Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

အောင်စိုး(တိရိစ္ဆာန်ဆေးကုဆရာဝန်) - မြန်မာ့မြင်း

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

အခန်း (၁)

မြင်းဟူသည်

မြင်းဘယ်ကစ

မြန်မာ့မြင်းကို မဆိုမီ ကမ္ဘာပေါ်တွင် ပေါ်ပေါက်ခဲ့သည့် မြင်းတို့ အကြောင်းကို စူးစမ်းလေ့လာ တင်ပြချင်ပါသည်။

မြင်းသည် ကမ္ဘာပေါ်တွင် ရှေးနှစ်သန်းပေါင်းများစွာကပင် ပေါ်ပေါက် ခဲ့ပါသည်။ နှစ်ပေါင်း သန်းပေါင်း ၆ဝဝ ခန့်ကပင် ပေါ်ပေါက်ခဲ့သည်။ ကမ္ဘာဦး မြင်းသည် အီအိုဟစ်ပတ်စ် ” ဟု ခေါ်သည့် ကာလကကြောင် သို့မဟုတ် ခွေး အရွယ်သာ ရှိသည်။ ရှေ့ခြေတွင် ခွာလေးခု၊ နောက်ခြေတွင် ခွာသုံးခု ရှိသည်။ အလွန်ထူးဆန်းသောတိရစ္ဆာန်ဖြစ်ပြီး သွားချွန်အစွယ်ကလေးများ ပါသည်။ ရန်သူအလွန်များ၍ အခြားတိရစ္ဆာန်များ၏ လိုက်လံသတ်ဖြတ်မှုကိုကြောက်လန့်တကြား ပြေးလွှား ရှောင်တိမ်းနေခဲ့ရသည်။ ထိုသို့ပြေးလွှား သည့်အခါ လျင်မြန်စေရန် ခုန်၍သွားလာကြသည်။ ခုန်၍ သွားလာရင်း အလယ်ခြေချောင်းကို အသုံးပြုခြင်းကြောင့် ဘေးခြေချောင်းများကို အသုံးပြုမှု နည်းလာသည်။ ထိုအခါ ဘေးခြေချောင်းကလေးများ ပျောက်ကွယ်သွားပြီး မြင်းခွာတစ်ခုတည်းသာ ကျန်တော့သည်ဟု ဆိုပါသည်။

မြင်း၏ သမိုင်းအစကိုလေ့လာလျှင် လူ၏ သမိုင်းအစကို လေ့လာ သည်ထက် ပိုမိုအလှမ်းဝေးကွာမည်ဖြစ်ပါသည်။ နှစ်သိန်းပေါင်းများစွာကိုကျော်ဖြတ်လာရင်း အီအိုဟစ်ပတ်စ်သည် တဖြည်းဖြည်း ကြီးထွားလာသည်။ ၎င်း၏ လည်ပင်းသည်ရှည်လာပြီး ခြေထောက်တွင် ခြေချောင်းကလေးများ မရှိတော့ဘဲ ခွာတစ်ခုတည်း ကျန်ရှိတော့သည်။ ရေခဲခေတ်ကိုကျော်ဖြတ်ရင်း မြင်းသည် အမေရိကတိုက်မှ အာရှတိုက်ဘက်ဆီသို့ ပျံ့နှံ့ လာသည်ဟု ဆိုကြပါသည်။ အချို့ကလည်း မြင်း၏အစ အာရှမှဟု ဆိုကြပါသည်။

မီဆိုဟစ်ပတ်စ်' ဟု မြင်းကို ခေါ်သည့်ကာလတွင်မူ မြင်းသည် အလွန် သေးငယ်သော မြင်းကလေးနှင့် တူလာသည်။ လှပလာသည်။ မီဆိုဟစ် ပတ်စ်ဘဝနှင့် နှစ်ပေါင်း ၁၀ သန်းလွန်မြောက်လာသောအခါ မြင်း၏ ပုံသဏ္ဌာန်အဆင့်ဆင့်သည်လည်း တိုးတက်ပြောင်းလဲလာသည်။ မြင်း၏ မျိုးစုအစဖြစ်သည့် အီကွပ်စ် အဖြစ်ရောက်လာသည်။ ထို့နောက် မြင်းကို အီကွပ်စ်ကဘလပ်စ်' ဟု ခေါ်လာသည်။ အီကွပ်စ်မှာ မျိုးစုဖြစ်၍ ကဘလပ်စ် မှာ မျိုးစိတ်ဖြစ်ပါသည်။

