Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

အောင်လှိုင် - ကိုယ်ပိုင်စွမ်းရည်တည်ဆောက်ခြင်း

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

ရည်မှန်းချက်အား တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုခြင်း။

ဤစာအုပ်တွင်ပါရှိသော သင်ခန်းစာတွေဟာ သင့်အတွက် လက်တွေ့ အသုံးဝင် အသိပညာ ဗဟုသုတတွေဖြစ်စေပြီး ဘ၀တစ် ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ အောင်မြင်မှုကို အယ် များစွာအထောက်အကူပြုတာတွေ့ရပါလိမ့်မယ်။

နောက်ထပ် ထူးခြားတဲ့အချက်ကတော့ ဤစာအုပ်မှာ ပါဝင်တော် ချက်တွေဟာ အင်ဒရူးကာနေဂျီ အပါအဝင် အမေရိကန်စီးပွားရေးစွမ်း ဆောင်ရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေလည်းဖြစ် အမေရိကန်လောကမှာ သြဇာတိက္ကမကြီးမားသူ၊ ခေါင်းဆောင်တွေလည်း ကြတဲ့ အထင်ကရပုဂ္ဂိုလ်ကျော် ၅၀၀ ကျော်ရဲ့ ဘဝအတွေ့အကြုံနဲ့ရရှိလာတဲ့ စဉ်းစားတွေးခေါ်မှုပုံစံတွေဖြစ်တာကို တွေ့ရပါလိမ့်။

ထင်ပေါ်ကျော်ကြားလှတဲ့ အထက်ပါပုဂ္ဂိုလ်များအနက် အောင်မြင်မှု၊ အထွတ်အထိပ် အရောက်ဆုံးသူတွေကတော့ ဟင်နရီဖို့ဒ်သောမတ်စ်အယ်ဒီဆင် အော်စတင်ဝီယာ၊ ဆိုင်းရပ်စ်အိပ်ချ်လောကားတစ်အက်ဒဝပ် ဆော့ခ်၊ ဒေါက်တာအလက်ဇန်းဒါး ဂရေဟမ်ဘဲလ်။ ဒေါက်တာ ဆယ်လ်မာ အားဂိတ်စ်၊ ဂျွန်ဝါနာမိတ်ကာဂျိမ်းစ်ဂျေဟေး၊ အက်ဒ်ဝင်စီဘာနီစ်၊ ဝီလျံဟောဝပ်တပ်ဖ်၊ ချားစ်အမ်ချာဝပ်၊ သီအိုဒေါ ယုစဘဲ့၊ အဲလ်ဘတ်အိပ်ခ်ျဂရေး၊ ချားစ်ပီစတိန်းမက်ဇ်၊ ဝူးဒရိုးဝီလ်ဆင် တို့ပဲ ဖြစ်ပါတယ်။

သင့်အတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်မဲ့ ရည်မှန်း ချက်တွေအတွက် သင်ဟာ အထက်ဖော်ပြပါ အမေရိကန်ရဲ့ အထင်ကရ ပုဂ္ဂိုလ် ၅ဝဝ ရှိနေတဲ့ စာသင်ခန်းတစ်ခုအတွင်း သင့်ရဲ့ ဆရာတွေအဖြစ် သင်ခန်းစာပေးနေတဲ့ အဲဒီပုဂ္ဂိုလ် ၅ဝဝ နှင့် အတူရှိနေတယ်လို့ စိတ်ကူးပုံ ဖော်မှတ်ယူပေးပါ။

အထက်ပါပုဂ္ဂိုလ် ၅ဝဝ ဟာ အမေရိကန်ကို အချမ်းသာဆုံးနဲ့ အလွတ်လပ်ဆုံးသော တိုင်းပြည်ဖြစ်အောင်လုပ်ပေးခဲ့သူတွေ ဖြစ်တယ်လို့ မှတ်ယူပေးပါ။

ဒါဆိုရင် ဖော်ပြပါ ပုဂ္ဂိုလ်ကျော်တွေရဲ့ ရည်မှန်းချက်တွေ ဘဝ အတွေ့အကြုံတွေ၊ ကိုယ်ပိုင်စွမ်းရည်နဲ့ စွမ်းဆောင်ရည်တွေကို သင်ခန်း စာအဖြစ် စံနမူနာထားပြီး သင့်ရည်မှန်းချက်ကိုလည်း တိကျစွာ အဓိပ္ပာယ် အဓိပ္ပာယ်ဖော်နိုင်မယ့်အပြင် သင့်ရဲ့ ကိုယ်ပိုင်စွမ်းရည်တွေကိုပါ မြင့်မား အောင်လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။

