Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

အောင်အေး(ရန်ကုန်တက္ကသိုလ်) - စကားပြောအတတ်ပညာ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

၂။ ၀စီဗေဒ ထိတိုင်းရှ

ဝစီဗေဒဆိုသည်မှာနှုတ်မြွက်ခြင်း၊ စကားပြောခြင်းအမှု၊ စကား ပြောခြင်းအတတ်ပညာဖြစ်၏။ ဝစီဗေဒ ထိတိုင်းရှဆိုသည်မှာ စကား ပြောခြင်းအမှုသည် ဓားကဲ့သို့ ထက်မြက်ကြောင်း တင်စားဖော်ပြ သတိပေးခြင်းဖြစ်၏။ ထိရောက်သည်။ ထက်မြက်သည်။ ဓားနှယ်ထိ တိုင်းရသည်။ ရှေးလူကြီးသူမများ ဆိုရိုးထားခဲ့သော စကားဖြစ်၏။

ရှေးလူကြီးသူမများသည် စကားပြောခြင်း၌ အထူးသတိထား ပြောဆိုလေ့ရှိသည်။ စကားနောက်တရားပါဖြစ်မည်ကို စိုးရိမ်ထိတ် လန့်ကြ၏။ တကယ်လည်း ဖြစ်ပျက်တတ်သော သက်သေသာဓက ဖြစ်ရပ်များရှိ၏။

မိတ်ဆွေတစ်ဦးပြောပြသော ဝစီဗေဒ ထိတိုင်းရှသည့် ဖြစ်ရပ် တစ်ခုကို တင်ပြလိုပါသည်။

မိတ်ဆွေ၏အမည်မှာ ကိုမောင်မောင်ဖြစ်သည်။ ကိုမောင်မောင် ငယ်စဉ်က မိဘများနှင့်အတူ တောမြို့ကလေးတစ်မြို့တွင်နေ၏။ ကိုမောင်မောင့်ဖခင်သည် ရုံးအုပ်ကြီးတစ်ဦးဖြစ်သည်။ ကိုမောင်မောင့် ဖခင်တွင် ခင်မင်ရင်းနှီးသော မိတ်ဆွေရှေ့နေကြီးတစ်ဦးရှိသည်။ မိသားစုနှစ်စုလုံးသည် ခင်မင်ကြ၏။ ရှေ့နေကြီးတွင် ကိုမောင်မောင် နှင့်ရွယ်တူ သမီးတစ်ယောက်ရှိသည်။ နှစ်ဖက်သောမိဘများသည် ဤကလေးနှစ်ဦး အရွယ်ရောက်လာလျှင်ပေးစားကြရန် စိတ်ကူးယဉ်မျှော်မှန်းချက်ရှိကြ၏။ သို့သော် ကိုမောင်မောင့်မိခင်ကမူ အနည်းငယ် စိတ်ထင့်သည်။

“သူတို့မိသားစုက ခင်လည်းခင်တတ်ကြတယ်၊ ရိုးလည်းရိုးပြီး ပျော်လည်းပျော်တတ်ကြတယ်၊ ဒါပေမဲ့ လေးလေးနက်နက် မရှိကြ ဘူး၊ စကားပြောရင်လည်း ပေါ့ပျက်ပျက်နဲ့ ၊ နောင်ရေးကို သိပ်မတွေး ကြသလိုပဲ”

ကိုမောင်မောင့်မိခင်က အထက်ပါအတိုင်းသုံးသပ်သည်။

ထို့နောက် ကိုမောင်မောင့်မိခင် အထိတ်တလန့်ဖြစ်သွားရသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ ရုံးပိတ်ရက် တနင်္ဂနွေတစ်နေ့ တွင် ကိုမောင်မောင်တို့မိသားစုသည် အိမ်ရှေ့ခန်းတွင် အေးအေးလူလူ ထိုင်၍ စကားပြောနေကြသည်။ ထိုအခိုက် ခြံဝမှအသံတစ်သံထွက် ပေါ်လာသည်။

