Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

အောင်လှိုင် - အိမ်ကိုအခြေမြု၍စီးပွါးရေးလုပ်ကိုင်ခြင်း

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

စီးပွားရေးလုပ်ငန်းတစ်ခု အစပြုလုပ်ကိုင်ခြင်း

ကိုယ်ပိုင်လုပ်ငန်းလုပ်သော လောက

အိမ်မှာနေလျက် သင့်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအား ပုံမှန်လည်ပတ် စေခြင်းအပေါ် အထီးကျန်သော လုပ်ငန်းအဖြစ် မမှတ်ယူသင့်ပေ။ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းလုပ်သူများအနေဖြင့် အသိပညာ အတတ်ပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများထက် စီးပွားရေးစွမ်းဆောင်ရှင်များအဖြစ် ရပ် တည်နေတာဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ အရေးပါတဲ့လူသားအရင်းအမြစ်တွေဖြစ်တဲ့ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းတွေ၊ အရည်အသွေးတိုင်းတာစစ်ဆေးရေးပညာရှင်တွေ၊ လေယာဉ်မောင်းပိုင်းလော့တွေ၊ အင်ဂျင်နီယာတွေက နိုင်ငံအပေါ် အကျိုးရှိရှိ အလုပ်အကျွေးပြုကြသလို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်တဲ့ စီးပွားရေး စွမ်းဆောင်ရှင်တွေကလည်း နိုင်ငံရဲ့ လိုအပ်ချက်တွေကို တစ်ထောင့်တစ်နေရာ ကနေ ဖြည့်စွမ်းပေးနေကြပါတယ်။

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်သည့် ခိုင်လုံသော အချက်အလက်များ

ဖွံ့ဖြိုးပြီးနိုင်ငံများရှိ သန်း ၁၅၀ ကျော် အရေအတွက်ရှိတဲ့လူတွေဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေ ဖြစ်ပါတယ်။ ဒီလို နဲ့နောက်ထပ် ဆယ်စုနှစ် ၂ နှစ်အတွင်းမှာပဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်သူတွေ ပိုပိုတိုးပွားလာခဲ့ပါတယ်။

အမျိုးမျိုးသော လုပ်ငန်းအဖွဲ့ အစည်းတွေကို သုတေသနပြုလေ့လာရာမှာ စီးပွားရေးလုပ်ငန်း ၇ ခုဟာ လူအင်အား ၅ဝ နဲ့ စတင်လည်ပတ်ခဲ့တာဖြစ်ပြီး ကုမ္ပဏီ၏ ကုန်ပစ္စည်းထုတ်လုပ်သူတွေက အမျိုးသမီးများဖြစ်ကြောင်း သိရှိရ ပါတယ်။

ကိုယ်ပိုင်စီးပွားရေးစတင်ခြင်းကို လေ့လာရင်း ဆယ်ကျော်သက်ရွယ် ကတည်းက (သို့) အသက် ၂၀ ဝန်းကျင်ကတည်းက လုပ်ငန်းစတင်ခဲ့သူ တွေဟာ အသက် ၄၀ – ၅ဝ မှ စတင်ခဲ့သူတွေထက် ပိုမိုအောင်မြင်မှုရရှိသလို ကျရှုံးမယ့်အခြေအနေတွေလည်း နည်းပါးနေမှာဖြစ်ပါတယ်။

မည်သူမဆို စီးပွားရေးလုပ်ငန်းတွေကို အခြေအနေ အချိန်အခါအရ ဆန်းသစ် ပြောင်းလဲပေးနိုင်ဖို့ လိုပါတယ်။

ပြောင်းလဲလိုက်တဲ့ စီးပွားရေးလုပ်ငန်းသစ်တိုင်းဟာ အစားထိုးသစ်လွင် ခြင်းရဲ့ အဓိကအရင်းအမြစ်ပဲ ဖြစ်ပါတယ်။

