဒီနေရာမှာ ပန်းရီအကြောင်းကို နဲနဲလောက်ဖေါ်ပြသင့်တယ်။ ပန်းရီဟာ ပင်လယ်ပိုင်းက အလုပ်ကြမ်းသမားတဦးဖြစ်တယ်။ ပင်လယ်ကုန်လှေ တစင်းမှာ လှေထိုးသားအဖြစ်နဲ့ ဝါးခယ်မကိုရောက်လာတယ်။ ငှက်ဖျားရောဂါ အပြင်းအထန်ဖြစ်တာနဲ့ သူ့လှေသူကြီးဟာ သူ့ကိုဆေးရုံတင်တယ်။ သူဆေးရုံက မဆင်းခင် လှေထွက်သွားတယ်။ ဆေးရုံကဆင်းတဲ့အခါ ကိုစံထွန်းနဲ့ တွေ့ပြီး ထမင်းချက်အဖြစ်နဲ့ အိမ်ကိုရောက်လာတယ်၊ ပန်းရီဟာ မောင်နုထက် (၁၅)နှစ် ၊

လောက်ကြီးတယ်။ ပန်းရီဟာ အလုပ်သိပ်လုပ်တယ်။ ထမင်းချက် ဆိုပေတဲ့ အားတာနဲ့ တပြိုင်နက် အလကားထိုင်မနေဘူး။ ရေထမ်းတယ်။ အဝတ်ဖွတ်တယ်။ အိမ်မှာသန့်ရှင်းရေး လုပ်တယ်။ အိမ်ရှေ့က ပန်းခြံကလေးထဲမှာ သစ်ပင်ရေလောင်းတယ်။ ဆိုင်ထွက်နေတဲ့ မစောခင်ဆီကို ထမင်းပို့ တယ်။ မောင်နုနဲ့ သူ့ထက် တနှစ်ငယ်တဲ့ ညီမောင်ဥ တို့ ကိုကျောင်းလိုက်ပို့တယ်။ ကျောင်းအပြန်အသွား ကြိုတယ်။ အရပ်စကားနဲ့ ပြောရရင် ပန်းရီဟာ “ဖင်သိပ်ပေါ့တယ် ။ အဲဒီလို ဖင်ပေါ့တာကြောင့် ညဘက်အလုပ်ပြီးတဲ့ အချိန်မှာ သူဟာ ကစော်နဲနဲသောက်လေ့ရှိတာကို အိမ်သူအိမ်သားတွေ မကြိုက်ပေမဲ့ ဘာမှမပြောကြဘူး။လျစ်လျူရှုထားကြတယ်။ တခါမှာတော့ ပန်းရိဟာ ပုညကောသလအသင်းရဲ့ ကထိန်မှာ ပတ်စာခွာ ဖျာသိမ်းတဲ့အထိ မနေမနား သွားပြီး ကူတဲ့အတွက် အသင်းလူကြီး တဦးဖြစ်တဲ့ ၊ ဦးလူကလေးက ပန်းရီကို သူတို့ လူကြီးတွေသောက်ပြီးလို့ ပုလင်းထဲမှ နဲနဲ ကျန်နေသေးတဲ့ မြင်းဖြူတံဆိပ် ဘိလပ်အရက်ကို ပေးလိုက်တယ်၊ ပန်းရီဟာ ဘိလပ်အရက်ကို အခွင့်ကောင်းရမှ ကျကျနန သောက်မယ်ဆိုပြီး အိမ်အပြင်ဘက် ထင်းစင်နဲ့ ကပ်ဆောက်ထားတဲ့ သူ့အခန်းလေးထဲမှာ သိမ်းထားလိုက်တယ်။ ညတည ရောက်တဲ့အခါ မန္တလေး ကတရားဟောကောင်းတဲ့ ဆရာတော်တပါး ပုညကောသလ အသင်းမှာ တရားဟောတယ်။ ဒေါ်ကြီးဟာ နားလေးနေတဲ့အတွက် တရားပွဲ မသွားနိုင်ဘူး။ အဲဒါကြောင့် အိမ်မှာ အိမ်စောင့်အဖြစ် ဒေါ်ကြီး၊ မောင်နု၊ မောင်ဥနဲ့ ပန်းရီတို့ ပဲကျန်ရစ်တယ်။ ညတိုင်းကိုးနာရီလောက်မှာ မောင်နုနဲ့ မောင်ဥ အိပ်ရာဝင်ကြရတယ်၊ မဝင်ခင် ပန်းရီဟာ သူတို့ ကို အိမ်သာထဲခေါ်သွားပြီး သေးတယ်ရတယ်။ အဲဒိညမှာ အိမ်သာကအပြန် ပန်းရီဟာ မောင်ဥကို အိပ်ရအောင် လွှတ်လိုက်ပြီး မောင်နုကို သူ့အခန်းထဲလက်တို့ ခေါ်သွားတယ်။ အခန်းထဲရောက်တဲ့အခါ အခန်းတခါးကို ပိတ်လိုက်ပြီး ပန်းရီဟာ သခွားသီးတလုံးရဲ့ ထိပ်ကို ဒါးနဲ့ ဖြတ်တယ်၊ အဲဒီထိပ် နဲ့သခွားသီးရဲ့ ဖြတ်ထားတဲ့နေရာကို ပွတ်ပေးတဲ့အခါ အစီးတွေထွက် လာတယ်။ အဲဒိအစီးတွေကို ရေစင်အောင်ဆေးပစ်လိုက်ပြီး ပန်းရီဟာ သခွားသီးကို အစိပ်စိပ်လေးတွေဖြစ်အောင် လှီးတယ်။ နောက်ပြီးတော့မှ အသင့်လုပ်ထားတဲ့ ဖန်ခွက်တခွက် ထဲကို ဘိလပ်အရက် လက်တလုံး မရှိတရှိလောက်ထဲ့ပေးတယ်။ အဲဒိအရက်ကိုမှ မောင်နုသောက်နိုင်အောင် သံပုရာနဲ့ သကြားရေရောထားတဲ့ ဖျော်ရေတွေနဲ့ ရောပြီး ဖျော်ပေးတယ်။ သူ့ရဲ့ ညွှန်ကြားပြသချက်အရ မောင်နုဟာ အရက်ကို သခွားသီး အမြည်းနဲ့ သောက်ရတယ်။ အဲဒီအချိန်ကစပြီး မောင်နဲ့ ပန်းရိတို့ ဟာ မိတ်တွေရင်းချာတွေဖြစ်သွားကြတယ်။ ပန်းရီမှာ စေတနာရှိပေတဲ့ လူကြီးတွေ သိသွားမှာစိုးတဲ့အတွက် ပန်းရီဟာ မောင်နုကို သူသောက်သလို ညတိုင်းအ ရက်မတိုက်နိုင်ဘူး။ လူကြီးတွေ လစ်တဲ့အချိန်မျိုးမှာသာမောင်နုကို သူရဲ့အခန်းထဲလက်တို့ ခေါ်သွားခွင့်ရတယ်။ ဘိလပ်အရက်ကုန်တဲ့အခါ ပန်းရိနဲ့ မောင်နု တို့ ဟာ ကစော်ဘက်ကို လှည့်ကြရပြန်တယ်။ မောင်နုအတွက် ကစော်ဟာ သိပ်လဲမများ၊ အဲဒီအထဲမှာ သံပုရာဖျော်ရေတွေ ခပ်များများနဲ့