အီကွပ်စ်များသည် သန်စွမ်းလာကြပြီးနောက် နှစ်တစ်သန်းကို လွန်မြောက်လာကြသည့်အခါ တစ်ကမ္ဘာလုံးသို့ လှည့်လည်ကျက်စား သွားလာကြသည်။

နှစ်ပေါင်း နှစ်ထောင်ကျော်အထက် ခရစ်တော်မပေါ်မီကာလက အီဂျစ်ပြည်တွင် မြင်းလူများရှိခဲ့ကြောင်း ဆိုခဲ့ကြသော်လည်း သမိုင်း အထောက်အထားများနှင့် သိပ္ပံနည်းကျ ဆန်းစစ်လိုက်သောအခါ ပုံပြင်များ သဖွယ် ဖြစ်ပါသည်။ ဦးချိုတစ်ချောင်းတည်းရှိ၍ ကောင်းကင်သို့ ပျံနိုင်သော ယူနီကွန်း မြင်းပုံပြင်ကဲ့သို့ပင် ဖြစ်ပါသည်။

သို့ဖြစ်၍ အီဂျစ်တို့သည် မြင်းနှင့် စတင်ယဉ်ပါးခဲ့သော လူမျိုးများ ဖြစ်ကြောင်းနှင့် မြင်းယဉ်၏အထောက်အထားများကို စတင်တွေ့ရှိခဲ့ကြပါ သည်။ ။

ခရစ်တော်မပေါ်မီဘီစီ ၂ဝဝဝ ခန့်ကဘေဘီလုံနိုင်ငံတွင်လည်းကောင်း၊ ဘီစီ ၁၇ဝဝ ခန့်က အီဂျစ်နိုင်ငံတွင်လည်းကောင်း၊ မြင်းယဉ်များကို စတင် အသုံးပြုနေကြောင်း သမိုင်းအထောက်အထားများကို ရှာဖွေတွေ့ရှိခဲ့ရသည်။

ကျောက်ခေတ်တွင် မြင်းကို ခိုင်းစေရန် အသုံးမပြုဘဲ အသားစားသုံးရန် အမဲလိုက်ခံသတ္တဝါအဖြစ် အသုံးချသည်။ ကြေးခေတ်တွင်မူ တူးဖော်ရရှိသောမြင်းရုပ်ကြွင်းများမှ ဇက်ကြိုးကွင်း၊ ကြေးကွင်းများ တွေ့ရှိရသည်ကို ထောက် ရှု၍ မြင်းကို ခိုင်းစေအသုံးပြုလာပြီဖြစ်ကြောင်း ခန့်မှန်းရပါသည်။

ဘီစီ ၁၀၀၀ ခန့်တွင်မူ အီဂျစ်နှင့် အာရေဗီယန်တို့သည် စစ်ပွဲတွင် မြင်းများကို အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း အထောက်အထားများ တွေ့ရပါ သည်။ ဂရိတို့၏ စစ်မြင်းကြောင်းဆိုင်ရာ ရှေးဟောင်းရုပ်ကြွင်း အထောက် အထားများကိုလည်း ဗြိတိသျှပြတိုက်တွင် တွေ့နိုင်ပါသည်။

အေဒီ လေးရာစုခေတ်တွင် ပလေတိုက ကလေးသူငယ်များအား “၎င်းတို့၏ အရုဏ်ဦးအချိန်များကို မြင်းစီးလေ့ကျင့်ရင်း အချိန်ကုန်စေရမည်။ ၎င်းတို့ အရွယ်ရောက်လာလျှင် စစ်ပွဲများကို မြင်းနှင့်ဦးဆောင်စေရမည်ဟု အတွေးအခေါ်သစ်တစ်ရပ် ဖွင့်ဆိုခဲ့ပါသည်။

ဂရိပြည့်ရှင် အလက်ဇန်းဒါး သည်ဂရိတ် ၁ ဘုရင်မင်းမြတ်သည် ၎င်း၏ ဖခင်ထံမှ နက်မှောင်၍ ဖိတ်ဖိတ်တောက် ပြောင်လက်နေသည့် မြင်းတစ်ကောင်ကို လက်ဆောင်ရရှိခဲ့သည်။ အလွန်ရိုင်းစိုင်းဟန်ရှိသော်လည်း ၎င်း မြင်းကို အလက်ဇန်းဒါးသည် ဂရိတ်သည် ဘူဆက်ဖလပ်"ဟု အမည်ပေးပြီး အိန္ဒိယနိုင်ငံကို အောင်နိုင်သည့်အခါ မြင်းကိုဂုဏ်ပြုသောအားဖြင့် မြို့ တစ်မြို့ကို မြင်း၏အမည် ဘူဆက်ဖလပ် ဟု ခေါ်တွင်စေခဲ့သည်။