“အစ်ကိုကြီးတို့ အစ်မကြီးတို့ရှင်၊ ထမင်းကျန် ဟင်းကျန်လေး များရှိရင် စွန်ကြဲတော်မူကြပါ၊ ထမင်းမစားရတာ သုံးလေးရက်ရှိပါပြီ”

ဖခင်ဖြစ်သူက ကိုမောင်မောင်အား မီးဖိုသို့သွား၍ ထမင်းဟင်း ခူးခဲ့ရန် ပြောသည်။ မိခင်ဖြစ်သူက ခြံတံခါးသွားဖွင့်သည်။ သူတို့ မိသားစုသည် ပေးကမ်းစွန့်ကြဲခြင်း၌ ရက်ရောကြသည်။ ခြံတံခါးပွင့် သွားသောအခါ မျှော်လင့်မထားသူများကို တွေ့လိုက်ရ၏။ ကိုမောင် မောင်လည်း ဝင်လာသူများကို မီးဖိုချောင်မှလှမ်းမြင်လိုက်၍ ထမင်း ဟင်းခူးရန် ပြင်ဆင်နေမှုကို ရပ်ပစ်လိုက်ရသည်။ ရယ်မောသံများ စီစီလှုပ်သွား၏။

ဝင်လာသူများသည် မိတ်ဆွေရှေ့နေကြီး မိသားစုသုံးဦးဖြစ်လေ သည်။ သူတို့သည် သူတို့၏ပြက်လုံးအား သဘောကျစွာ တသောသော ရယ်မောနေကြလေသည်။ အိမ်ရှေ့ဧည့်ခန်းတွင် ဝင်ထိုင်မိကြ သည်အထိ အရှိန်မသတ်နိုင်ကြ။

“အစ်မကြီးတို့က တကယ်ထင်ကြတာကိုး၊ ကျွန်မအသံက အတော်တူသလား၊ ဒါဆိုရင် တောင်းစားလို့ရပါပြီ”

ရှေ့နေကြီး၏ဇနီးက သူမဘာသာ ကျေနပ်အားရနေသေးသည်။ ကိုမောင်မောင့်မိခင်ကမူ ရင်ဘတ်ထုသည်။ ။

"မလုပ်ကောင်း လုပ်ကောင်းဟယ်၊ ဝစီဗေဒထိတိုင်းရှတဲ့ ညီမ လေးရဲ့၊ နောက်ကို အဲဒီလို မနောက်စမ်းပါနဲ့ကွယ်”

“ဒါတော့ အစ်မကြီးတို့က အယူအဆဖြစ်နေတာပါ၊ ကျွန်မတို့ က အယူအဆမရှိပါဘူး၊ သူတောင်းစားလုပ်နောက်တိုင်း တကယ့် သူတောင်းစားဖြစ်ရမယ်ဆိုရင် ဇာတ်ထဲက သူတောင်းစားတွေ အပြင် မှာ တကယ့်သူတောင်းစားဖြစ်ကုန်မှာပေါ့”

“သူတို့က ဇာတ်ကတာ ညီမလေးရဲ့၊ သူတို့က ဘာမဆိုသဏ္ဌာန်လုပ် သရုပ်နဲ့ တူအောင် လုပ်ရတာ”

“ကျွန်မတို့လည်းနောက်တာပဲ အစ်မကြီးရဲ့၊ သဏ္ဌာန်လုပ်သရုပ် တူအောင်နောက်ရတာပေါ့၊ ကျွန်မတော့မကြောက်ပါဘူး၊ သူတောင်း စားဖြစ်သွားတော့လည်း တောင်းစားတာပေါ့၊ သူများဥစ္စာ လုယက် စားသောက်တာမှ မဟုတ်ဘဲ”

“ကဲ ... တော်ကြပါတော့၊ တခြားစကား ပြောကြစမ်းပါ”