ရောပေးထားတဲ့အတွက်မောင်နုအဘို့ အဝင်မဆိုးလှဘူး။  ပုလင်း မိတ်ဆွေတွေ အဖြစ် ပန်းရီနဲ့ မောင်နုတို့ဟာ အတော်ရင်းနှီးလာတဲ့အခါ ပန်းရီဟာ ရှေ့ကို ခြေတလှမ်းတိုးတဲ့အနေနဲ့ မောင်နုကို သူ့အမေဆိုင်က ပိုက်ဆံအခိုးခိုင်းတယ်။ မောင်နုက ၂ ရက်တခါ၊ ၃ ရက်တခါခိုးခိုးပေးရတယ်။ တခါတလေ တကျပ်၊ နှစ်ကျပ်၊ တခါတလေ ၄-၅ကျပ်။ တခါတလေ တဆယ်ကျော်

လောက်အထိ ခိုးလို့ ရလာတယ်။ အဲဒါတွေအားလုံးပန်းရီကို ပေးလိုက်ရတယ်။ ခိုးတာမှ မက်လုံးရှိအောင် မောင်နုကို ပန်းရီက ဒီပိုက်ဆံနဲ့ ငါဝယ်ပေးမယ်။ ဘာလိုချင်သလဲ လို့ မေးတယ်။ မောင်နုက ခလေးတွေကစားတဲ့ ဘောလုံးနဲ့မောင်းချဒါးကို လိုချင်တယ်လို့ ပြောတယ်။ ပန်းရီက လူပါး။ အဲဒီတော့ မောင်နု ခိုးပေးလိုက်တဲ့ ပိုက်ဆံနဲ့ မဝယ်ဘူး။ ဘောလုံးနဲ့ မောင်းချဒါးကို ခိုးတတ်အောင် မောင်နုကိုသင်ပေးတယ်။သင်ပုံကဒီလို။

