Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

အောင်လှိုင် - မြင့်မားသောစွမ်းဆောင်ရည်ဖြင့်တိုးတက်အောင်မြင်စေခြင်း

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

မိတ်ဆက်စကား

အလုပ်ခွင်အတွင်း အကောင်းဆုံးသော တိုးတက် အောင်မြင်မှုတွေ ရရှိဖို့ နည်းလမ်းတွေက တစ်ခုမက များစွာ ရှိနေတာ တွေ့ရပါတယ်။

မြင့်မားသော စွမ်းဆောင်ရည်ထဲမှာ သင့်ကိုယ်သင် နားလည်ခြင်း၊ သင့်ကိုယ်ပိုင် စွမ်းဆောင်ရည်၊ အစွမ်းအစ နှင့် အကန့်အသတ်များ ပေါင်းစပ်ပါဝင်လျက်ရှိတာ တွေ့ရ ပါတယ်။

သင့်ရဲ့ အကန့်အသတ်တွေ ဆိုတာကတော့ သင်က ဘယ်အပိုင်းကဏ္ဍမှာ တိုးတက်လိုတယ်ဆိုတာကို ကိုယ်တိုင် နားလည်သိရှိခြင်း၊ သင် စိတ်ပျော်ရွှင်တက်ကြွစွာ အလုပ် လုပ်နိုင်မယ့် ဝန်းကျင်တစ်ခုထဲ ရောက်နေပြီး သင် အလို ရှိသလို လုပ်ငန်းတိုးတက်အောင် လွတ်လပ်စွာ လုပ်ကိုင် နိုင်ခြင်းကြောင့် သင် အကောင်အထည်ဖော်လိုတဲ့လုပ်ငန်းတိုးတက်ရမယ်ဆိုတဲ့ အာမခံချက် ပေးနိုင်ခြင်း... တွေကို ဆိုလိုပါတယ်။

မြင့်မားသော စွမ်းဆောင်ရည်ဖြင့် တိုးတက်အောင်မြင် အောင် လုပ်နိုင်ခြင်းဟာ သင် လက်ရှိလုပ်ကိုင်နေသော အလုပ်ကို ပိုပြီးအောင်မြင်မှုရရှိစေမှာ ဖြစ်ပါတယ်။

သင့်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း လမ်းကြောင်း ပေါ် ရောက်ရှိဖို့ ကြိုးစားရာမှာ သင့်ကိုယ်သင် အမှန်အတိုင်း မခြွင်းမချန်သိခြင်းဖြင့် စတင်ပေးပါ။

သင့်ကိုယ်သင် အမှန်အတိုင်း အပြည့်အဝ နားလည် သိရှိလာလေ သင့်ဆီမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာ လေ ဖြစ်ပါလိမ့်မယ်။

သင့်ရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည်၊ ခွန်အားနဲ့ သင်၏ နားလည်နိုင်စွမ်းတွေကို အပြည့်အဝ အသုံးချနိုင်ရင် ချနိုင် သလို သင့်ဘဝရဲ့ တိုးတက်ရာ တိုးတက်ကြောင်း လမ်းကြောင်းတစ်လျှောက်မှာ အဘက်ဘက်ကနေ အဆင်ပြေ ချောမွေ့မှုတွေ ရှိလာမှာဖြစ်ပါတယ်။

သင့်အနေနဲ့ သင်ကိုယ်တိုင် ရွေးချယ်လိုက်သော နယ် ပယ်မှာ ကျွမ်းကျင်မှုတွေနဲ့ အသိပညာ ဗဟုသုတတွေ တိုး တက်အောင်လုပ်ဖို့ လိုအပ်သလို သင့်ရဲ့ အချိန်ကို စီမံခန့် ခွဲနိုင်မှုဖြင့် သင် ဘယ်ကိုသွားသွား၊ ဘယ်အရာကိုပဲလုပ်လုပ် အံဝင်ခွင်ကျ အဆင်ပြေချောမွေ့အောင် လက်တွေ့လုပ် ဆောင်ပေးနိုင်ဖို့ လိုပါတယ်။

သင့်လုပ်ငန်းနယ်ပယ်အတွင်း ပိုမိုထိရောက်သော စွမ်းဆောင်ရည်ရှိသူ ဖြစ်လာဖို့ သင်ဟာ ကိုယ်တိုင် ဖန်တီးနိုင်စွမ်းနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရှိနေဖို့လိုအပ် ပါတယ်။ ထို့အတူ သင်ဟာ ထိရောက်စွာ စွမ်းဆောင်နိုင်သောသူတစ်ယောက်ဖြစ်ဖို့ ဆက်ဆံပြောဆိုရေး၌ ထက်မြက် စွာ ပြောဆိုဆက်ဆံနိုင်သူ၊ နားထောင်ကောင်းသူ၊ ခက်ခဲသော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သူဖြစ်အောင် ကြိုးစား ရမှာဖြစ်ပါတယ်။

