Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

အောင်အေး(ရန်ကုန်တက္ကသိုလ်) - တန်းစီနေတဲ့အလုပ်တွေကိုပြီးစီးစေမယ့်ကင်းခြေများပေါ်လစီ

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

မိမိရဲ့ အလုပ်လုပ်နိုင်စွမ်း တိုးတက်ရေးအတွက် ဘာ့ကြောင့် အချိန်ပေးဖို့ လိုအပ်လဲ

အလုပ်တွေပိပြီး ဘယ်ကစလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေပါသလား။ မိမိအနေနဲ့ အလုပ်ကို အရည်အချင်းပြည့်မီစွာနဲ့ ပြီးစီးအောင်လုပ်ဖို့ အရေးကြီးတယ်ဆိုတာ သိထားတဲ့တိုင်အောင် အလုပ်ကို ပြီးစီးအောင် မလုပ်နိုင်၊ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုနဲ့ ကယောင်ချောက်ချား ဖြစ်နေရင် အလုပ်လုပ်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ အဲဒီဝဲဂယက် ထဲက ဘယ်လိုအလွတ်ရုန်းမလဲ။

ဒီစာအုပ်မှာ အချိန်စီမံခန့်ခွဲမှုဆိုင်ရာအခြေခံတွေကို မီးမောင်း ထိုးပြခြင်းနဲ့ အစပြုမှာဖြစ်ပါတယ်။ မိမိရဲ့ အလုပ်က ဘယ်နေရာတွေမှာ စံချိန်မမီဖြစ်နေတာလဲ၊ ဘယ်နေရာတွေမှာ စိတ်ကူးထားသလိုမဖြစ် တာလဲဆိုတာတွေကို ခြေရာခံ၊ ခွဲခြမ်းစိတ်ဖြာပြီးတဲ့နောက် အဲဒီပြဿနာ တွေကို အရေးပါမှုအလိုက် စာရင်းဇယားပြုစုပြီး အချိန်ဇယား ရေးဆွဲ ဖြေရှင်းရမှာဖြစ်ပါတယ်။ ပိုပြီး အာရုံစူးစိုက်နိုင်အောင် ကိုယ့်ပတ်ဝန်း ကျင်ကို ဖွဲ့စည်းပြင်ဆင်မှုလုပ်ရပါမယ်။ ကိုယ့်ရဲ့ အကျင့်စရိုက်တွေကိုပြင်ရပါမယ်။ တခြားလူတွေနဲ့လက်တွဲပြီး ထိထိရောက်ရောက် အလုပ် လုပ်ရပါမယ်။

အဲဒီလို ကြိုးပမ်းအားထုတ်ရမယ့်ကိစ္စတွေကို အစပိုင်းမှာ မိမိ ကိုယ်တိုင်က လက်ခံနိုင်ဖွယ်မရှိဖြစ်နေနိုင်ပါတယ်။ နဂိုကမှ အချိန် မရှိရတဲ့အထဲ စာရင်းဇယားတွေ ထိုင်လုပ်၊ အကျင့်စရိုက်တွေကိုပြင် ဆိုတဲ့စီမံကိန်းကို ဘယ်လိုသွားလုပ်ရမှာလဲလို့ မေးခွန်းထုတ်လာစရာ ရှိပါတယ်။ ကိုယ့်ရဲ့ ရေရှည်အကျိုးစီးပွားအတွက် ဘယ်လိုနည်းနဲ့ ဖြစ် ဖြစ် လုပ်ကိုလုပ်ရမှာပဲလို့ ဖြေရပါလိမ့်မယ်။ ကိုယ်အသုံးချထားတဲ့ အချိန်တွေကို ပြန်လည်စိစစ်ခြင်းအားဖြင့် ဘယ်နေရာတွေမှာ အချိန်တွေ အလဟဿဖြစ်နေတာလဲ၊ ဘယ်အလုပ်တွေကို ဦးစားပေးလို့ သတ်မှတ် ရမလဲ၊ ကိုယ့်အကျင့်စရိုက်တွေကို ဘယ်လိုပြင်ရမလဲဆိုတဲ့အဖြေတွေ ထွက်လာမှာဖြစ်ပါတယ်။ ဒီလိုနဲ့ ကိုယ့်အကျင့်စရိုက်တွေကို ပြင်နိုင်၊ လမ်းစဉ်အသစ်တစ်ခု ချမှတ်လာနိုင်မှာဖြစ်ပြီး စိတ်အနှောင့်အယှက် ကင်းကင်းနဲ့ အလုပ်တွေကို အာရုံစိုက်လာနိုင်ပါလိမ့်မယ်။ အလုပ်လုပ် ရာမှာ စွမ်းအင်အသစ်တစ်ခု ရရှိလာပြီး နှောင့်နှေးကြန့်ကြာမှုတွေ ကင်း မဲ့သွားပါလိမ့်မယ်။ ကိုယ်အသုံးချနေတဲ့အချိန်တွေဟာ ကိုယ့်ရည်မှန်း ချက်ပန်းတိုင်တွေနဲ့ ဘယ်လိုပတ်သက်နေသလဲဆိုတာကို ချင့်ချိန်နိုင် ပြီး ချိန်ညှိအသုံးချနိုင်သွားမှာဖြစ်ပါတယ်။