ဤစာအုပ်ကို လေ့လာတဲ့အခါ ဘဝရည်မှန်းချက်ထားရှိခြင်းနှင့် ဘဝအောင်မြင်မှုရရှိခြင်းတို့နဲ့ပတ်သက်တဲ့ ဒဿနအမြင်တွေ အမေရိကန် ရဲ့ လူနေမှုစနစ်အရ လူတစ်ဦးချင်းအလိုက် ဘဝတိုးတက်မှုဆိုင်ရာ အခွင့် အလမ်းတွေ ဖွင့်ပေးထားခြင်း၊ ကိုယ့်ကိုယ်ကိုယ် စီမံဆုံးဖြတ်ခွင့်ရှိစေ ခြင်း၊ သဘောတရားတွေကိုပါ တစ်ခါတည်း နားလည်သဘောပေါက်သွားမှာဖြစ်ပါတယ်။

စာရေးသူအနေနဲ့ ဤစာအုပ်ကိုရေးသားခြင်းဟာ အမျိုးသား အမျိုးသမီးဆိုပြီး လိင်ခွဲခြားမှုမရှိဘဲ လူတန်းစားမရွေး အသက်ကြီးငယ် မရွေး အကျိုးရှိရှိဖတ်နိုင်စေဖို့ ရည်ရွယ်ပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

ထို့ပြင်မက ဤစာအုပ်ဟာ ပညာတတ်ဖြစ်စေ ပညာတစ်ပိုင်း တစ်စနှင့် အလုပ်လုပ်နေသူတွေဖြစ်စေ လိုအပ်သလို လက်တွေ့အသုံးချ နိုင်အောင် ရည်ရွယ်ပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ ။

သင့်အနေနဲ့ ဤစာအုပ်ပါ သင်ခန်းစာတွေကို အများဆုံးနာရီပိုင်း မျှဖြင့်ပြီးအောင် ဖတ်ရှုနိုင်သော်လည်း စာအုပ်တစ်အုပ်ထဲမှာ အကြောင်း အရာ အချက်အလက်တွေ ပြည့်စုံစွာထည့်နိုင်ဖို့အတွက် နှစ်ပေါင်း ၃၀ကျော်ကြာ အချိန်ပေးပြီး သုတေသနပြုခြင်းတွေ၊ သတင်းအချက်အလက် စုဆောင်းခြင်းတွေကို သေချာစွာ ပြုလုပ်ခဲ့ရပါတယ်။

သင့်အနေနဲ့ စာအုပ်ပါအချက်တွေကို သေချာစွာ နားလည်လို တယ်ဆိုရင် စာအုပ်အား တစ်ရွက်ချင်းစီအလိုက် ဖြည်းညင်းစွာ ဖတ်ရှုပေးပါ။

တွေ့ရှိရသော အချက်အလက်တွေကို မှတ်သားပေးပါ။

သင်က ဤစာအုပ်ကို သင်ချမှတ်ထားတဲ့ သင့်ရည်မှန်းချက်ရဲ့ အဓိပ္ပာယ်အတိအကျကို ဖွင့်ဆိုနိုင်ပါလိမ့်မယ်။ ပြီးရင် ဘဝမှာ တိကျတဲ့ ရည်မှန်းချက်ချမှတ်ပြီး အဲဒီရည်မှန်းချက်ကို ဘယ်လိုအကောင်အထည်ဖော်မယ်။ ရည်မှန်းချက် ထမြောက်အောင်မြင်ဖို့အတွက် ဘယ်လိုရွေး ချယ်ဆုံးဖြတ်မှုတွေ လုပ်ရမယ်ဆိုတာကိုပါ သေချာစွာ နားလည်နိုင်ပါ လိမ့်မယ်။ ။

သင်က စာအုပ်ပါ စာပိုဒ်တစ်ခုချင်းအလိုက် သေချာစွာလေ့လာပြီး သေချာစွာ လက်တွေ့ကျကျ ခွဲခြမ်းစိတ်ဖြာ အဖြေထုတ်ပေးပါ။

အကယ်၍ စာရှုသူက သင်တစ်ယောက်တည်းသာမက တစ်ယောက်ထက်ပိုသောသူတွေ ရှိနေမယ်ဆိုရင် သင်ခန်းစာတွေကို ဖတ်ရှုပြီး ခွဲခြမ်းစိတ်ဖြာလေ့လာမှုတွေ ပိုမိုတွင်ကျယ်စွာ လုပ်ပေးနိုင်ပါလိမ့်မယ်။