ဝါးခယ်မက လေးဒေါင့်ပုံသဏ္ဍန်ရှိတဲ့ အထည်ဈေးရုံကြီးထဲကို ဝင်ဘို့ အရှေ့ ဘက်မှာလေးပေါက်။ အနောက်ဖက်မှာ လေးပေါက်။ ဝင်ပေါက် ပေါင်း ၈ပေါက် ရှိတယ်။ အဲဒိအဝင်ဝတွေမှာကျူလီယာ ကုန်စုံဆိုင်လေး တွေရှိတယ်။ အဲဒီ ကျူလီယာလေးတွေဟာ မူဆလင်တွေဖြစ်တဲ့အတွက် သောကြာနေ့တိုင်း နေ့လည် တချက်တီးမှ သူတို့ ရဲ့ ဆိုင်တွေကို ဖွင့်တယ်။ မောင်နုရဲ့ အမေ မစောခင် အထည်ဆိုင် တန်းကို ဝင်တဲ့အပေါက်ဝမှာ ကျူလီယာ ကုန်စုံဆိုင်တဆိုင် ရှိတယ်။ ပန်းရီဟာ မစောခင်ဘို့ နေ့စဉ်ထမင်းသွားပိုရတဲ့အတွက် သောကြာနေ့တိုင်းမှာ ဒီဆိုင်ရဲ့ အနေအထားကို လေ့လာခွင့်ရတယ်။ အဲဒါကြောင့် ဒီဆိုင်ရဲ့ ပျော့ကွက်ဟာ ဘယ်နေရာမှာရှိတယ်ဆိုတာ သူကောင်းကောင်းသိတယ်။ ဒီဆိုင်ကလေးတွေရဲ့ နောက်ကျောဟာ အထည်ဈေးရုံကြီးရဲ့ နံရံဖြစ်တယ်။ အဲဒီနံရံကို ကပ်ပြီး အင်္ဂတေ ဆိုင်ကလေးတွေ ဆောက်ထားတယ်။ အဲဒီဆိုင်ခုံတခုပေါ်မှာ ကုန်စုံဆိုင် တခုကျစီ စပ်ထားတဲ့ တံခါးအရှင်ဖြစ်တယ်။ ဆိုင်ပိတ်ချိန်ကျရင် အဲဒိပျဉ်ပြားတွေကိုဆိုင်ခုံအောက်ကထုတ်။ ဆိုင်ရဲ့ ဘေး ၂ ဘက်နဲ့ ရှေ့မှာ သူတို့ ကို ထိန်းထားပေးဘို့ တပ်ထားတဲ့ သစ်သားတန်းတွေရဲ့ ကြားထဲကို ထဲ့လိုက်ပြီး မျောက်လက်တပ်ထားတဲ့ ပျဉ်ပြား ၂ချပ်ကို သော့ခတ်လိုက်တာပါဘဲ။ ဆိုင်ဖွင့်ချိန်ကျရင် သော့ခလောက်ကို ဖွင့် ပျဉ်ပြားတချပ်စီ ထုတ်ပြီး ထိုင်ခုံအောက်သွင်းထားလိုက်ကြတယ်၊ နှစ်တွေ ကြာလာတော့ ဒီပျဉ်ပြားတွေထဲမှာပျံ့တဲ့ဟာ ကဂျုံ၊ လိမ်တဲ့ဟာက လိမ်၊ ကောက်တဲ့ဟာ ကောက်ကုန်ကြပြီ။ ဒီပျဉ်ပြားတွေထဲက တချို့ပျဉ်ပြားကို အားကောင်းကောင်းနဲ့ ဖိပြီးတွန်းလိုက်ရင် ခလေးလက် တချောင်းဝင်နိုင်အောင် အပေါက်ကလေးဖြစ်သွားတယ်။ မောင်နုလိုချင်တဲ့ ဘောလုံးတွေကို ပိုက်ကွန်လိုဟာမျိုးနဲ့ အုပ်ပြီး ဆိုင်ရဲ့ မျက်နှာကျက်မှာဆွဲထားတယ်။ မောင်းချဒါးကလေးတွေကျတော့ ဆိုင်ခုံပေါ်မှာ တင်ထားတယ်။ အဲဒီတော့ ဘောလုံးကို ခိုးချင်ရင် ပန်းရီဟာ သူ့ဂုတ်ပေါ်မှာ မောင်နုကို ခွထိုင်ခိုင်းပြီး သူကခွေးခြေတခုပေါ်မှာ ရပ်ရတယ်။ ပြီးတော့မှ တံခါးတချပ်ကို သူကတအားဖိတွန်းတယ်။ ပွင့်လာတဲ့ အပေါက်ကလေးက မောင်နုဟာဘောလုံးကိုခိုးရတယ်။ မောင်းချဒါးကို ခိုးတဲ့အခါကျ တော့ ဒီလောက်ခဲခဲယဉ်းယဉ်း မကြံရဘူး။ ပျဉ်ပြားရဲ့ အောက်ပိုင်းကို ပန်းရီက ဖိတွန်းပေးပြီးမောင်နုက အသာကလေး နှိုက်ယူရတာပါပဲ။ ခိုးရင် ဒီဘဝမှာ ထောင်ကျနိုင်တယ်။ နောက်ဘဝမှာ ငရဲကျနိုင်တယ်။ ဆိုတာတွေကို မောင်နု မကြားဖူးဘူး။ အဲဒါကြောင့် ဒီလိုခိုးရတာကို သိပ်ပျော်ပြီး သွားခိုးရအောင် ပန်းရီကို ခဏခဏ ပူဆာတယ်။ ဒါပေမဲ့ ခိုးချင်ရင် ဈေးမစည်ခင် ခြောက်နာရီနဲ့ ခြောက်နာရီခွဲ အတွင်းမှာ ခိုးရမယ် အဲဒီအချိန်မှာ မောင်နုရဲ့ အမဝမ်းကွဲ မသိန်းတင်ကိုယ်တိုင် ကွပ်ကဲပြီး အတင်း စာကြည့်ခိုင်းထားတာဆိုတော့ မောင်နုဟာ ခိုးချင်တိုင်း ခိုးခွင့်မရရှာဘူး။ တလနှစ်လကြာမှတခါလောက်ပဲရတယ်။ နောက်ထပ် သုံးကြိမ်လောက်ခိုးပြီးတဲ့အခါ ခိုးနေတာကို မြင်ရတဲ့ မိတ်ဆွေတွေက ပြန်ပြောကြတယ် ထင်ပါရဲ့။ ဆိုင်ရှင် ကျူလီယာကုလားတွေ သိသွားကြတယ်၊ သူတို့ က မောင်နုရဲ့ မိဘတွေကို တိုင်ကြတဲ့အတွက်နောက်ထပ်ခိုးခွင့်မရဘူး။ အဲဒါကြောင့် ပန်းရီရဲ့ ခြေဦးဟာ တဘက်ကို ဒီလို လွှဲ သွားပြန်တယ်။ ဝါးခယ်မ ကမ်းနားလမ်းညဈေးတန်းမှာ အသုပ်ရောင်းတဲ့ တရုပ်ဆိုင်တဆိုင်ရှိတယ်။ ဒီဆိုင်ရှင် တရုပ်ဟာ သွပ်လင်ပန်းကြီးထဲမှာ အသားမျိုးစုံ ထည့်ထားပြီး ဝယ်စားသူ လာရင် ကြိုက်ရာအသားကို လုပ်ကျွေးတယ်။ များသောအားဖြင့် ဒီတရုပ်ဟာ ဘိန်းငိုက်နေတယ်။ အဲဒါကြောင့် ပန်းရီနဲ့ မောင်နုဟာ တပဲဘိုးစီလောက်စားပြီး တရုပ်ဘိန်းအငိုက်မှာ သွပ်လင်ပန်းထဲကသူတို့ ကြိုက်ရာ အသားတွေကို သူတို့ ပန်းကန်ထဲ ခိုးခိုး ထည့်ကြတယ်။ ဝတော့မှ ထပြန်ကြတာပဲ။ အဲဒီတရုပ်ဆိုင်မှာ ခိုးရတာဟာ ပိုင်ရှင်ကို ရှေ့မှာထားပြီး ခိုးရတာကြောင့် ဂျူလီယာကုလားဆိုင်မှာ ခိုးရတာထက် ပိုပြီးကြီးကျယ်တယ်။ ခက်ခဲတယ်။ သတိနဲ့ စွမ်းရည်ပိုလိုတယ်လို့ပန်းရီက မောင်နုကို လှိမ့်ထားတယ်။ အဲဒီလှိမ့်တာကို အဟုတ်ကြီးထင်နေတဲ့အတွက် သူဟာ ကြီးကျယ်တဲ့ ခက်ခဲတဲ့ အလုပ်ကြီးတခုကို လုပ်ရပေပြီ။ သတိနဲ့ အစွမ်းရှိတဲ့လူတယောက် ဖြစ်နေပြီလို့ ယူဆပြီး မောင်နုဟာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတယ်။ နဲနဲဘဝင်မြင့်ချင်သလိုလိုလဲ ဖြစ်လာတယ်။

