စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 13

Other Websites

ဥမ္မာသျှား - ငါးပိ၊တို့စရာနှင့်အချဥ်တည်စာ

ဥမ္မာသျှား - ငါးပိ၊တို့စရာနှင့်အချဥ်တည်စာ

ပုံမှန်ဈေး 0 Ks
ပုံမှန်ဈေး ရောင်းဈေး 0 Ks
ရောင်းရန် ရောင်းကုန်ပြီ
ငါးပိဖုတ်ဆီဆမ်း
(၄- ၆-ဦးစာ) 

Baked-shrimp paste sprinkled with oil

 

          ဆရာမပြလျှင် ငါးပိဖုတ်တောင်နည်းမကျ ဟူသည့် ဆိုရိုးအရ ငါးပိဖုတ်နည်းကို သိထားသင့် သည်။ ပဲဆီထက် နှမ်းဆီဆမ်းစားလျှင် အရသာ ပို၍ တွေ့နိုင်သည်။

 

 ပါဝင်အမယ်               အချိုးအဆ 

 ငါးပိ                          ၅ကျပ်သား

 စိမ်းစားငါးပိ               ၃စပဇ

 

-  ရေဆွတ်ထားသော သစ်သားယောက်မပြားတွင်  ငါးပိ အပြည့်ကပ်၍ လက်ဖြင့် အသာအယာ ဖိပါ။ 

-  ငါးပိပြားပေါ်တွင် လက်ညှိုးဖြင့် အခွက်ရာလေးများလုပ်ပါ။ 

-  ငါးပိ ကပ်ထားသည့် သစ်သားယောက်မ အပြားဘက်ကို မီးအေးအေးပေါ် မှောက်လျက်ကင်

   ပါ။မီးများလွန်းလျှင် ငါးပိ တူးသွားတတ်သည်။ အလွန်ခြောက်သွေ့ပြီး တူးသွားလျှင် ငါးပိအချိုအရသာ 

   ပျက်တတ် သည်ကို သတိထားပါ။ 

- ငါးပိ မျက်နှာပြင်တွင် မီးထိသည့်အရောင် ရလာကာ မာတင်းပြီး မွှေးလာလျှင် ယောက်မမှ ငါးပိ ဖုတ်ကို

   ခွာ၍ ပန်းကန်ထဲ ထည့်ပါ။ မျက်နှာပြင် အနှံ့ ဆီဆမ်းပါ။

 

ငါးပိထောင်း

(၄-၆-ဦးစာ) 

Pounded shrimp paste

 

          အခြောက်ထောင်းနှင့် အစိမ်းထောင်းဟူ၍ ငါးပိထောင်း နှစ်မျိုးရှိသည်။ အခြောက်ထောင်းမှာ မီးကင် ဖုတ်ထားသော စိမ်းစားငါးပိကို ကြက်သွန်ဖြူ ပုစွန်ခြောက်၊ မီးကင်မိုးမျှော် ငရုတ်သီးတို့ဖြင့် ထောင်း ခြင်းမျိုးဖြစ်သည်။ အစိမ်းထောင်းမှာ စိမ်းစား ငါးပိကို မီးမကင်မဖုတ်ဘဲ အစိမ်းအတိုင်း ပုစွန်ခြောက်၊ မိုးမျှော် ငရုတ်သီးစိမ်းတို့ဖြင့် ထောင်းခြင်းမျိုးဖြစ်သည်။

 

 ပါဝင်အမယ်            အချိုးအဆ

စိမ်းစားငါးပိ            ၅ကျပ်သား

ကြက်သွန်ဖြူ           ၁လုံး

ပုစွန်ခြောက်            ၁လဖဇ

မိုးမျှော်ငရုတ်သီး      ၁၀တောင့်၂

သံပရာဿီး             ၁လုံး

 

- ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာချွေထားပါ။

- ကြက်သွန်ဖြူကို အခွံသင်ထားပါ။ 

- ငါးပိကို စာ-၁ ပါအတိုင်း ဖုတ်ထားပါ။ 

- ပုစွန်ခြောက် ညက်အောင်ထောင်းပြီး ငါးပိဖုတ်၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းထည့်ပြီး ဆက်၍ ထောင်းပါ။

 

ငံပြာရည်ဖျော်

Fish sauce dip

(၄-၆ ဦးစာ)

 

          ဤငံပြာရည်ဖျော်မှာ အစိမ်းစားနည်း ဖြစ်သည်။ ပုစွန်ငံပြာရည်၊ ငါးငံပြာရည် အစိမ်း အကောင်းစားကို မချက်ဘဲ ငရုတ်သီးလှော်ဖြင့် အလွယ်တကူ စားသုံး နည်းဖြစ်သည်။ ငရုတ်ရှည်ခြောက်လှော်အမှုန့်ကို အလွယ်တကူ ဝယ်သုံးမည့် အစား ကိုယ်တိုင်လှော်ပြီး ထောင်းသုံးနိုင်ပါက ငံပြာရည်တွင် အနံ့ပိုမွှေး စေပါသည်။

 

ပါဝင်အမယ်                 အချိုးအဆ 

ငံပြာရည်                     ၅ ကျပ်သား

ပုစွန်ခြောက်မှုန့်            ၂ စားပွဲဇွန်း

ငရုတ်ရှည်ခြောက်         ၈ တောင့်

 

ငံပြာရည်ဖျော်နည်း 

-  မီးအသင့်အတင့်ပေါ်တွင် ဒယ်အိုးတင်ကာ ငရုတ်သီးခြောက် အတောင့်များထည့်ပြီး မတူးစေရန်

    သတိထား  လှော်ပါ။ 

-  အနည်းငယ်မျှ အအေးခံထားပြီး မညက်တညက် ထောင်းထားပါ။ 

-  ပန်းကန်လုံးထဲသို့ ငံပြာရည် ထည့်ပါ။ 

-  ပုစွန်ခြောက်မှုန့်နှင့် ငရုတ်လှော်မှုန့် ထည့်မွှေပါ။ 

-  တို့စရာနှင့် တွဲဖက်တည်ခင်းပါ။

 

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။