အကယ်၍ သင်က အထက်ပါကျွမ်းကျင်မှုတွေကို အကောင်းဆုံး ပြည့်ဝအောင် လုပ်ဆောင်နိုင်ပြီဆိုရင် သင့် ကိုယ်သင် အမှန်တကယ် ထူးခြားသူဖြစ်အောင် ကိုယ်တိုင် ကိုယ်ကျ ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။

သင့်ဆီမှာ လုံလောက်သော ကျွမ်းကျင်မှုတွေ ရှိလာ ပြီဆိုတာနဲ့ အဲဒီကျွမ်းကျင်မှုတွေက သင့်အား မြင့်မားသော စွမ်းဆောင်ရည်ဖြင့် တိုးတက်အောင်မြင်အောင် လုပ်နိုင်စွမ်း သူတစ်ယောက်အဖြစ် အောင်မြင်စွာ ပုံသွင်းပေးနိုင်တော့မှာ ဖြစ်ပါတယ်။

သင့်ကိုယ်သင် ကောင်းစွာသိရှိခြင်း

သင့်ဘဝနဲ့ သင့်စီးပွားရေးလုပ်ငန်းနှစ်ရပ်စလုံးမှာ အကျိုး စီးပွား ဖြစ်ထွန်းလာစေဖို့အတွက် သင်ဟာ သင့်ကိုယ်သင် ကောင်း စွာသိရှိ နားလည်ဖို့လိုအပ်ပါတယ်။ သင့်ကိုယ်သင် ကောင်းစွာ သိရှိနားလည်ရမယ့်အချက်တွေထဲမှာ သင့်ရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်နိုင်စွမ်း အကန့်အသတ်တွေက ဘာတွေဖြစ်တယ်၊ သင် က ဘာတွေကို ပျော်ရွှင်တယ်၊ သင်က အမှန်တကယ် ဘယ်အလုပ် တွေမှာ တိုးတက်ချင်တယ်..... ဆိုတာကို သေချာစွာ နားလည်ရမယ့် အချက်တွေ ပါဝင်နေတာ တွေ့ရပါတယ်။

ဒါကြောင့် သင့်ရဲ့ ကိုယ်ပိုင်ထူးခြားမှုတွေကို ခွဲခြမ်းစိတ်ဖြာ နားလည်အောင်ပြုလုပ်ပြီး သင့်ကိုယ်သင် တိုးတက်ဖွံ့ဖြိုးရေး အစီအစဉ်တွေ ရေးဆွဲပေးပါ။

ထိုအခါ သင့်အတွက် အဆုံးစွန်သော အောင်မြင်မှုတွေကို ရရှိလာမှာ ဖြစ်ပါတယ်။

အပြင်မှ အတွင်းသို့ ကြည့်ပေးပါ

သင့်ကိုယ်သင် လေ့လာစစ်ဆေးခြင်းတွေထက် အခြားလူတွေက သင့်အား အာရုံငါးပါးဖြင့် ခံစားသိရှိခြင်းတွေက သင့်အတွက် ပိုပြီး အကျိုးရှိစေပြီး သင့်အကြောင်းကို သင်ကိုယ်တိုင် သေချာစွာ နားလည် သိရှိနိုင်စွမ်းကို ဖြစ်စေပါတယ်။

တခြားလူတွေက သင်နဲ့ပတ်သက်ပြီး လေ့လာစစ်ဆေးခြင်းဟာ အပြင်မှ အတွင်းသို့ စစ်ဆေးကြည့်ရှုခြင်း သဘောဆောင်ပြီး သင့်ကိုယ် သင် လေ့လာစစ်ဆေးမှုတိုင်းမှာလည်း များစွာအထောက်အကူပြုနေတာ တွေ့ရပါလိမ့်မယ်။

သင့်ကိုယ်သင် လေ့လာစစ်ဆေးခြင်းဖြစ်စေ၊ တခြားသူတွေက သင့်ကို လေ့လာစစ်ဆေးခြင်းဖြစ်စေ အဲဒီစစ်ဆေးမှုတွေက သင့်ရဲ့ အပြော အဆို၊ အပြုအမူ၊ အနေအထိုင်တွေကို လိုအပ်သလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးသွားမှာဖြစ်ပြီး သင် လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ အခြေ အနေအကြောင်းတရားအမျိုးမျိုးနဲ့ အခွင့်အရေးတွေကိုလည်း ပြန်လည်ရယူနိုင်အောင် အခွင့်အရေးပေးမှာဖြစ်ပါတယ်။

သတိပြုရမယ့်အချက်ကတော့ သင့်ကိုယ်သင် ကောင်းစွာ သိရှိ နိုင်စေဖို့ သင့်ကိုယ်သင် လေ့လာစစ်ဆေးမှုတွေကိုရော တခြားလူတွေရဲ့ လေ့လာစစ်ဆေးမှုတွေကိုပါ ကျေနပ်စွာ လက်ခံပေးရမယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။