ကိုမောင်မောင့်ဖခင်က စကားနည်းရန်စဲ ဝင်ဟန့်သည်။

ဖြစ်ချင်တော့ ထိုနှစ်ထဲမှာပင် ဖခင်ဖြစ်သူ၏ မိတ်ဆွေကြီးသည် ဦးနှောက်သွေးကြောပြတ်ရောဂါနှင့် ကောက်ကာငင်ကာ ကွယ်လွန် သည်။ ကိုမောင်မောင်တို့မိသားစုလည်း တတ်နိုင်သလောက် ကူညီ ကြသည်။ သို့သော် အသုံးအစွဲကြီးသဖြင့် တင်နေသောအကြွေးတွင် အသုဘစရိတ်ကပါ ထပ်ဖိလိုက်သောအခါ ရှေ့နေကြီး၏ ကျန်ရစ်သူ ဇနီးနှင့်သမီးမှာ မရပ်တည်နိုင်ကြတော့။ ခြံနှင့်အိမ်ရောင်းပြီး ကြွေး ဆပ်ကာ တစ်နယ်တစ်ကျေးပြောင်းသွားကြသည်။ ကိုမောင်မောင်တို့ မိသားစုနှင့်လည်း ဆက်သွယ်ခြင်းမပြုတော့။

နှစ်အတန်ငယ်ကြာပြီးနောက် ထိုသားအမိကို မြို့တစ်မြို့တွင် ကိုမောငမောင် သွားတွေ့သည်။ တစ်အိမ်ဝင်တစ်အိမ်ထွက် တောင်း ရမ်းစားသောက်နေကြ၏။

အဆိုပါ မိသားစုအား သနားခြင်း၊ မသနားခြင်း၊ သံယောဇဉ် ရှိခြင်း မရှိခြင်းတို့မှာ ကိုမောင်မောင်နှင့်သာ သက်ဆိုင်သောပြဿနာ ဖြစ်ပေသည်။

ကျွန်တော်ကမူ ကိုမောင်မောင့်မိခင်ပြောသော ဝစီဗေဒထိတိုင်းရှဆိုသော ပြဿနာကိုသာ ဆွဲထုတ်ဆွေးနွေးလိုပါသည်။ သင်ခန်းစာ ယူသင့်ပါသည်။ ဝစီဆိုသည်မှာ မနောကလာခြင်းဖြစ်သည်။ စကား ပြောခြင်းသည် စိတ်ကို အခြေခံခြင်းဖြစ်သည်။ စိတ်ရင်းကပင် သူတောင်းစားလုပ်စားချင်စားရပါစေဟု သဘောထားနေမှတော့ ၀စီ ဗေဒထိတိုင်းရှခဲ့ခြင်းမှာလည်း မထူးဆန်းတော့ပေ။ မနောမှသည် ဝစီ၊ ဝစီမှသည် ကာယကံမြောက်ဖြစ်ပေါ်လာခြင်းပင်တည်း။

“ဝဋ်ကြွေးပါလာရင်တော့ မသိဘူး၊ ကျုပ်ကတော့ ဘယ်တော့ မှ တောင်းမစားဘူးဗျ၊ ကိုယ့်လုပ်အားနဲ့ကိုယ် အလုပ်လုပ်ပြီး ထမင်း စားမယ် ́ဟုပြောတတ်သော လူများရှိသည်။

“ကျုပ်ဘယ်သူ့ကိုမှ မမှီခိုချင်ဘူး၊ ကိုယ့်ဒူးကိုယ်ချွန်မှာပဲ”ဟု ပြောကြသူများရှိသည်။

