Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

အောင်လှိုင် - သင်နှင့်သင့်ပြဿနာများကိုဗုဒ္ဓနည်းကျဖြေရှင်းခြင်း

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

အခန်း - ၁

ပြဿနာများ

ပြဿနာ၏ပင်ကိုသဘာဝနှင့် ဖြစ်စေသော အကြောင်းအရင်း

ဘယ်အရာက ကျွန်ုပ်တို့ကို ပြဿနာဖြစ်စေသလဲ?

ဤကမ္ဘာလောကမှာ ဘယ်လူသားမှပြဿနာတွေကို ရင်မဆိုင်ရဘဲ ရှင်သန်ရပ်တည်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ထို့အတူ ကြုံတွေ့လာရတဲ့ပြဿနာ တွေကို ရင်ဆိုင်ဖြေရှင်းခြင်း မပြုဘဲ မျက်ကွယ်ပြုထားဖို့လည်း မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့လူသားတွေမွေးလာတဲ့ အချိန်ကစပြီး ဘဝနိဂုံးနောက်ဆုံးထွက် သက်အထိ အမျိုးမျိုးသော ပြဿနာအရှုပ်အထွေးတွေနဲ့ ရင်ဆိုင်ရတာကိုပဲ ဘဝလို့ဆိုရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပြဿနာအခက်အခဲတွေကနေ ရင်ဆိုင်ကျော်လွှားချင်တယ်ဆိုရင် ပြဿနာရဲ့ ပင်ကိုသဘာဝနဲ့ ပြဿနာ အရင်းခံကို ခွဲခြားနားလည်ထားဖို့လိုပါတယ်။ ပြဿနာဟာ ကျွန်တော်တို့ အသက်ရှင်သန်ရပ်တည်ရတဲ့ ရည်ရွယ်ချက်ကို သေချာစွာ စဉ်းစားနားလည် စေဖို့နဲ့ ကျွန်တော်တို့ ဘာကြောင့်များလှစွာသော ပြဿနာတွေကို ရင်ဆိုင်နိုင် မယ့်နည်းလမ်းတွေ ရှာဖွေရတာလဲဆိုတဲ့ အချက်ကို အကြံ ပြုထောက်ပြပေး ထားပါတယ်။

တကယ်လို့ ကျွန်တော်တို့က မိမိကိုယ်ကျိုးအတွက် (သို့) လူတိုင်း အတွက် အမှားတွေကို ဖန်တီးမိခဲ့တယ်ဆိုရင် ပြဿနာတွေဆင့်ကဲမွေးဖွား လာပြီး ပြဿနာရဲ့ အင်အားကြီးရင် ကြီးသလောက် ပြင်းထန်တဲ့ ပဋိပက္ခ တွေကနေစစ်ပွဲတွေဖြစ်လာတဲ့အထိ အခြေအနေဆိုးလာတတ်ပါတယ်။ ဘယ်သူမဆို ပြဿနာတွေ၊ အမှားတွေကို မဖန်တီးခဲ့ရင်၊ အမှားမရှိအောင် အတတ်နိုင်ဆုံးနေနိုင်ရင်တော့ ဒီကမ္ဘာလောကမှာ ဘယ်လိုပြဿနာမျိုးမှ မရှိနိုင်ပါဘူး။

ကျွန်တော်တို့တစ်ဦး၊ တစ်ယောက်ချင်းအလိုက် ပြဿနာဖြစ်စေရတဲ့ အခြေခံအကြောင်းအရင်းကို နားလည်မယ်ဆိုရင် ကျွန်တော်တို့အတွက် မလို အပ်တဲ့ကြောက်ရွံ့မှုတွေ၊ စိုးရိမ်သောကတွေ၊ ဘေးကင်းလုံခြုံမှုမရှိသလို ခံစား ရတာတွေကနေ လွတ်မြောက်နိုင်ပါလိမ့်မယ်။

မည်သူမဆို ပျော်ရွှင်ငြိမ်းချမ်းတဲ့ဘဝကို ပိုင်ဆိုင်လိုကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘဝမှာ ဘယ်လောက်အတိုင်းအတာအထိ ပျော်ရွှင်ငြိမ်းချမ်းမှု ရနေမလဲဆိုတာကိုတော့ အမှန်တကယ်ပြောရခက်ပါတယ်။ ။

