စိတ်ကူးချိုချိုစာပေ
အောင်လှိုင် - ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းစတင်လုပ်ကိုင်ခြင်း
အောင်လှိုင် - ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းစတင်လုပ်ကိုင်ခြင်း
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
အခန်း ၁
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်း
၂၀ ရာစု၏ ကမ္ဘာကျော် စီးပွားရေးစွမ်းဆောင်ရှင်များ
၂ဝ ရာစုကာလ ကုန်ဆုံးခါနီးအချိန်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ဝဝ အတွင်းက ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးသော စွမ်းဆောင်မှုတွေကို လုပ်ခဲ့ကြတဲ့ အမျိုးသား၊ အမျိုးသမီးတို့အကြောင်းကို ပြန်လည် စဉ်းစားဖို့ အကောင်းဆုံးသောအချိန် ဖြစ်ပါတယ်။ ထိုခေတ်ကာလက ထင်ပေါ်ကျော်ကြားတဲ့ အမည်ရှင်တို့ကို ကျွန်ုပ်တို့ တစ်ကြိမ်တစ်ခါမှ မမြင်ဖူး နိုင်သလို မြင်တွေ့နိုင်ဖို့ အခွင့်အရေးကလည်း မရှိနိုင်ပါဘူး။ သို့သော် လည်း သူတို့ရဲ့ စိတ်ကူးအတွေးအခေါ်တွေ၊ ပြုမူဆောင်ရွက်ချက်တွေ၊ တီထွင်ကြံဆ ပြောင်းလဲမှုတွေက ကျွန်ုပ်တို့ရဲ့ နေ့စဉ်လူနေမှုဘဝကို သိသာစွာ တိုးတက်လာစေခဲ့ပါတယ်။
ဟင်နရီဖို့ဒ် (၁၈၆၃-၁၉၄၇ အမေရိကန်)
ဟင်နရီဖို့ဒ်ဟာ သာမန်လူတန်းစားတွေ ဝယ်ယူနိုင်လောက်တဲ့ မော်တော်ကားတွေ တည်ဆောက်ပြီး ရောင်းချခဲ့တဲ့ ပထမဆုံး ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်ပါတယ်။
ဖို့ဒ်က ၁၉ဝ၃ ခုနှစ်အတွင်း “ဖို့ဒ်မော်တော်ကား ကုမ္ပဏီ”ကို တည်ထောင်တဲ့အခါ လူချမ်းသာ အသိုင်းအဝိုင်းကသာ မော်တော်ကား ဝယ်စီးဖို့ ငွေကြေးအလုံအလောက်ရှိခဲ့ပြီး သာမန်လူတန်းစားတွေအတွက်တော့ မော်တော်ကားစီးနိုင်ရေး အခြေအနေက အရမ်းကို အလှမ်းကွာဝေး ခဲ့ပါတယ်။
နောက်ပိုင်းမှာ ဘယ်သူမဆို ကားစီးနိုင်တဲ့ အခွင့်အရေးရှိဖို့နဲ့ သာမန်လူတို့ တတ်နိုင်စွမ်းတဲ့ကားတွေကို ထုတ်လုပ်နိုင်တဲ့ အခွင့်အရေးကို ဖို့ဒ်က သိမြင်ခဲ့ပါတယ်။ သာမန် လူတန်းစားတွေထဲက ဘယ်သူမဆို စီးနိုင်တဲ့ ကားအမျိုးအစားကတော့ “မော်ဒယ်-တီ ဖို့ဒ်”ပဲ ဖြစ်ပါတယ်။