ကောင်းပါသည်။ သူတို့ပြောသည့်အတိုင်းလည်း တကယ်ဖြစ် ကြပါလိမ့်မည်။

“ဝစီဗေဒထိတိုင်းရှဆိုတာကို ကျုပ်မယုံဘူးဗျာ၊ ဒါရှေးရိုးအစဉ် အလာ အယူအဆတွေပဲ၊ ကိုင်း...ကျုပ်ဆိုရင် မိဘနောက်ခံလည်းတောင့်တင်းတယ်ဗျာ၊ အလုပ်အကိုင်လည်း အတည်အကျရှိတယ်၊ ကျုပ်ရဲရဲကြီးပြောရဲတယ်၊ အခု ကျုပ်သူတောင်းစားဖြစ်ချင်ဖြစ်လိုက် စမ်း၊ ကဲ...ဖြစ်သွားမလား”ဟု စိန်ခေါ်သော မိတ်ဆွေတစ်ဦးတလေ နှင့် ကြုံရပါက စေတနာရှေ့ထား၍ တားမြစ်သင့်ပါသည်။

အဆိုပါမိတ်ဆွေသည် မိမိကိုယ်မိမိ “ခေတ်မီ”သူဟု အများက ထင်မြင်ယူဆခြင်းကို လိုလားနေသူဖြစ်သည်။ မည်သည့်ပြဿနာနှင့် ကြုံတွေ့ရသည်ဖြစ်စေ၊ ခေတ်မီသူအဖြစ် တရားသေရပ်တည်ပေတော့မည်။ သူ၏ရှေ့ဘဝသည် သူတောင်းစားဖြစ်မသွားသည့်တိုင် သူတောင်းစားဖြစ်လုနီး အကျိုးယုတ်မှုများနှင့် ကြုံတွေ့ရတော့မည် ဖြစ်သည်။

ရှေးရိုးအစဉ်အလာ အယူအဆဆိုသည်များမှာ ပယ်သင့်သည် လည်းရှိ၏။ မပယ်သင့်သည်လည်းရှိ၏။ အကာကိုပစ် အနှစ်ကိုယူ၊ အတုကိုပစ် အစစ်ကိုယူဟူသော သဘောထားနှင့် ချဉ်းကပ်သင့်၏။ ရှေးဟောင်းမရှိဘဲ မျက်မှောက်မရှိ၊ အတိတ်မရှိဘဲ ပစ္စုပ္ပန်မရှိခြင်းကို သတိမူသင့်သည်။

ဝစီဗေဒထိတိုင်းရှမှုနှင့် ပတ်သက်၍ ကိုယ့်ကိုယ်ကိုယ်ရည်ရွယ် ပြောသော အမင်္ဂလာစကား ကိုယ့်ပြန်ထိခြင်းလည်းရှိ၏။ သူတစ်ပါး ကို ရည်ရွယ်၍ လွှတ်ခနဲပြောလိုက်မိသော အမင်္ဂလာစကား သူတစ် ပါးကို ထိသွားခြင်းလည်း ဖြစ်ပေါ်တတ်၏။

အဒေါ်တစ်ယောက်၏ ပြောမိသော စကားတစ်ခွန်းအတွက် တွေးမိတိုင်း စိတ်မကောင်းဖြစ်ခဲ့ရသော ကိုယ်တွေ့တစ်ခုကို တင်ပြ လိုပါသည်။

သူမတွင် အစ်မကြီးနှစ်ယောက်ရှိ၏။ အသက်များလည်းကြီး ကြပြီ။ တစ်နေ့တွင် အစ်မကြီးနှင့် အစ်မလေးက တစ်ဘက်၊ သူမက တစ်ဘက် စကားများကြသည်။ နှစ်ယောက်နှင့်တစ်ယောက်ဖြစ်နေ၍ မနိုင်သောအခါ စကားနာထိုးခဲ့မိသည်။

“ဪ...ညီအစ်မတွေသိပ်ချစ်နေကြတယ် ဟုတ်လား၊ ဒီ လောက် ချစ်နေကြရင် တစ်ယောက်သေရင် လိုက်သေကြ၊ တစ်ကျင်း ထဲမြှုပ်ပစ်လိုက်မယ်”