နောက်များမကြာမီ ပန်းရီဦးနှောက်ထဲမှာ အကြံသစ်တခုပေါ်လာပြန်တယ်။ ဒီအကြံသစ်အရ မီးဖိုချောင်ရဲ့ လက်တလုံးလောက်စိ ကြံနေတဲ့ ပျဉ်ကြားတွေထဲက ပိုက်ဆံကြိုးကို ဂွင်းလျာလုပ်ပြီး မြေကြီးပေါ်ကို ချထားတယ်။ အဲဒိဂွင်းလျာထဲမှာ ဆန် လေးငါးစေ့ကြဲထားတယ်။ မီးဖိုအောက်ကို ရောက်လာတဲ့ အိမ်နီးချင်းအိမ်က ကြက်တွေဟာ ဂွင်းလျှာထဲကဆန်ကို စားတာနဲ့ တပြိုင်နက်ပန်းရီဟာ ကြိုးကို တအားတုပ်ဆွဲလိုက်တယ်။ မောင်နုက ဂွင်းလျှာထဲမှာ မိနေတဲ့ ကြက်ကို ဆင်းဖမ်း ရတယ်၊ ပြီးတော့မှ သူတို့နှစ်ယောက်ချက်ပြီး တချို့ကို ထမင်းနဲ့ စားတယ်။ တချို့ကို ကစော်နဲ့ မြည်းကြတယ်။ ဒီအကြံသစ်ဟာ ဘဲသားသုတ်ရောင်းတဲ့ တရုတ်ကြီး ကုသိုလ်ကောင်းတို့ ဖြစ်လာ ရတယ်၊ အိမ်မှာကြက်သားကို ဗိုက်ကားနေအောင် လုပ်နေကြရတဲ့အတွက် မသူတော်နှစ်ယောက်ဟာ ညဈေးတန်းကို ခါတိုင်းလိုသွားပြီးခိုးစားဘို့ မလိုတော့ဘူး။ နောက်များမကြာခင် ပန်းရီနဲ့ မောင်နုဟာ ထိုင်ပြီး ကစော်သောက်နေကြရင်း ပန်းရိက ဟေ့ကောင် မောင်နု မင်းလင်မယားလုပ်တမ်းကစား ပါလားလို့ အကြံ ပေးလိုက်တယ်။ ။ ဘယ်လိုကစားရမှာလဲ။ ဒီကောင်ဟာ စောက်အပဲ။ လင်မယားလုပ်တမ်းကစားတယ်ဆိုတာ ဒီလိုလုပ်ရတယ်ကွလို့ အစချီပြီး သူတတ်သော နည်းမျိုးစုံကို လျှောက်သင်တော့တာဘဲ။ ဒီလောက်ကြာအောင်ပေါင်းလာပြီးတဲ့အခါ မောင်နုဟာ ပန်းရိကို အတော်ကြီး ကြည်ညိုနေပြီ။ တော်တော်စွမ်းတဲ့လူ။ အကြံကောင်းဉာဏ်ကောင်းတွေ အများကြီး ပေးနိုင်တဲ့လူလို့ သူ့စိတ်ထဲမှာ ယူဆထားပြီးပြီ။အဲဒါကြောင့် ပန်းရီပြောပြီးတဲ့အခါ ခါတိုင်းထက် ပိုပြီးကြည်ညိုနေတဲ့စိတ်နဲ့ ဘယ်သူနဲ့ ကစားရမလဲလို့ မောင်နုက ပြန်မေးတယ်။ အဲဒီအချိန်က မောင်နုတို့ အိမ်မှာ အစေခံ မိန်းကလေး ၂ယောက် လောက်ရှိတယ်။ တယောက်က အသက်၂ဝလောက်ရှိနေပြီ။ တယောက်ကတော့ မောင်နုနဲ့ ရွယ်တူလောက်ဘဲ။ ကိုးနှစ် ကျော်ကျော်လောက် သာရှိသေးတယ်။ သူတို့ ရဲ့ နာမည်အမှန်ကို မပြောချင်ဘူး။ အဲဒီတော့ အကြီးမကို မယ်တင်။ အငယ်ကို လှကြွေလို့ ပဲခေါ်ကြပါစို့။ ပန်းရီဟာ နောက်တနေ့ကျတော့ လှကြွေရဲ့ ပန်းကန်ထဲကို ဟင်းတွေအများကြီး ထည့်ပေးရင်း လှကြွေ ငါ့ ပြောတဲ့စကားကို နင်နားထောင်နော်။ နင့်ကို နေ့တိုင်း ဒီလိုပဲ ဟင်းတွေအများကြီး ထည့်ပေးမယ်လို့ ပြောတယ်။လှကြွေက ဟုတ်ကဲ့လို့ ဖြေတယ်။ထမင်းစားပြီးတဲ့အခါ ပန်းရီဟာ လှကြွေကိုပိုက်ဆံတပြားပေးတယ်။ လှကြွေဟာ သိပ်ဝမ်းသာသွားတယ်။ နောက်ကိုလည်း သုံးလေးရက်ဆက်ပြီးပန်းရီဟာ လှကြွေကို ဒီလိုဘဲ လောကွပ်လုပ်တယ်။ စနေနေ့ ရောက်လာတဲ့အခါ နေ့လည် တချက်တီးလောက်မှာ ကိုစံထွန်း ၊ မစောခင်တို့ ကဆိုင်မှာရှိနေတယ်။ ဒေါ်ကြီးက အိပ်နေတယ်။မသိန်းတင်နဲ့ မယ်တင်တို့ က ဈေးထွက်ဝယ်ကြတယ်။ မောင်နုရဲ့ ညီ မောင်ဥကလည်း အိမ်ရှေ့မှာ ဖန်ဒိုးပစ်တမ်းကစားနေတယ်။ ပန်းရိဟာ လှကြွေနဲ့ မောင်နုတို့ ကို နင်တို့ လင်မယားလုပ်တမ်း ကစားရမယ်လို့ ပြောပြီး သူ့အခန်းထဲက ချေးလက်လေးသစ်တက်ချင်စော်နံနေတဲ့ သူ့ ခြင်ထောင်ထဲ သွင်းပေးလိုက်တယ်။ သူတို့ နှစ်ဦးစလုံးဟာ ခလေးတွေ ရှိကြသေးတာဘဲ။ အဲဒီလောက်တော့ ပန်းရီက ဘာတွေကို သင်ပေး သင်ပေး၊ သူတို့ နှစ်ဦးရဲ့ လင်မယားလုပ်တမ်းကစားတာဟာ လူကြီးတွေကစားတာမျိုးတော့ဘယ်ဖြစ်မလဲ။ ခလေးကစားတာမျိုးလောက်ဘဲဖြစ်တာပေါ့ ။ တနေ့မှာ ပန်းရီဟာ အိမ်ကို တံမျက်စီးလှည်းရင်း အိမ်ခေါင်းရင်းက စားပွဲခုံ တခုပေါ်မှာ ငွေဒင်္ဂါးတွေနဲ့ ငွေစတွေကို တွေ့တယ်။ အားလုံးပေါင်း တစ်ရာဘိုး