အိမ်မှနေ၍ စီးပွားရေးလုပ်ငန်းစတင်ခြင်း

အားသာချက်များ။ ။ အမေရိကန်ပြည်ထောင်စု အသေးစားစီးပွားရေး လုပ်ငန်းများ စီမံခန့်ခွဲရေးဌာန၏လေ့လာမှုများအရ အိမ်မှနေ၍ စီးပွားရေး လုပ်ငန်းလုပ်သူတို့အတွက် အောင်မြင်မှုအလားအလာများ ကောင်းမွန်ကြောင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တို့အတွက် ပထမ ၄ နှစ် အတွင်း လုပ်ငန်းအကောင်အထည်ဖော် စတင်လည်ပတ်နိုင်မှု အားကောင်းသည်နှင့် လုပ်ငန်း၏ ၃ ပုံ ၂ ပုံခန့် ကျိန်းသေအောင်မြင်နိုင်ခြေရှိကြောင်း တွေ့ရှိရပါ တယ်။

ကုန်ကျစရိတ်သက်သာခြင်း။ ။ မည်သည့်မြို့ပြများတွင်မဆို ရုံးခန်း များ၊ ကုမ္ပဏီလုပ်ငန်းအဆောက်အအုံများ၊ ပြန်လည်ပြုပြင်ထားသော အဆောက်အအုံများ၊ ကြော်ငြာဆိုင်းဘုတ်ကြီးများအား လက်ညှိုးထိုးမလွဲ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီ အဆောက်အအုံရုံးခန်းတွေဟာ ကိုယ်ပိုင်ရုံးခန်း တွေအဖြစ် ပိုင်ဆိုင်ထားသူတွေက အခြားကုမ္ပဏီရုံးခန်းတွေ ဖွင့်လှစ်နိုင် အောင် တစ်ဆင့်ပြန်လည်ငှားရမ်းတတ်ကြပါတယ်။ လုပ်ငန်းသဘာဝ အမျိုးအစားအပေါ်မူတည်ပြီး အဆောက်အအုံရုံးခန်းရဲ့ အကျယ်အဝန်းအပေါ် မူတည်တဲ့ ငှားရမ်းစရိတ် အနိမ့်အမြင့်ကွာခြားသွားပါတယ်။

အကယ်၍ သင်ဟာ နေထိုင်ရာ အိမ်မှာပဲ လုပ်ငန်းစတင်လည်ပတ်မယ် ဆိုရင် အထက်ပါကုန်ကျစရိတ် အနည်းဆုံးပေါင် ၃၅,၀၀၀၊ ယူရိုငွေ ၄၁,ဝဝဝ၊ အမေရိကန်ဒေါ်လာ ၅၁,၀၀၀ ခန့် သက်သာသွားမှာဖြစ်ပြီး လုပ်ငန်းအတွက် ပိုမိုအင်အားတောင့်တင်းအောင် သုံးစွဲမယ့် ငွေကြေးအတွက် လည်း စိုးရိမ်စရာမရှိတော့ပါဘူး၊ လုပ်ငန်းစတင်ချိန် ငွေကြေးသက်သာစွာနဲ့ လည်ပတ်နိုင်ဖို့ လိုအပ်ပါတယ်။

ကုန်ကျစရိတ်သက်သာစေတဲ့ နောက်ထပ်နည်းလမ်းတွေကတော့ မီးဖို ချောင်မှာ သုံးစွဲတဲ့စားပွဲကို လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းတွေ တင်နိုင် အောင် မိမိရဲ့ အစီအစဉ်တွေ ရေးဆွဲနိုင်အောင် အသုံးချနိုင်ရပါမယ်။ နောက် ဆုံးအဆင့်အနေနဲ့ ကားဂိုဒေါင် (သို့) အိမ်နောက်ဖေး အဖီအစွယ်မှာတောင် အလုပ်လုပ်နိုင်ရပါမယ်။ မိမိအနေနဲ့ လုပ်ငန်းရဲ့ ပထမဆုံးခြေလှမ်းတိုင်း ရှောရှောရှူရှူဖြစ်အောင် လှမ်းနိုင်ဖို့သာ အဓိကကျပါတယ်။