အလက်ဇန်းဒါးပြီးနောက် ရာစုနှစ်အနည်းငယ် နောက်ကျခဲ့သည့် ဆီဇာဘုရင်မင်းမြတ်သည် လည်းကောင်း၊ နော်မန်တို့၏ သူရဲကောင်း အာသာဘုရင်သည်လည်းကောင်း မြင်းစီးသူရဲကောင်းများ ဖြစ်ကြသည်။

မြင်းသံခွာသည်ကား အေဒီ ၁၀ ရာစုတွင် ဥရောပတိုက်၌ စတင် ပေါ်ပေါက်ခဲ့ပါသည်။

ဥရောပတွင် ဘီစီ ၁၇ဝဝ မှ ၁၈ဝဝ အတွင်းပရပ်ရှားပြည် အရှေ့ဘက်မှ တောင်ဘက်ဆီအထိ ကျက်စားသော မြင်းအားလုံးမှာ တာပိန်မျိုးမှ ဆင်း သက်လာသည်ဟု ဆိုကြပါသည်။

မြင်း၏ ကိုယ်နေဟန်အချိုးအစားသည် လှပခြင်း၊ဟန်အမူအရာသည် ကြော့ရှင်းတင့်တယ်ခြင်းတို့နှင့် ပြည့်စုံပါသည်။ ထာဝရဘုရားသခင်သည် မိန်းမတို့၏ လှပချစ်စဖွယ်ကောင်းခြင်းနှင့် ယောက်ျားတို့၏ ခွန်အားစွမ်း ပကားကို ပေါင်းစပ်၍ မြင်းဟူသော သတ္တဝါတစ်ကောင်ကို ဖန်ဆင်းတော်မူသည်ဟု အဆိုအမိန့် တင်စားချက်များ ရှိပါသည်။ ။

သို့ဖြစ်၍လှည်းခေတ်၊ လှေခေတ်က တိုင်းပြည်အရှင်ဘုရင်မင်းမြတ်တို့ သည် မြင်းကောင်းမြင်းမြတ်များကို နှစ်သက်မြတ်နိုးခဲ့ကြသည်မှာ ယုံမှား ဖွယ် မရှိပါပေ။တစ်ဆင့်ပြီးတစ်ဆင့် အိုတီးပတ်စ်မှ အီကွိုင်းအထိ အဆင့်ဆင့်ပြောင်းလဲလာသည့် မြင်းတို့သည် ယခုအခါတွင် လှပသောတိရစ္ဆာန်တစ်မျိုး အဖြစ် ရပ်တည်နေသည်မှာ ငြင်းနိုင်ဖွယ်ရာမရှိချေ။

မြင်းဟူသည်ကား

မြင်း၏ အမည်ပရိယာယ်ကို မြန်မာတို့၏ ကျမ်းစာပေများတွင် အောက်ပါအတိုင်း ဖွင့်ဆိုကြပါသည်။

မြင်းဟူသော အမည်လက္ခဏာတစ်ပါးကား သုခဝါဟိ-အရှင်ကို ချမ်းသာစွာဆောင်ရွက်လေ့ရှိ၏။ ဝိနိတော- အရှင်ကိုပင် ချမ်းသာစွာ ဆောင်ရွက်လေ့ရှိ၍ လက်နက်ထိသော်လည်း အရှင်ကို မစွန့်ပစ်သောမြင်း။ ယေဝတော- မြင်းယုတ်မာ၊ ခဋင်္ကာ- မြင်းကြမ်းလည်းဖြစ်သည်။ ဇဝနောလျင်မြန်သော မြင်းဟူ၍ဖြစ်ပါသည်။

