Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

အောင်လှိုင် - အကောင်းဆုံးစွမ်းဆောင်လိုက်ပါ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ရှင်သန်ကြီးထွားခြင်းဆိုသော အရည်အသွေးတွေ အရန်သင့်ရှိနေသည့် မျိုးစေ့နှင့်တူသော ... သင်

လူမှုရေးအရ ပြုလုပ်သော မိတ်ဆုံစားပွဲတွေ စီးပွားရေးအရ တွေ့ ဆုံခင်မင်ပြီး ပြုလုပ်သော စားပွဲသောက်ပွဲတွေ နေ့လယ်စာ တည်ခင်း ဧည့်ခံသော အထိမ်းအမှတ်ပွဲတွေကို သင် တက်ရောက်တဲ့အခါတိုင်း သင်ကြားနေကျ စကားတွေကိုသာ အမြဲတမ်းကြားနေရမှာ ဖြစ်ပါတယ်။

အဲဒီစကားတွေကတော့ “ကျွန်တော့်အလုပ်ထဲမှာ ပြဿနာတွေ က အများကြီးပဲ”.. “ကျုပ် အလုပ်ထဲမှာ အထက်အရာရှိတွေ တွဲဖက် လုပ်ကိုင်သူတွေ အခြားအဆင့်ဝန်ထမ်းတွေနဲ့ ကျုပ် အဆင်မပြေတာ တွေ အများကြီးပဲ”

“ကျွန်မကတော့ ရောင်းဝယ်တာကိစ္စတွေမှာ ဖောက်သည် တွေနဲ့ ဆက်ဆံရတာ အဆင်မပြေဘူးလေ”

“ကျွန်တော့် အလုပ်ခွင်ကတော့ ကြောက်ခမန်းလိလိ ဆိုးရွား တယ်ဗျာ”

အထက်ပါအခြေအနေဆိုးတွေနဲ့ ရင်မဆိုင်ရအောင် သင့်ဘက်က အကောင်းဆုံး လုပ်ဆောင်နိုင်မယ့် အချက်တွေ ရှိနေပါတယ်။

အဲဒါတွေကတော့ သင့်အသင်းအဖွဲ့ အား အကောင်းဆုံး မွမ်းမံပြင်ဆင်ပေးပါ။ သင့်အလုပ်ခွင်အတွင်း သင့်ကိုယ်ပိုင်ယဉ်ကျေးမှုတစ်ခု ကို ဆန်းသစ်တီထွင်ပေးပါ။ ထို့နောက် အထိရောက်ဆုံး အကောင်း ဆုံးသော စွမ်းဆောင်ချက်တွေနဲ့ သင့်ရဲ့ သြဇာရှိန်ဝါ ကြီးမားကျယ်ပြန့် အောင် လုပ်ဆောင်ပေးပါ။

ထို့နောက် မန်နေဂျာဖြစ်သူက ဘယ်အလုပ်တွေ လုပ်ရမယ်။ လုပ်ငန်းအသင်းအဖွဲ့ တစ်ခုစီအလိုက် ခေါင်းဆောင်တွေက ဘာတွေလုပ် ရမယ်။ ဘယ်လို ထိရောက်မှုရှိသော အရည်အသွေး အရည်အချင်းတွေ ရှိဖို့ လိုအပ်တယ်ဆိုတာကို သေချာစွာ ခွဲခြားနားလည်ထားဖို့ လိုပါတယ်။

သင်ဟာ ရှင်သန်ကြီးထွားခြင်းဆိုသော အရည်အသွေးတွေ အရန်သင့်ရှိနေသည့် မျိုးစေ့နဲ့တူသော သူတစ်ယောက် ဖြစ်ပါတယ်။ မျိုးစေ့ကောင်းလျှင် ကောင်းသလို အပင်ရှင်သန်နိုင်တဲ့ အလားအလာကောင်းတွေ ရှိနေတာကြောင့် သင်က အရည်အသွေးကောင်းတွေ ပိုင်ဆိုင် ထားနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ။

သင့်အလုပ်ခွင်အတွင်းက မန်နေဂျာတစ်ယောက်က ဘယ် အလုပ်တွေကို တာဝန်ယူတယ်။ ခေါင်းဆောင်လုပ်သူတွေက ဘာ တာဝန်တွေ ယူတယ်။ ကူညီပံ့ပိုးသူတွေက ဘာတွေ လုပ်ပေးတယ်ဆိုတာ ကို သေချာစွာ လေ့လာပေးရမှာ ဖြစ်ပါတယ်။

အတိတ်တစ်ချိန်က လုပ်ငန်းခွင်တွေနဲ့ ယနေ့ ခေတ်မီတိုးတက် သော ကာလရဲ့ လုပ်ငန်းခွင်အခြေအနေတွေက များစွာကွာခြားနေခဲ့တာ တွေ့ရပါတယ်။

ယနေ့ကာလမှာ အင်တာနက်နည်းပညာတွေ တိုးတက်လာတာ ကြောင့် သတင်းအချက်အလက်တွေကို အလွယ်တကူ ရရှိနိုင်ပြီဖြစ် ပါတယ်။

ခေတ်မီတိုးတက်ပြီး နည်းပညာဖွံ့ဖြိုးသောကာလမှာ... အရေးပါသော မှတ်တမ်းဓာတ်ပုံတွေ အီးမေးလ်တွေ၊ ဖက်စ်တွေကို အချိန်တို အတွင်း လိုရာရောက်အောင် ပေးပို့နိုင်ပြီး အရေးကြီးသော လုပ်ငန်း တာဝန်တွေကိုလည်း လွယ်ကူလျင်မြန်စွာ ပြီးပြတ်အောင် ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။