လူသားအားလုံးရဲ့ သဘာဝအရ ပျော်ရွှင်မှုကို အချိန်ခဏလေးပဲဖြစ် ဖြစ်၊ အချိန်တာရှည်စွာပဲဖြစ်ဖြစ် ရနိုင်သလောက် ရယူလိုကြပါတယ်။

ပျော်ရွှင်မှုကို ရေရှည်ထိမ်းသိမ်းရယူထားနိုင်ဖို့ ဘယ်လိုလုပ်ရမယ်ဆို တဲ့ လျှို့ဝှက်ချက်ကို ကျွန်တော်တို့ အမှန်တကယ် နားလည်နိုင်ပြီဆိုရင်တော့ ဘဝတစ်သက်တာ ပျော်ရွှင်မှုတည်တံ့အောင်လုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့က ပြဿနာရဲ့ အခြေခံအရင်းအမြစ်ကိုလည်း မသိ၊ ပြဿနာတစ်ခုဖြေရှင်းနိုင်ဖို့ ကြိုးစားနေတုန်း နောက်ထပ် ပြဿနာ အသစ်တစ်ခုကို ထပ်ပြီး ဖန်တီးမိတာ၊ မဖြေရှင်းနိုင်တာဆိုရင်တော့ ပြဿနာ အရှုပ်အထွေးထဲကနေ လွတ်မြောက်ဖို့ မလွယ်ကူလှပါဘူး။ ဒီလို အခြေအနေ ဟာ ပိုက်ကွန်ထဲမိနေတဲ့ ခြင်္သေ့က ရုန်းကန်ပြီး ထွက်ဖို့ အပြင်းအထန်ကြိုးစား လေ ပိုက်ကွန်ကပိုရှုပ်ထွေးသွားပြီး လွတ်မြောက်ဖို့ခက်ခဲလေဖြစ်နေတဲ့ အဖြစ်အပျက်နဲ့ ဆင်တူလှပါတယ်။

တကယ်လို့ အမှတ်မထင်ဖန်တီးမိလိုက်တဲ့ပြဿနာအသစ်က အသေးအဖွဲပြဿနာလောက်ပဲဆိုရင် ကျွန်တော်တို့ အနည်းငယ်သည်းခံလိုက်ရုံနဲ့ မကောင်းတဲ့ခံစားချက်တွေ သက်သာလျော့ကျသွားစေနိုင်ပါ တယ်။

ဥပမာအနေနဲ့ ကျွန်တော်တို့မှာ အစာအိမ်ရောင်နာရှိပြီး ဝေဒနာအပြင်း အထန် ခံစားရတယ်ဆိုရင် ကျွန်တော်တို့ ဒီဝေဒနာရောဂါပျောက်ကင်းဖို့ ဆရာဝန်တစ်ယောက်ယောက်နဲ့ တိုင်ပင်ရပါလိမ့်မယ်။

တကယ်လို့ ဆရာဝန်က ကျွန်တော်တို့ ခွဲစိတ်ကုသခံဖို့လိုတယ်လို့ ပြောလာခဲ့ရင် ကျွန်တော်တို့ခံစားနေရတဲ့ဝေဒနာ ပိုပြီးမဆိုးရွားလာစေဖို့ ဆရာဝန်ရဲ့ လမ်းညွှန်အကြံပြုချက်ကို လိုလိုလားလားလက်ခံရမှာ ဖြစ်ပါတယ်။

နောက်တစ်ခုစဉ်းစားရမှာက ကျွန်တော်တို့ အခြားနည်းလမ်းနဲ့ ဖြေရှင်းဖို့ ရွေးစရာရှိမရှိဘဲ ဖြစ်ပါတယ်။

ဒီတော့ ပြဿနာလို့ဆိုလောက်တဲ့ ဝေဒနာ၊ ဒုက္ခဆက်လက်တည်ရှိ ခြင်းကို အပြီးပြတ်ဖယ်ရှားပစ်နိုင်ဖို့ ခွဲစိတ်ကုသခြင်းဆိုတဲ့ သေးငယ်တဲ့ ပြဿနာကို ကျွန်တော်တို့ပျော်ပျော်ကြီး ရင်ဆိုင်သင့်ပါတယ်။

ဆိုလိုချင်တာကတော့ ပြဿနာ ၂-ခုအနက် တစ်ခုကသေးငယ်ပြီး ရင်ဆိုင်ဖြေရှင်းလိုက်တာနဲ့ ကြီးမားတဲ့ ပြဿနာပါ ပပျောက်သွားမယ်ဆိုရင် သေးငယ်တဲ့ပြဿနာတွေကို လိုလားကျေနပ်စွာနဲ့ ရင်ဆိုင်ဖြေရှင်းပေးဖို့ပဲ ဖြစ်ပါတယ်။