ကမ္ဘာဦးတွင် လူတို့ဖြစ်ပေါ်ပြီးနောက် ဇာတိဿရအိုင်တွင် ကြာဖြူ တစ်ပွင့်၊ ကြာနီတစ်ပွင့် ပေါ်ပေါက်ကုန်သည်။ ကြာနီက မြင်းနီအထီး၊ ကြာဖြူက မြင်းဖြူအမ။ သန္ဓေတဇ- ပဋိသန္ဓေ တည်ရှိသည်ဖြစ်၍ ကြာနီမှ မြင်းနီသည် နေဗိမာန်သို့ရောက်ပြီး သူရိယအဿ ဟု တွင်သည်။ ကြာဖြူမှ မြင်းဖြူသည် လဗိမာန်သို့ရောက်၍ စန္ဒရအဿဟု တွင်ပါသည်။

ထိုသူရိယအဿမြင်းနှင့် စန္ဒရဿမြင်းတို့ စုံဖက်ရာ သိန္ဓောမျိုး၊ ဝေဠာဟကမျိုး၊ ကောင်းကင်ခွဲမျိုး၊ တိမ်တိုက်ကွန့်မြူးမျိုး၊ ရွှေစင်တုနှိုင်းမျိုး၊ စသည်တို့သည် ကောင်းကင်တိမ်ညွန့်တို့ အကြား မြင်းမိုရ်တောင်ခြေ၊ နဝရတ်အိုင် စသည်တို့၌ ဖြစ်ထွန်းကြပါသည်။

လူ၌ဖြစ်သော လောမျိုး၊ လှံမျိုး၊ ပွေးမျိုး၊ ပုစဉ်းမျိုး၊ ဝါပလေးမျိုး၊ မြည်းမျိုးစသော ခြောက်မျိုး၊ ပေါင်းနှစ်ခု၊ ဆယ်တစ်စုတို့သည် တစ်စတစ်စ ဖြစ်ပွားလာကြသည်ဟု ဆိုကြပါသည်။

ယောအတွင်းဝန် ဦးဘိုးလှိုင်၏ အဿဗေဒမြင်းကျမ်းတွင်မူ အောက် ပါအတိုင်း ဖော်ပြထားသည်။

ပေါက်ဖွားရာဒေသကိုလိုက်၍ မြင်းတို့၏ အခေါ်အဝေါ် များသည်လည်း အများအပြား ရှိကြ၏။ မြန်မာနိုင်ငံ၌ ပေါက် ဖွားသော မြင်းကို မြန်မာမြင်း ဟူ၍လည်းကောင်း၊ ဓမ္မေဟုခေါ်သော သိန္ဓနိုင်ငံ၌ ပေါက်ဖွားသောမြင်းကို သိန္ဓောမြင်းဟူ၍ လည်းကောင်း၊ အာဖဂန်နိုင်ငံ ဝါနာယုအရပ်၌ ပေါက်ဖွားသော မြင်းကို ဝါနာယုဇမြင်းဟူ၍ လည်းကောင်း၊ ပရပ်ရှားအရပ်၌ ပေါက်ဖွားသောမြင်းကို ပါရာသိကမြင်းဟူ၍ လည်းကောင်း၊ ကမ္ဗောဇအရပ်၌ ပေါက်ဖွားသောမြင်းကို ကမ္ဗောဇမြင်းဟူ၍ လည်းကောင်း၊ အာရပ်နိုင်ငံ၌ ပေါက်ဖွားသောမြင်းကို အာရပ် မြင်းဟူ၍လည်းကောင်း အသီးသီးခေါ်ကြသည်။

သိန္ဓောမြင်းမျိုးသည် အပြေးအသွားတွင် အလွန်တရာမှ လျင်မြန်လှသော ရှေးကျမ်းလာမျိုးကောင်းများ ဖြစ်ကြ၏။ အနီရောင်၊ မန်ကျည်းစေ့ရောင်ရှိပြီး မည်းနက်သော ခြေလေး ချောင်းရှိ၏။ သိန္ဓောမြင်းက အပြေး အလွန်လျင်မြန်လွန်း၍ ကောင်းကင်ပျံမျိုးဟု တင်စားခေါ်ဝေါ်လေ့ရှိသည်။ ပြေးသော မြင်းကို ပီပီပြင်ပြင် မြင်နိုင်စွမ်းမရှိဟု ဆိုသည်။ မြင်း၏ ခြေတွင် ကမ္ဗလာနီကိုချည်၍ ပြေးစေမှသာ မီးစကိုကိုင်၍ လှည့်သော မီးဝန်းကဲ့သို့ မြင်ရသောဟူ၏။ ရေကန်သို့သက်၍ ဖြတ်ပြေးသော် ခွာကို ရေမစို။ ရေကန်တွင်းရှိ ကြာဖက်များကို နင်း၍ပြေးစေကာမူ ကြာဖက်တို့ စုတ်ခြင်း၊ ပြတ်ခြင်း၊ အလျဉ်း မရှိဟု ဆို၏။ ဤမျှ လျင်မြန်လွန်း၊ မျိုးကောင်းလွန်း၍ အဖိုး အနဂ္ဃထိုက်သောကြောင့် ရှေးမင်းတို့က သိန္ဓောမြင်းကို တိုင်းပြည်ထက်ဝက်ပင် ပေးဝယ်သောဟူ၏။ စကြဝတေးမင်းတို့ စီးနင်းသော ဝလာဟကမြင်းသည် သိန္ဓောမြင်းအနွယ်ဝင်ဖြစ်သည်ဟု ဆိုစမှတ်ပြုကြသည်။

