Skip to product information
1 of 15

စိတ်ကူးချိုချိုစာပေ

အောင်အေး(ရန်ကုန်တက္ကသိုလ်) - ဘာကြောင့်ခေါင်းဆောင်မဖြစ်ရမှာလဲ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

အခန်း (၁)

“ခေါင်းဆောင်ဖြစ်အောင် လေ့ကျင့်ဖို့အတွက် တစ်ခု တည်းသော နည်းလမ်းကတော့ ခေါင်းဆောင်လုပ်ခြင်းပါပဲ”

အန်ထော်နီ  ဂျေယန် (Antony Jayn)

ခေါင်းဆောင်ဆိုတာ

ခေါင်းဆောင်တစ်ယောက်ဟာ ခေါင်းဆောင်တဲ့ အလုပ်ကို လုပ်ကို လုပ်ရမှာ ဖြစ်ပါတယ်။

“ခေါင်းဆောင်တယ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ဟာ ကိစ္စရပ် တစ်ခုအပေါ်မှာ အာမခံချက်ပေးနိုင်တဲ့ တစ်စုံတစ်ယောက်က အဆင့် နေရာတစ်ခုယူပြီး ပြုမူဆောင်ရွက်ခြင်း ဖြစ်ပါတယ်”

“ခေါင်းဆောင်တစ်ယောက်ဟာ ခေါင်းဆောင်တဲ့အလုပ်ကို လုပ် ကို လုပ်ရမှာဖြစ်ပါတယ်” ဆိုတဲ့ အထက်ပါအဆိုကို ဖတ်ကြည့်ပြီး ကိုယ့်ဘဝကို ကိုယ်ဘယ်လို ခေါင်းဆောင်သွားမလဲဆိုတာ စဉ်းစား ကြည့်စေချင်ပါတယ်။

ဆိုလိုတာက တခြားလူတွေကို ခေါင်းဆောင်ဖို့ဆိုတာကို အရင် မစဉ်းစားဘဲ ကိုယ့်ဘဝကို ကိုယ်ဘယ်လို ခေါင်းဆောင်မလဲဆိုတာ စဉ်းစားဖို့ဖြစ်ပါတယ်။ လူသားအားလုံးဟာ ကိုယ့်ဘဝရဲ့ ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် ခေါင်းဆောင် သွားရမှာ ဖြစ်ပါတယ်။

ဒီအချက်ကို လက်ခံတယ်ဆိုရင် ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် ဘယ်လိုဦးဆောင်သွားမလဲဆိုတာ စဉ်းစားဆုံးဖြတ်ကြရမှာ ဖြစ်ပါ တယ်။ တခြားလူတွေကို ခေါင်းဆောင်ဖို့ဆိုတာ နောက်ကိစ္စ ဖြစ်ပါ တယ်။

ခေါင်းဆောင်ခြင်းနဲ့ နောက်လိုက်လုပ်ခြင်း

ဆိုရိုးစကားတစ်ခု ရှိပါတယ်။

“ခေါင်းဆောင်နိုင်ရင် ခေါင်းဆောင်ပါ၊ ခေါင်းမဆောင်နိုင်ရင် နောက်လိုက်လုပ်ပါ”တဲ့။

ဒီဆိုရိုးစကားဟာ ခေါင်းဆောင်မှုနဲ့ ပတ်သက်လို့ တဲ့တိုး အဓိပ္ပာယ်ဖွင့်ပြလိုက်တာပါပဲ။ ခေါင်းဆောင်ပြီဆိုကတည်းက ခေါင်း ဆောင်နိုင်စွမ်း ရှိရမှာဖြစ်ပါတယ်။ ခေါင်းဆောင်နိုင်စွမ်းမရှိရင်တောနောက်လိုက်လုပ်ရပါလိမ့်မယ်။

သာမန်ကြည့်မယ်ဆိုရင် ခေါင်းဆောင်ခြင်းနဲ့ နောက်လိုက်လုပ် ခြင်းဟာ ကွဲပြားတဲ့အခြေအနေနှစ်ရပ်ရယ်လို့ မြင်ကြမှာဖြစ်ပေမယ့် တကယ်တော့ ချိတ်ဆက်မှုရှိပါတယ်။ ခေါင်းဆောင်အများစုဟာ နောက်လိုက်တွေအဖြစ်နဲ့ စတင်ခဲ့ကြတာဖြစ်ပါတယ်။ နောက်လိုက် လုပ်ရင်းနဲ့မှ ခေါင်းဆောင်အဖြစ် လှမ်းတက်ခဲ့ကြတာပါ။ သူတို့ တစ်တွေဟာ သူတို့ရဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေ ဖွံ့ဖြိုးတိုး တက်မှု မရှိသေးခင်မှာ နောက်လိုက်ကောင်း ကြန်အင်လက္ခဏာတွေနဲ့ အညီ ဖြတ်သန်းခဲ့ကြရတာ ဖြစ်ပါတယ်။