အဲဒီကား အမျိုးအစားဟာ ဈေးနှုန်းမြင့်မားခြင်း မရှိတာကြောင့် သာမန်လူတန်းစားတွေစီးနိုင်တဲ့ ကားအမျိုးအစားအဖြစ် အများက သတ်မှတ်ခဲ့ပါတယ်။ သို့ သော်လည်း ဖို့ဒ်ရဲ့ ကောင်းမွန်တဲ့ စိတ်ကူး စိတ်သန်းတွေကို အခြားသော စီးပွားရေးလုပ်ငန်းရှင်တွေက လှောင်ပြောင် ရယ်မောခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေကတော့ ဖို့ဒ်ရဲ့ မော်ဒယ်တီကားကို ကျေနပ်ဝမ်းမြောက်စွာနဲ့ ဝယ်လိုအား များခဲ့ပါတယ်။
ဖို့ဒ်ရဲ့ မော်ဒယ်တီကားနဲ့ ခရီးသွားရတဲ့ မြို့တော်သူ၊ မြို့တော် သားတွေရဲ့ ဘဝကို နောက်ထပ် တွေ့မြင်ရဖို့ အခွင့်အရေး မရှိတော့ပါဘူး။
ယနေ့ကာလအထိ တစ်ချိန်က မော်တော်ကားထုတ်လုပ်နိုင်ခဲ့တဲ့ ဖို့ဒ်ရဲ့ အောင်မြင်မှုကို ကျေးဇူးတင်နေရပါသေးတယ်။
(ဟင်နရီဖို့ဒ်ရဲ့ ကြီးမားတဲ့ အိပ်မက်ကတော့ အလုပ်သမား တစ်ဦးစီအလိုက် ဖို့ဒ်ကားတစ်စီးကို အနည်းဆုံး ပိုင်ဆိုင်စေလိုတဲ့ဆန္ဒပဲ ဖြစ်ပါတယ်။)
ဝေါ့တ်ဒစ္စနေး (၁၉၀၁-၆၆ အမေရိကန်)
ဝေါ့ဒ်ဒစ္စနေးဟာ အများပြည်သူတို့ အပန်းဖြေရေးဥယျာဉ်ကြီးကို ဖန်းတီးတည်ဆောက်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။
အမှန်တကယ်တော့ ယနေ့ အောင်မြင်မှုရရှိနေတဲ့ အများပြည်သူ အပန်းဖြေဥယျာဉ်ကြီးတွေဟာ “ဒစ္စနေး”ရဲ့ အမည်ကို အမြတ်တနိုးယူသုံး ထားတာ တွေ့ရပါတယ်။ ဒစ္စနေး တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကြီးဟာ ကုမ္ပဏီအုပ်စုပေါင်းများစွာ ပါဝင်ဖွဲ့စည်းထားတဲ့ ကော်ပိုရေးရှင်းကြီးတစ်ခု ဖြစ်ပါတယ်။ ဝေါ့တ်ဒစ္စနေးရဲ့ ကုမ္ပဏီအုပ်စု တစ်ခုချင်းစီက ပျော်ပွဲရွှင်ပွဲ အခင်းအကျင်းတွေပါဝင်တဲ့ အပန်းဖြေဥယျာဉ်ကြီးများကို စီမံခန့်ခွဲခြင်း၊ ရုပ်ရှင်ရိုက်ကူးခြင်း၊ ဒစ္စနေးမှထွက်ရှိသော ကုန်ပစ္စည်းများအတွက် ဈေး ကွက်များ ဖန်တီးခြင်းများကို ပြုလုပ်ပေးပါတယ်။
ယနေ့ကာလ ဒေါ့တ်ဒစ္စနေးရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံ (ယန်းငွေ ၂.၅ တြီလီယံ) တန်တယ်လို့ သိရပါတယ်။