အထက်ဖော်ပြပါ မြင်းတို့၏ အခေါ်အဝေါ်များမှာ မြင်းတို့မွေးဖွားရာအရပ်ဒေသကို အစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။ မြင်းတို့၏ မျိုးစုကို အခြေခံသည့် မြင်းအမည်များမှာ ပကတိမြင်းမျိုး၊ မြည်းမျိုး၊ အဿတိုရ်ရမြင်းမျိုး၊ သေဌ တိုရ်ရမြင်းမျိုးနှင့် ဝလာဟကမြင်းမျိုးဟူ၍ငါးမျိုးရှိကြောင်း ဖော်ပြထားပါ သည်။ ဆက်လက်၍ ယောမင်းကြီး၏ စာအုပ်တွင်

မြည်းမျိုးသည် မြင်းမျိုးငါးပါးတွင် ယုတ်ညံ့သော အမျိုး ဖြစ်၏။ ထို့ကြောင့် ဒုကနိပါတ်ဝါလေဒက ဇာတ်တော်တွင် စပျစ်သီး(မုဒရက်သီး) အပျော်အပေါ် အရည်ကြည်ကို သိန္ဓော မြင်းတို့ သောက်သုံးသော်လည်း မယစ်မူး။ အကျန်၊ အရည်ဖတ်ကို မြည်းတို့အား သောက်သုံးစေသော် ယစ်မူးခြင်းဖြစ်၏ဟု ဘုရင်မင်းမြတ်အား ဘုရားလောင်းအမတ်ကြီးက လျှောက်ထားခဲ့ကြောင်း ဖော်ပြထားပါသည်။

မြည်းကိုပကတိမြင်းမနှင့်သင့်မြတ်စေ၍ မွေးဖွားလာလျှင် အဿတိုရ်ရမည်၏။ လောဟုခေါ်သည်။ မြင်း၌ရှိသော အစွမ်း သတ္တိနှစ်ပါး (သည်းခံခြင်း၊ လျင်မြန်ခြင်း) နှင့် မြည်းတွင်ရှိသော အစွမ်းသတ္တိသုံးပါး (အင်အားကုန်ခန်း၍ ပင်ပန်းသော် ငြားလည်း ဝန်ကို မခါ မချ ရွက်ဆောင်၏။ ချမ်းသည်၊ ပူသည် မအောက်မေ့။ မြက်၊ ရေ၊ အစာမရွေး ရရာနှင့် ရောင့်ရဲခြင်း) ရှိသည်။ ယင်းအစွမ်းများကို ပေါင်းစပ်၍ ထူးခြားကောင်းမွန်သည့်မျိုး ရရှိသည်။

အာဇာနည်မြင်းမနှင့် မြည်းတို့စပ်၍ ရလျှင် သေဌတိုရ်ရမြင်းဟူ၍ ခေါ်ကြောင်းလည်း ပြဆိုထားပါသည်။

အစွမ်းသတ္တိကိုအစွဲပြု၍ ဝလ္လဘ= မြင်းမြတ်၊ ဟယောတ္တမ= မြင်း မြတ်၊ ဇဝန= မြင်းပြေး၊ ဇဝါမိက= မြင်းပြေး၊ ပဇဝီ= မြင်းပြေး၊ အဿမေဓိ ယ= ယဇ်ပူဇော်သော မြင်း၊ ရစ္ဆ= ရထားကသော မြင်းဟူ၍ ခွဲခြားပြဆိုထား ပါသည်။