အကျယ်အပြန့် ပြောရမယ်ဆိုရင်တော့ ခေါင်းဆောင်အားလုံး ဟာ ဒီဖြစ်စဉ်မျိုးနဲ့ ဖြတ်သန်းလာခဲ့ကြတာ မဟုတ်ပါဘူး။ တချို့ကျတော့ သူတို့ရဲ့ သဘာဝမှာကိုက ကြီးမြတ်တဲ့ ခေါင်းဆောင်မှု အရည် အသွေးတွေ ပါရှိနေကြတာ ဖြစ်ပါတယ်။ ဒီအချက်ဟာ သီအိုရီ တစ်ရပ်အနေနဲ့ ကို ပေါ်ထွက်ထားပါတယ်။ အဲဒီသီအိုရီကတော့ “ကြီးမြတ်တဲ့ လူသား သီအိုရီ” (Great Man Theory)ဖြစ်ပါတယ်။ ဒီသီအိုရီရဲ့ အယူအဆက ခေါင်းဆောင်ဆိုတာ မွေးဖွားလာတာ ဖြစ် တယ်။ လုပ်ယူထားတာ မဟုတ်ဘူး (Leaders are born, not made)တဲ့။

ဒီသီအိုရီကို လူကြိုက်များခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ ပါပြီ။ အထူးသဖြင့် ၁၉ ရာစုမှာ အတော်ခေတ်စားခဲ့ပါတယ်။ “အေ ဘရာဟမ် လင်ကွန်း” (Abraham Lincoln)၊ အလက်ဇန္ဒား သီ ဂရိတ်” (Alexander the Great) နဲ့ “မဟတ္တမ ဂန္ဒီ” (Mahatma Gandhi) တို့အကြောင်းဟာ ဒဏ္ဍာရီပုံပြင်အလား လူတွေရဲ့ နှုတ်ဖျားမှာပြောစမှတ်ပြုလာကြရာက “ခေါင်းဆောင်ဆိုတာ မွေးဖွားလာတာ ဖြစ် တယ်၊ လုပ်ယူထားတာ မဟုတ်ဘူးဆိုတဲ့အယူအဆကို အထောက် အကူပြုသလို ဖြစ်လာပါတယ်။ အတော်များများ ပုံသက်သေတွေ အရ လူအုပ်စုတစ်စု ဒုက္ခရောက်နေချိန် ဒါမှမဟုတ် အခက်အခဲနဲ့ ရင်ဆိုင်နေရချိန်မှာ ကယ်တင်တဲ့လူ ရောက်လာတာပဲ။ ဒီလူရောက် လာတာနဲ့တစ်ပြိုင်နက် သူက တည်ရှိနေတဲ့အခြေအနေကို ထိန်းချုပ် ကိုင်တွယ်ပြီး ဘေးကင်းသွားအောင်၊ ဒါမှမဟုတ် အောင်ပွဲခံသွား အောင် အဲဒီလူအုပ်စုကို ခေါင်းဆောင်သွားတယ်။

ဗြိတိသျှသမိုင်းပညာရှင် “သောမတ်စ် ကာလိုင်း” (Thomas Carlyle: 1975-1881)ဟာ အဲဒီသီအိုရီကို ထောက်ခံကြသူများထဲက တစ်ဦးဖြစ်ပါတယ်။ သူ ဖော်ပြခဲ့ဖူးတာက “ကမ္ဘာ့သမိုင်းဆိုတာ ဘာမှ မဟုတ်ပါဘူး၊ ကြီးမြတ်တဲ့လူသားတွေရဲ့ အတ္ထုပ္ပတ္တိတွေပဲ ဖြစ်ပါ တယ်”တဲ့။ သူဆိုလိုတာကတော့ “ကြီးမြတ်တဲ့လူသားတွေနဲ့ ကြီးမြတ်တဲ့ခေါင်းဆောင်တွေကသာ ကမ္ဘာကြီးကို ဖန်တီးနိုင်တယ်” ဆိုတာပါပဲ။ ခေါင်းဆောင်ဖြစ်မယ့် ကံပါလာသူတွေမှာ ထက်မြက်မှုနဲ့ စစ်မှန်တဲ့ အရည်အသွေးတွေဟာ မွေးရာပါအဖြစ်နဲ့ကို ပါလာခဲ့ကြတယ်လို့လည်း သူက ယုံကြည်တယ်။ ထက်မြက်မှုတွေကိုယ်စီနဲ့ ကြီးမြတ်တဲ့ ခေါင်းဆောင်တွေ အတော်များများ ပေါ်ထွန်းခဲ့တာကို သမိုင်းက သက်သေ ပြခဲ့တာလည်း အမှန်ပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ ခေါင်းဆောင်မှု အရည် အသွေးတွေဟာ မွေးကတည်းက ပါလာခဲ့တာပါဆိုတဲ့ ပြောလုံးမျိုးဟာ သူတို့ကို ဂုဏ်ပြုရာမရောက်ပါဘူး။ ကြီးမြတ်တဲ့ခေါင်းဆောင်တွေ ဖြစ်လာဖို့ သူတို့တစ်တွေ ဖြတ်သန်းခဲ့ရတဲ့ ကြိုးပမ်းရုန်းကန်မှုတွေကို အသိအမှတ်မပြုသလို ဖြစ်သွားတာပေါ့။ တကယ်ပဲ ခေါင်းဆောင် တွေဆိုတာ မွေးဖွားလာတာဖြစ်ပြီး လုပ်ယူလို့ရတာ မဟုတ်ဘူးဆိုရင် ခေါင်းဆောင်ဖြစ်မယ့် ကံပါတဲ့လူနည်းစုသာလျှင် ခေါင်းဆောင်ဖြစ် ခွင့်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်မသွားပေဘူးလား။ ဒါဆို