- ဒစ္စနေးကုမ္ပဏီရဲ့ အစပိုင်းဟာ ခက်ခဲကြမ်းတမ်းမှုတွေရှိခဲ့ပြီး နောက်ပိုင်းမှသာ အဆင့်ဆင့်အောင်မြင်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။
ဝေါ့ဒစ္စနေးဟာ လော့စ်အိန်ဂျလိစ်မြို့မှာ နေထိုင်ပြီး ကာတွန်း ရေးဆွဲခြင်း၊ ပုံပြင်များရေးသားခြင်းအလုပ်နဲ့ အသက်မွေးခဲ့ရတဲ့ ဆင်းရဲ သားတစ်ယောက် ဖြစ်ပါတယ်။
၁၉၅၅ ခုနှစ်မှာ သူဟာ မဟာစွန့်စားမှုကြီးတစ်ခုကို ပြုလုပ်တဲ့ သူတစ်ယောက်အဖြစ် ပထမဆုံးသော ပျော်ပွဲရွှင်ပွဲ အခင်းအကျင်းတွေ ပါဝင်တဲ့ အပန်းဖြေဥယျာဉ် (ဒစ္စနေးလန်းဒ်)ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ “ဒစ္စနေလန်းဒ်”က အကြီးအကျယ် အောင်မြင်မှုရပြီးတဲ့နောက် နောက် ပိုင်းမှာ EPCOT စင်တာကို ဖလော်ရီဒါပြည်နယ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
ယနေ့ကာလ ဒစ္စနေးလန်းဒ် အပန်းဖြေဥယျာဉ်တွေကို တိုကျို၊ ပါရီမြို့တွေမှာ တွေ့ရှိရပြီး ဒစ္စနေးလ်ရဲ့ ဇာတ်ကောင်ကတော့ ကမ္ဘာ အကျော်ဆုံး ကာတွန်းဇာတ်ကောင် “မစ်ကီမောက်စ်”ပဲဖြစ်ပါတယ်။ ဒစ္စနေးလန်းဒ်ဥယျာဉ်တိုင်းမှာ မစ်ကီမောက်စ်ရဲ့ ပုံတွေကို အမှတ်သင်္ကေတ အဖြစ် အထင်အရှား တွေ့မြင်နိုင်ပါတယ်။
ရေးကရော့ခ် (၁၉၀၂-၈၄ အမေရိကန်)
ရေးကရော့ခ်ဆိုတဲ့ နာမည်သက်သက်က ထင်ပေါ်ကျော်ကြားခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ရေးကရော့ခ် စီးပွားရေးလုပ်ငန်းကို ၁၉၅၅ ခုနှစ်မှာ စတင်တည်ထောင်တဲ့အခါ ၂၀ ရာစုရဲ့ ထင်ပေါ်ကျော်ကြားမှု အရှိဆုံးနဲ့ အအောင်မြင်ဆုံးသော အစားအသောက်ကုမ္ပဏီတစ်ခုအဖြစ် နာမည် ကျော်ခဲ့ပါတယ်။ ကရော့ခ်က စားသုံးကုန်လုပ်ငန်းတစ်ခုမှာ အရောင်းဈေးသည်ဘဝနဲ့ အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ တစ်နေ့မှာ သူက ကယ်လီဖိုးနီး ယားပြည်နယ် “ဆန်ဘာနာဒီနို”မှာ ရှိတဲ့ ဟမ်ဘာဂါ ဆိုင်တစ်ဆိုင်ကို အလည်အပတ်ရောက်ရှိ လေ့လာခဲ့ ပါတယ်။ အဲဒီဆိုင်က ဈေးနှုန်း ချိုသာတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပြီး “ဒစ်နဲ့ မက်ဒေါ်နယ်”ဆိုတဲ့ ညီအစ်ကို နှစ်ယောက်ပိုင်တဲ့ ဆိုင်ပါ။