အချိန်ပိုယူ၍ ကြိုးစားခြင်း ။ ။ သင့်ဆီမှာ ငွေကြေးအလုံအလောက် ရှိနေရင် လိုချင်တဲ့ ပစ္စည်းအတော်များများကို စိတ်တိုင်းကျ ဝယ်ယူနိုင်ပေမဲ့ အဲဒီငွေကြေးက အချိန်ကိုတော့ ဘယ်လိုမှ မဝယ်ယူနိုင်ပါဘူး။ ငွေနဲ့ အချိန် ကို မဝယ်ယူနိုင်တာကြောင့် အချိန်ကိုတန်ဖိုးထားရမှာ ဖြစ်ပါတယ်။ | အချိန်ကို တန်ဖိုးထားပြီဆိုတာနဲ့ အလဟဿအချိန်ကုန်ခံလို့ မဖြစ် တော့ပါဘူး။ မိမိတိုးတက်မှုရအောင် အချိန်နဲ့တစ်ပြေးညီ ကြိုးစားနေရတာ ကြောင့် မိမိလုပ်ငန်းတည်ရှိရာ နေရာဟာသင်နဲ့ အနီးကပ်ဆုံးနေရာမှာရှိမှ ဖြစ်ပါလိမ့်မယ်။

တကယ်လို့ သင့်လုပ်ငန်းက မိုင် ၂၀ အကွာအဝေးမှာ တည်ရှိနေတယ် ဆိုရင် သင့်အတွက် နေ့စဉ်အသွားအပြန်အတွက် မိုင် ၄၀ စာ အလဟဿ ဖြစ်နေပါမယ်။

လုပ်ငန်းတည်ရှိရာနေရာ ဝေးလံတာကြောင့် အချိန်အလဟဿ ဖြစ်ရ သလို တစ်ခါတစ်ရံ မိသားစုဝင်တွေ နာမကျန်းတာကြောင့်လည်း အလုပ်မသွားနိုင်ဘဲ လုပ်ငန်းနှောင့်နှေးကြန့်ကြာခြင်းကို ဖြစ်စေပါတယ်။

တကယ်လို့ သင်ဟာ လိမ္မာပါးနပ်သူဆိုရင် မိသားစုဝင်တွေရဲ့ ကျန်းမာ ရေးကိစ္စတွေကို လုပ်ပေး၊ ပြုစုပေးနိုင်သလို လုပ်ငန်းကိုလည်း အတတ်နိုင်ဆုံး ပျက်ရက်နည်းပါးစေအောင် လုပ်ကိုင်ရမှာဖြစ်ပါတယ်။ မိသားစုဝင်တွေ အရေးသာမက မိမိကိုယ်တိုင်အလုပ်ကို ပျက်ရက်မရှိဘဲ လုပ်နိုင်ဖို့အတွက် နေထိုင်ရာအိမ်မှာပဲ စီးပွားရေးလုပ်ခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်လာ ပါလိမ့်မယ်။

စိတ်ဖိစီးမှု သက်သာစေခြင်း ။ ။ စိတ်ဖိစီးမှုဖြစ်ရတဲ့ အခြေခံ အကြောင်းအရင်းကတော့ နေ့စဉ်တစ်နေကုန် တစ်နေခန်း အလုပ်ကို ဇယ် ဆက်သလို လုပ်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

စိတ်ဖိစီးမှုဖြစ်စေတတ်တဲ့ နောက်ထပ်အကြောင်းအရင်းတွေကတော့ လမ်းဆုံလမ်းခွ လူစည်ကားသောနေရာမှာ အလုပ်လုပ်ရခြင်း မတော်တဆ ထိခိုက်ခြင်း နှောင့်နှေးကြန့်ကြာခြင်း၊ မော်တော်ယာဉ်လမ်းကြောင်း ပိတ်ဆို့ ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။