ရောဂါအတွက် ခွဲစိတ်ကုသာခံရာမှာလည်း အခုလို စဉ်းစားဆင်ခြင် ပေးပါ။ ကျွန်တော်တို့ရဲ့ အစာအိမ်ရောင်ဝေဒနာကြောင့် နာကျင်ခံစားရမှု တွေကို နောက်ဆုံးမှာ အောင်မြင်စွာ ဖယ်ရှားနေပါလားလို့ စဉ်းစားတွေးတော ရင်း ခွဲစိတ်ကုသခံနေတဲ့ ကာလအတောအတွင်းမှာ နာကျင်မှုတွေကို သည်းခံ နိုင်ဖို့ စိတ်ဓာတ်ခွန်အားကိုရယူ မွေးမြူပါ၊ သည်းခံနိုင်စွမ်းဖြင့် နာကျင်မှုများ ကို အောင်မြင်စွာ ဖြတ်ကျော်မယ်လို့ စိတ်ဆုံးဖြတ်ချက်ချထားပါ။

ဒီလိုစိတ်ဓာတ်နဲ့ လေ့ကျင့်ထားနိုင်ပြီဆိုရင် ကျွန်တော်တို့ အားလုံး ရုတ်တရက် တွေ့ကြုံလာနိုင်တဲ့ နာကျင်မှုတွေကို အပြုံးမျက်နှာနဲ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

အချိန်ကာလတာရှည်စွာ ရှင်သန်တည်ရှိနေတဲ့ ပြဿနာတွေကို ကျွန်တော်တို့က ပြဿနာသေးအဖွဲတစ်ခုနှစ်ခုတောင် ဖြေရှင်းနိုင်ခဲ့ခြင်း မရှိခဲ့ရင်၊ (သို့) စိတ်ပိုင်းဆိုင်ရာ (သို့) ရုပ်ပိုင်းဆိုင်ရာအရ တစ်စုံတစ်ရာ စွန့် လွှတ်အနစ်နာခံခြင်း မရှိခဲ့ရင် ဘယ်လိုမှ အောင်မြင်စွာ ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး။

တကယ်လို့ ကျွန်တော်တို့က အမှန်တရားအတွက် ခေါင်းမာတတ်တဲ့ သူတွေဖြစ်နေရင်လည်း အမှန်ကိုလက်ခံသူဖြစ်ပေမဲ့ ပြဿနာဖြေရှင်းနိုင်သူ တော့ ဖြစ်မလာနိုင်ပါဘူး။

လူတိုင်းမှာ စိတ်ရှည်သည်းခံစိတ်တွေရှိနေခဲ့ရင် (သို့) လူတိုင်းက တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ကင်းရှင်းနေတယ်ဆိုရင် ပြဿနာကို ရှောင်ကြဉ် ပြီးသားဖြစ်သလို ပဋိပက္ခတွေ၊ ရန်ငြိုးထားမှုတွေ၊ အကြမ်းဖက်မှုတွေ၊ မလို မုန်းထားမှုတွေထံကလည်း ရှောင်ကွင်းသွားပြီးသားဖြစ်ပါလိမ့်မယ်။

ကျွန်တော်တို့ရဲ့ ဗုဒ္ဓမြတ်စွာက ကျွန်တော်တို့လူသားတွေဆီမှာ ရှိနေ တဲ့ ပြဿနာတွေ အေးငြိမ်းအောင်လက်တွေ့ကျတဲ့ နည်းလမ်းကောင်းတွေ ပြသပေးခဲ့ပြီးပါပြီ။ နောက်ပြီး ပြဿနာရဲ့ အခြေခံအရင်းအမြစ်ထိ ထိုးဖောက် ပြီး ပြဿနာဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကို ရှာဖွေတတ်ဖို့နဲ့ ပြဿနာ ဖြစ်အောင် ဖန်တီးပေးနိုင်တဲ့ အရာတွေကို ခွဲခြားနားလည်နိုင်ဖို့အတွက် ဗုဒ္ဓ မြတ်စွာက ကျွန်တော်တို့ကို သင်ကြားပြသခဲ့ပြီးပါပြီ။