အဲဒီ ညီအစ်ကိုနှစ်ယောက်က ဟမ် မက်ဒေါ်နယ်ညီအစ်ကိုနှစ်ယောက်နဲ့ ဘာဂါနဲ့ အခြားစားဖွယ် အနည်းငယ် ပူးပေါင်းလုပ်ကိုင်ပြီး အောင်မြင်မှု ကိုသာ ရောင်းချကြပါတယ်။ အကြီးအကျယ် ရရှိခဲ့သည့် ၁၉၅၅ ခုနှစ်မှာ ကရော့ခ်က “ကရော့ခ်”၏ ဓာတ်ပုံ။ မက်ဒေါ်နယ် ညီအစ်ကိုနှစ်ယောက်နဲ့ ပူးပေါင်းလိုက်ပြီး အစားအသောက် ရောင်းချတဲ့ စတိုးဆိုင်တွေ ဖွင့်လှစ် ခဲ့ပါတယ်။
၁၉၆၁ ခုနှစ်မှာ ကရော့ခ်က မက်ဒေါ်နယ်တို့ ညီအစ်ကိုဆီကနေ ကုမ္ပဏီတစ်ခုလုံးကို လွှဲပြောင်းရယူ ပိုင်ဆိုင်ခွင့် ရရှိခဲ့ပါတယ်။
ကရော့ခ်က အမေရိကန်ရဲ့ နေရာဒေသ အတော်များများမှာ အစားအသောက်ဆိုင်တွေ တစ်ခုပြီးတစ်ခု ဆက်လက် ဖွင့်လှစ်နိုင်ခဲ့ပါ တယ်။ ယနေ့ကာလအထိ မက်ဒေါ်နယ်ဆိုင်အားလုံးရဲ့ ပရိသတ်က သန်းပေါင်းများစွာ ရှိနေတာကို တွေ့ရှိရပါတယ်။
အကီရိုမိုရီတာ (၁၉၂၁ လက်ရှိကာလအထိ ဂျပန်)
အကီရိုမိုရီတာဟာ ဂျပန်စီးပွားရေးလုပ်ငန်းရှင် အနည်းစုထဲက အထင်ရှားဆုံးနဲ့ အအောင်မြင်ဆုံးသော စီးပွားရေးစွမ်းဆောင်ရှင် တစ် ယောက် ဖြစ်ပါတယ်။ ။
သူဟာ နာဂိုရာဒေသမှာရှိတဲ့ ဆာကေးအရက်ချက်လုပ်ငန်းရှင် မိသားစုရဲ့ အကြီးဆုံးသား ဖြစ်ပါတယ်။
မိသားစုမျိုးရိုးအစဉ်အဆက်အလိုက် နှစ်ပေါင်း ၃ဝဝ ကြာ လုပ်ကိုင်လာခဲ့တဲ့ အရက်ချက်လုပ်ငန်းကို အမွေဆက်ခံမယ့်သူတစ်ယောက် လို့ အများက မျှော်လင့်ခဲ့ကြပေမယ့် တကယ့်လက်တွေ့မှာတော့ အများ ထင်သလို အရက်ချက်လုပ်ငန်းပိုင်ရှင်တစ်ယောက်အဖြစ် အမွေဆက်ခံခြင်း မရှိခဲ့ပါဘူး။
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားတဲ့နောက်ပိုင်း မကြာခင်မှာပဲ “မိုရီတာ”ဟာ သူ့မိသားစုအတွက် အံ့သြဖွယ်ဖြစ်စေလောက်အောင် “တိုကျို ဆက်သွယ်ရေး အင်ဂျင်နီယာများ ကော်ပိုရေးရှင်း”ကို တည်ထောင်ခဲ့ပါ တယ်။ သူက အဲဒီကုမ္ပဏီကို “မာဆာယူအီဘူကာ” အမည်ရှိတဲ့ အင်ဂျင် နီယာတစ်ယောက်နဲ့အတူ လက်တွဲပူးပေါင်းပြီး လုပ်ငန်းတွေ အောင်မြင် အောင် လုပ်နိုင်ခဲ့ပါတယ်။