သင်ဟာ စာအုပ်ပါ အရေးကြီးသောအချက်တွေကို ပထမအခန်း မှာကတည်းက သေချာစွာနားလည်အောင် လုပ်ထားနိုင်မယ်ဆိုရင် နောက်အခန်းတွေမှာ ပိုပြီး လွယ်ကူအဆင်ပြေ ချောမွေ့မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။

အောင်မြင်မှုရယူလိုတဲ့သူတိုင်းအတွက် အဓိကအရေးပါသော စည်းကမ်းဥပဒေ ၁၇ ရပ်ကို သေချာစွာ လိုက်နာကျင့်သုံးဖို့ လိုအပ်ပါ တယ်။ အကြောင်းကတော့ အောင်မြင်လိုတဲ့ ဘယ်သူမဆို အဲဒီအခြေခံ ကျတဲ့ ဥပဒေ ၁၇ ရပ်ကို လက်တွေ့ အသုံးမချဘဲ ဘယ်လိုမှ အောင်မြင်မှု မရနိုင်တာကြောင့် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ရည်မှန်းချက်ကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ဖို့ အခြေခံကျကျပါဝင်ရမယ့် စည်းကမ်းဥပဒေသ တွေလို့ မှတ်ယူနိုင်ပါတယ်။

အမြဲတမ်းအောင်မြင်မှု ရယူနိုင်သူတွေအဖြစ် သတ်မှတ်ခြင်းခံနေ ရတဲ့ သူတွေထဲက ဘယ်သူ့ကိုမဆို လေ့လာကြည့်ပေးပါ။ ဒီအခါ အဲဒီအောင်မြင်မှုရယူထားသူက သူ့မှာ တိကျတဲ့အဓိက ရည်မှန်းချက်တွေ ရှိနေတာကို သင်တွေ့ရပါလိမ့်မယ်။ အောင်မြင်မှုရယူနိုင်တဲ့ ရည်မှန်းချက် အတွက် သူ့မှာ တိကျတဲ့အစီအစဉ်တွေ ရေးဆွဲထားပြီးတဲ့သဘော ရည်ညွှန်းပါတယ်။

အောင်မြင်လိုတဲ့သူတွေဟာ လုံလောက်ပြည့်စုံသော စဉ်းစားတွေး ခေါ်မှု ကြိုးစားအားထုတ်မှုတွေနဲ့ ရည်မှန်းချက်ကို အကောင်အထည် ဖော်တတ်ကြပါတယ်။ လူတိုင်းလိုလိုက ဘဝမှာ အစစအရာရာပြည့်စုံမှု၊ သက်သောင့်သက်သာရှိမှုတွေအတွက် လိုအင်ဆန္ဒပြင်းပြမှုတွေ ရှိတတ် ကြပါတယ်။

ဥပမာအနေနဲ့ ငွေကြေးချမ်းသာပြည့်စုံမှု၊ ရာထူးရှိန်ဝါကြီးမားမှု၊ သြဇာတိက္ကမကြီးမားမှု၊ ထင်ပေါ်ကျော်ကြားလူသိများမှု၊ အသိအမှတ်ပြု လေးစားခံရမှုတွေကို များစွာလိုလားတတ်ကြပါတယ်။

သို့သော်လည်း လူအများစုအနေနဲ့ အထက်ပါအတိုင်း လိုအင်ဆန္ဒ တွေ ဘယ်လောက်ပဲကြီးမားသည်ဖြစ်စေ အဲဒီလိုဆန္ဒထက်ကျော်လွန် အောင် ကြိုးစားအားထုတ်နိုင်စွမ်းမရှိတာကို တွေ့ရှိရပါတယ်။

အချို့ လူတွေကတော့ ဘယ်လိုဘဝမျိုးရယူချင်တယ်။ ဘယ်လိုဖြစ် အောင် လုပ်ချင်တယ်ဆိုတာကို ကိုယ်တိုင်အတိအကျသိတာကြောင့် သူတို့လုပ်ချင်တာတွေအတွက် ပြတ်သားစွာ စိတ်ပိုင်းဖြတ်နိုင်ကြပါ တယ်။

အောင်မြင်လိုသူတွေဟာ သူတို့ရဲ့ အလိုဆန္ဒတွေကို ပြင်းပြသော ဆန္ဒအဖြစ် ပြောင်းလဲပေးနိုင်ပြီး အဲဒီပြင်းပြသောဆန္ဒရဲ့ စေစားရာအတိုင်း လက်တွေ့ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ကြပါတယ်။