ဗုဒ္ဓရဲ့ အဆို အရ ပြဿနာကို အဓိကထားပြီးဖြေရှင်းတာထက် ပြဿနာဖြစ်စေတဲ့ အခြေခံ အကြောင်းအရင်းကို ရှာဖွေပြီး ဖြေရှင်းတာက အဲဒီပြဿနာနောက်ထပ်ပေါ်လာနိုင်တဲ့ အခွင့်အရေးလုံးဝမရရှိအောင် ထိ ရောက်တဲ့ နည်းလမ်းဖြင့် ဖြေရှင်းခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဥပမာအနေနဲ့ ကျွန်တော်တို့ နာမကျန်းဖြစ်ပြီး ဝေဒနာခံစားရတဲ့အခါ (သို့) ကျွန်တော်တို့ အပြင်းအထန်ခေါင်းကိုက်တဲ့အခါ ကျွန်တော်တို့ခံစား ရတဲ့ ဝေဒနာသက်သာအောင် ဆရာဝန်က ဆေးသောက်ခိုင်းပါလိမ့်မယ်။ ဆေးသောက်ပြီး မကြာခင် အချိန်အတွင်း ကျွန်တော်တို့ရဲ့ ဝေဒနာသက်သာ ပြီး နေလို့ကောင်းသွားပေမဲ့ မကြာခင်မှာပဲ အဲဒီဝေဒနာထပ်ပေါ်လာရပါ တယ်။ ဒါကို လေ့လာရင် ဆေးသောက်လိုက်ခြင်းဟာ ပြဿနာကို တိုက်ရိုက် ခြေဖျက်ပစ်ဖို့ ကြိုးစားတာကို တွေ့ရပြီး ဆေးသောက်လိုက်ခြင်းကြောင့် ပြန်ကောင်းပြီး မကြာခင် အဲဒီဝေဒနာပေါ်လာရတာဟာ အဲဒီခေါင်းကိုက်ဝေဒနာပြဿနာရဲ့ အခြေခံအကြောင်းအရင်းကို မရှာဖွေ၊ မသိရှိလို့ ဖြေရှင်း နိုင်ခြင်းလည်း မရှိတဲ့ သဘောကို ကွင်းကွင်းကွက်ကွက် မြင်တွေ့စေပါတယ်။

ဒါကြောင့် ဆရာဝန်ဖြစ်သူက ဝေဒနာခံစားရသူ သက်သာအောင် ခေါင်းကိုက်ပျောက်ဆေးပေးရတဲ့အပြင် ခေါင်းကိုက်ခြင်းက ဘယ်လိုရောဂါ အမျိုးအစားတွေရဲ့ ရှေ့ပြေးနိမိတ်ဖြစ်သလဲဆိုတာကိုပါ ဆက်လက်ရှာဖွေ ကုသပေးရမှာ ဖြစ်ပါတယ်။

နောက်ဥပမာတစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ လွန် စွာနာကျင်လှတဲ့ ဒဏ်ရာတစ်ခုရှိတယ်ဆိုရင် အဲဒီဒဏ်ရာပျောက်အောင် ကျွန်တော်တို့ဆေးစားဆေးလိမ်း၊ ဆေးထိုးမယ်ဆိုပါတော့၊ ဒဏ်ရာကအရင် ကထက် သက်သာလာတဲ့ အချိန်မှာ တစ်ယောက်ယောက်က ကျွန်တော်တို့ ရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး မေးရင် လတ်တလောသက်သာနေတဲ့ အခြေအနေ မှန်အတိုင်း သက်သာပါတယ်၊ ကောင်းပါပြီ... ဆိုတဲ့ အဖြေကိုပဲ ကျွန်တော် တို့ပေးလေ့ရှိတတ်ပါတယ်။ တကယ်တော့ လတ်တလော အခြေအနေအရ သက်သာတယ်၊ ကောင်းတယ်လို့ ပြောတဲ့သဘောသာဖြစ်ပြီး ဘယ်တော့မှ မနာမကျင်တဲ့သဘောကို ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် ပေါ်မှာ ဒဏ်ရာအနာတစ်ခုဖြစ်ပြီး ပျောက်သွားခဲ့ရင် နောက်ထပ်လည်း အချိန်မရွေးဒဏ်ရာရလာတတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာ အစိတ် အပိုင်းမှာမဆို ဒဏ်ရာအနာဖြစ်ပေါ်တတ်ပါတယ်။ ။

ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ကြီးသက်သက်က ကြီးမားတဲ့ ပြဿနာတွေကို ဖန်တီးပေးတတ်ပါတယ်။ တွင် ကျွန်တော်တို့ဘဝတစ်သက်တာလုံးမှာ ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ တာဝန်တွေကို အာရုံစိုက်ထမ်းဆောင်လိုကြပေမဲ့ တာဝန်တွေကို ပိုပြီး အာရုံ စိုက်ထမ်းဆောင်လေ၊ ပြဿနာအသစ်တွေရဲ့ နှောက်ယှက်နှိပ်စက်ခြင်းကို ခံရလေဖြစ်လာရပါတယ်။ ဒါကြောင့်များစွာသော တာဝန်တွေကို ထမ်းဆောင် ကြသူတိုင်းအဆုံးမရှိတဲ့ ပြဿနာတိုက်ပွဲနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာအနေနဲ့ ကျွန်တော်တို့ကို သုံးစွဲဖို့ပေးထားတဲ့ နည်းလမ်းဟာ ခဏတာယာယီအတွက်သာ ဒုက္ခ၊ ပြဿနာငြိမ်းအေးစေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ဘဝတစ်သက်တာအတွင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာရဲ့အရင်းအမြစ်ကိုပါ အပြီးသတ်တူးထုတ်ရှင်းလင်းပစ်နိုင်တဲ့ နည်းလမ်းကောင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဗုဒ္ဓရဲ့ သင်ကြားမှုတွေကို လက်တွေ့ကျင့်ကြံ အားထုတ်ဖို့ အရမ်းခက်ခဲတယ်လို့ အချို့လူတွေက ဆိုကြပါတယ်။

တကယ်တော့ ကျွန်တော်တို့တွေ့ကြုံနေရတဲ့ ပြဿနာအခက်အခဲတွေ ဟာ လောကီဆိုင်ရာပြဿနာအခက်အခဲတွေဖြစ်ပြီး သီလတည်ဆောက်နိုင် စွမ်းအားကောင်းသူတွေမှသာ အဲဒီပြဿနာအခက်အခဲတွေကနေ သိသာစွာ လွတ်မြောက်နိုင်မယ်လို့ ဗုဒ္ဓက သင်ကြားပေးခဲ့ပြီး ဖြစ်ပါတယ်။

သီလဆိုတာဟာ မိမိကိုယ်မိမိ စည်းကမ်းစောင့်ထိမ်းတတ်တဲ့သဘော၊ ကိုယ်ကျင့်တရား အစဉ်ကောင်းမွန်စေရန် ကျင့်ကြံအားထုတ်နိုင်တဲ့ သဘော ကို ရည်ညွှန်းပါတယ်။ (သီလခိုင်မြဲစေရန်အတွက် ကိုယ်တိုင် ကျင့်ကြံ အားထုတ်ဖို့ လိုပါတယ်) ပညာရှိလူတော်လူကောင်းတွေအနေနဲ့ လုံ့လ ဝီရိယစိုက်ထုတ်ပြီး ပြဿနာရဲ့ အရင်းအမြစ်ကို ခြေရာခံတတ်ကြတယ်။ ပြဿနာဖြစ်စေတဲ့ အကြောင်းကိစ္စတွေကနေ အောင်မြင်စွာ ကျော်လွှားနိုင် အောင် ကြိုးစားတတ်ကြပါတယ်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာရဲ့ ဆုံးမ လမ်းညွှန် တော်မူတဲ့အတိုင်း ကျွန်တော်တို့ရဲ့ ပြဿနာတွေကို အကောင်းဆုံး ရင်ဆိုင် ဖြေရှင်းချင်တယ်ဆိုရင် ဉာဏ်ပါပါနဲ့ ဝီရိယစိုက်ထုတ်ရမယ်။ ဒီပြင် ပိုကောင်း တဲ့ အခြားနည်းလမ်းလည်း မရှိပါဘူး။ ဗုဒ္ဓရဲ့ လမ်းညွှန်ပြသပေးခြင်း မခံရစဉ် ကာလများအတွင်း လူသားတွေဟာ ဘယ်ပြဿနာနဲ့ပဲ ရင်ဆိုင်ရတယ်ဖြစ် စေ၊ အခြားသူတစ်ယောက်ယောက်အပေါ် ယုံကြည်ကိုးစားစိတ်နဲ့ ချဉ်းကပ် ပြီး သူတို့ဆီကအကြံဉာဏ်ကို တောင်းခံရယူတတ်ကြပါတယ်။ ဒီလိုမှ မဟုတ်လည်း သူတို့ရဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ထားတဲ့ နတ်ဘုရားတွေဆီသွားပြီး ဆုတောင်းပတ္တနာပြုကြတယ်။ ဘုရားကျောင်း တွေဆီသွားပြီး တန်ခိုးရှင်တွေဆီမှာ တိုင်တည်သစ္စာပြုတတ်ကြပါတယ်။