စိတ်ဖိစီးမှုဖြစ်စေတဲ့ အခြားအကြောင်းတရားတစ်ခုကတော့ လူနေ ကျဲပါးတဲ့နေရာမှာ မိမိရဲ့ လုပ်ငန်းရှိနေခြင်းပဲ ဖြစ်ပါတယ်။ ။

တစ်ခါတစ်ရံ အလုပ်နှင့် အိမ်အကြား စိတ်ကျေနပ်မှုမရှိတာတွေ အိမ် အလုပ်ရော၊ လုပ်ငန်းခွင်မှာပါ ပင်ပန်းရတာတွေကြောင့်လည်း စိတ်ဖိစီးမှု ဖြစ်တတ်ပါတယ်။

သို့သော်လည်း အခွင့်အရေးကောင်းတစ်ရပ်အနေနဲ့ အိမ်မှာနေရင်း အိမ်အလုပ်လုပ်ရင်း စီးပွားရေးလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်နိုင်မှာ ဖြစ်ပါ တယ်။ တစ်ခါတစ်ရံမှာ အိမ်တွင်းသန့်ရှင်းရေးလုပ်ခြင်း၊ ထမင်းဟင်းချက် ရင်းလုပ်ငန်းကိစ္စတွေကို အိုးမကွာ၊ အိမ်မကွာလုပ်နိုင်ခြင်းကြောင့်လည်း စိတ်ဖိစီးမှုကနေ ကင်းလွတ်ပြီး အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါ တယ်။

ကုန်ထုတ်စွမ်းအား တိုးတက်ခြင်း ၊

စိတ်ဖိစီးမှု သက်သာခြင်း +          အချိန်ပိုယူ၍ ကြိုးစားခြင်း           +            ကုန်ထုတ်စွမ်းအား တိုးတက်ခြင်း

စိတ်ဖိစီးမှုသက်သာခြင်းနဲ့ အချိန်ပိုယူပြီး ကြိုးစားခြင်းတို့ကို ပေါင်းစပ် ရင် ကုန်ထုတ်စွမ်းအားတိုးတက်ခြင်းဆိုတဲ့ ကောင်းသောရလဒ် ကို ရရှိပါမယ်။

အထက်ပါညီမျှခြင်းဟာ ဘယ်စီးပွားရေးလုပ်ငန်းအတွက်မဆို အသုံးတည့်ပြီး ရလဒ်ကောင်းရရှိစေတဲ့ ညီမျှခြင်း(သို့)ပုံသေနည်း တစ်ခုသာ ဖြစ်ပါတယ်။

အထူးသဖြင့် ဒီညီမျှခြင်းဟာ အိမ်ကို အခြေခံထားတဲ့ (သို့) အိမ်မှာပဲ နေပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်လည်ပတ်လိုသူတွေအတွက် ရည်ညွှန်း ပါတယ်။ ဒီညီမျှခြင်းကို လက်တွေ့ကျကျ အသုံးချပြီဆိုတာနဲ့ နေ့စဉ် အချိန် နာရီပိုတွေ ရရှိလာတာကို ဝမ်းမြောက်ဖွယ် တွေ့ရှိရမှာဖြစ်ပါတယ်။ သင့် အနေနဲ့ အချိန်ပိုတွေ နေ့စဉ်ရရှိလာပြီဆိုရင် သူတကာထက် အလုပ်ကိုပိုပြီး လုပ်ခွင့်ရသလို အရေးကြီးတဲ့လုပ်ငန်းတွေကိုလည်း အချိန်ပိုယူပြီး စဉ်းစား ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။