ဆင်းရဲမွဲတေသောဘဝမှ ချမ်းသာကြွယ်ဝသောဘဝ ရောက် အောင် ကြိုးစားအားထုတ်ရတဲ့ ပထမခြေလှမ်းဟာ အလွန်ခက်ခဲလှတဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ကြီးမားသောအောင်မြင်မှုတွေဟာ အပြုသဘောဆောင်သော စိတ်နေစိတ်ထားတွေ ဘဏ္ဍာရေးဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေအကြား သင့်တင့်မျှတမှုတွေ ရည်မှန်း ချက်နှင့် လုပ်ဆောင်ချက်တို့ အခြားကိုက်ညီမှုတွေကို ကောင်းစွာ နားလည်ထားခြင်းတွေအပေါ် အဓိကမူတည်လျက်ရှိပါတယ်။

ကောင်းသော စိတ်နေစိတ်ထားတွေဆိုတာဟာ မှန်ကန်စွာထား ရှိအပ်သော စိတ်နေသဘောထားကို ဆိုလိုပြီး တစ်ဆက်တည်းမှာပဲ အရည်အသွေးမြင့်မားတဲ့ စိတ်နေစိတ်ထားကို ရည်ညွှန်းလျက်ရှိပါတယ်။

အမျိုးသားတစ်ယောက်အနေနဲ့ ဝင်ငွေရရှိတဲ့အခါ အဲဒီဝင်ငွေကိုအကျိုးရှိရှိ အသုံးချမယ်။ ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲနိုင်မယ်ဆိုရင် ဒါဟာ ငွေကြေးနှင့်ပတ်သက်ပြီး အောင်မြင်မှုဘဝတစ်သက်တာ ငွေကြေး လုံခြုံစိတ်ချရမှုတွေအတွက်သာ အခြေခံကျသောအလုပ်ကို စတင်လုပ်ဆောင်နိုင်တယ်လို့ မှတ်ယူနိုင်ပါတယ်။ တစ်နည်းအားဖြင့် ငွေကြေးနှင့် ပတ်သက်ပြီး မှန်ကန်သော စိတ်နေစိတ်ထား ထားရှိနိုင်တဲ့သဘောကို ရည်ညွှန်းနေတယ်လို့ ဆိုနိုင်ပါတယ်။ ။

ငွေကြေးနဲ့ပတ်သက်တဲ့ စစ်မှန်သော ပျော်ရွှင်မှုတွေဟာ လက် ဆောင်အဖြစ်ရရှိတဲ့ ငွေကြေးကို လက်ခံခြင်းကြောင့်မဟုတ်ဘဲ သင်က ထိုက်တန်စွာ အလုပ်လုပ်နိုင်ခြင်းကြောင့် နောက်ဆက်တွဲ ကောင်းကျိုး အဖြစ်ရရှိလာတဲ့ သင့်ဝင်ငွေကြောင့်သာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့အနေနဲ့ အခြားသောနိုင်ငံတွေမှာ အလုပ်လုပ်ခြင်းထက် အမေရိကန်မှာ အလုပ်လုပ်ရခြင်းဟာ အခွင့်အရေးကောင်းတွေ များစွာ ရရှိစေပြီး ကျွန်ုပ်တို့စိုက်ထုတ်သော လုပ်အားတွေထက် အဆပေါင်းများ စွာသော ကောင်းကျိုးရလဒ်တွေကိုလည်း ထိုက်ထိုက်တန်တန် ပြန်လည် ရရှိတတ်ပါတယ်။ ။

အခွင့်အရေးကောင်းတွေ အဘက်ဘက်မှာ ပြည့်စုံ နေတဲ့ အမေရိကန်မှာ ကျွန်ုပ်တို့ဘက်က မှန်ကန်စွာ ရည်မှန်းချက်ထားရှိပြီး မှန်ကန်စွာ ကြိုးစားအားထုတ်ဖို့သာ လိုအပ်ပါတယ်။ ။

အခွင့်အရေးကောင်းဆိုတဲ့ လမ်းသစ်ပေါင်း ၁၀၀ ကျော်လောက်က ကျွန်ုပ်တို့အတွက်သာ အမြဲတမ်းလမ်းဖွင့် ကြိုဆိုနေတာကြောင့် ကျွန်ုပ်တို့ ထားရှိတဲ့ ရည်မှန်းချက်အလိုက် ကွဲပြားသော နယ်ပယ်တစ်ခုစီအတွက် အခွင့်အရေးကောင်းတွေက အစဉ်စောင့်ကြိုနေတာ တွေ့ရပါတယ်။

ခေတ်မီတိုးတက်လာသော နည်းပညာတွေနဲ့အတူ လူတစ်ဦးချင်း စီရဲ့ စဉ်းစားတွေးခေါ်မှုတွေ စိတ်ကူးအကြံအစည်တွေကလည်း ယခင်က