ရှုထောင့်သစ်များရရှိအောင် ရှာဖွေပါ

သင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့ကျနေတယ်လို့ ခံစား မိတာကြောင့် စကားနည်းပြီး တိတ်ဆိတ်စွာ စဉ်းစားတွေးတောနေချိန် မှာ တခြားလူတစ်ဦးတစ်ယောက်က သင့်ကို ရိုးသားပြီး ယုံကြည်အားကိုး နိုင်လောက်သူ၊ ဉာဏ်အမြော်အမြင်ကြီးမားသူတစ်ယောက်အဖြစ် ရှုမြင် တတ်တာကို သတိပြုပေးပါ။

ဒီနေရာမှာ သင့်ကိုယ်သင်နဲ့ပတ်သက်ပြီး သင့်ရဲ့ ရှုထောင့်က တစ်မျိုးဖြစ်နေပြီး တခြားလူတွေရဲ့ ရှုထောင့်ကတော့ သင်နဲ့ ကွဲပြားစွာ ရှိနေမယ်ဆိုတာကို သတိပြုပေးပါ။

အပြန်အလှန်အားဖြင့် သင့်ကိုယ်သင် အခိုင်အမာ ပြောဆိုနိုင်စွမ်း ရှိသူ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတစ်ယောက်အဖြစ် ဖော်ပြနေတဲ့ အချိန်မှာ တခြားလူတွေက သင့်ကို ကြမ်းတမ်းရက်စက်တတ်သူ၊ အန္တရာယ်ပေးနိုင်တဲ့သူတစ်ယောက်အဖြစ် ရှုမြင်ပြီး သင့်ကို အဝေးကနေ ရှောင်ဖယ်သွားသင့်သူတစ်ယောက်အဖြစ် ရှုမြင်ကြပါလိမ့်မယ်။

သင့်ကိုယ်သင် ရှုမြင်သုံးသပ်ရာမှာဖြစ်စေ၊ တခြားလူတွေရဲ့ သင့် အပေါ် ရှုမြင်မှုတွေမှာဖြစ်စေ ရှုထောင့်သစ်တွေနဲ့ သုံးသပ်နိုင်ဖို့လိုအပ် ပါတယ်။

သင့်အပေါ် တခြားလူတွေက ရှုမြင်သုံးသပ်တဲ့အခါ အကောင်းဘက်ကချည်း တွေးခေါ်ရှုမြင်လာစေဖို့အတွက် သင့်ရဲ့ အပြောအဆို၊ အပြုအမူအနေအထိုင်တွေကို တခြားလူတွေ စိတ်ကျေနပ်အောင် အမြဲ တစေ ဖန်တီးပေးဖို့ မလိုအပ်သလို သင်ပြုမူပြောဆိုဆက်ဆံနေကျ ပုံစံ တွေကိုလည်း တမင်သက်သက် ပြောင်းလဲပစ်စရာမလိုအပ်ပါဘူး။ သို့သော်လည်း တခြားလူတွေဘက်က သင့်အပေါ် ဘယ်လိုရှုမြင်သုံးသပ် ကြတယ်ဆိုတာကို သေချာစွာ အာရုံစိုက်သတိမူပြီး သင့်ကိုယ်သင် ပြောင်းလဲသင့်တဲ့ အစိတ်အပိုင်းတွေကိုသာ ကိုယ်တိုင် ပြုပြင်ပြောင်းလဲ ပေးရမှာဖြစ်ပါတယ်။

- အလုပ်ရှင် ၃၃ ရာခိုင်နှုန်းဟာ သူတို့လုပ်ငန်းအတွက် အရေး

၊ ကြီးတဲ့ ကျွမ်းကျင်သူတစ်ယောက်ကို ငှားရမ်းအသုံးပြုဖို့

၊ အချိန်စက္ကန့် ၉ဝ အတွင်းမှာပဲ ခိုင်မာစွာ ဆုံးဖြတ်ချက် ချနိုင်

၊ စွမ်းရှိတယ်လို့ လေ့လာမှုတစ်ခုအရ သိရှိရပါတယ်။

အလေးအနက်ထားဆောင်ရွက်ခြင်း၊

စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အား တိုင်းတာခြင်းဖြင့် စမ်းသပ်ခြင်း

ကိုယ့်ကိုယ်ကိုယ် နားလည်အောင် ချဉ်းကပ်လေ့လာစမ်းသပ်မှု တွေ လုပ်နိုင်ဖို့ သိပ္ပံပညာရှင်တွေက စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် အား တိုင်းတာသော စမ်းသပ်ခြင်းနည်းလမ်းကို ကျယ်ပြန့်စွာ အသုံးချ ခဲ့ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အား တိုင်းတာစမ်းသပ် ရာ၌ လူတွေရဲ့ စိတ်အခြေအနေတွေက အောက်ပါအချက်လေးချက် နဲ့ ဘယ်လောက်ထိ ဆန့်ကျင်နေတယ်ဆိုတာကို လေ့လာပေးရမှာဖြစ်ပါ တယ်။