ယောမင်းကြီးသည် အဿဘေဒ မြင်းကျမ်းပြုစုခဲ့သည်မှာ ၁၂၃၃ ခု၊ ဝါခေါင်လပြည့်ကျော် ၂ ရက် (၂-၈-၁၈၇၁) နေ့ ဖြစ်ပါသည်။ သုတ်၊ နိပါတ်၊ အဋ္ဌကထာ၊ သံယုတ်၊ ဋီကာနှင့် သက္ကတကျမ်း၊ အဘိဓာန်ကျမ်း စသည်တို့နှင့်သိုးဆောင်းတို့၏ကျမ်းများကိုပါ ကိုးကားသည်ဟု ဖော်ပြထားပါသည်။ ဘိုးတော်ဘုရားလက်ထက် ကူထိုးကူထော်ရွာ ရသေ့ကြီး(လူအမည် ဦးနိုး) စီကုံးသည့် မြင်းကြန်လင်္ကာပါ အချက်များနှင့်ပတ်သက်၍ မြင်းမျိုးတို့၏ အကြောင်းအရာများနှင့် အဆိုအမိန့်များကို မလိုက်လျောဘဲ ခေတ်မီသည့် မြင်းကျမ်းတစ်ဆူဖြစ်သည်ကား ယုံမှားဖွယ်ရာ မရှိပါ။

မြင်းခြံမြို့၊တရားစာရေးကြီး ဦးစော၏ ၁၉၁ဝ ပြည့်နှစ်၊ မန္တလေးမြို့၊ ဆိုင်းတန်းရပ်၊ ရတနသိဒ္ဓိစာပုံနှိပ်တိုက်မှ ထုတ်ဝေသည့် အဿဒီပနီမြင်း ကျမ်းတွင်မူ ရွှေတိုးဂါမံအစချီ ဦးနိုး၏ မြင်းကြန်လင်္ကာကို ကိုးကား၍ လည်းကောင်း၊ အာဒိကပ္ပကျမ်းလာကို ကိုးကား၍လည်းကောင်း ဖော်ပြထားသည် ကို ဖတ်ရှုမှတ်သားရပါသည်။

စာရေးသူအနေဖြင့် လက်လှမ်းမီသော ကျမ်းအဆောင်ဆောင်တို့မှ ထုတ်နုတ်တင်ပြကိုးကားခြင်းသာ ဖြစ်ပါသည်။ အယူအဆသစ် တင်ပြခြင်း မဟုတ်ပါ။ ရှေးစာဆိုများ၏ အဆိုအမိန့်များကို ဝေဖန်နှိုင်းယှဉ်ခြင်း မဟုတ် ပါ။ မူကွဲများကို တင်ပြခြင်းဖြစ်ပါသည်။

မြင်းပျံမျိုးငါးပါး

မြင်းကြန်အင်လက္ခဏာကို အမိကား အဿမုဒိ၊ အဖကား အဿဝတီ တို့မှ ဖွားမြင်သော ဦးခေါင်းကား မြင်း၊ ကိုယ်ကား လူကိုယ်နှင့် အဿမုဒိ သည် ရသေ့ပြုနေပါသည်။ ထိုအဿမုခ်ရသေ့သည် ညအခါ ကောင်းကင်၌ နေ၍ တိမ်ညွန့်ကိုစားသုံးပြီး၊ နေ့အခါ နဝရတ်ရေအိုင်၊ ဝစ္ဆပျားပိတုန်း၊ ခြံရံသော ကြာတော၌ နေပါသည်။ ထိုရသေ့သည် ကမ္ဘာ့တန်ဆာ စကြဝဠာတံ တိုင်း၌ရှိသော မြင်းကြန်ကို နှုတ်ရကျက်၌ မဟာသမတမင်းကြီးအား ပေးဆက်သည်ဟူ၍ အဿမုခိကျမ်းရင်းတွင် ဆိုပါသည်။ ။

အာဒိကပ္ပကျမ်း အလိုအရ မြင်းပျံမျိုးငါးပါးမှာ(၁) သိန္ဓောမြင်းမျိုး၊ (၂) ဝေဠာဟကမြင်းမျိုး၊(၃) ကောင်းကင်ကွဲခြင်းမျိုး၊ (၄) တိမ်တိုက်ကွန့်မြူး မြင်းမျိုးနှင့် (၅) ရွှေစင်တုနှိုင်းမြင်းမျိုးတို့ ဖြစ်ပါသည်။

(၁) သိန္ဓောမြင်းမျိုး ။ ။ အနောအတ္တအိုင်၏ မြောက်မျက်