လောက်ရှိလိမ့်မယ်။ အဲဒီငွေတွေကို သူလိုချင်တယ်။ အဲဒါကြောင့် မောင်နုကို ခေါ်ပြီး ဒီငွေတွေကို အခိုးခိုင်းတယ်။မောင်နုကလည်း ပန်းရီပြောတဲ့အတိုင်းလုပ်တာဘဲ။

မောင်နုရဲ့ ဦးလေး ကိုဘဟာ မောင်နုတို့ ကျောင်းမှာ လေးတန်းပြဆရာ လုပ်နေတယ်။ အဲဒီငွေတွေဟာ ကျောင်းပိုင်ငွေတွေ။ လွန်ခဲ့တဲ့နေ့ ကျောင်းစာရေး အိမ်ပြန်သွားတဲ့ အတွက် မအပ်ခဲ့ရသေးဘဲ အိမ်ကိုယူလာတာဖြစ်တယ်။ နောက်တနေ့ ကျောင်းသွား ခါနီးမှာ ငွေတွေကို ရှာမတွေတဲ့အတွက်၊ ကိုဘဟာ မောင်နဲ့ မောင်ဥကို ခေါ်ပြီးမေးတယ်။ မောင်ဥ၊ဒီအပေါ်ကငွေတွေကိုယူသလား။ ကျွန်တော်မယူဘူး၊