သင့်အတွက် အလုပ်လုပ်ရာမှာ အချိန်ပိုတွေ ပိုရှိနေသမျှ ကုန်ထုတ်စွမ်း အားလည်း သူတကာထက် ပိုမိုမြင့်တက်နေပါမယ်။ ကုန်ထုတ်စွမ်းအား မြင့်တက်လာရင် ဝင်ငွေရရှိနှုန်းလည်း မြင့်တက်ပြီး လုပ်ငန်းကို ပိုမိုချဲ့ထွင်လာ နိုင်တာကြောင့် သင့်အတွက် တိုးတက်မှုတွေ ဆင့်ကဲရရှိလာပြီး အခြား လုပ်ငန်းသစ်တွေကိုပါ တွဲဖက်လုပ်ကိုင်လာနိုင်မှာပါ။

အကယ်၍ သင့်လုပ်ငန်းအတွက် နေ့စဉ်တစ်နာရီကို ပေါင် ၂၀၊ (ယူရို ၂၃.၅၀ / အမေရိကန်ဒေါ်လာ ၃၀) ခန့်ရရှိတယ်ဆိုရင် အချိန်ပိုအပေါ် အလုပ်ဆက်လုပ်နိုင်ခြင်းကြောင့် အပိုဝင်ငွေအဖြစ် ပေါင် ၈၀၊ (ယူရို ၉၄/ အမေရိကန်ဒေါ်လာ ၁၂၀) ထိ နေ့စဉ်ရရှိနေမှာ ဖြစ်ပါတယ်။

သင်ဟာ ရက်သတ္တတစ်ပတ်လျင် ၅ ရက်နှုန်းနဲ့ ရက်သတ္တပတ် ၄၈ ပတ်လုပ်နိုင်ရင်တော့ အပိုဝင်ငွေ ပေါင် ၁၉၂ဝဝ (ယူရိုငွေ ၂၂,၅၆၀/ အမေ ရိကန်ဒေါ်လာ ၂၈,၈၀၀) ထိ တိုးတက်ခံစားရမှာ ဖြစ်ပါတယ်။

အထက်ဖော်ပြချက်တွေဟာ လုပ်ငန်းကိုအိမ်မှာ အခြေတည်ပြီးလုပ်သူ တွေရဲ့ စွမ်းဆောင်ချက်တွေကို လေ့လာသုတေသနပြုချက်များသာ ဖြစ်ပါ တယ်။

အကယ်၍ သင်ဟာ အိမ်ကိုအခြေခံပြီးလုပ်တဲ့ စီးပွားရေးလုပ်ငန်း မဟုတ်ရင် သမားရိုးကျလုပ်ငန်းတစ်ခုအနေနဲ့သာ သာမန်ဝင်ငွေ ရရှိပြီး သိသိသာသာတိုးတက်လာနိုင်မယ့် အခွင့်အရေးမရှိပါဘူး။

ထူးခြားသော ယှဉ်ပြိုင်မှုများ

အသေးစားစီးပွားရေးလုပ်ငန်းအတော်များများဟာ သူတို့ထက် အင်အား ကြီးမားတဲ့ ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်တဲ့အနေနဲ့ ထုတ်ကုန်ပစ္စည်းတွေကို ဈေး လျှော့ရောင်းတတ်ကြပါတယ်။

ကုမ္ပဏီကြီးအချို့ အနေနဲ့ မန်နေဂျာတွေဟာ ထုတ်ကုန်ရဲ့ တန်ဖိုးအမှန် ကို မသိတာရယ်.. ကုန်ကျစရိတ်တွေကို မသိတာရယ်နဲ့ ဘယ်ဈေးနဲ့ရောင်း ရမယ်ဆိုတာကိုပါ မသိတာကြောင့် တစ်ခါတစ်ရံ အသေးစားလုပ်ငန်းများ နှင့် ယှဉ်ပြိုင်တိုင်းကျရှုံးရတတ်ပါတယ်။

အထက်ပါအခြေအနေတွေကို လွတ်လွတ်ကင်းကင်း ရှောင်တိမ်းနိုင်တဲ့ သူတွေကတော့ အိမ်ကို အခြေခံတဲ့ (သို့) အိမ်မှာနေပြီး စီးပွားရေးလုပ်ငန်း လည်ပတ်နိုင်တဲ့သူတွေပဲ ဖြစ်ပါတယ်။