မိုရီတာရဲ့ ကုမ္ပဏီက ၁၉၅၅ ခုနှစ်မှာ အိတ်ဆောင် “ထရန်စစ္စတာ”ရေဒီယိုကို ပထမဆုံး တီထွင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီအခါ အဲဒီ အိတ်ဆောင်ရေဒီယိုက တစ်ကမ္ဘာလုံးကို မိတ်ဆက်နိုင်ခဲ့တာကြောင့် ထင်ထားတာထက် ပိုပြီး အောင်မြင်မှု ရရှိခဲ့ပါတယ်။ ။
၁၉၅၈ ခုနှစ်မှာ ကုမ္ပဏီရဲ့ အမည်ကို “ဆိုနီ”အဖြစ် ပြောင်းလဲ ခဲ့ပါတယ်။ မိုရီတာက ဆက်သွယ်ရေးဆိုင်ရာနည်းပညာနဲ့သက်ဆိုင်တဲ့ ကုန်ပစ္စည်းတွေကိုသာ အပြည်ပြည်ဆိုင်ရာဈေးကွက်မှာ ဝင်ဆံ့နိုင်ဖို့ စိတ်ကူးကောင်းတွေ များစွာရှိခဲ့သူဖြစ်ပါတယ်။
မိုရီတာရဲ့ ကြိုးစားမှုတွေကြောင့် ဆိုနီကုမ္ပဏီက ရုပ်သံစက် အကောင်းစားတွေ၊ သီချင်းခွေတွေ၊ ဒစ်ပြားတွေ စတင် တွင်ကျယ်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး ယနေ့ကာလအထိ အောင်မြင်မှုအရှိန်အဟုန် ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။
ဘီလ်ဂိတ်စ် (၁၉၅၅ လက်ရှိအချိန်ထိ အမေရိကန်)
ဘီလ်ဂိတ်စ်က ၁၉၇၅ ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်ကနေ ကျောင်းပြီးခဲ့ပြီးနောက် သူ့သူငယ်ချင်းဖြစ်တဲ့ “ပေါအလန်”နဲ့အတူ “မိုက် ခရိုဆော့ဖ်” ကုမ္ပဏီကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။
မိုက်ခရိုဆော့ဖ်က ကမ္ဘာကို ပထမဆုံး မိတ်ဆက်ခဲ့တဲ့ ပစ္စည်း ကတော့ အိမ်သုံး၊ ရုံးသုံး၊ တစ်ကိုယ်ရေသုံးနိုင်တဲ့ စားပွဲတင်ကွန်ပျူတာ ဖြစ်ပြီး အခြေခံကျတဲ့ ကွန်ပျူတာ ဘာသာရပ်ဆိုင်ရာ စကားအသုံးအနှုန်း တွေကို အခြေခံဒီဇိုင်းကျစွာ တစ်ပါတည်း တီထွင်ပေးခဲ့ပါတယ်။
မိုက်ခရိုဆော့ဖ်ကုမ္ပဏီအနေနဲ့ အခြားသော ထုတ်ကုန်ပစ္စည်းတွေ တီထွင်ထုတ်လုပ်မှု မရှိခဲ့ပါဘူး။ သို့သော်လည်း ဘီလ်ဂိတ်စ်ရဲ့ အောင်မြင် မှုကိုဖြစ်စေတဲ့ လျှို့ဝှက်ချက်ကတော့ အခြားသော ကုမ္ပဏီတွေဆီက ထုတ်ကုန်ပစ္စည်း ဒီဇိုင်းတွေ၊ အခြားသူတွေရဲ့ စိတ်ကူးအကြံအစည်တွေကို ရယူပြီး သူ့ရဲ့ ကိုယ်ပိုင်တီထွင်ကြံဆ တွေးခေါ်နိုင်စွမ်းတွေနဲ့ ပေါင်းစပ် နိုင်ခြင်းသာ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ အဲပဲကွန်ပျူတာဟာ ထင်ပေါ်ကျော်ကြားတဲ့ “မက်
Share