ဦးလေး။ မောင်နုမင်းယူသလား။ ယူတယ်။ ဘယ်မှာလဲ။ ကိုပန်းရီဆီမှာ။ ပန်းရီမောင်နုပေးထားတဲ့ငွေတွေဘယ်မှာလဲ။ ကျွန်တော်မသိဘူး။ ခလေးကမင်းကိုပေးထားတယ်လို့ ပြောနေပြီ။မင်းမလိမ်နဲ့။

ကျွန်တော်မလိမ်ဘူး။ ဟေ့ကောင် မောင်နု မင်းဘာမဟုတ်တာတွေ လျှောက်ပြော နေတာလဲ။(မျက်လုံးပြူးပြီး)မင့်ငွေပေးသလား။ ပေးတယ်။ မင်းမလိမ်နဲ့။မလိမ်ဘူး။ ဟေ့ကောင် ပန်းရီ ။အခုငွေထုတ်ပေးရင် မင်းသက်သာမယ်။ ဂါတ်တိုင်ပြီးမှ ဆိုရင် မင်းဒုက္ခရောက်လိမ့်မယ်။ ကျွန်တော်မှမသိပဲ။ ကိုဘဟာ ဂါတ်တိုင်တဲ့အတွက် ဂါတ်က စာသင်တယောက်လိုက်လာပြီး ပန်းရီကို ခေါ်သွားတယ်။ ဂါတ်ကိုရောက်တဲ့အခါ ဘေးကို လက်သီးနဲ့ သုံးလေးချက်လောက်ပဲထိုးရတယ်။ ဝှက်ထားတဲ့ငွေကို ပြပါမယ်ဖြစ်လာတယ်၊ ငွေပြန်ရပြီးတဲ့နောက် ဦးလေးဟာ သူအစ်ကို ကိုစံထွန်းကို အကျိုးအကြောင်း ရှင်းပြပြီးပန်းရီကို နှင်ထုတ် ပစ်လိုက်တယ်။အမှုဆက်မလုပ်တော့ပါဘူး။

ပန်းရီထွက်သွားလို့ သုံးလေးရက် ကြာတဲ့အခါ မီးဖိုထဲမှာ ထမင်းချက်နေရင်းမယ်တင်ကမသိန်းတင်ကိုဒီလိုစပြောလိုက်တယ်။

တင်တင်ရယ်၊ ကိုပန်းရီကိုနှင်ထုတ်လိုက်တာ ကျမသိပ်ဝမ်းသာပါဘဲ။ ဒီလူဟာ မကောင်းဘူး။လူယုတ်မာ။ အင်း.........။ မောင်နုကိုသူ့အခန်းထဲခေါ်ပြီးအရက်ချော့တိုက်တယ်။ ဘယ်တုန်းကလည်း။ တင်တင်ရယ်။ဒီလိုတိုက်နေတာကြာလှပြီ။ ဦးငါ့ကိုချက်ချင်းဘာလို့ မတိုင်သလဲ။

မောင်နုအရိုက်ခံရမှာသနားလို့ ။

 ဦးကလဲအေ။ချက်ချင်းတိုင်ရောပေါ့။ ဒီထက်ဆိုးတာတောင်ရှိသေးတယ်။ တင်တင့်ကို ကျမ အခုမှ ဖွင့်ပြောမယ်။ ဘာလဲ။ ဒီပန်းရီဆိုတဲ့ကောင် ဟာကျမကို လူပျိုစကားပြောတယ်။ ညဘက်မှာ လူကြီး တွေ အိပ်ပျော်နေတုန်း သူ့အခန်းထဲမှာ သူနဲ့ လာအိပ်ဘို့ ခဏခဏ ခေါ်တယ်။ သူခေါ်တိုင်း ကျမက သူ့ကို အမေနဲ့ချည်းပဲ ကလော်တုတ်တာပဲ။ မယ်တင်ရယ်၊ငါ့ကိုချက်ချင်းတိုင်ရောပေါ့။