အပြောင်းအလဲလုပ်ဖို့ သန္နိဋ္ဌာန်ချပါ

မိမိကိုယ်မိမိ ပုံသွင်းယူလို့ ရတယ်ဆိုတာကို ယုံကြည်ဖို့အရေး ကြီးပါတယ်။ အဲဒီလိုယုံကြည်မှသာ မိမိရဲ့ အလုပ်လုပ်တဲ့အကျင့်စရိုက် တွေကို အပြောင်းအလဲလုပ်နိုင်ပြီး မိမိရဲ့ အရည်အသွေးတွေလည်း တိုး တက်လာမှာဖြစ်ပါတယ်။ မိမိမှာ အလုပ်နဲ့ပတ်သက်လို့ အမေဘုတ်ရဲ့ သူ့ချည်ခင် ဘယ်သူဝင်လို့ ရှင်းပါ့မယ်” ဖြစ်နေတာတောင်မှ၊ အလုပ် ဝန်ထုပ်ဝန်ပိုးတွေ တစ်သီတစ်တန်းကြီးနဲ့ဖြစ်နေတာတောင်မှ မိမိအနေ နဲ့ အလုပ်နဲ့ပတ်သက်လို့ အခိုင်အမာနည်းလမ်းတစ်ခု ချမှတ်ထားပြီး သားပဲလို့ တွေးကောင်းတွေးနေနိုင်ပါတယ်။ မိမိရဲ့ အလုပ်လုပ်တဲ့ အကျင့်စရိုက်ဟာ ပြောင်းလဲလို့မရလောက်အောင် အရိုးစွဲနေပြီလို့ လည်း တွေးကောင်းတွေးနေနိုင်ပါတယ်။ အဲဒီလို မတွေးသင့်ပါဘူး။ ဘယ်အကျင့်စရိုက်မဆို ပိုကောင်းတာတွေ့ရင် ပိုကောင်းတာနဲ့ အစား ထိုးရမှာဖြစ်ပါတယ်။