အိမ်ကို အခြေခံတဲ့လုပ်ငန်းရှင်တွေရဲ့ ဖော်မြူလာဟာ လက်တွေ့အောင် မြင်မှုဖြစ်စေတဲ့ -

ကုန်ထုတ်စွမ်းအား တိုးတက်ခြင်း  +          ကုန်ကျစရိတ် လျော့ကျခြင်း         + ဈေးလျှော့၍ ရောင်းနိုင်ခြင်း

... ပဲဖြစ်ပါတယ်။

အိမ်ကိုအခြေခံတဲ့ (သို့) အိမ်မှာနေပြီး စီးပွားရေးလုပ်တဲ့သူတွေအနေနဲ့ ငွေကြေးကို မြောက်မြားစွာ သုံးစွဲရန်မလိုဘဲ အချိန်ပိုရနေတာကြောင့် ထုတ် ကုန်ပစ္စည်းတွေကိုလည်း သူတကာထက်ပိုပြီး ဈေးနှုန်းချိုသာစွာ လျှော့ရောင်း နိုင်ပါတယ်။

အိမ်မှာနေ၍စီးပွားရေးလုပ်သူတို့အတွက် လိုက်နာရမည့် အရေးပါသောအချက်များ ။

> လုပ်ငန်းအား မည်သို့သော နည်းလမ်းများဖြင့် တိုးတက်အောင် လုပ်သင့်သည်။ သင့်ကိုယ်ပိုင်အမြင်အရ စိတ်ကျေနပ်မှုရှိအောင် မည်သို့လုပ်ကိုင် သင့်သည်ဆိုသည်ကို ကြိုတင်စဉ်းစားထားပါ။

> အမြဲတစေ သူတစ်ပါးအပေါ် မှီခိုနေခြင်းထက် ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီး မည်သို့ စီမံဆောင်ရွက်ရမည်ကိုသိအောင် ကြိုးစားပါ။

> တစ်နေ့တာ အလုပ်လုပ်ချိန်အား တိကျစွာသတ်မှတ်ပြီး ကုန်ထုတ်

စွမ်းအား တိုးတက်အောင် ကြိုးစားပါ။

> နိုင်ငံရေးအဖွဲ့ အစည်းများရှိနေသည့် အဆောက်အအုံများ၌ အလုပ် အတွက် ရုံးခန်းဖွင့်ရန် မစဉ်းစားသင့်ပါ။ အချိန်အလကားဖြစ်စေမည့် အခြေအနေတိုင်းအား သတိပြုရှောင်ရှားရမည်။

> အိမ်မှာနေ၍ လုပ်ငန်းလည်ပတ်ရင်းမှ မိသားစုဝင်တိုင်း၏ အလုပ် အကိုင်ရရှိရေးနှင့် (ဖြစ်နိုင်ပါက) ဇနီး-ခင်ပွန်းနှင့် သားသမီးများကိုပါ မိမိတို့တတ်စွမ်းနိုင်သလောက် အလုပ်ကိုယ်စီ တာဝန်ယူနိုင်အောင် စီမံပေးပါ။

> အနာဂတ်ကာလမျိုးဆက်သစ်များ အလုပ်အကိုင် လက်ဆင့်ကမ်းသွားနိုင်အောင် အုတ်မြစ်ချ ဆောင်ရွက်ပေးပါ။

> ရရှိသော လုပ်ခလစာထက် လုပ်ငန်းအပေါ်ပိုပြီး တန်ဖိုးထားတတ်အောင် အမွေဆက်ခံသူတိုင်းအား ပြောပြပေးပါ။

အားနည်းချက်များ

မိမိအိမ်တွင် လုပ်ငန်းစတင်လည်ပတ်သည်နှင့် အလုပ်သမားများ အချိန်မီ ရောက်ရှိလာရေး၊ မိမိသူဌေး/ အရင်းအနှီးငွေ ထုတ်ပေးသူ၏ ညွှန်ကြားချက်