ဒီလိုနည်းလမ်းတွေကတော့ ဗုဒ္ဓရဲ့ အလိုတော်နဲ့ ရှင်းရှင်းကြီး ဆန့်ကျင် နေတာကို တွေ့ရပါတယ်။ ။

ဗုဒ္ဓက ပြဿနာဖြစ်စေတဲ့ အခြေခံအရင်းအမြစ်ကိုသိအောင် သရုပ်ခွဲ ရှာဖွေခိုင်းပြီး အပြီးသတ်ပပျောက်စေတဲ့ နည်းလမ်းကောင်းတွေကို ပေးထား ပြီး ဖြစ်ပါတယ်။

ပြဿနာနဲ့ ကြုံတွေ့ရတဲ့သူအများစုဟာ ပြဿနာကို မဖြေရှင်းနိုင်၊ မဖြေရှင်းလိုတဲ့စိတ်နဲ့ သူတစ်ဖက်သားအပေါ် အပြစ်ပုံချကြတတ်ပါတယ်။

ဒါဟာ ပြဿနာကိုရှောင်ကွင်းတာကြောင့် အဲဒီပြဿနာကို မဖြေရှင်း နိုင်သေးဘဲ အကြွေးတင်နေတတ်ပါတယ်။ အမှန်တကယ်ရိုးသားတဲ့သူ၊ သီလ ရှိသူတွေအနေနဲ့ မိမိရဲ့ ပြဿနာကို ကိုယ်တိုင်ပွင့်လင်းစွာ ဖွင့်ဟပြီး ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေမယ့် အကြံဉာဏ်ကို တောင်းခံတတ်ပါ တယ်။

တကယ်လို့ ကျွန်တော်တို့က သူတစ်ပါးကို အပြစ်ပုံချ လက်ညှိုးထိုး ရင် ကျွန်တော်တို့ကိုလည်း အခြားသူတွေက ပြန်ပြီးလက်ညှိုးထိုးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ “တူသောအကျိုးပေး.. ဆိုတဲ့စကားကို ကျွန်တော် တို့လက်ခံနိုင်မှသာ အထက်ပါသဘောတရားကိုလည်း ကျေနပ်စွာ နားလည် နိုင်မှာ ဖြစ်ပါတယ်။ ။

ကျွန်တော်တို့ ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့ရတိုင်း စိတ်ကူးထဲက “ရန်သူရှိနေပြီ” “တစ်ယောက်ယောက်က ဒုက္ခပေးနေပြီ”.. ဆိုတဲ့ သံသယ တွေပေါ်လာတတ်ပါတယ်။ ဒီအခါကြုံတွေ့ခံစားနေရတဲ့ ပြဿနာတွေကို ဖယ်ရှားရှင်းလင်းပစ်နိုင်အောင် အကြံဉာဏ်ကောင်းပေးနိုင်မယ့်သူကို ရှာဖွေ တတ်ကြပါတယ်။ ။