တနေ့မှာ မီးဖိုချောင်ထဲမှာ ကျမလက်ကို ဆွဲတယ်။ ကျမက ဘယ်ခံမလဲ။ မအေနဲ့ ကလော်တုပ်ပြီး ပါးပြန်ရိုက်တာပေါ့။ အဲဒီတော့ သူက ကျမကို စောက်ကမြင်းမလို့ လည်း ဆဲတယ်။ နင်ကောင်းကောင်း သတိထား။ နင့်ခြင်ထောင်ထဲကို ငါမောင်နုလွှတ်လိုက်မယ်လို့ ကျမကို ကြိမ်းတယ်။ နောက် ၂ရက်လောက်ကြာတော့သန်းကောင် ကျော်ကျော်လောက်မှာ မောင်နု ကျမခြင်ထောင်ထဲ ဝင်လာပြီး ကျမကို အတင်းဖက်ထားတယ်။ ကျမလဲလန့် နိုးပြီး သူ့ကို တွန်းပစ်လိုက်တယ်။ ပထမတော့ အိမ်မက်မက်သလိုလို ဖြစ်နေတယ်။ နောက်ကို မောင်နုမှန်းသိတော့မှ ဒီကောင်လေး ဒီမှာ ဘာလာလုပ်တာလဲ၊ နင့်အိပ်ယာနင်ပြန်သွား တင်တင့်ကို အော်ပြီးတိုင်လိုက်ရမလားဆိုတော့မှ မောင်နုထွက်သွားတယ်၊ ပန်းရီလွှတ်လိုက်တာဖြစ်မှာပေါ့၊ ဒါပေါ့ တင်တင်ရဲ့၊ ဒီအကောင်ဟာ အလုပ်တော့လုပ်ပါရဲ့။ ဒါပေမဲ့ သိပ်ရှုတ်တယ်။ သူကိုနှင်ပစ်လိုက်တာကျမသိပ်ဝမ်းသာတာပဲ။ ဒီလိုဟာတွေ ဖြစ်ဖြစ်ချင်း ငါ့ကို တိုင်ရောပေါ့အေ။ ဒါတွေ ငါ့အိမ်မှာဖြစ်တာ ငါ မကြိုက်ဘူး။

ကျောင်းပြန်လာတဲ့အခါ မသိန်းတင်ဟာ မောင်နုကို ခေါ်လိုက်တယ်။ မသိန်းတင်ဟာ အင်မတန်စည်းကမ်း ကြီးတယ်။ အပြစ်ရှိရင်လည်းမညှာဘူး။ ခေါင်းကိုသူ့လက်နဲက ခေါက်တဲ့ အခါခေါက်။ ပေါင်ကို ဆွဲလိမ်တဲ့ အခါလိမ်။ ကြက်မွှေး တံမြက်စီးနဲ့ ရိုက်တဲ့အခါ ရိုက်တဲ့အတွက် အဖေကိုလဲ မကြောက်။ အမေကိုလည်းမကြောက်။ အမေရဲ့ အမကြီးဒေါ်ကြီးဆိုရင် ဖုတ်လေတဲ့ ငပိ ရှိတယ်လို့ တောင် မမှတ်တဲ့၊ မောင်နုနဲ့ မောင်ဥတို့ ညီအကိုနှစ် ယောက်ဟာ မသိန်းတင်ကို သိပ်ကြောက်တယ်။ မောင်နုမင်းပန်းရီတိုက်တဲ့အရက်သောက်သလား။ သောက်တယ်။ ဘယ်နှစ်ခါလောက်ရှိသလဲ။ ခဏခဏပဲ။ မယ်တင် ရဲ့ ခြင်ထောင်ထဲကိုလဲ မင်းဝင်တယ်ကြား ရတယ်။ ဟုတ်သလား။ ဟုတ်တယ်။ သွား။ကြက်မွေးတံမျက်စီးသွားယူချီ။ တင်တင်ရယ်။ မောင်နုဟာ ခလေးပဲရှိပါသေးတယ်၊ ဒီတခါတော့ ချမ်းသာပေးပါ။ မယ်တင်ဦးအသာနေ။ (မောင်နုဘက်သို့) သွား၊ ကြက်မွှေး တံမျက်စီးသွားယူချီ။ မောင်နုဟာ ကြက်မွှေးတံမြက်စီး ယူလာရတယ်။ မသိန်းတင်က ကြက်မွှေးတံမျက်စီး ကို ကြက်မွှေးဘက်ကကိုင်။နောက်ကိုဒါမျိုးမလုပ်နဲ့လို့ ဆုံးမပြီး၊ မောင်နုရဲ့ တင်ပါးကို ငါးချက်ရိုက်တယ်။ မောင်နုဟာ မသိန်းတင်ကိုတော့ ကြောက်တယ်။ ဒါပေမဲ့ မသိန်းတင်က ခေါက်ခေါက်လိမ်လိမ် ရိုက်ရိုက် ဘယ်တော့မှ မငိုဘူး။ မသိန်းတင်ရိုက်တာကို ဒေါ်ကြီးသီသွားတဲ့အခါ သူတူချစ်ရဲ့ တင်ပါးက အရှိုးရာတွေကို ကြည့်ပြီး မျက်ရည်ကျရှာတယ်။

အခန်း (၂) 