မကြာပါ၊ အစ်မကြီးသည် လူကြီးရောဂါဖြင့် ကွယ်လွန်၏။ အစ်မလေးသည် တစ်နှစ်မကြာလိုက်ပါ၊ သေဆုံး၏။ အစ်မလေးကို မြေမြှုပ်သဂြိုဟ်ချိန်တွင် တမင်ရည်ရွယ်ခြင်း မဟုတ်သော်လည်း သင်္ချိုင်းတွင် မြေနေရာမရှိတော့၍ အစ်မကြီးကို မြှုပ်ခဲ့သည့်နေရာတွင် ထပ်မံ၍ မြှုပ်ခဲ့ရလေသည်။

အဒေါ်သည် တွေးမိတိုင်း စိတ်မကောင်းဖြစ်ခဲ့ရတော့သည်။ ဝစီဗေဒထိတိုင်းရှပုံကို သဘောပေါက်လက်ခံသွားပြီး မည်သူ့အပေါ် မှ ပိုးစိုးပက်စက် မပြောတော့။ ဤသည်မှာ မမျှော်လင့်ဘဲ ကျိန်ဆဲ ခြင်း၊ ကျိန်စာတိုက်ခြင်းသဘော သက်ဝင်သွားခဲ့ခြင်းဖြစ်ပေသည်။ ကျိန်ဆဲခြင်း၊ ကျိန်စာတိုက်ခြင်းနှင့်ပတ်သက်၍ နောက်ပိုင်းတွင် ဆက်လက် တင်ပြဆွေးနွေးသွားပါမည်။

ဝစီဗေဒထိတိုင်းရှသော အကြောင်းကို တင်ပြဆွေးနွေးရာတွင် ပြောမိသော အမင်္ဂလာစကားများသည် မလွဲမသွေဖြစ်ပေါ်လာလိမ့် မည်ဟု လက်ခံတင်ပြနေခြင်းမဟုတ်။ တစ်ခွန်းတလေ လွှတ်ခနဲ ပြောမိသော အမင်္ဂလာစကားကို စွဲလမ်းပြီး ဥပါဒါန်ကြောင့် ဥပါဒ် ရောက်ဖြစ်နေစရာမလို။ တွေးတွေးပြီး ပူပင်သောကဖြစ်နေစရာမလို။ အဘယ်ကြောင့်ဆိုသော် ပြောမှားဆိုမှားဆိုသည်မှာ လူတိုင်းရှိတတ်မြဲ ဖြစ်သည်။ လူသားတို့၏ ဖြစ်စဉ်ကိုယ်၌က အမှားထဲက အမှန်ကိုရှာ ကာ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဝစီဗေဒထိတိုင်းရှ ခြင်းကို သိမြင်သဘောပေါက်သည်နှင့် ဆင်ခြင်နိုင်ရန် ရည်ရွယ်၍ တင်ပြခြင်းဖြစ်ပေသည်။

ဝစီဗေဒထိတိုင်းရှဆိုသော စကားသည် ကောင်းသည့်ဘက်သို့လည်း သုံးနိုင်သည်။ ကောင်းသည့်ဘက်တွင်လည်း ဝစီခေါ် စကား သည် ထိရောက်သည်။ ထက်မြက်သည်။

ဤသို့သဘောပေါက်ထားလျှင် ကျွန်တော်တို့သည် ကောင်း သောစကားများကိုသာ ပြောကြားသင့်ပေသည်။ မင်္ဂလာယူ၍ စကား ပြောသင့်ပေသည်။ မိမိကိုယ်တိုင်နှင့် ပတ်သက်၍ဖြစ်စေ၊ သူတစ်ပါး နှင့်ပတ်သက်၍ဖြစ်စေ အချည်းနှီးဖြစ်သော အကျိုးမဲ့သော မင်္ဂလာမရှိ သော စကားများကို မပြောသင့်ပေ။