တကယ်တော့ အခြားသူတွေဆီကရရှိတဲ့ အကြံဉာဏ်တွေဟာ သူတို့ ရဲ့ အယူသီးမှုတွေအပေါ် အခြေခံပြီးပေးတတ်တဲ့ အကြံဉာဏ်တွေဖြစ်နေ တာကို အမှန်တကယ်မသိကြပါဘူး။ အဲဒီလို အကြံဉာဏ်မျိုးရလာတတ်တဲ့ သူတွေဟာ ပြဿနာရဲ့ အခြေခံအကြောင်းအရင်းကို မှားယွင်းစွာနဲ့ နားလည် သွားတတ်ကြပါတယ်။ ဒီအခါ မှားယွင်းတဲ့ ယုံကြည်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ဗေဒင်ဆရာနဲ့ အကြားအမြင်ရသူတွေရဲ့ စေခိုင်းသမျှကို မသွေ မတိမ်းဆောင်ရွက်ကြပါတော့တယ်။ အဲဒီလိုပြဿနာဖြေရှင်းနည်းဟာ ပြဿနာရဲ့ အခြေခံအကြောင်းအရင်း ဘယ်လောက်ထိ အရေးပါတယ်ဆိုတဲ့ အဓိကအချက်ကို ပျောက်ကွယ်သွားစေပြီးနောက်ထပ်မှားယွင်းမှုတွေကို ဆင့်ကဲဖန်တီးမိပါလိမ့်မယ်။ ဥပမာအနေနဲ့ လူတွေဟာ သူတို့ရဲ့ စီးပွားရေး ကဏ္ဍမှာကျရှုံးတယ်၊ (သို့) အောင်မြင်မှုမရဘဲ ကံဆိုးနေတယ်ဆိုပါတော့ အများအားဖြင့် မှော်ပညာတွေ၊ အောက်လမ်းပညာတွေ၊ ဓာတ်ဆင်၊ ဓာတ် ရိုက်နဲ့ အစီအရင်တွေကို မဆိုင်းမတွ အသုံးပြုပြီးအဲဒီပညာတတ်မြောက်တဲ့ ဆရာတွေရဲ့ စေခိုင်းသမျှကို ယုံယုံကြည်ကြည်နဲ့ လုပ်တတ်ကြပါတယ်။ သူတို့က ရှေးဘဝအဆက်ဆက်က ပြုခဲ့တဲ့ ကံတွေရဲ့ စီမံမှုကို လက်မခံနိုင် တာကြောင့် လက်ရှိတစ်ဘဝအတွက်ကံကောင်းခြင်း၊ အောင်မြင်ခြင်းတွေရ ရေးကိုသာ အဓိကဦးတည်တတ်ကြပါတယ်။

ဒီအနေအထားအရ ဗုဒ္ဓဘာသာရှုထောင့်ကနေ ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင် အစီအရင်တွေလုပ်ခြင်းကြောင့် ကံကောင်းပျော်ရွှင်ရတယ်။

အောင်မြင်တိုးတတ်တယ်ဆိုတာ မရှိပါဘူး။ အစီအရင်လုပ်ပေးပါတယ်ဆို တာကလည်း တကယ်တော့ လိမ်ညာလှည့်စား ခံရတာဖြစ်ပြီး ငွေကြေးကုန် ကျသွားတာပဲ အဖတ်တင်ပါတယ်။

လက်တွေ့အားဖြင့် ကံကောင်းခြင်းကို လုပ်ကြံဖန်တီးလို့မရနိုင်သလို လွယ်လွယ်နဲ့လည်း ကံကောင်းခြင်း၊ အောင်မြင်ခြင်းတွေကို မရရှိတတ်ပါ ဘူး။ ကောင်းခြင်း အမျိုးမျိုးကို ပိုင်ဆိုင်ထားတဲ့လူတွေဟာ ရှေးဘဝအဆက် ဆက်ကတည်းက ကောင်းမှုကုသိုလ်ကံတွေကို ကောင်းအောင်လုပ်ခဲ့ကြလို့ (သို့) သူတို့ပြုခဲ့တဲ့ ကံတွေက ကောင်းခြင်းအမျိုးမျိုးကိုဖြစ်စေတာကြောင့် လက်ရှိဘဝမှာ အကျိုးပေးခွင့်ရပြီဆိုတာနဲ့ ဘဝတစ်သက်တာလုံး သူတကာ ထက်အစစသာလွန်တဲ့ ကံကောင်းခြင်း၊ အောင်မြင်ခြင်း အမျိုးမျိုးကို ရရှိပိုင် ဆိုင်နိုင်တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကံကံ၏အကျိုးဆိုတဲ့ အဓိပ္ပာယ် ပါပဲ။

ကံမကောင်းသူ (သို့) ကျရှုံးသူတွေအနေနဲ့ မိမိတို့ရဲ့ ရှေးဘဝကံ မကောင်းလို့ လက်ရှိဘဝမှာ ကျရှုံးရတယ်ဆိုတဲ့ အဖြေမှန်ကို ကျေနပ်စွာနဲ့ လက်ခံနိုင်ဖို့ လိုပါတယ်။ ဒီတော့ အခြားဘယ်သူ့ကိုမှလည်း အပြစ်တင်စရာ မလိုတော့ဘူး။ ဘယ်သူမပြု မိမိမှုဆိုတဲ့ စကားအတိုင်း လူတိုင်းဟာ သံသရာ ဘဝအဆက်ဆက်မှာ ကိုယ်ရဲ့ ကံကို ကိုယ်တိုင်ပဲဖန်တီးခဲ့ကြတာပါ။ ကောင်း တဲ့ကံကိုကိုယ်ကပဲ ဖန်တီးသလို ဆိုးတဲ့ကံကိုလည်း မိမိကလွဲပြီး ဘယ်သူက မှ ကြားဝင်ဖန်တီးပေးလို့မရပါဘူး။ ထို့အတူ လက်ရှိဘဝမှာရှိနေတဲ့ အကြား အမြင်ပုဂ္ဂိုလ်တွေ၊ ဗေဒင်ဆရာတွေနဲ့ ဂမ္ဘီရပညာရှင်တွေကလည်း သူတို့အတွက် ကံကောင်းခြင်းကို ကိုယ်တိုင်မဖန်တီးနိုင်သေးဘဲ သူတို့ကို ယုံကြည် ကိုးစားနေသူတွေရဲ့ ကံကိုကောင်းလာအောင် ဖန်တီးပေးမယ်ဆိုတာဟာ လက်ခံနိုင်စရာ လုံးဝမရှိပါဘူး။