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလထဲမှာ ပထမတက္ကသိုလ် သပိတ်ပေါ်လာတယ်၊ မကြာခင်ဒီသပိတ်ဟာ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေကို ကူးစက်သွားပြီးမောင်နုတို့ လည်း သပိတ်ထဲပါသွားကြတယ်၊ မောင်နုဟာ ဒီအချိန်မှာ ၇ တန်း။ အသက်ကတော့ ၁၃နှစ်ကျော်နေပီ။ အဲဒိအချိန်မှာ မောင်နု ရဲ့ လုပ်ပုံကိုင်ပုံ၊ ပြောပုံဆိုပုံတွေဟာ ရှေးကနဲ့မတူတော့ဘဲအနည်းငယ် ပြောင်းလဲလာတာသူ့ ကို အခြတ်မိတဲ့လူတွေ တွေ့လာကြတယ်၊ ဒီလိုပြောင်းလဲလာတာဟာ ကျောင်းသားသပိတ်ကြောင့် ဖြစ်တယ်လို့ အဲဒိအကဲခတ် မိသူတွေက ယူဆကြတယ်၊ တကသိုလ် သပိတ်ခေါင်းဆောင်တွေက ဟောပြောပြသတဲ့၊ လွတ်လပ်ရေးတရားတွေ။ အမျိုးသားကျောင်းမှာ၊ မောင်နုတို့ သင်ရတဲ့အာဇာနည်များ၊ လွတ်လပ်ရေး တိုက်ပွဲများ၊ အစရှိတဲ့ စာအုပ်တွေဟာ မောင်နုရဲ့ စိတ်ကို တမျိုးတဖုံ ပြောင်းပစ်လိုက်တယ်လို့ အဲဒိအကဲခတ်မိသူတွေက ယုံကြည်နေကြတယ်။ အကယ်လို့ ရာခိုင်နှုန်း အပြည့် မှန်တယ်ဆိုရင် ဒီဟောပြောချက်တွေ၊ ဒီစာအုပ်တွေကြောင့် မောင်နုဟာ ၊ကောင်းတာတွေကိုပဲလုပ်ရမယ်။ မကောင်းတာတွေကို မလုပ်ရဘူး။ အခုတော့ သူပြောတာဆိုတာတွေ၊လုပ်တာကိုင်တာတွေထဲမှာ အကောင်းတွေလည်း ပါနေတယ်။ အဆိုးတွေလည်း ပါနေတယ်။ အခုလို ပြောင်းလဲလာတာနဲ့ ပတ်သက်ပြီး မောင်နုအကြောင်းကို ကောင်းကောင်းသိတဲ့ သူ့ဆွေမျိုးရင်းခြာတယောက် ပြောပြတာဟာ စိတ်ဝင်စားစရာကောင်းတယ်။ အဲဒီ ဆွေမျိုးရင်းခြာ ပုဂ္ဂိုလ်က မောင်နုနဲ့ ပတ်သက်ပြီး ဒီလိုပြောတယ်။ ။ လူတိုင်းမှာ ဦးနှောက်နဲ့ နှလုံးသားဆိုပြီး အဓိကအစိပ်အပိုင်းကြီးနှစ်ခုရှိတယ်။ အသက်အရွယ်ကြီးမားလာတာနဲ့ အမျှ တချို့လူတွေမှာ ဦးနှောက်နဲ့ နှလုံးသားဟာ တညီတညာထဲ ကြီးထွားလာကြတယ်၊ တချို့မှာ ဦးနှောက် ကနှလုံးထက်ပိုပြီးကြီးထွားလာကြတယ်၊ တချို့မှာတော့ ဦးနှောက်ထက် နှလုံးက ပို ပြီးကြီးထွားလာကြတယ်၊ အဲဒီလို လူသုံးစားရှိတဲ့အထဲမှာ မောင်နုဟာ တတိယ အမျိုးအစားထဲမှာရောက်နေတယ်။ အရွယ်ကြီးလာတာနဲ့ အမျှ သူ့နှလုံးဟာ သူ့ဦးနှောက်ထက် အဆမတန် ပိုပြီးကြီးထွားလာတယ်။ ထူးထူးခြားခြား ပိုမိုကြီးထွားနေတဲ့အတွက် လူများစုက အသေးအဖွဲလို့ ယူဆထားတဲ့ ပြ၊နာကလေးတွေဟာ မောင်နုမှာ အကြီးကြီးတွေ ဖြစ်တဲ့အခါ ဖြစ်ပြီး အကျိုးရှိမဲ့ ကိစ၊မျိုးလဲမဟုတ်ဘူးဆိုတဲ့အချက်တွေကို သူ့ဦးနှောက်က မစဉ်းစားနိုင်သေးခင် သူ့နှလုံးထိခိုက် တာကို မှီပြီး မောင်နုဟာ တခုခုပြောဘို့ ဒါမှမဟုတ်ရင်လည်း တခုခုကို လုပ်ဘို့ ချက်ခြင်း ချက်ခြင်း ဆုံးဖြတ်ချက်ချလေ့ရှိတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဘာကြီး ဖြစ်သွားဖြစ်သွား။ လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်နေတဲ့အတွက် ဆုံးဖြတ်ချက်တခုကို ချပြီးရင် ၊ ပြင်ဘို့ မလွယ်တော့ဘူး။ အဲဒီဆုံးဖြတ်ချက်အတိုင်း တခုခုကို ပြောပြီး လုပ်ပြီးမှ သူ့ဦးနှောက်က ကျကျနန စဉ်းစားနိုင်တဲ့ အခါသူပြောမိတာ လုပ်မိတာဟာ မှားမှန်းသိရင် မောင်နု အများကြီးဝမ်းနည်းပက်လက်ဖြစ်နေတတ်တယ်။ အဲဒီလို မှားပြီးရင် နောက်ထပ်မမှားဘို့ မောင်နုဟာ အများကြီးကြိုးစားလေ့ရှိတယ်။ ဒါပေမဲ့ နှလုံးက ဦးနှောက်ထက် ကြီးနေတဲ့ မောင်နု ဟာ ကြိုးစားလို့ မအောင်မြင်နိုင်ဘူး။ မှားမှားပြီးသမှ နောင်တရတာတွေ ဟာ အင်မတန်များတယ်။ အဲဒီလိုဖြစ်တာဟာ ၁၃

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)