ခေတ်မီသော ကွန်ပျူတာနည်းပညာတွေ မြင့်မားတိုးတက်လာ သောအချိန်မှာ မိုဘိုင်းဖုန်း ဆက်သွယ်ရေးစနစ်တွေကလည်း အရှိန်ရ အားကောင်းလာခဲ့ပါတယ်။

ထိုသို့ တိုးတက်သော အခြေအနေတွေကို အကျိုးရှိရှိ လက်တွေ့ အသုံးချပြီး ကျွန်ုပ်တို့ လုပ်ငန်းတိုးတက် အောင်မြင်ရေးတွေအတွက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အတိတ်တစ်ချိန်က အဘက်ဘက်ကနေ အားနည်းချက်တွေ လိုအပ်ချက်တွေ ရှိနေခဲ့တာကြောင့် လုပ်ငန်းတာဝန်တွေကို နှောင့်နှေး ကြန့်ကြာစွာ ဆောင်ရွက်ခဲ့ရသော်လည်း ယနေ့ကာလမှာတော့ ပြောင်းလဲ ခြင်းတွေကို ကျွန်ုပ်တို့ ကိုယ်တိုင်စိတ်တိုင်းကျ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ် ပါတယ်။

ကျွန်ုပ်တို့ရဲ့ ကံကြမ္မာတွေကို ကျွန်ုပ်တို့ ကိုယ်တိုင်ထိန်းချုပ်နိုင် စွမ်းတွေ ရှိနေခဲ့တာကြောင့် တစ်ခါတစ်ရံ ဘဝတစ်သက်တာအတွင်း အသက်မွေးကျောင်း အလုပ်အကိုင် ခုနစ်ကြိမ်မှ ၁၀ ကြိမ်အထိ အပြောင်း အလဲတွေ လုပ်တတ်ကြပါတယ်။

လုပ်ငန်းစဉ်အဆင့်ဆင့်အား ဆက်သွယ်ရေးကွန်ရက်များဖြင့် ချိတ်ဆက်ဆောင်ရွက်ခြင်း

ယခင်က နည်းပညာအားနည်းချက်တွေ ရှိခဲ့ခြင်းကြောင့် သင် ဟာ လုပ်ငန်းခွင်အတွင်း ရှိရင်းစွဲယဉ်ကျေးမှု နောက်ကနေ လိုက်ပါဆောင်ရွက်ရလေ့ရှိပါတယ်။

ခေတ်မီတိုးတက်သော အခြေအနေအရ နည်းပညာတွေ ဖွံ့ဖြိုး လာခြင်းကြောင့် သင်ဟာ ယခင်ကလို ရှိရင်းစွဲယဉ်ကျေးမှု နောက်ကနေ လိုက်ပါစရာ မလိုအပ်တော့ဘဲ ကိုယ်ပိုင်ယဉ်ကျေးမှုကို တည်ထောင်နိုင် သူအဖြစ် ရပ်တည်ပြီး သင့်လုပ်ငန်းခွင်ရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို အကောင်းဆုံးတွေနဲ့ အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။ ။

နည်းပညာတိုးတက်သောခေတ်မှာ လုပ်ငန်းတာဝန်ထမ်းဆောင် သော သင့်အနေနဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်အား ဆက်သွယ်ရေးကွန်ရက် တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။ သတင်းနှင့် နည်းပညာ မဖွံ့ဖြိုးသေးသော ကာလတွေတစ်လျှောက် စီးပွားရေးလုပ်ငန်းအဖွဲ့ အစည်းတွေဟာ ထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု ကုန်ထုတ်စွမ်းအား မြှင့်တင်နိုင်မှု ဖောက်သည်တွေအတွက် ဝန်ဆောင်မှုကောင်းတွေပေးနိုင်မှု မိမိတို့ ထုတ်ကုန်ပစ္စည်းအား ဈေးကွက်အတွင်း ထိုးဖောက်နိုင်မှုနဲ့ သင့်တင့်သော နှုန်းထားတွေနဲ့ ရောင်းချနိုင်မှုတွေအတွက် အစည်းအဝေး တွေ အကြိမ်ကြိမ်ကျင်းပပြီး အသေးစိတ်ဆွေးနွေးညှိနှိုင်းမှုတွေ၊ ရွေးချယ် ဆုံးဖြတ်ခြင်းတွေ လုပ်ခဲ့ကြရပါတယ်။ ဒီအခါ မိမိတို့ လုပ်ငန်းကဏ္ဍ အလိုက် ခွဲခြားတာဝန်ယူရတဲ့ ခေါင်းဆောင်တွေနဲ့ ကျွမ်းကျင် ဝန်ထမ်း ပညာရှင်တွေဟာ.. လုပ်ငန်းကဏ္ဍတစ်ခုနဲ့တစ်ခု အနီးကပ် ချိတ်ဆက် ပြီး အမှားအယွင်းမရှိရအောင် တာဝန်ယူဆောင်ရွက်ခဲ့ကြရပါတယ်။

ဒီအခါ လုပ်ငန်းဌာနအလိုက် ခေါင်းဆောင်တွေ မန်နေဂျာတွေ ကလည်း ထုတ်ကုန်လုပ်ငန်းအဆင့်များစွာရှိတဲ့အနက် လုပ်ငန်းပမာဏ တွေကို သင့်လျော်သော အချိုးအစားအလိုက် ခွဲဝေဆောင်ရွက်ကြရ ပါတယ်။