ကံကောင်းခြင်း၊ အောင်မြင်ခြင်းတွေရရှိအောင် ဖန်တီးနိုင်တယ်ဆိုတဲ့ အယူမှား၊ အစွဲလမ်းမှားတွေကို ကျွန်တော်တို့ မျက်ကွယ်မပြုနိုင်သေးသမျှ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းတွေလည်း တစ်သက်တာလုံးလွဲချော်နေမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ဘဝနေထိုင်မှုပုံစံတွေကို ပိုမိုတိုးတက်ကောင်းမွန်စေ ဖို့ ပိုမိုကောင်းမွန်တဲ့ နားလည်မှုတွေချည်းသက်သက်နဲ့တည်ဆောက်လို့ မရ နိုင်ပါဘူး တကယ်တော့ ဘာသာရေးယုံကြည်မှုကသာ နားလည်မှုတွေကို မှန်ကန်စေပြီး ပြဿနာဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ နည်းလမ်းကောင်းတွေကို ရရှိလာစေပါတယ်။ ဒါကြောင့် အောင်မြင်၊ ပျော်ရွှင်ခြင်းတွေ ရရှိဖို့အတွက် ဘာသာရေးကို တစ်ခဏတာမျှ အသုံးမချသင့်ဘဲ ဘဝတစ်သက်တာအောင်မြင် ပျော်ရွှင်တိုးတက်ခြင်းတွေရရှိဖို့အတွက် အစဉ်အမြဲ ကျင့်ကြံအား ထုတ်ဖို့လိုပါတယ်။ ပျော်ရွှင်ငြိမ်းချမ်းခြင်းရယူလိုသူအနေနဲ့ ငြိမ်းချမ်းခြင်းကို ရရှိအောင် ဦးစွာကြိုးစားရယူရပါမယ်။

လူသားတွေရဲ့ အလိုဆန္ဒအရ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဖြည့် ဆည်းရာမှာ ဘယ်တော့မှ ပြီးပြည့်စုံသွားတယ်ဆိုတာ မရှိပါဘူး။ တစ်သက် တာဘဝကို စွန့်လွှတ်ရခါနီးတဲ့တိုင်လိုချင်ဆန္ဒတွေက အမြဲတမ်းအသစ် အသစ်ဖြစ်နေတတ်တာကို သတိပြုရပါမယ်။

လူသားတွေမှာ အစဉ်အမြဲရှိနေ၊ ဖြစ်နေတတ်တဲ့ အလိုဆန္ဒတွေက တော့ ငွေကြေးဘယ်လိုများများရအောင်ရှာမယ်။ ကာမဂုဏ် အာရုံတွေကို ဘယ်လို ကောင်းစွာ ခံစားမယ်။ အဘက်ဘက်ကပြီးပြည့်စုံစွာနဲ့ ဘယ်လိုမျိုး ဇိမ်ကျကျနေမယ်။ အခြားသူတွေရဲ့ဘဝထိခိုက်နိုင်တဲ့ အခြေအနေကိုတောင် မစဉ်းစားဘဲ ကိုယ်ကျိုးစီးပွားအဆင်ပြေဖို့၊ မိမိလိုအင်ဆန္ဒပြည့်ဝဖို့ ဘယ်လို လုပ်မယ်ဆိုတာတွေပါပဲ။

တကယ်တော့ ဒီလိုခံစားသာယာမှုတွေဟာ တစ်သက်တာအတွက် တည်မြဲခြင်းမဟုတ်ဘဲ တဒင်္ဂအတွက်သာရစေလေ့ရှိပါတယ်။ အဲဒီလို