ဒီနေ့ခေတ်ကမ္ဘာကြီးဟာ ဆက်သွယ်ရေးစနစ်တွေ အရမ်းမြန် ဆန်နေတာမို့ ကျွန်တော်တို့တစ်တွေဟာ အရေးတကြီး မြန်မြန်ဆန်ဆန် လုပ်ရကိုင်ရတဲ့ပုံစံခွက်ထဲ ဆွဲသွင်းတာခံနေကြရတယ်။ ဒီလိုနဲ့ အလုပ် လုပ်နိုင်စွမ်းနဲ့ ပတ်သက်လို့ မှားယွင်းတဲ့အာရုံခံစားမှုမျိုး ကျွန်တော်တို့ဆီမှာ ပေါ်လာတတ်တယ်။ (အလုပ်ရှုပ်နေတာဟာ အလုပ်လုပ်နေတာ မဟုတ်ဘူးဆိုတဲ့စကားကို သတိရပါ။) အလုပ်နဲ့ပတ်သက်လို့ စနစ်ကောင်းတွေကို အသုံးချမှသာ မိမိအတွက် စိတ်ဖိစီးမှုတွေကနေ ကင်း ဝေးစေပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်လို့ လာဘ်မြင်မှုတွေ၊ အာရုံစိုက် မှုတွေနဲ့ စွမ်းအင်တွေ ရရှိလာမှာဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ စနစ်ကောင်းတွေနဲ့အလုပ်လုပ်ခြင်းဟာ အရေးအကြီးဆုံးအလုပ်တွေကို သတိပြုမိနိုင်၊ အချိန်ပေးနိုင်ပြီး ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေ၊ အဖွဲ့ အစည်းက တာဝန်ပေးထားတဲ့အလုပ်တွေကို လက်တွေ့ အထောက် အကူပေးနိုင်ခြင်းဖြစ်ပါတယ်။

ဘယ်အလုပ်ကအရေးအကြီးဆုံးလဲ၊ စံချိန်ပြည့်မီအောင် ဘယ်လို လုပ်မလဲဆိုတာ သိဖို့အတွက် ပထမဦးဆုံး မိမိရဲ့ ရည်မှန်းချက်ပန်း တိုင်တွေကို ရွေးထုတ်သတ်မှတ်မှု၊ လတ်တလောအားဖြင့် မိမိရဲ့ အချိန် ကို ဘယ်လိုအသုံးချနေသလဲဆိုတာ စိစစ်မှုတွေကို လုပ်ဖို့လိုအပ်ပါ တယ်။ အဲဒီအဆင့်ကနေ စကြပါစို့။

အလုပ်ရှုပ်နေတာ အလုပ်လုပ်နေတာမဟုတ်ဘူး

ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တော့ အစည်းအဝေးပြီး အစည်း အဝေး ပြေးလွှားနေရ၊ အလုပ်တွေ ရှုပ်နေပါတယ်ဆိုမှ အီးမေးလ် တွေကို အသည်းအသန် ပြန်စာပို့နေရ၊ မြန်မြန် ပြီးသွားချင်တဲ့ စိတ် ဇောအဟုန်နဲ့ လုပ်နေကျအလုပ်တွေကို ဖိလုပ်နေရတဲ့အခြေအနေမျိုး တည်ရှိနေတယ်ဆိုရင် ကိုယ်မှန်းထားသလောက် အလုပ်တွေမပြီး ဖြစ်နေတာ သေချာသလောက်ပါ။

ဒီအတိုင်းဆိုတော့ မိမိအနေနဲ့ ဦးစားပေးအလုပ်သတ်မှတ်မှုနဲ့ အလုပ်တန်ဖိုးသတ်မှတ်မှုတွေ လုပ်ဖို့ လိုအပ်နေပါပြီ။ အဆင့်နေရာ တစ်ခုအတွင်း ဒါမှမဟုတ် အဖွဲ့ အစည်းတစ်ခုအတွင်းမှာ အံဝင်ခွင် ကျ ဖြစ်နေတဲ့ခံစားမှုမျိုးမဖြစ်ပေါ်ဘဲ လုပ်နေရတဲ့အလုပ်တစ်ခုဟာ အန္တရာယ် ရှိပါတယ်။ မိမိအနေနဲ့ မိမိကိုယ်တိုင်ကိုရော မိမိကို တန်ဖိုးထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုရော လုပ်ငန်းခွင်အတွင်း ကြိုးပမ်းအားထုတ်မှုရှိအောင် လှုံ့ဆော်နိုင်စွမ်းရှိပေမယ့် အလုပ်ရှုပ် နေခြင်းက မိမိရဲ့ စစ်မှန်တဲ့ စွမ်းရည်သတ္တိကို မဖော်ပြနိုင်အောင် ဖြစ်နေပါလိမ့်မယ်။ ဒီတော့ မိမိ အလုပ်လုပ်နေတဲ့နည်းလမ်းကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတာ စိတ်နှလုံး ဒုံးဒုံးချလိုက်ပါ တော့။